Sunday, June 10, 2012

ဘင်္ဂလားဒေ့ရှ် သို့မဟုတ် ရိုဟင်ဂျာ မွတ်စလင် အကြမ်းဖက်သမားများ မွေးဖွားရာ / လေ့ကျင့်ရာ

ရေးသားသူ ဆရာ Jame Mmt
·

ရိုဟင်ဂျာ အကြမ်းဖက် သောင်းကြမ်းသူများ အဆက်အသွယ်နဲ့ ကွန်ယက်များ

ရေးသားသူ ဘာတီးလစ်တာနာ (By Bertil Litner Sep 21 2002 at Asia Times)





အမေရိကန် ကေဘယ် တီဗီကွန်ယက်ဖြစ်တဲ့ CNN ၏ အာဖဂန်နစ္စတန်မှာ ဒီနှစ် သြဂုတ်လအတွင်းက ရရှိခဲ့တဲ့ al-Qaeda မှတ်တမ်းမှတ်ရာ ဗီဒီယိုခွေ 60 ထက်မနည်းတဲ့ အခွေတွေထဲမှာ တစ်ခုဟာ ဗားမား (မြန်မာ) ဟုဖော်ပြထားပြီး မွတ်စလင် မဟာမိတ်များအား ၎င်းနိုင်ငံအတွင်းမှာ သင်တန်းများ ပို့ချခဲ့တယ်လို့ ရေးထားပါတယ်။ အဆိုပါ အခွေများမှ ညွှန်းဆိုနေတာကတော့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အခြေခံတဲ့ ရိုဟင်ဂျာစည်းလုံးညီညွတ်မှု အဖွဲ့အစည်း (RSO) ဟာ ၎င်းတို့လူမျိုးများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် သို့မဟုတ် လွတ်လပ်ခွင့်ရရန် တိုက်ပွဲဝင် တောင်းဆိုနေတယ် ဆိုတာကို ပြသနေပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ အဆိုပါ တိပ်ခွေကို ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။

RSO နဲ့ အခြား ရိုဟင်ဂျာ အုပ်စုတွေဟာ မြန်မာနိုင်ငံအတွင်းမှာ မည်သည့် စခန်းမှ မရှိသဖြင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကိုသာ ဖြတ်ကျော်နေရပါတယ်။ ဗီဒီယိုထဲမှာ ပါတဲ့ စခန်းဟာ Ukhia မြို့အနီး၊ တောင်ဘဇာ (Cox’s Bazzar) ၏အရှေ့တောင်မှာ ရှိပြီးတော့ RSO’s တပ်သားအားလုံးဟာ မြန်မာပြည်က ရိုဟင်ဂျာများ မဟုတ်ကြပါဘူး။ မွတ်စလင်ဘာသာကို ကိုးကွယ်ပြီးတော့ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းဒေသ တ၀ိုက်က ဘာသာစကားများနဲ့ တူညီတဲ့ ဘာသာစကားကို ပြောဆိုနေတဲ့ ရိုဟင်ဂျာလူမျိုးများဟာ ရန်ကုန်မှာရှိတဲ့ စစ်အစိုးရ၏ တိုးရင်းသားလူမျိုးများ မဟုတ်ကြပါဘူး။


