Thursday, June 14, 2012

ရန်ကုန်မြို့၊ကမ်းနားလမ်းမှာရှိတဲ့ ဗြိတိန်သံရုံးရှေ့ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြ













ဒီနေ့မနက် ၁၀ နာရီခွဲက ရန်ကုန်မြို့၊ကမ်းနားလမ်းမှာရှိတဲ့ ဗြိတိန်သံရုံးရှေ့မှာ ရခိုင်တိုင်းရင်းသား လူငယ်များဟာ
အင်္ဂလိပ်ဘာသာနဲ့ရေးသားထားတဲ့ ပိုစတာတွေကိုင်ဆောင်ပြီး Burma Campaign UK နဲ့ BBC အသံလွှင့်ဌာန
တွေကို ရိုဟင်ဂျာတွေကို မြန်မာတိုင်းရင်းသား အဖြစ်မှားယွင်းစွာ ဘက်လိုက်ဖေါ်ပြတဲ့ ကိစ္စ ကို ကန့်ကွက်တဲ့အနေနဲ့
ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။
ပြီးတော့ လက်ရှိဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ပဋိပက္ခ ဟာ ရခိုင်လူမျိုးဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ
ရဲ့ ပဋိပက္ခ လို့ ပြည်ပမီဒီယာအချို့ရဲ့ ရေးသားဖေါ်ပြချက်တွေဟာ ဘာသာရေးအထိကရုဏ်းဖြစ်အောင် သွေးထိုးနေတာ
ဖြစ်ပြီး အမှန်တကယ်က မြန်မာတိုင်းရင်းသားရခိုင် တွေနဲ့ တရားမ၀င်ရောက်ရှိနေတဲ့ရိုဟင်ဂျာ တွေရဲ့ ပဋိပက္ခသာ
ဖြစ်ကြောင်းနဲ့ မီးရှို့အကြမ်းဖက်မှုတွေစတင်လုပ်ဆောင်ခဲ့တာဟာ ရိုဟင်ဂျာတွေသာဖြစ်တယ်လို့ပြောကြပါတယ်။
အချိန် ၁၀ မိနစ်ခန့်သာဆန္ဒပြခွင့်ရပြီး လုံခြုံရေးတွေက လူစုခွဲပေးဖို့ ကောင်းမွန်စွာ မေတ္တာရင်ခံခဲ့တဲ့အတွက်
ငြိမ်းချမ်းစွာလူစုခွဲပေးခဲ့ကြပါတယ်။
ထူးခြားတာက နိုင်ငံခြားသား သတင်းထောက်တွေကပါ ရခိုင်လူငယ်တွေကို သိလိုတာတွေမေးမြန်းသွားခြင်းပါ။
ဗြိတိန်သံရုံး အရာရှိတွေကလည်း ဆန္ဒရှိမယ်ဆိုရင် ရခိုင်လူငယ်တွေကို သူတို့သံရုံးထဲကိုဖိတ်ခေါ်ပါတယ် ဆိုတဲ့အကြောင်းနဲ့
လက်ကမ်းစာရွက်တွေပေးရင် လက်ခံယူပေးဖို့ကိုပါ သံရုံးဝန်ထမ်းတွေကို ညွှန်ကြားထားတယ်လို့သိရပါတယ်

No comments:

Post a Comment