Saturday, June 16, 2012

အမေစု နော်ဝေ ခရီးစဉ်


အမေစုကို ဥရောပရောက် မြန်မာပြည် မိသားစုများမှ နံက် ၁၂ နာရီ ဝန်းကျင်မှ စတင်ပြီး တိုင်းရင်းသားရိုးရာဝတ်စုံများ အိုးစည်ဒိုးပတ်ဝိုင်းဖြင့် ကြိုဆိုစောင့်ဆိုင်းနေကြပါသည် ။ ညနေ ၅ နာရီ ၂၅ မိနစ်တွင် လုံခြုံရေး ကားများ ဝန်းရံပြီ ဟော်တယ်သို့ ရောက်ရှိလာပါသည် ။
အမေစုသည် ကားပေါ်မှ ဆင်းသည်နှင့် လုံခြုံရေးများက ဟော်တယ်တွင်းသို့ ဝင်ရောက်ရန် လမ်းရှင်းပေးခဲ့သည်ကို
အမေစုမှ လာရောက်ကြိုဆို ဂါရဝပြုကြသော မြန်မာပြည်သားများကို လုံခြုံရေး အတားအဆီးများကြားမှ ဟော်တယ်ထဲသို့  မဝင်သေးဘဲ ကြိုဆိုနေသော မြန်မာပြည်မိသားစုများဆီသို့  တက်ကြွစွာဖြင့် တဦးချင်း လက်ဆွဲနှတ်ဆက်ပြီးမှ ဟော်တယ်အတွင်းသို့  ဝင်ရောက်သွားခဲ့ပါသည် ။ အမေစု၏ မောတ္တာ ဂရုဏာအပြည့်ပါသော လက်ဖြင့် နှတ်ဆက်သူအားလုံး ရင်ထဲမှာ မဖေါ်ပြနိုင်သော ခံစားမှုများဖြစ်ပေါ်လာပြီး မျက်ရည်များ ကျလာကြသည်ကို မြင်ရသူတိုင်းလည်း ထိုခံစားမှုမျိုး ဖြစ်ခဲ့ကြရပါသည် ။








 

by Htay Tint on Saturday,
June 16, 2012 at 4:09am ·

No comments:

Post a Comment