1978 ခုနှစ် ဖရိုဖရဲဖြစ်နေချိန်မှာ သိန်းနဲ့ချီတဲ့ ၎င်းတို့ဟာ နယ်စပ်ကို လှေဖြင့် ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်ကို ၀င်ရောက်ခဲ့ကာ အချို့မှ လက်နက်ကိုင်အဖွဲ့အစည်းအတွင်းသို့ ၀င်သွားပြီး သိတ်မကြာမှီမှာ ဒုက္ခသည်များအတွင်း ပူးပေါင်းသွားပါတယ်။ ကုလသမဂ္ဂဟာ ချက်ခြင်း ကြားဝင်ဖြန်ဖြေပြီး ရိုဟင်ဂျာအများစုကို မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ပါတယ်။ သို့သောလည်းပဲ 1991 နှင့် 1992 နောက်ထပ်လှိုင်းလုံးတစ်ခုဖြစ်တဲ့ ရိုဟင်ဂျာ ဒုက္ခသည် 250,000 ဟာနယ်စပ်ကို ဖြတ်ကျော်ပြီးတော့ အဲ့ဒိအထဲက အများစုဟာ ပြန်ပို့ခံရပြီး 20,000 နှင့်အထက်ဟာ တောင်ဘဇာ (Cox’s Bazzar) အရှေ့တောင်ဘက်မှာရှိသည့် UNHCR ၏ ကွတ်ကဲမှုအောက်မှာရှိသည့် စခန်းမှာ ကျန်ရှိနေပါတယ်။ ခန့်မှန်းခြေ 100,000 ခန့်ရှိတဲ့ ရိုဟင်ဂျာများဟာ UNHCR ၏ ဒုက္ခသည်စခန်း အပြင်ဖက်မှာနေကြပြီးတော့၊ အမျိုးမျိုးသော အစ္စလာမ်မစ် လက်နက်ကိုင် အဖွဲ့အစည်းတွေအတွက် စားရမဲ့ သောက်ရမဲ့ နေစရာမရှိတဲ့ ၎င်းတို့ဟာ လူအင်အားစုဆောင်းရန် အခြေခံတစ်ခုအနေနဲ့ တွေ့ရှိခဲ့ပါတယ်။



1980 အစောပိုင်းမှာ ဖွဲ့စည်းခဲ့သည့် RSO ဟာ ရိုဟင်ဂျာများအတွင်းမှာ ရှိသည့် အလယ်အလတ်လူများမှထဲမှ အစွန်းရောက်လူစုတွေဟာ ခွဲထွက်လာပြီး ရှေ့ထွက်ရိုဟင်ဂျာမျိုးချစ်အဖွဲ့ (RPF) ကိုဖွဲ့စည်းခဲ့ပါတယ်။ အာရကန်မှာရှိတဲ့ ဆေးဆရာဝန် မိုဟာမက် ယူနုစ်၏ ဦးဆောင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်တစ်လျှောက်မှာ ရိုဟင်ဂျာများအတွင်း အဓိကလက်နက်ကိုင် အဖွဲ့အစည်းအဖြစ် ခွဲထွက်လာခဲ့ပါတယ်။ ပိုမိုတင်းကျပ်သည့် ဘာသာရေးရပ်တည်ချက်ကြောင့် RSO ဟာ မွတ်စလင် ကမ္ဘာအတွင်းက စိတ်သဘောထားခြင်းတူတဲ့ အစွန်းရောက်များ၏ လျှို့ဝှက်စွာ ပံ့ပိုးမှုကို ရရှိလာခဲ့ပါတယ်။ ၎င်းတို့အထဲမှ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်ရှိ Jamaat-e-Islami၊ အာဖဂန်နစ္စတန်ရှိ Gulbuddin Hekmatyar’s Hizb-e-Islami နှင့် မလေးရှား ဂျမူးနှင့် ကရှ်မီးယားရှိ Hizb-ul-Mujahideen (HM) နှင့် အစ္စလာမ်မစ်လူငယ်အဖွဲ့အစည်းမှ Angkatan Belia Islam sa-Malaysia (ABIM) တို့ပါဝင်ပါတယ်။

