ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်ဆုလက်ခံခြင်း
ဟိုး..လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာတုန်းက တစ်ခါတလေ အဲဒါဟာ ဘ၀ပေါင်းများစွာအ ကြာကလို့တောင် ထင်ရမယ်။ အဲဒီတုန်းက ကျွန်မဟာ အောက် စဖို့ဒ်မြို့မှာ ကျွန်မသားငယ် အလက်ဇန်းဒါးနဲ့အတူ Desert Island Discs ရေဒီယိုအစီအစဉ် ကို နားထောင်နေခဲ့မိပါတယ်။ ဒီအစီအစဉ်ဟာ နာမည်ကြီးအစီ အစဉ်တစ်ခုဖြစ်ပြီး (ကျွန်မ သိရ သလောက်လည်း ဆက်ပြီး နာ မည်ကြီးဆဲ)ဖြစ်ကာ အဲဒီမှာ ဘ၀ နယ်ပယ်ပေါင်းစုံက ပုဂ္ဂိုလ်တွေကို လူသူဝေးတဲ့ကျွန်းတစ်ခုမှာသောင် တင်ရတဲ့အခါ(သူတို့အကြိုက်) ဓာတ်ပြားရှစ်ချပ်၊ သမ္မာကျမ်းစာနဲ့ ရှိတ်စပီးယားစာပေါင်းစုမပါ (သူ တို့အကြိုက်) စာအုပ်တစ်အုပ်အ ကြောင်းနဲ့ ကိုယ်လိုချင်တဲ့ ဇိမ်ခံ ပစ္စည်းတစ်ခုအကြောင်းကိုပြောဖို့
ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်ဆုလက်ခံခြင်း
ငြိမ်းချမ်းရေးအပေါ် မြန် မာ့အယူအဆကို ““ငြိမ်းချမ်းမှုနဲ့ သာယာဝပြောမှုတို့ ကို ဆန့်ကျင် ကာကွယ်ထားတဲ့ အချက်တွေ ရပ်ဆိုင်းသွားခြင်းမှ ထွက်ပေါ် လာတဲ့ပျော်ရွှင်ရမှု””အဖြစ် ရှင်းပြ နိုင်ပါတယ်။ “ငြိမ်းချမ်း”ဆိုတဲ့ မြန် မာစကားလုံးကို တိုက်ရိုက်ဘာ သာပြန်ရရင် မီးတစ်ခုငြှိမ်းသတ် လိုက်တဲ့အခါ ရလာတဲ့ အကျိုးအ မြတ်ရှိတဲ့ အေးချမ်းမှု beneficial coolness အဖြစ် ဘာသာပြန်နိုင် ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ဒုက္ခ မီးတွေနဲ့ သဘောထားကွဲ လွဲမှုမီး တွေ တောက်လောင်လျက်ရှိနေပါ တယ်။ ကျွန်မရဲ့ တိုင်းပြည်မှာ လည်း မြောက်ဘက်ဖျားဒေသမှာ ရန်လိုမှု အပြီးမသတ်သေးပါဘူး။ အနောက်ဖက်ဒေသမှာဆိုလည်း ဒီနေ့ ဒီကိုရောက်လာဖို့ ထွက်လာ တဲ့ ကျွန်မရဲ့ခရီးစဉ် မစတင်မီ ရက်အနည်းငယ်မှာပဲ မီးရှို့မှု၊ သတ်ဖြတ်မှုတွေနဲ့ လူအုပ်စု အကြမ်းဖက်မှုတွေဖြစ်နေပါတယ်။ တချို့နေရာတွေမှာ မျိုးဖြုတ်သတ် ဖြတ်မှုသတင်းတွေဟာ မြေပေါ် လျှံတက်နေပါတယ်။ ငတ်မွတ်မှု၊ ရောဂါဘယ၊ နေရာရွှေ့ပြောင်း ခံရမှု၊ အလုပ်လက်မဲ့ဖြစ်မှု၊ ဆင်း ရဲနွမ်းပါးမှု၊ တရားမျှတမှုကင်းမဲ့ ခြင်း၊ ခွဲခြားဖိနှိပ်ဆက်ဆံခြင်း၊ အယူအစွဲတွေနဲ့ အာဃာတ တရားတွေ ဒါတွေဟာ ကျွန်မတို့ နေ့စဉ် စားသုံးနေရတာတွေပါပဲ။ နေရာတိုင်းမှာ အဖျက်စွမ်းအား တွေက ငြိမ်းချမ်းရေးရဲ့ အခြေခံ အုတ်မြစ်တွေကို စားသုံးပစ်နေကြ တယ်။ ကျွန်မတို့ ကမ္ဘာကြီးမှာ ပျော်ရွှင်မှုနဲ့ အေးချမ်းမှုကို ထိန်း သိမ်းဖို့ မရှိမဖြစ်လိုအပ်တဲ့လူ သား ရင်းမြစ်တွေနဲ့ ရုပ်ဝတ္ထုတွေကို အဆင်ခြင်မဲ့ သုံးဖြုန်းမှုကို နေရာ တိုင်းမှာတွေ့နိုင်ပါတယ်။
7Day News Journal on Sunday, June 17, 2012
ကျွန်မတို့ဟာ လူမှုဖူလုံရေးနဲ့ လူသားချင်း စာနာထောက်ထား မှုအကူအညီတွေကို လိုလားအပ် တဲ့အရာမျှသာမက မရှိမဖြစ် လို အပ်တဲ့အရာအဖြစ် အသိအမှတ် ပြုကြတဲ့ခေတ်ထဲ ရောက်လာခဲ့ တာ ကံကောင်းလှပါတယ်။ ယုံ ကြည်ချက်ကြောင့် ကျခံနေရတဲ့ အကျဉ်းသားတွေရဲ့ ကံကြမ္မာဟာ နေရာတကာမှာရှိတဲ့ ပြည်သူတွေ ရဲ့ပူပန်မှုဖြစ်လာတဲ့ ခေတ်တစ်ခု ထဲ ရှင်သန်နေရလို့ ကံကောင်းလှ ပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးကိုလည်း အားလုံးလွှမ်းခြုံ ပြီးမဟုတ်တောင် အားလုံးရဲ့ မွေး ရာပါအခွင့်အရေးအဖြစ် လက်ခံ လာကြတဲ့ခေတ်တစ်ခုထဲ ရောက် လာလို့ ကံကောင်းလှပါတယ်။ အကျယ်ချုပ်အကျခံနေရတဲ့ နှစ် တွေအတွင်း မကြာခဏဆိုသလိုပဲ ကျွန်မဟာ လူ့အခွင့်အရေးကြေ ညာစာတမ်းပါ ကျွန်မ အကြိုက် ဆုံးစာပိုဒ်တွေကနေ ခွန်အားတွေ ရယူခဲ့ရပါတယ်။
လူ့အခွင့်အရေးကို ဂရုမစိုက် ခြင်းနှင့် မထီမဲ့မြင်ပြုခြင်းသည် လူသားမျိုးနွယ်၏ ယုံကြည်မှုကို ဒေါမာန်ထွက်စေသော ရိုင်းစိုင်း သည့်အပြုအမူများကို ထွက်ပေါ် စေခဲ့သည်။ လူသားမျိုးနွယ်တို့ ပါဝင်သော ကမ္ဘာလောကပေါ် ထွန်းလာခြင်းသည် လွတ်လပ်စွာ ပြောဆိုခွင့်၊ ယုံကြည်ခွင့်နှင့် အကြောက်တရားမှ လွတ်ကင်း ရေးကိုခံစားစေရမည်။ ဘုံလူသား အပေါင်း၏ အမြင့်မားဆုံး စိတ် ဆန္ဒများအဖြစ် သတ်မှတ်ခဲ့ပြီ။
အကယ်၍ လူသားသည် နောက်ဆုံး ခိုလှုံရာအဖြစ် ကူညီမှု မရရှိလျှင် ဖိနှိပ်မှုနှင့် အကြမ်းဖက် အုပ်ချုပ်မှုတို့ကို ပုန်ကန်ခြင်းဖြင့် လူ့အခွင့် အရေးများကို ဥပဒေစိုး မိုးမှုဖြင့်ကာကွယ်ပေးသင့်သည်။
