Monday, June 11, 2012

အချိန်မီလေးတင်















on Monday,
 June 11, 2012 at 6:11am ·
အပြစ်တင်ချင်တာလည်းမဟုတ်သလို တိုက်ခိုက်လိုတာလည်းမဟုတ်ပါ။ မိမိအားနည်းချက်ကို မြင်မှသာလျှင် ပြင်ဆင်နိုင်မှာဖြစ်လို့ ဖြစ်ပါတယ်။

လွန်ခဲ့သော လပိုင်းများကတည်းက ကျနော်ဟာ မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသူများထံ ရိုဟင်ဂျာဘင်္ဂါလီတို့အရေးနဲ့ပတ်သက်လို့ ဆက်သွယ်နိုင်ရန်ကြိုးစားခဲ့ပါတယ်။ ရရှိထားတဲ့ သတင်းအချက်အလက်များကိုလည်း ပေးပို့နိုင်ဖို့ကြိုးစားခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့အခြေအနေများနဲ့ပတ်သက်လို့ ထည့်သွင်းစဉ်းစား နိုင်ရန်ကြိုးစားခဲ့ပါတယ်။ ထိုနည်းတူစွာပဲ အစိုးရဖက်ကိုလည်း ဆက်သွယ်နိုင်ရန်ကြိုးစားခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ အစိုးရဖက်က သင့်တော်တဲ့တုန့်ပြန်မှုကိုမရခဲ့ပါ။ ရုရှားမှ အရာရှိငယ်များကသာ အပြုသဘောဆန်စွာ တုန့်ပြန်ခဲ့ကြပါတယ်။ ထိုနည်းတူစွာ ဒီမိုကရေစီအင်အားစုများအနက်မှ ထင်ရှားသူအချို့ကလည်း တုန့်ပြန်ခြင်းမပြုခဲ့ပါ။ တုန့်ပြန်ခဲ့သူအနည်းစုရဲ့ ယေဘုယျအမြင်ကလည်း "နိုင်ငံရေးခြေထိုးကွက်" အဖြစ်သာ ရိုဟင်ဂျာပြဿနာကိုရှုမြင်ခဲ့ကြပါတယ်။ ဒါဟာ အမှန်တစ်ကယ်ပဲ ဖြစ်ပါတယ်။

ဒီ ရိုဟင်ဂျာကိစ္စဟာ မြန်မာနိုင်ငံရဲ့ နယ်စပ်လုံခြုံရေးနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ဒေသခံ ရခိုင်တွေရဲ့ ဘဝနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ နောက်ပြီး မြန်မာ့ပိုင်နက်နဲ့လည်း တိုက်ရိုက်ပတ်သက်နေတဲ့အပြင် မြန်မာ့သမိုင်း၊ လွတ်လပ်ရေးရခဲ့ကတည်းက နိုင်ငံတော်အစိုးရကနေ တစ်ညီတစ်ညွတ်တည်းအသိအမှတ်ပြုထားခဲ့တဲ့ တိုင်းရင်းသားဖြစ်ခြင်းနဲ့ တိုင်းရင်းသား အခွင့်အရေးနဲ့လည်း တိုက်ရိုက်ပတ်သက်နေပါတယ်။

