Sunday, June 10, 2012

ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ)









ဒီငြိမ်းလင်း
၁ . ၆ .၂၀၁၂ ရက်နေ့ မနက် ပိုင်းတွင် ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) ကို ဖွဲ့စည်းကြောင်း ကြေငြာပြီးနောက် နေ့ခင်းပိုင်းတွင် ပြည်တွင်းပြည်ပ မီဒီယာများနှင့် တွေ့ဆုံကာ သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ ယင်းသတင်းစာ ရှင်းလင်းပွဲသို့ ပြည်တွင်း ပြည်ပမှ မီဒီယာ ၃၀ ကျော်တက်ရောက်ကာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) ၏ ရည်ရွယ်ချက် ၊ လုပ်ငန်းစဉ်များ သာမက မီဒီယာများမှ မေးမြန်းသော မေးခွန်းများစွာ တို့ကိုပါ ဖြေကြားပေးခဲ့သည်။ အထူးအစီစဉ်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး သ၀ဏ်လွှာ ကို အထွေထွေအတွင်းရေးမှူး ကိုရဲမင်းဦးမှ ဖတ်ကြားပေးခဲ့ပါသည်။
 

No comments:

Post a Comment