Sunday, June 10, 2012

ဒေါ်အောင်ဆန်းစုကြည်မှ ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုး မဟုတ်ကြောင်း ပြောကြားမှသာ အဓိကရုဏ်းများငြိမ်းချမ်းပပျောက်သွားမည်၊


ခိုင်အောင်ကျော် (နယူးယောက်)

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဇွန်လ-၉-ရက်နေ့ က ကြေညာချက်ထုတ်ပြန်တာတွေ့ ရပါတယ် ။ ရခိုင်လူမျိုးအနေနဲ့ သော်၎င်း

ဗုဒ္ဒဘာသာဝင် တဦးအနေနဲ့သော်၎င်း ကျေးဇူးတင်ပါတယ် ။ ဒါပေမဲ့  အခုလို ကြေညာချက်ထုတ်ရာမှာ အပိုဒ်( ၂ ) မှ ဖေါ်ပြထားတာက

သက်ဆိုင်ရာများအနေဖြင့်အကြမ်းဖက်တိုက်ခိုက်မှုများကို မျှတစွာဖြင့်ထိရောက်လျှင်မြန်သည့်အရေးယူဆောင်ရွက်မှုများ

ပြုလုပ်ပေးပါရန်နှင့်ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ပစ္စဉ်းများကိုလည်း တရားဥပဒေနှင့်အညီ ကာကွယ်ပေးရန်

တိုက်တွန်းတောင်းဆိုပါသည်လို့  ထုတ်ပြန်တာ တွေ့ ရပါတယ် ။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ယခုထုတ်ပြန်တဲ့  ကြေညာချက်မှာအကြမ်းဖက်တိုက်ခိုက်မှုများကို မျှတစွာဖြင့် ဆိုသော

စကားရပ်ထည့်သုံးထားတာဟာ အစိုးရအာဏာပိုင် လက်နက်ကိုင်တပ်မတော်ကိုအကြမ်းဖက်သမားများ ဖြိုခွဲ ဖျက်ဆီးသလို

အကြမ်းဖက်သမားများကိုမျှတစွာဖြိုခွဲ ဖျက်ဆီးရမည်လား ဒါမှမဟုတ် သူတို့ ရဲ့ နေအိမ်တွေ အဆောက်အဦတွေအသက်တွေကို 

ဖျက်ဆီးပစ်သတ် ရိုက်နှက် ဒါးနဲ့ ထိုးဖို့  ခိုင်းစေတာလားဆိုတာ မရှင်းမရှင်းဖြစ်နေပါတယ် ။  ဒီလိုသူတို့ တွေ အကြမ်းဖက်ခဲ့ တဲ့

အတိုင်း မျှတအောင် လုပ်စေချင်တဲ့  စိတ်ဆန္ဒ ကျွန်တော်တို့ မှာ မရှိဘူးလိုပြောချင်ပါတယ် ။ အခုဖြစ်နေတာက သမိုင်းလိမ်

ရိုဟင်ဂျာလူမျိုးတွေကအဓိကရုဏ်းဖန်တီးနေတာဖြစ်ပါတယ် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က

ရိုဟင်ဂျာလူမျိုးဟာ မြန်မာနိုင်ငံမှာတိုင်းရင်းသားလူမျိုးမဟုတ်ကြောင်း ဒီအချိန်မှာ ထုတ်ဖေါ်ပြောပြီးအဓိကရုဏ်းကို ရပ်တန့် အောင်

မေတ္တာရပ်ခံပေးဖို့ လိုအပ်နေပါတယ် ။

မှားယွင်းနေတဲ့  ကြေညာချက်မျိုးကို မထုတ်ပြန်ဘဲနဲ့  တိကျခိုင်လုံတဲ့ ကြေညာချက်မျိုးကိုသာ ထုတ်ပြန်ပေးသင့်ပါတယ်။ အကြမ်းဖက်သူကို

အကြမ်းဖက်ခဲ့ တဲ့ အတိုင်း မျတစွာ ခံစားစေရမှာဆိုသော ကြေညာချက်အားပြန်လည်ရုပ်သိမ်းပြီး သမိုင်းဝင် ကြေညာချက်မျိုးဖြစ်အောင်

ထုတ်ပြန်ပေးစေလိုပါတယ် ။ သမတဦးသိန်းစိန်အစိုးရမှ၎င်း ၊နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်မှ၎င်း ၊

လူဝင်မှူကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီမှ၎င်း၊ ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ဦးဋ္ဌေးဦးက၄င်း၊ ၈၈ ကျောင်းသားခေါင်းဆောင်မင်းကိုနိုင် ၊

ကိုကိုကြီး ၊ ကိုမြအေး ၊ စာရေးဆရာ အောင်သင်း ၊ နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒုဥက္ကဋ္ဌ ဦးတင်ဦးက၄င်း ၊ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ် ။

ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ၎င်းမြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးဆိုတာဟာ တိုင်းရင်းသားလူမျိုးများမဟုတ်ကြောင်း

အတိအလင်း ထုတ်ဖေါ်ကြေညာနေကြပါပြီ ။ ဒါကြောင့်မို့ လို့ ယခုအချိန်မှာ  ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အထက်ဖေါ်ပြခဲ့ သော

ခေါင်းဆောင်များလို ထုတ်ဖေါ်ပြောဆိုရန် လိုအပ်နေပါကြောင်းနှင့် ယင်းသို့ ထုတ်ဖေါ်ပြောဆိုမှသာ သေနတ်တချက် မပစ်ဖေါက်ရဘဲ

ယခုဖြစ်ပျက်နေသောရခိုင်ပြည်နယ်မှ အဓိကရုဏ်းများမှာငြိမ်းချမ်းစွာပြီးဆုံးသွားမည်ဖြစ်ပါသည် ။ အကယ်၍ ထိမ်းသူမဲ့ 

အကာအကွယ်ပေးသူမဲ့ နှင့် သွေးထွက်သံယိုများဖြင့် ဤအဓိကရုဏ်းကိုငြိမ်းချမ်းစွာ မကိုင်တွယ်နိုင်ပါက မြန်မာတနိုင်ငံလုံး အဓိကရုဏ်းများ

ဆက်လက်ဖြစ်ပွါးပြီး သမတဦးသိန်းစိန်အစိုးရ၏ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့  ချီတက်နေသော ခြေလျမ်းများမှာ ချက်ချင်း

ရပ်တန့် သွားစေလောက်ပါကြောင်း အရိပ်လက္ခဏာများ မြင်တွေ့ နေရပါသည်။

ရခိုင်ပြည်နယ် မောင်တော ဘူးသီးတောင်တွင် ဖြစ်ပျက်နေသော အဓိကရုဏ်းမှာဘာသာရေး အဓိကရုဏ်း မဟုတ်သလို

ဗုဒ္ဒဘာသာဝင်များနှင့် အစ္စလမ်ဘာသာဝင်များးတို့ ၏ အဓိကရုဏ်းများ မဟုတ်ကြောင်း လူတိုင်းသိရှိနားလည်နေကြပြီးဖြစ်ပါကြောင်း။။


ခိုင်အောင်ကျော် (နယူးယောက်)

No comments:

Post a Comment