၁၀၀ နီးပါးသော RSO သူပုန်များဟာ အာဖဂန်ရှိ Khost ပြည်နယ်တွင် Hizb-e-Islami Hujahideen တို့နှင့် သင်တန်း တက်ရောက်ပြီးကြောင်း သတင်းပို့ပြီးချိန်မှာတော့ ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်မှာရှိတဲ့ RSO စခန်းများမှာ အာဖဂန် သင်တန်းဆရာများကို တွေ့နိုင်ပါတယ်။ RSO ၏ အဓိက စစ်ဖက်ဆိုင်ရာ စခန်းဟာ Ukhia အနီးရှိ Rabitat-al_Aalam-al-Islami တို့တည်ဆောက်ထားသည့် ဆေးရုံအနီးမှာရှိပါတယ်။ ၎င်းအခြေအနေမှာတော့ RSO တွေဟာ တရုတ်လုပ် RPG-2 ပခုံးထမ်း ဒုံးပစ်လောင်ချာ၊ အပေါ့စား စက်သေနတ်များ၊ AK-47 ခြေမှုန်းရေး ရိုင်ဖယ်များ၊ Claymore ဆွဲမိုင်းများ၊ ဖောက်ခွဲရေးပစ္စည်းများကို ကမ္ဘောဒီးယားနယ်စပ်အနီး ထိုင်းနိုင်ငံ၏ မြို့တစ်မြို့ဖြစ်သည့် အညဖရသတ် (Aranyaprathet) ရှိပုဂ္ဂလိက လက်နက်ပွဲစားများထံမှ လုံလောက်သော အရည်အတွက် ရရှိခဲ့ပါတယ်။ ၎င်းဒေသဟာ အဆိုပါ ဒေသရှိ ပြောက်ကျားများ လှုပ်ရှားမှုအတွက် အဓိက လက်နက်ရောင်းဝယ်ရေး ဈေးကွက်အနေနဲ့ 1980 အတွင်းမှာ ရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါလက်နက်တွေဟာ ဗီယက်နမ်တော်လှန်ရေးစစ်ပွဲအတွင်း အသုံးပြုရန် ကမ္ဘောဒီးယားသို့ တရုတ်ပြည်မှ သင်္ဘောဖြင့်ပို့ဆောင်ထားခြင်း ဖြစ်ပြီး လိုအပ်သည့် အသုံးချမည့် မည်သူမဆို ၀ယ်ယူနိုင်ရန် ရောင်းချနေခြင်းလည်း ဖြစ်ပါသည်။



ဘင်္ဂလားဒေ့ရှ်မီဒီယာများဟာ နယ်စပ်တလျှောက်မှာ RSO မှ ဖွဲ့ဆည်းတည်ဆောက်နေမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဖုံးကွယ်ထားသော်လည်း တဖြည်းဖြည်း ပေါ်ပေါက်လာတာကတော့ အဆိုပါ စခန်းများအတွင်းမှာ သင်တန်းတက်ရောက်နေကြသူများဟာ ရိုဟင်ဂျာတွေကြီးပဲ မဟုတ်ပါဘူး။ ၎င်းတို့ထဲမှ အချို့ဟာ Islami Chhatra Shibir (ICS) အဖွဲ့ဝင်များအဖြစ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ Jamaat-e-Islami ၏လူငယ်အဖွဲ့အစည်း အဖြစ်သို့ပြောင်း လဲသွားကြပါတယ်။ အချို့တွေဟာ စစ်တကောင်း တက္ကသိုလ်အတွင်းရှိ အစ္စလာမ်မစ် အစွန်းရောက်များနှင့် အလယ်အလတ်ရှိသည့် ကျောင်းသားများကြား “Campus War” အခြင်းများရာမှ ရောက်ရှိလာကြသူများလည်း ပါဝင်ပါတယ်။ RSO ဟာ မြန်မာနိုင်ငံအတွင်းမှာတော့ အနည်းငယ် သို့မဟုတ် လုံးဝ စစ်ဆင်တိုက်ခိုက်ခြင်း မပြုနိုင်ပါဘူး။



