Monday, June 11, 2012

ဂျပန်ဘတ်(စ)များ မြန်မာနိုင်ငံသို့ လာရောက်ပြေးဆွဲမည်






By :နှင်းကို (သာစည်)

ပြည်တွင်းယာဉ်လိုင်းပြေးဆွဲမှုများတွင် ဂျပန်နိုင်ငံမှ ယာဉ်လိုင်းများ ၀င်ရောက်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာသန်း(၃၀၀)ခန့် အကုန်အကျခံ ရင်းနှီးမြှုပ်နှံကာ မြန်မာနိုင်ငံမှာ ဂျပန်ကားလိုင်းများ ပြေးဆွဲရန်စီစဉ်နေကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

ဇွန်(၄)ရက်တွင် ဟိုတယ်ချက်ထရီယမ် ပြည်တွင်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက "ဂျပန်ကုမ္ပဏီနဲ့ပြောထားတယ်။ ဂျပန်က ဒေါ်လာသန်း(၂၅၀)-(၃၀၀)လောက် အကုန်အကျခံပြီးတော့ ဒီမှာကားလိုင်းတွေဆွဲမယ်။ အဲဒီကားလိုင်းတွေက စံနစ်ကျတယ်။ ၀န်ဆောင်မှုတွေပါလာမယ်။ အချိန်မှန်ထွက်မယ်။ ကားခကိုလည်း ကတ်စံနစ်နဲ့ သုံးတာတို့ ပါလာမယ်။ Taxi တွေလည်း ဒီအတိုင်းဘဲ။ ဂျပန်ကလာမယ်။ အခြေခံ လူတန်းစားတွေ သွားရေးလာရေး အဆင်ပြေစေဘို့ပါ" ဟုပြောကြားခဲ့သည်။


ယင်းသို့ ပြည်တွင်းယာဉ်လိုင်းပြေးဆွဲမှုတွင် ဂျပန်နိုင်ငံကဲ့သို့ နည်းပညာ မြင့်မားကာ စည်းကမ်းရှိသည့်နိုင်ငံမှ မော်တော်ယာဉ်လိုင်းများဝင်ရောက်ပြေးဆွဲပါက ရန်ကုန်မြို့တွင်း အခြေခံလူတန်းစား ၀န်ထမ်းနှင့် အလုပ်သမားများအတွက် အခြေခံ အထောက်အပံ့ကောင်းများဖြစ်နိုင်ကြောင်း သိရသည်။


Source: Flowers News Journal

No comments:

Post a Comment