တိုင်းရင်းသားဖြစ်ခွင့်သည် ခွဲထွက်ခွင့်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့အတွက် ဒီကိစ္စဟာ မြန်မာနိုင်ငံအတွက် ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ သာမန်လူပင်လျှင်သိနိုင်ပါတယ်။ ဒါကြောင့် ဒီ ရိုဟင်ဂျာ ဘင်္ဂါလီပြဿနာဟာ မုချကို ဖြေရှင်းရမယ့် ကိစ္စကြီးတစ်ရပ် ဖြစ်နေတာ အလွယ်တကူ သိနိုင်ပါတယ်။ သို့ပေမယ့် ပြည်တွင်းနိုင်ငံရေးဖြစ်ထွန်းမှု ခေါင်းစဉ်များအောက်မှာ ရိုဟင်ဂျာအရေးဟာ တိမ်မြုပ်နေခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အကျယ်ချုပ်ကျခံနေရစဉ်ကာလ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှတ်ပုံမတင်မီ နအဖ စစ်ကောင်စီအုပ်ချုပ်ရေးခေတ်ကတည်းက ဒီရိုဟင်ဂျာ ဘင်္ဂါလီတွေဟာ လူ့အခွင့်အေ၇းခေါင်းစဉ်နဲ့ အတူ ဒီမိုကရေစီလှုပ်ရှားသူအင်အားစုများထဲကို ထိုးဖောက်လာခဲ့ပြီး "ကြောင်းကွဲ သံတူ" ပုံစံနဲ့ သူတို့အတွက်ကို တောင်းဆိုလာခဲ့ကြပါတယ်။ ဒီဟာတွေကို အဓိက ကူညီထောက်ပံ့ပေးခဲ့ကြတဲ့အဖွဲ့များကတော့ ကုလသမဂ္ဂဒုက္ခသည်စောင့််ရှောက်ရေးအဖွဲ့ (UNHCR) နဲ့ NGO များပဲ ဖြစ်ပါတယ်။  မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူများနဲ့ နောက်ကွယ်မှာ ပူးပေါင်းဆောင်ရွက်မှုတွေရှိခဲ့ဟန်တူပြိး ပြည်ပမြန်မာမီဒီယာလောကကို ကြိုးကိုင်ခဲ့ကြပါတယ်။

ဒေသခံရခိုင်တွေနဲ့ တင်းမာမှုအမြဲ ဖြစ်နေခဲ့တဲ့အတွက် ဒီလို ပဋိပက္ခမျိုးဟာ အမြဲတမ်းဖြစ်ပေါ်ဖို့ နီးစပ်နေခဲ့တာဖြစ်ပါတယ်။ ဒီရိုဟင်ဂျာ ဘင်္ဂါလီတွေဟာ ဘူးသီးတောင်၊မောင်တော ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစ္စလာမ်မစ်ဒေသ အဖြစ်ထူထောင်ဖို့ မူဂျာဟစ်သူပုန်များအဖြစ် ဖဆပလ ခေတ်ကတည်းက သောင်းကျန်းခဲ့ဖူးပါတယ်။ မြန်မာအစိုးရရဲ့ ထိုးစစ်ဆင်မှုများနဲ့ အတူ ဒီအရေးခင်းဟာ ငြိမ်သက်ဟန်ဖြစ်ခဲ့ပြီး လာဘ်စားသော လ.ဝ.က များနဲ့ န.စ.က များက ဘင်္ဂါလီပေါင်းများစွာကို မြန်မာနိုင်ငံတွင်းကို ပျော်ပျော်ကြီးပို့ဆောင်ပေးခဲ့ကြပါတော့တယ်။ ဒီအချိန်မှာ ဒီ ဘင်္ဂါလီအဖွဲ့တွေဟာ သမိုင်းကိုလိမ်လည်ဖန်တီးဖို့အတွက် အင်တာနက်မှ ဝါဒဖြန့်ချီခြင်းတွေ လုပ်ဆောင်နေခဲ့ပြီဖြစ်သလို အနောက်နိုင်ငံများအထိလည်းပေါက်ရောက်အောင် လုပ်နေနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒီမှာ တစ်ခု ရင်နာစရာကောင်းတာကတော့ ရိုဟင်ဂျာ ဆိုတာနဲ့ မြန်မာဆိုတာကို တွဲပြီး မြင်သွားအောင် လုပ်ဆောင်ခဲ့သူတွေသည် ၁၉၈၈ အရေးတော်ပုံအပြီး ပြည်ပကို တိမ်းရှောင်သွားကြတဲ့ နိုင်ငံရေးသမားများပဲ ဖြစ်နေပါတယ်။

သမိုင်းကိုလိမ်လည်ဖို့ လုပ်လာခြင်းသည် သူတို့ရဲ့ မရိုးသားတဲ့ရည်ရွယ်ချက်ကို သိသာစေပါတယ်။ တိုင်းရင်းသားအဖြစ်တောင်းဆိုခြင်းသည် သူတို့ရဲ့ အကောက်ဥာဏ်ကိုပေါ်လွင်စေပါတယ်။ လက်နက်များကို တွေ့ရှိရသည်ဟု သတင်းများစွာထွက်ပေါ်နေခြင်းသည် ဘူးသီးတောင်၊ မောင်တော ဒေသကို သူတို့ကိုယ်ပိုင်ဒေသအဖြစ်သတ်မှတ်ဖို့ အားထုတ်နေပြီဆိုတာ သိသာစေပါတယ်။ ဒါဟာ မြန်မာ့ ပိုင်နက်နဲ့ အချုပ်အခြာအာဏာကို ထိပါးခြိမ်းခြောက်လာတာပဲဖြစ်ပါတယ်။