မရှင်းလင်းတာကတော့ အခုလက်ရှိမှာ ရေပန်းစားလာတဲ့ ၎င်းဗီဒီယိုခွေရိုက်ကူးခဲ့ချိန်ပဲ ဖြစ်ပါတယ်။ အရှေ့တောင်ပိုင်း တောင်ဘဇာ (Cox’s Bazzar) ရှိ RSO ၏လေ့ကျင့်ရေးစခန်းအား ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ် လက်နက်ကိုင် အဖွဲ့အစည်းများက 1990 နောက်ပိုင်းမှာ သိမ်းယူခဲ့တာ ဖြစ်သည့်အတွက် ၎င်းအခွေရိုက်ကူးခြင်း ဖြစ်နိုင်ချေရှိသည့် ရက်စွဲမှာ 1990 အစောပိုင်းကာလာများ ဖြစ်နိုင်ပါတယ်။



အိုစမာဘင်လာဒင်၏ အဆိုအရ 1992 ခုနှစ်မှာ ဖွဲ့စည်းခဲ့သည့် ဘင်္ဂလားဒေ့ရှ်၏ အဓိက လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ Hakrat-ul-Jihad-al-Islami (HuJI)ဟာ ၎င်းထံမှ ငွေကြေးထောက်ပံ့မှု ရရှိခဲ့ပါတယ်လို့ ဆိုပါတယ်။ HuJI ဟာ ရှော်ကက်အိုစမန် ခေါ် မူလာနာ သို့မဟုတ် ရှိခ်ဖာရစ်ရဲ့ ဦးဆောင်မှုဖြင့် အဖွဲ့ဝင် 15,000 ခန့်အင်အားဖြင့် စစ်တကောင်းတွင် အင်အားကြီးလာခဲ့ပါတယ်။ အဆိုပါ အဖွဲ့ဝင်များဟာ ဘင်္ဂလားဒေ့ရှ်ရှိ ဘာသာရေးကျောင်းများမှ 60,000 နှင့်အထက်ရှိသော ကျောင်းသားများဖြင့် အဓိက စုဆောင်းခဲ့ပြီး ၎င်းတို့ကိုယ်၎င်းတို့ ဘင်္ဂလားဒေ့ရှ် တာလီဘန်လို့ သုံးနှုန်းခဲ့ပါတယ်။

၎င်းအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ရှိ ဟိန္ဒူ လူနည်းစုနှင့် အလယ်အလတ် မွတ်စလင်များအား ပြင်းပြင်းထန်ထန် ထိုးနှက်ရန် နောက်ကွယ်မှ စီစဉ်ညွှန်ကြားသည်ဟု နာမည်ဆိုးဖြင့် ကျော်ကြားလာပါတယ်။ အမေရိကန်အစိုးရမှ မေလ 21 ရက်နေ့ 2002 တွင်ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် HuJI အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဖော်ပြထားပြီး ပါကစ္စတန်ရှိ အစ္စလာမ်မစ် လက်နက်နိုင်အုပ်စုများနှင့် ဆက်နွယ်မှုရှိတယ်လို့ ဖော်ပြထားပါတယ်။



လက်ရှိ ရှိနေသည့် ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်များနှင့် al-Qaeda ၏ခိုင်မြဲသည့် အချိတ်အဆက်များသည် ဘင်္ဂလားဒေ့ရှ် ဂျီဟတ်လှုပ်ရှားမှု (Jihad Movement in Bangladesh၊ HuJI အဖွဲ့လက်အောက်ခံ) ၏ ခေါင်းဆောင်ဖြစ်သော ဖာဇယ်လ် ရာမာန်မှတဆင့် ၎င်းဟာ အမေရိကန်ကို ဂျီဟတ် စစ်ပွဲ ဆင်နွှဲမယ်လို့ တရားဝင်ကြွေးကြေငြာချက်တွက် လက်မှတ်ထိုးခဲ့သည့်1998 ဖေဖော်ဝါရီ 23 မှာစတင်ခဲ့ပါတယ်။ အခြားသော လက်မှတ်ရေးထိုးသူများဟာ အိုစမာဘင်လာဒင်၊ အေမန် အယ်ဇ၀ါရီ (အီဂျစ်ရှိ ဂျီဟတ်တော်လှန်ရေး ခေါင်းဆောင်)၊ ရီဖာအာမက် တာဟာ ခေါ် အဘူ ရ ဆာ (အီဂျစ် အစ္စလာမ်အုပ်စု) နှင့် ရှိခ် မာ ဟာ့မ်ဇာ့ (Jamiat-ul-Ulema-e-Pakistan ၏အတွင်းရေးမှူး) တို့ပါဝင်ပါတယ်။



