Sunday, June 17, 2012

ဝီရသူ သဘောထား (၆/၇၄)

Sunday, June 17, 2012

ဝီရသူ သဘောထား (၆/၇၄) by Ashin Vicittabhivamsa on Friday, June 15, 2012 at 11:48pm ·

၁၃၇၄-ခု၊ နယုန်လ္ဆုတ်(၁၁)ရက်။ ၁၅.၆.၂၀၁၂-သောကြာနေ့။

မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယက၊
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ၊ အရှင်ဝီရသူ(မစိုးရိမ်)အပေါ် လူမှုရေးပုဒ်မတပ်၍
တားမြစ်လာခြင်းနှင့် ပတ်သက်၍ အရှင်ဝီရသူ၏ သဘောထား မှန်ကို ထုတ်ပြန်ကြေညာ
အပ်ပါသည်။

(က) အရှင်ဝီရသူ ဦးစီး၍ အကျဉ်းသားများ လွတ်မြောက်ရေးအတွက်
မဟာမြတ်မုနိဘုရားကြီးမှာ ဆုတောင်းပွဲ ကျင်းပစဉ်က အရှင်ဝီရသူအား
နိုင်ငံရေးပုဒ်မတပ်၍ တားမြစ်ခဲ့ကြပေသည်။

ရခိုင်ပြည်နယ် အရေးအခင်းနှင့် ပတ်သက်၍ အရှင်ဝီရသူက မိမိ၏
သဘောထားများကို ထုတ်ပြန်ခဲ့သည့် အခါ၌မူ အရှင်ဝီရသူအား လူမှုရေးပုဒ်မတပ်၍
တားမြစ်နိုင်ရေး အတွက် အာဏာသုံး၍ မတရားအမိန့်များ ထုတ်ပြန်ခဲ့သည်ကိုလည်း
တွေ့ရပေသည်။

(ခ) အမိန့်အာဏာများကို ခွဲခြမ်းဝေဖန် ကြည့်ပါက လိုက်နာနိုင်သည့်
အပိုင်းနှင့် အလိုက်နာနိုင်သည့် အပိုင်းဟူ၍ နှစ်ပိုင်းရှိပါသည်။

အရှင်ဝီရသူသည် “ခွင့်တောင်းပြီးမှ သင်္ကန်းဝတ်ရေး”အမိန့်ကို
မတရားမှန်း သိသော်လည်း လိုက်နာနိုင်သည့် အပိုင်းဖြစ်၍ လိုက်နာခဲ့ပေသည်။

ယခုအမိန့်ကား မတရားသော အမိန့် ဖြစ်နေ၍ လိုက်နာနိုင်မည် မဟုတ်ပေ။

(ဂ) ၎င်းတို့ စွပ်စွဲသော လူမှုရေးပုဒ်မသည်လည်း ယုတ္တိမဲ့ နေသည်ကို
တွေ့ရပေသည်။ အရှင်ဝီရသူ၏ သဘောထားများတွင် လူမှုရေးများ မပါဝင်ခဲ့ပါ။
အမျိုးသားရေး သဘောထားများသာ ဖြစ်ပါသည်။

အမိန့်ထုတ်ပြန်သော တိုင်းသံဃနာယက ကိုယ်တိုင်က လူမှုရေးနှင့်
အမျိုးသားရေး ခွဲခြားတတ်ပုံ မပေါ်ပါ။

(ဃ) အမျိုးသားရေးဟူသည် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ကိုယ်စားမပြုဘဲ
လူမျိုးနွယ်စုပင် ဖြစ်စေ၊ တိရစ္ဆာန်မျိုးနွယ်စုပင် ဖြစ်စေ၊ဲ
အမျိုးသားထုကို ကိုယ်စားပြုသည့် လုပ်ငန်းများကို ခေါ်ဆိုပေသည်။

အမျိုးသားရေးသည် လောကတ္ထစရိယ၊ ဉာတတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယဟူသော
စရိယသုံးပါးတွင် ဉာတတ္ထစရိယတွင် ပါဝင်ပေသည်။ ဉာတတ္ထစရိယဟူသည်
ဘုရားလောင်းတို့ လျှောက်လှမ်းသော ပါရမီလမ်းစဉ် ဖြစ်ပြီး မြတ်စွာဘုရား
ကိုယ်တိုင်လည်း ကျင့်သုံးတော်မူခဲ့သော လမ်းစဉ်တစ်ရပ် ဖြစ်ပေသည်။

