Monday, June 11, 2012

ဘူးသီးတောင်မြို့နယ်တွင် လုံခြုံရေးတိုးမြှင့်ချထား









































ဘူးသီးတောင်မြို့နယ်တွင် လုံခြုံရေးတိုးမြှင့်ချထားပြီးနေလည်ခင်းဖြစ်သည့်အတွက် အေးအေးချမ်းချမ်းရှိနေကြောင်း ဘူးသီးတောင်ဒေသခံ 7 Day News သတင်းထောက်ကသတင်းပေးပို့သည်။ "ပစ်သံ ခတ်သံဆူညံသံတွေမရှိဘူး။ ညဘက်ကျမှကြောက်ရတာ။ ညဘက်ဆိုဘင်္ဂါလီတွေကထွက်လာတတ်တယ်။ ခုတော့ ဆေးရုံမှာ လူနာသစ်ရောက်လာတာမျိုးလည်းမရှိဘူး" ဟု သတင်းထောက်က တယ်လီဖုန်းမှတဆင့်သတင်းပေးပို့သည်။ ဒေသခံများမှာဈေးများလည်းပိတ်ထားသည့်အတွက် ရေရှည်စားသောက်စရာအတွက်ပူပန်နေကြပြီး လိုက်လံရှာဖွေဝယ်ယူနေကြောင်းသတင်းရရှိသည်။ ဘူးသီးတောင်မြို့နယ်တွင်ကယ်ဆယ်ရေးစခန်း ၃ ခုဖွင့်ထားပြီး ကျေးရွာများမှရခိုင်တိုင်းရင်းသားဒုက္ခသည်များကိုနေရာချထား အကူအညီပေးလျက်ရှိသည်။

ko Aung 00

No comments:

Post a Comment