HuJI ဟာ သူ့ရဲ့လူတွေဖြစ်ကြတဲ့ ရိုဟင်ဂျာတွေကို သင်တန်းပေးပြီးတော့ အာဖဂန်မှာ တာလီဘန်နဲ့ al-Qaeda တို့အတွက် တိုက်ပွဲဝင်ခိုင်းခဲ့ပါတယ်။ စစ်ပွဲအတွင်းမှာ ရိုဟင်ဂျာတွေကို အထူးသဖြင့် အန္တရာယ်အများဆုံးတွေ ဖြစ်တဲ့ မိုင်းရှင်းလင်းခြင်းနှင့် လမ်းကြောင်းရှာခြင်းတို့မှာ စေခိုင်းပါတယ်။ ထောက်လှန်းရေး ရရှိတဲ့ သတင်းတွေအရ ရိုဟင်ဂျာများအား တပ်သားစုဆောင်းရာတွင် တပ်သားသစ်အဖြစ် ၀င်ရောက်ခြင်းအတွက် ဘင်္ဂလားဒေ့ရှ် တာကာ 30,000 (US$ 525) ခန့်နှင့် လစာအဖြစ် တစ်လလျင် တာကာ 10,000 ရရှိပါတယ်။



တိုက်ပွဲအတွင်း သေဆုံးသွားသူ မိသားစုအတွက် တာကာ 100,000 ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။ (ဒီစာရွက်ကို ဒေါ်လာနဲ့ ပြန်တွက်ပြရတာကတော့၊ နိုင်ငံသား တစ်ယောက်၏ တစ်နှစ် ၀င်ငွေဟာ $380 ပဲရှိတဲ့အချိန်မှာ ဒီပမာဏဟာ ရက်ရက်ရောရော ပေးအပ်တဲ့ ပမာဏ ဖြစ်ပါတယ်။) လူသစ်တွေဟာ နီပေါနှင့် ပါကစ္စတန်မှတဆင့် ခေါ်ဆောင်သွားပြီး ၎င်းတို့ သင်တန်းပေးရာ အာဖဂန်ရှိ စစ်စခန်းသို့ ပို့ဆောင်ပါတယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာနဲ့ အခြားသူတွေ ဘယ်လောက်တောင် အာဖဂန်မှာ တိုက်ပွဲဝင်နေလဲဆိုတာ မသိနိုင်ပါဘူး။ ဒါပေမဲ့ အရည်အတွက်ကတော့ အတော်အတန် များပြားနိုင်ပါတယ်။ အချို့တွေကတော့ ကရှ်မီးယားနဲ့ အချို့ကတော့ ချေချင်းညှာမှာရှိကြတဲ့ အစ္စလာမ်မစ် စစ်ရေးအဖွဲ့များစီသို့ သွားရောက်ကြပါတယ်။



