Tuesday, July 17, 2012

မျိုးဆက်သစ်အတွက် ဆောက်မဲ့အိမ်


by Htay Tint on Tuesday, July 17, 2012 at 6:07am ·
တိုက်ပွဲတွေ ကြားထဲကမှ သူရဲကောင်းတွေ ထွက်ပေါ်လာတယ် ။
အခက်အခဲတွေကြားက အရည်အချင်းရှိသူတွေ ထိုးဖေါက်နိုင်တယ် ။
၂၄ နှစ်တော်လှန်ရေးကာလမှာ သမိုင်းကောင်းတဲ့ ရိုးသားတဲ့ လေ့လာတဲ့ သူတွေ ကျန်ခဲ့တယ် ။

ရွေးကောက်ပွဲ ဝင်ခြင်း မဝင်ခြင်း တိုက်ပွဲမှာ ကျတဲ့သူလည်း ကျသွားတယ် ။

မျက်စိမှိတ် အရက်သောက် ရာသီစာစတိတ်မက်ထုတ်တဲ့
နိုင်ငံအရေး ခေတ်ကုန်သွားပြီ ။

နိုင်ငံရေး ပွင့်လင်းရာသီ နမိတ်တွေကို စတင်မြင်ရပြီ ။
အဖွဲ့ တွေကို အသင်းတွေကို
တိုင်းရင်းသားတွေကို
အမျိုးသားတွေကို
အစိုးရအမှုထမ်းဥပဒေတွေကို
ဖေါက်ဖျက် ကျူးလွန်သူတွေရဲ့  အမည်စာရင်းတွေ တစတစနဲ့ ပေါ်ထွက်လာပြီ။
သွေးရူးသွေးတန်း နဲ့ မိုးကြိုးကို ထန်းလက်နဲ့ ကာနေသူတွေလည်း မြင်လာရပြီ ။
လူ့ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး နဲ့ 
အမျိုးသားကာကွယ်ရေး
ဌါနေတိုင်းရင်းသား ကာကွယ်ရေး ကို
နားမလည်သူတွေလည်း အုပ်နဲ့ ကျင်းနဲ့  ထွက်လာကြပြီ ။

တပ်မတော်သစ္စာဖေါက်နဲ့ 
အမျိုးသား သစ္စာဖေါက် ဆိုတာ
ဘင်္ဂလီအုပ်စုတွေက ကွဲပြားခြားနားအောင် သင်ပေးလိုက်တယ် ။

ပြည်တွင်းမှာရော ပြည်ပမှာပါ
အုပ်အရောရော ကျောက်အရောရော ဖြစ်နေတဲ့ 
တိုင်းပြည်ကို ငြိမ်းချမ်းစွာ ဦးဆောင်နိုင်သူတွေကို မွေးဖွားပေးနေပြီ ။

သေနပ်ပြောင်းဝက မီဒီယာဆိုတာ လွယ်တယ် ။
ဒုတိယကမ္ဘာစစ်က ဝါဒမှိုင်းရေဒီယို မီဒီယာ
ဖေ့ဘုတ်မှာ ကျဆုံးသွားပြီ ။

ဒီမိုကရေစီ မီဒီယာဆိုတာ လွတ်လပ်ပွင့်လင်းပြီး
မှန်ကန်ရမယ်ဆိုတာ နားလည်စပြုလာပြီ ။

ဘာဘဲပြောပြော မှုံပြပြ အလင်းရောင်လေးကနေပြီး
နွေးထွေးတဲ့ အပူငွေ့ လေး မြန်မာပြည်မှာ ခံစားရတော့မယ် ။

တောင်ပို့ ကောင်းမှ မှိုပေါက်တယ်ဆိုတာ
လွတ်တော်ထဲမှာ ထိုင်နေတဲ့ အများစုသိဖို့ တော့လိုနေသေးတယ်

အိမ်သာမှ ဧည့်လာတယ် ဆိုတာ ကလေးအမေတွေ သိအောင်ပြောပြလိုက်ပါ ။

စည်းကမ်း ဥပဒေမကောင်းတဲ့ အိမ်ကိုတော့
သူခိုးတွေ ဓါးပြတွေ ခါးပိုက်နှိက်တွေ အချောင်သမားတွေ မွေ့ ပျော်ကြတယ် ။

ကိုယ်ဆောက်မဲ့ အိမ်အဆင့်အတန်း  ကိုယ့်ဖါသာ လွတ်တော်ထဲမှာ သတ်မှတ်ကြပါ ။
U Htay Tint နယ်သာလန်  ။

No comments:

Post a Comment