ဉာတတ္ထစရိယနှင့် ပတ်သက်၍ ဟောကြားတော်မူသော ဇာတ်တော်များလည်း
များစွာရှိပေသည်။ ကျီးမင်းဇာတ်၊ ဝက်မင်းဇာတ်၊ ကြွက်မင်းဇာတ်တို့မှာ
ထင်ရှားပေသည်။

သာကီဝင်မင်းမျိုးကို ဝိဍဍူဘက လူမျိုးတုံး သတ်ဖြတ်မည့် အရေးမှာ
ဘုရားကိုယ်တိုင် သုံးကြိမ်သုံးခါ ကြွတော်မူ၍ ကာကွယ်ပေးခဲ့ ဖူးပေသည်။

(င) မဟန-၏ ညွှန်ကြားချက်များသည်သာ ထေရဝါဒ ပိဋကတ်တော်လာ ဓမ္မဝိနယနှင့်
ညီညွတ်မည်ဆိုလျှင် မြန်မာ့ပြည်သူရော ကမ္ဘာ့ပြည်သူကပါ လေးစားကြည်ညိုမည်
ဖြစ်ပေသည်။ မြန်မာပြည်သူတို့သည်လည်း မဟနကို အကြောင်းပြု၍ ကမ္ဘာမှာ
ဝင့်ကြွားနိုင်မည် ဖြစ်ပေသည်။

မဟန၏ ညွှန်ကြားချက်များအနက် ဓမ္မဝိနယနှင့် မညီညွတ်သည့်
စစ်အစိုးရလက်ထက်မှ ဓားမိုးရေဆွဲခဲ့သော အဓမ္မ အဝိနယ ညွှန်ကြားချက်များကို
ဆက်လက်ကျင့်သုံးမှု မပြုခြင်း၊ လုံးဝဖျက်သိမ်းခြင်းများ ပြုလုပ်ဖို့အတွက်
အလေးအနက် စဉ်းစားစီစဉ်ကြဖို့လိုပေသည်။

ဥပမာ= သိက္ခာမချသေးသည့် လွတ်မြောက်ရဟန်းတော်များ
သင်္ကန်းဝတ်ခွင့်တောင်းခံရမည့် ညွှန်ကြားချက်သည် ဝိနယဘောင်ကို
ကျော်လွန်နေပါသည်။ မဟနက ဘုရားထက်ပို၍ ဝိနည်းဓိုရ်သည်လား၊
ဘုရားဟောဝိနည်းကို မလေးစားသည်လား မေးစရာပင်။

ရခိုင်အမျိုးသား အရေးသည် တိုင်းရင်းသားများ အရေးဖြစ်၍
အနိုင်ကျင့်ခံ တိုင်းရင်းသားတို့အား ကာကွယ်စောင့်ရှောက်ခြင်းကို
ဉာတတ္ထစရိယမှန်း မသိခြင်းလော၊ ဘုရားလောင်း လမ်းစဉ်၊ ဘုရားရှင်လမ်းစဉ်ကို
မျက်ကွယ်ပြုခြင်းလော၊ စောကြောဖို့ရန် လိုအပ်လာပေသည်။

(စ) ထို့ကြောင့် အမျိုးသားရေးနှင့် လူမှုရေးကွဲပြားအောင် လေ့လာရမည်။
“ဘုရားထက်တစ်လကြီး အဖွဲ့စည်းမျိုး” မဖြစ်အောင် ရှောင်ကြဉ်ရမည်။
အာဏာရှင်လက်ထက်က ဓားမိုးရေးစွဲထားသော မတရားသည့် ဥပဒေများကို ပြုပြင်ရမည်။
သာသနာတော်တစ်ရပ်လုံး၊ သံဃာထုတစ်ရပ်လုံး၊ ပြည်သူတစ်ရပ်လုံးက
လေးစားကြည်ညိုမှုကို ခံယူနိုင်သည့် သံဃာ့အဖွဲ့စည်း ကြီး ဖြစ်အောင်
ဆောင်ရွက်ဖို့သာ အရေးတကြီး လိုအပ်မည် ဖြစ်ကြောင်း သိစေအပ်ပါသည်။

ဝီရသူ(မစိုးရိမ်)

ဘဒ္ဒန္တဝိစိတ္တာဘိဝံသ

ဓမ္မသဟာယကျောင်း

မစိုးရိမ်တိုက်သစ်

မန္တလေး။

၁၅-၆-၂၀၁၂

Email.wirathu2012@gmail.com

သင်္ကန်းပြန်လည် ဝတ်ခွင့်ပြုပါရန် လျှောက်ထားလွှာ။

ဝန်ခံကတိပြုလွှာ။

No comments:

Post a Comment