Sunday, June 17, 2012

ငြိမ်းချမ်းရေး ခရီးသွား မိခင်




















သူ့မိဘနှစ်ပါးဟာ ဗုဒ္ဓဘာသာ
သူဟာလည်း ဗုဒ္ဓဘာသာ
သူ့နှလုံးလှတဲ့ မေတ္တာတရားနဲ့
ငြိမ်းချမ်းရေး ရင်ခွင်ကို
ပြည်သူ့အတွက် တည်ဆောက်ပေးဖို့
သူ... သည်ခရီးကို ထွက်ခွာခဲ့ပြီပေါ့...။

အများမသိတဲ့ မြေပေါ်က
အမည်ခံ တိုင်းပြည် ဒို့ပြည်မှာ
အာဇာနည် သွေးစစ်စစ်နဲ့
တိုင်းပြည်အတွက်
မမောနိုင် မပန်းနိုင်
ကမ္ဘာ့မှာ မြန်မာ ဟေ့လို့
ဝင့်ကြွားကာ ဂုဏ်ရောင်တင်ဖို့
သူ... သည်ခရီးကို ထွက်ခွာခဲ့ပြီပေါ့....။

ဇာတိမာန် အစစ်
အောင်ဆန်းရဲ့
အာဇာနည်သွေးပေမို့
ငြိမ်းချမ်းရေးအတွက်
သူ့ ခွန်အားတွေနဲ့
ဘဝကိုပင် ပေးဆပ်လို့
ပြည်မြန်မာအတွက်
တဖန် ဂုဏ်ရောင်တက်စေဖို့
သူ...သည်ခရီးကို ထွက်ခွာခဲ့ပြီပေါ့....။

ကမ္ဘာကြီး ရွာဖြစ်လာပြီ...
ကမ္ဘာတစ်ခြမ်းမှာ အမှောင်မကျအောင်
အများပြည်သူတွေ ထိုးထွက်နိုင်တဲ့
အလင်းရောင်တစ်ချက် အသိဥာဏ်ပွင့်ဖို့အတွက်
သူ..ကြိုးပမ်းဖို့ သူ..သည်ခရီးကို ထွက်ခွာခဲ့ပြီပေါ့...။


အတ္တဂုဏ် မာန်မာန အစွဲမထား
ငြိမ်းချမ်းရေးသာ ဦးတည်ထားလို့
ဇွဲနဲ့ ဝီရိယကို ဖွားဘက်တော်လို အားကိုးရင်း
ပြည်သူ ပြည်သားတို့ တိုးတက်ရေးအတွက်
သူ... ကြိုးပမ်းလို့ ငြိမ်းချမ်းရေး ခရီးထွက်ခဲ့ပြီပေါ့...။


တက္ကသိုလ်မြတ်မင်း
Venpunna Vamsa on Sunday, June 17, 2012 at 2:48am ·

No comments:

Post a Comment