ကျနော်တို့ဟာ နိုင်ငံေ၇းလုပ်မယ်ဆိုရင် ဒီလို နိုင်ငံတော်လုံခြုံရေးနဲ့ပတ်သက်သောအမြင်များ စူးရှထက်မြက်ဖို့လိုအပ်ပါတယ်။ နိုင်ငံတော်လုံခြုံရေးအတွက် အမြင်မရှိရင် ဖျံနှစ်ကောင် ငါးကိုလုနေတုန်း မြေခွေးက ယူစားသလို ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အစိုးရနဲ့တစ်ကွ ကျန်သော နိုင်ငံေ၇းပါတီအသီးသီးကို မြန်မာနိုင်ငံရခိုင်ကမ်းမြှောင်ဒေသ ရှိ ဘူးသီးတောင်၊ မောင်တော ဒေသများကို နိုင်ငံတော်လုံခြုံရေးအတွက် အရေးကြီး အန္တရာယ်င်္ရှိသော ဇုန်များအဖြစ် သတ်မှတ်ပေးသင့်နေပြီဖြစ်ပါတယ်။နိုင်ငံတော်လုံခြုံရေးကိစ္စတွေမှာ သဘောမကွဲဘဲ အားလုံး တစ်ညီတစ်ညွတ်တည်းရပ်တည်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ဟာ ကျနော်တို့အတွက် သင်ခန်းစာပဲဖြစ်ပါတယ်။ ကျနော်တို့ ဒီနယ်မြေတွေကို မဆုံးရှုံးသေးပါ။ နိုင်ငံတကာရှိ ကိုယ်ကျိုးရှာနိုင်ငံရေးသမားတွေနဲ့ ပြည်ပမီဒီယာတွေလုပ်ကြံနေတာကို ခံနေရသော မြန်မာပြည်ကို ဒီလိုလုပ်ကြံခံနေရခြင်းမှ လွတ်မြောက်ဖို့အတွက် ထိရောက်ပြင်းထန်တဲ့ ရာဇသံမျိုးကို ထင်ရှားသော နိုင်ငံရေးပါတီခေါင်းဆောင်များက ပေးစေလိုပါတယ်။ နိုင်ငံတကာမီဒီယာများမှ မြန်မာသတင်းဌာနများဟာ မြန်မာ့နိုင်ငံရေးသမားများက ကသပိတ်မှောက်လိုက်လျှင် မည်သို့မျှ လည်ပါတ်၍မရနိုင်ပါ။ ဒါကြောင့် ဒီမိဒီယာတွေကို နိုင်ငံရေးသမားများနဲ့ ပြည်သူအများက သပိတ်မှောက်ဒဏ်ခတ်ခြင်းကို ပြုစေလိုပါတယ်။

ဒီလို ခါးသီးတဲ့ ဒုက္ခတွေကို သွေးချင်းရခိုင်တွေကို ပေးမိတဲ့အတွက် ကျနော်တို့မှာ အကြွေးကြီးကြီးမားမား တင်ရှိသွားပြီဖြစ်ပါတယ်။ အချင်းချင်း အပြန်အလှန်မယုံကြည်မှုတွေနဲ့ ဒီလို အရေးအခင်းကြီးဖြစ်တဲ့အခါမှာ ယခင်လက်တွမညီခဲ့မှု ရလာဒ်တွေဟာ ဘူးပေါ်သလို ပေါ်လာခဲ့ပြီဖြစ်တဲ့အတွက် အမျိုးသားရေး၊နိုင်ငံ့လုံခြုံရေးကိစ္စတွေမှာ ယခင်လို မကွဲလွဲကြတော့ဘဲ စည်းလုံးညီညွတ်နိုင်ကြကာ ကိုယ့်အမှားကို "အချိန်မီ" ပြင်ဆင်နိုင်ကြပါစေလို့ တိုက်တွန်းလိုက်ပါတယ်။
myo set 

No comments:

Post a Comment