အမေရိကန်က တာလီဘန် တိုက်ခိုက်ရေးသမား ဂျွန်ဝေါ်လ်ကာလင့်နှင့် CNN တို့ 2001 ဒီဇင်ဘာတွင် အင်တာဗျူးခဲ့သည်တွင် ၎င်းအာဖဂန်တွင် ရှိနေစဉ်အတွင်း al-Qaeda ဗိုလ်မှူးချုပ်အဆင့်ရှိ အန်ဆာ (တမန်တော် အဖွဲ့ဝင်) ညွှန်ကြားခဲ့သည်များနှင့် ပါတ်သက်သည်များတွင် ဘာသာစကားပိုင်းနှင့် ပါတ်သက်၍ ဘင်္ဂါလီ၊ ပါကစ္စတန်နီ (အူရဒူ)၊ အာရေဗျ စသည်ဖြင့် ခွဲခြားထားပြီး ဘင်္ဂါလီစကားပြောခြင်းနှင့် ပါတ်သက်သည့် ဘင်္ဂလားဒေ့ရှ်နှင့် ရိုဟင်ဂျာတို့အား ထောက်ပံ့ပေးရန်မှာ အရေးကြီးတယ်လို့ အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။ သို့ဖြစ်သောကြောင့် 2001 ခုနှောင်းပိုင်း အာဖဂန်နစ္စတန်တွင် အမေရိကန်၏ တိုက်ခိုက်မှုကြောင့် ထွက်ပြေးသွားကြသည့် လက်နက်ကိုင်အချို့၏ လမ်းဆုံးသည် ဘင်္ဂလားဒေ့ရှ်ဖြစ်သည်မှာ ရှင်းလင်းသွားပြီ ဖြစ်ပါသည်။ ပါကစ္စတန်တွင် အမေရိကန်မှ မြောက်များစွာ ရှိနေခြင်းကြောင့် 2001 အောက်တိုဘာနဲ့ နိုဝင်ဘာတွေမှာ အာဖဂန်နစ္စတန်က ထွက်ပြေးသွားနဲ့ လက်နက်ကိုင်အုပ်စုတွေအတွက် တတိယနိုင်ငံတွေဟာ ပိုမိုစိတ်ချရတယ်လို့ တွေ့ရပါတယ်။ 2002 အစောပိုင်းကာလများတွင် အမျိုးမျိုးသော လက်နက်ကိုင်များကို တင်ဆောင်လာသည့် အာဖဂန်နစ္စတန်မှ သဘောင်္များသည် ကရာချိမှ စစ်တကောင်းသို့ ရွက်လွှင့်သွားကြပေသည်။



2002 မေလ 10-11 တွင် HuJI အပါအ၀င် အစွန်းရောက် အစ္စလာမ်မစ်အုပ်စုများသည် တောင်ပိုင်း Ukhia အနီးရှိ စခန်းတွင် တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ် Manch အသင်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ အုပ်စုပေါင်းများစွာ ပါဝင်သည့် ဥသျှောင်အဖွဲ့သစ်သည် ရိုဟင်ဂျာများနှင့် Assam မွတ်စလင် လွတ်မြောက်ရေးကျားများ (MULTA) အား ကိုယ်စားပြုဟန်ဆောင်ပြီး အဖွဲ့အသေးများကတော့ အိန္ဒိယ အရှေ့မြောက်ပိုင်းမှာ လှုပ်ရှားကြပါတယ်။ ဂျွန်လတွင် အာဖဂန်နစ္စတန် ဆိုဗီယက် ဆန့်ကျင်ရေးတိုက်ပွဲမှ စစ်ပြန်များသည် ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းရှိ စခန်းအနည်းဆုံး 2 ခုတွင် မဟာမိတ်အသစ်များအား သင်ကြားရေးအဖွဲ့ဝင်များအဖြစ် ပါဝင်ခဲ့တယ်လို့ သတင်းရရှိခဲ့ပါတယ်။

