Sunday, June 17, 2012

နိုဘယ်ငြိမ်းချမ်းရေးဆု လက်ခံ .. မိန့်ခွန်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ကြောင်း ကမ္ဘာနံပါတ်တစ် သတင်းဖြစ်နေ




The Voice Weekly's photo.





နိုဘယ်ငြိမ်းချမ်းရေးဆု လက်ခံမိန့်ခွန်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

နော်ဝေနိုင်ငံသို့ ရောက်ရှိနေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့ခြင်းအတွက် မိန့်ခွန်းပြောကြားမှုကို နိုဘယ်လ်ဆု ချီးမြှင့်ရေး ကော်မတီ ၏၀က်ဆိုဒ်ဖြစ်သော http://www.nobelprize.org/ တွင် တိုက်ရိုက် ထုတ်လွှင့်ပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း မပြောကြားမီ တေးရေး ဆရာ အောင်လင်း၏ မေတ္တာရွှေစောင်း သီချင်းကို မြန်မာအမျိုးသား တစ်ဦးက မြန်မာ့ရိုးရာ စောင်းဖြင့် ဖျော်ဖြေခဲ့သည်။

ဇွန်လ ၁၆ရက် မြန်မာ စံတော်ချိန် ညနေ ၆နာရီခန့်တွင် စတင် ပြောကြားသော အဆိုပါ မိန့်ခွန်းကို စိတ်အားထက်သန်စွာ စောင့်မျော်လျက် ရှိကြကြောင်း နော်ဝေ အစိုးရ တာဝန်ရှိသူများက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁၅ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံမှ နော်ဝေနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ခရီးပန်းခြင်းနှင့် လေယာဉ်ခရီးကိုကြာမြင့်စွာ စီးနင်းခဲ့ရခြင်းကြောင့် ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာ ၌ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် အနည်းငယ် အော့အန်သည့် ဝေဒနာ ခံစားခဲ့ရကြောင်း နိုင်ငံတကာ သတင်းမီဒီယာများတွင် ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် နေအိမ်အကျယ် ချုပ်ဖြင့် ဖမ်းဆီးခံနေရစဉ်၁၉၉၁ ခုနှစ်က နိုဘယ်ငြိမ်းချမ်းရေးဆု ကို ရရှိခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား အဆိုပါဆုကို ၄င်း၏သားဖြစ်သူနှစ်ဦးက လက်ခံရယူခဲ့သည်။

၎င်း၏ခရီးစဉ်တွင် ဥရောပနိုင်ငံများ၏ကြိုဆိုဆက်ဆံပုံများကြောင့် လက်ရှိမြန်မာအစိုးရ အနေဖြင့် မကျေမနပ်ဖြစ်ကာ ၄င်းကို ဖိနှိပ်မှုများ ထပ်မံပြုလုပ်လာနိုင်ပါသလား ဟူသော မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က မြန်မာအစိုးရအနေဖြင့် တားမြစ်ပိတ်ပင်မည်ဟု မယူဆကြောင်း၊ စိုးရိမ်မည်ဟုလည်း မထင်ကြောင်း၊ မိမိတို့သည် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်သည့်ကိစ္စများကို မိမိတို့လုပ်မည် မဟုတ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု CNN သတင်းတွင်ဖော်ပြထားသည်။
https://picasaweb.google.com/108335869855733055865/June16201203

Daw ASSK Novel Prize from kotunwai on Vimeo.

No comments:

Post a Comment