Friday, June 22, 2012

"မမေ့အပ်သူ/ မမေ့ရက်သူ"




မောင်ထိန်လင်း၊ သခင်အောင်ဆန်း
တန်လူ့လျှို၊ အိုမိုဒါ မိုဂျိ
ဗိုလ်တေဇ၊ ဦးနောင်ချို
ဗိုလ်ချုပ်အောင်ဆန်း
နာမည်တွေသာ ပြောင်းခဲ့တယ်
တိုင်းချစ်ပြည်ချစ် စိတ်ကမပြောင်းလဲခဲ့။
လူကိုသာ သတ်လို့ရခဲ့မယ်
ခေတ်အဆက်ဆက် သူ့နာမည်ကို သတ်မရခဲ့ ....
"မမေ့အပ်သူ/ မမေ့ရက်သူ"

ဒီမြေမှာမွေး၊ ဒီရေသောက်ပြီး
ဒီမြေဒီရေ အတွက်
တိုင်းချုပ်ပြီး မွေးလာခဲ့သလား

ဒီမြေဒီရေ အတွက်ပဲ ရှင်ခဲ့တယ်
ဒီမြေဒီရေ အတွက်ပဲ သေခဲ့တယ်
ထူးထူးခြားခြား
ပဲပြုတ်နဲ့ နံပြား တော့စားချင်ခဲ့သတဲ့ ။

မောင်ထိန်လင်း၊ သခင်အောင်ဆန်း
တန်လူ့လျှို၊ အိုမိုဒါ မိုဂျိ
ဗိုလ်တေဇ၊ ဦးနောင်ချို
ဗိုလ်ချုပ်အောင်ဆန်း
နာမည်တွေသာ ပြောင်းခဲ့တယ်
တိုင်းချစ်ပြည်ချစ် စိတ်ကမပြောင်းလဲခဲ့။

လူကိုသာ သတ်လို့ရခဲ့မယ်
ခေတ်အဆက်ဆက် သူ့နာမည်ကို သတ်မရခဲ့

တမျိုးသားလုံးရဲ့ ဖခင်
လွတ်လပ်ရေးရဲ့ အရှင်
လွတ်မြောက်ရေးအတွက် သခင်
အို အသင် အောင်ဆန်း ....
ကျုပ်တို့ရဲ့ ခန္ဓာထဲမှာ
သင့်သွေးတို့ မခမ်းသေးပါဘူး။

(မောင်ရင်ငဇေ)

LWIN PWIN
NLABR

No comments:

Post a Comment