HuJI အဖွဲ့တွင်း စာရွက်စာတန်းများအရ 19 ခုထက်မနည်းသည့် သင်တန်းပို့ချမှုများအား ဘင်္ဂလားဒေ့ရှ်အနှံ့ ပို့ချခဲ့ပြီး အဲ့ဒိအထဲမှ လူဘယ်နှစ်ယောက်ဟာ စစ်ရေးသင်တန်းကို တက်ရောက်ရန် ကမ်းလှမ်းခံရတယ်ဆိုတာ တိတိကျကျ မသိရပါဘူး။ သေခြာမှုဆိုတာဘာပါလဲ၊ သို့သော်လည်း ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) ဦးဆောင်အောက်ရှိ ယာယီညွန့်ပေါင်းအစိုးရသစ် အောက်တိုဘာ 2001 တွင် တာဝန်ယူသည်မှစ၍ ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ် လက်နက်ကိုင်များဟာ ပိုမိုပြီး အသံကျယ်လောင်လာကာ နိုးကြွားထက်မြက်လာပါတယ်။ အစပိုင်းက အဆိုပါ ယာယီအဖွဲ့တွင် Jamaat မှ ၀န်ကြီးနှစ်ဦးလည်း ပါဝင်ပါတယ်။ 4 ပါတီ ရွေးကောက်ပွဲ မဟာမိတ်အဖွဲ့ဟာ ညွန့်ပေါင်းအစိုးရသစ်အား စွမ်းရည်မြှင့်ပေးပြီး အစ္စလာမ်မစ် ပါတီအသေးလေးများလည်း ပါဝင်လာပါတယ်။ အစ္စလာမ်မစ် Oikya Jote အဖွဲ့၏ ဥက္ကဌဖြစ်သော Azizul Huq ဟာလည်း HuJI’s အဖွဲ့၏ အကြံပေး ကောင်စီမှာ အဖွဲ့ဝင်ဖြစ်လာပါတယ်။



ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များဟာ ၎င်းအုပ်စုများနဲ့ လှုပ်ရှားမှုများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရန် စိတ်အားထက်သန်ခြင်း မရှိတာကို တွေ့ရပါတယ်။ ဒီနှစ်အစောပိုင်းက ဘင်္ဂလားဒေ့ရှ်ရှိ အစ္စလာမ်မစ် အခြေခံအဖွဲ့အစည်းများ၏ မကောင်းသတင်းဟာ နိုင်ငံတကာကို ကျယ်ပြန့်လာတဲ့အခါမှာတော့ ဆန့်ကျင်ဘက်အနေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ အလယ်အလတ် ရိုဟင်ဂျာအုပ်စုများနှင့် စစ်တကောင်းနှင့် တောင်ဘဇာ (Cox’s Bazaar) ရှိအာရကန် ရိုဟင်ဂျာ အမျိုးသားအဖွဲ့အစည်း (ARNO)များကို ထိထိရောက်ရောက် နှိမ်နှင်းခဲ့ပါတယ်။ ARNO အနေဖြင့် al-Qaeda သို့မဟုတ် အခြားသော ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ် စစ်သွေးကြွအုပ်စုများနဲ့ လူသိနိုင်တဲ့ အချိတ်အဆက်မရှိဘူးလို့ ထင်ရပါတယ်။ (မှတ်ချက် ။ ။ မူရင်းရေးသားသူ Bertil Litner အနေဖြင့် ယခုဆောင်းပါးရေးသားချိန်က ၀ီကီလိခ် ဆောင်းပါးပါ အချက်များကို မသိရှိသေးလို့ ယူဆရပါတယ်။) အဆိုပါ ထိထိရောက်ရောက် နှိမ်နှင်းခြင်းအား ပြစ်တင်ဝေဖန်ပြီး ၎င်းတို့မထောက်ခံခြင်းအား အစွန်းရောက်များက ခိုင်မာသည့် ကြေငြာချက်များ ထုတ်ပြန်ခဲ့ပါတယ်။ အခြားတစ်ဘက်မှတော့ RSO ဟာ ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့၏ ပစ်မှတ်အနေနဲ့ သတ်မှတ်ခြင်းမခံခဲ့ရပါဘူး။