မြန်မာနိုင်ငံမှာ လူ့အခွင့် အရေးအတွက် ဘာကြောင့်တိုက် ပွဲဝင်နေသလဲလို့မေးရင် ဒီစာပိုဒ် တွေက အဖြေပေးပါလိမ့်မယ်။ ဘာကြောင့် ကျွန်မ တိုက်ပွဲဝင် နေသလဲမေးရင် ဒါဟာ ဒီမိုကရေ စီအဖွဲ့အစည်း၊ အဆောက်အအုံ တွေနဲ့ အလေ့အကျင့်တွေဟာ လူ့ အခွင့်အရေးကို အာမခံချက်ပေး ဖို့အတွက် မရှိမဖြစ်လိုအပ်လို့ပါ။
မကြာမီက ကျွန်မရဲ့ တိုင်း ပြည်တွင်း ဖြစ်ပေါ်ခဲ့တဲ့အပြောင်း အလဲတွေကြောင့် လူကြီးမင်းတို့ နဲ့အတူ ကျွန်မ ရှိနေခဲ့တာဖြစ်ပါ တယ်။ ဒီအပြောင်းအလဲတွေဖြစ် ပေါ်လာခဲ့ရတာဟာ လူကြီးမင်း တို့နဲ့ အခြားသော လွတ်လပ်မှုနဲ့ တရားမျှတမှုကို ချစ်မြတ်နိုးသူတွေ ကြောင့်ဖြစ်ပြီး ဒီလူတွေက ကျွန်မ တို့ရဲ့အခြေအနေကို ကမ္ဘာလုံး ဆိုင်ရာအဆင့် အာရုံစိုက်မှုရ အောင် လုပ်ပေးခဲ့ပါတယ်။ ကျွန်မ တိုင်းပြည်အကြောင်း ဆက်မပြော ခင် ကျွန်မတို့ရဲ့ ယုံကြည်ချက်အ ကျဉ်းသားတွေအကြောင်း ပြော ချင်ပါတယ်။ ဒီလို အကျဉ်းသား မျိုးတွေ မြန်မာနိုင်ငံမှာ ရှိနေဆဲ ပါပဲ။ လူသိများတဲ့ အထိန်းသိမ်းခံ အကျဉ်းသားတွေကို ပြန်လွှတ် ပေးခဲ့ပြီး ကျန်နေတာက လူသိပ် မသိတဲ့သူတွေမို့ မေ့သွားကြမှာ ကြောက်ရပါတယ်။ ဒီမှာ ကျွန်မ ရပ်တည်နေရခြင်းဟာ ကျွန်မ လည်း တစ်ချိန်က ယုံကြည်ချက် အကျဉ်းသားတစ်ဦး ဖြစ်ခဲ့ဖူးလို့ပါ။ ကျွန်မကို လူကြီးမင်းတို့ကြည့်ပြီး နားဆင်နေစဉ်မှာပဲ ကျေးဇူးပြုပြီး မကြာခဏ ပြောလေ့ရှိတဲ့ အမှန် တရားတစ်ခုဖြစ်တဲ့ ယုံကြည်ချက် အကျဉ်းသားတစ်ဦး ရှိနေခြင်းဟာ အရမ်းများလှတယ်ဆိုတဲ့အချက် ကို သတိရပေးကြပါ။ မလွတ်လပ် သေးတဲ့ တရားဥပဒေရဲ့ အကျိုး ကျေးဇူးတွေကို ခံစားခွင့်မရသေး တဲ့သူတွေရဲ့ အရေအတွက်ဟာ ကျွန်မတု့တိုင်းပြည်မှာ တစ်ဦး ထက်မက အများကြီးရှိပါတယ်။ ကျေးဇူးပြု၍ သူတို့ကို သတိရပေး ပါ။ သူတို့ စောနိုင်သမျှ ခြင်းချက် မရှိ လွတ်မြောက်ရေး အကျိုး သက်ရောက်မှုရှိအောင် ဖြစ်နိုင် ခြေရှိတာမှန်သမျှ လုပ်ပေးကြပါ။
မကြာသေးမီလများအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက်တွေဟာ ပြည်သူအများစု ရဲ့ လိုလားချက်တွေအပေါ် မူတည်တဲ့ ပြည်ထောင်စုစိတ် ဓာတ်အပေါ် မူတည်တဲ့ နိုင်ငံရေး အရ အဖြေရှာနိုင်မှုတွေဆီ ဦး တည်ဖို့ ကျွန်မတို့မျှော်လင့်ပါ တယ်။
သတင်း 7 Day Journal
Photo,s Reuters, AP, AFP
Photo,s Reuters, AP, AFP
No comments:
Post a Comment