Sunday, June 10, 2012

ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆု လက်ခံပွဲ ပြည်တွင်း မြန်မာများ တက်ရောက်မည်







၁၉၉၁ ခုနှစ်က ချီးမြှင့်ခံခဲ့ရတဲ့ နိုဘယ် ငြိမ်းချမ်းရေးဆု ကို နော်ဝေနိုင်ငံ
အော်စလိုမြို့မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်နဲ့ မြန်မာပြည်တွင်းက သက်ဆိုင်ရာ အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ အနုပညာရှင်တချို့လည်း တက်ရောက်ဖို့ရှိတယ်လို့ စုံစမ်းသိရှိ ရပါတယ်။

ဇွန်လ (၁၆) ရက်နေ့မှာ ကျင်းပမယ့် အဲဒီအခမ်းအနားကို တက်ရောက်မယ့်
သူတွေထဲမှာ ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး လည်း ပါဝင်ပါတယ်။

အခုလို တက်ရောက်နိုင်အောင် အစိုးရ အဖွဲ့အစည်း မဟုတ်တဲ့ Norwegian Burma Committee ဆိုတဲ့ နော်ဝေ အခြေစိုက် NGO အဖွဲ့ က ကမကထပြု စီစဉ်ခဲ့တာ ဖြစ်တယ်လို့ မင်းထင်ကိုကိုကြီးက ပြောပါတယ်။

"အမေစုကတော့ ၁၃ ရက်နေ့ ဒီကနေ ထွက်လိမ့်မယ်လေ။ ဂျနီဗာကို အရင် သွားမယ်ထင်တယ်။ အဲဒီကမှ နော်ဝေကို လာမယ် ပြောတယ်။ ကျွန်တော်
ကတော့ ၁၂ ရက်နေ့ ဒီကနေ ထွက်မယ်။ နော်ဝေမှာ အမေစုရှိနေတဲ့ ရက်တွေ ၁၅ ရက်နေ့မှာ press တို့၊ နောက် နိုဘယ်ဆု လက်ခံမယ့်
ပွဲပေါ့။ နောက် ပွဲ၎ ပွဲကို ကျွန်တော် တက်ခွင့်ရထားပါတယ်။"

ဒါ့အပြင် ဂျာမနီနိုင်ငံမှာ ဇွန်လ (၂၄) ရက်နေ့ကျင်းပမယ့် Global Media Forum ကိုလည်း တက်ရောက်ဖို့ ရှိတယ်လို့ မင်းထင်ကိုကိုကြီးက
ပြောပါတယ်။

၁၉၉၁ ခုနှစ်ကတည်းက နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံထားရတဲ့
ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ကိုယ်တိုင် လာရောက်ပြီး ဆု လက်ခံယူဖို့ ဒုတိယအကြိမ် အဖြစ် ဂုဏ်ပြုပွဲ ကျင်းပတာဟာ နိုဘယ်ဆုပေးပွဲ သမိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သတင်းတွေက ဖေါ်ပြကြပါတယ်။
 
 RFA BURMESE

No comments:

Post a Comment