နောင်နှစ်ပေါင်းများစွာအတွက် ဘင်္ဂလားဒေ့ရှ်ဟာ အလယ်အလတ် သဘောထားရှိသည့် လွတ်လပ်သည့် မွတ်စလင်နိုင်ငံ တစ်နိုင်ငံအနေနဲ့ မြင်နိုင်ပါတယ်။ အဆိုပါ သိသာထင်ရှားတဲ့ ပြောင်းလဲမှုဟာ ဒီနှစ် မေလအတွင်းမှာ ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ် Manch အဖွဲ့ဟာ အစ္စလာမ်မစ် အစွန်းရောက် နိုင်ငံများနဲ့ ပိုမိုနီးကပ်လာစေရန်နှင့် ပူးပေါင်းဆောင်ရွက်စေရန် ရှင်းလင်းစွာ ညွှန်းဆိုနေပါတယ်။ အာဖဂန်မှာ လက်ရှိရှိနေကြတဲ့ သင်တန်းဆရာများ၊ al-Qaeda ဆက်သွယ်မှုမှ ထပ်မံရောက်ရှိလာတဲ့ အစွန်းရောက်များဟာ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့ဝင်များ၏ ကွန်ယက်တွင် ၎င်းတို့ ပူးပေါင်းပါဝင် ဆောင်ရွက်မှုအား ဖော်ညွှန်းပြသနေပါတော့တယ်။



ဘာတီးလစ်တာနာဟာ Far Eastern Economic Review မှ အကြီးတန်း စာရေးဆရာတစ်ယောက် ဖြစ်သလို 1985 ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံကို ၀င်ရောက်ခွင့်မရှိသည့် အမည်ပျက်စာရင်းဝင် ဂျာနယ်လစ်များထဲမှ တစ်ဦးလည်း ဖြစ်ပါတယ်။



(Asia Times မှ Bertil Lintner ၏ Bangladesh: Breeding ground for Muslim terror ကို တတ်နိုင်သလောက် ဘာသာပြန်ဆိုပါတယ်။ ဘာတီးလစ်တာနာ၏ ဆောင်းပါးနှင့် Wikileak’s Ref: ID# 02RANGOON1310 ၏ ဆောင်းပါးအရ ရိုဟင်ဂျာဆိုသည့် စကားလုံးအား အသုံးပြုထားသည့်၊ ရိုဟင်ဂျာများအား ကိုယ်စားပြုသည့် အဖွဲ့အစည်းများသည် al-Qaeda နှင့် အစ္စလာမ်မစ် အကြမ်းဖက် စစ်သွေးကြွ အဖွဲ့အစည်းများနှင့် အဆက်အသွယ် ရှိသည်ကို ထင်ထင်ရှားရှား သက်သေသက်ကာယများဖြင့် တွေ့နိုင်ပါသည်။ ကျွန်တော်တို့ကဲ့သို့သော သာမာန်လူများပင် သိကြသည်ကို ဒေါက်တာဇာနည်ကဲ့သို့သော မျက်စိကြီး၊ နားကြီးသည့်သူအဖို့ ပိုမိုသိနိုင်မည် ဖြစ်ပါသည်။ ထို့အတူပင် နာဇီ ဟစ်တလာ ကြွေးကျော်ခဲ့သည့် “Long Live Narzi” ကဲ့သို့သော စကားလုံးအား အသုံးပြု၍ “Long Live Rohingya” ဟုကြွေးကျော်ခဲ့သည့် ဒေါက်တာဇာနည်သည်လည်း အကြမ်းဖက် အဖွဲ့အစည်းများအား အားပေးအားမြှောက်၊ အထောက်အကူ ပြုသူတစ်ဦး၊ အဖွဲ့ဝင်တစ်ဦးဟု မှတ်ယူရမည် ဖြစ်ပေသည်။

No comments:

Post a Comment