Tuesday, July 17, 2012

RFA မှ အာဇာနည်နေ့ အကြောင်း

လာမဲ့ ဇူလိုင် ၁၉ ရက်နေ့မှာ ကျင်းပမဲ့ အာဇာနည်နေ့အထိမ်းအမှတ် နိုင်ငံတော်အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာဖြစ်ကြောင်း NLD ပါတီက ဒီကနေ့ ပြောကြားပါတယ်။ အစိုးရက အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ မိသားစုဝင်တွေအတွက် သီးသန့်အစီအစဉ်အဖြစ် ဂါရ၀ပြုဖို့ သတ်မှတ်ထားကြောင်း ၊ အစီအစဉ်အတိုင်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဂါရ၀ပြုမှာဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟန်သာမြင့်က ပြောပါတယ်။
 
အာဇာနည်ခေါင်းဆောင်ကြီး တစ်ဦးဖြစ်တဲ့ ဦးရာဇတ်ရဲ့သမီး သြစတေးလျနိုင်ငံမှာ လက်ရှိနေထိုင်လျက် ရှိတဲ့ ဒေါ်ခင်ခင်စိန်ကို ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းခဲ့တာကို နားဆင်နိုင်ပါတယ်။

No comments:

Post a Comment