Sunday, July 15, 2012

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ လွတ်မြောက်ရေးကို လျှို့ဝှက်စွာလှုပ်ရှားနေသော အေဇက်ဂျီ


by Yeyint Nge on Sunday, July 15, 2012 at 6:17am ·





သတင်းများပေးပို့ လာသော Yeyint Nge အားကျေးဇူးတင်ရှိပါတယ်..။

ကြိုတင်ကြံစည် ခြုံခိုတိုက်ခိုက်လိုက်တဲ့ လွှတ်တော်ထဲကအဖြစ်အပျက်

တနင်္ဂနွေနေ့၊ ဂျူလိုင်လ ၁၅၊ ၂၀၁၂


မြန်မာ တစ်နိုင်ငံလုံးရဲ့ စီးပွားရေး ချွတ်ခြုံကျမှုဟာ ဆန်ရှင်ကြောင့်လို့ ဘယ်လိုများလေ့လာ သုံးသပ်လိုက်ပါလိမ့် ကျားဖြူ အမတ်ကြီး ဒေါ်နန်းဝါနု?
သောကြာနေ့ လွှတ်တော်မှာ ကျားဖြူပါတီက ဒေါ်နန်းဝါနု က လွတ်တော် အစီအစဉ်ထဲ ဆွေးနွေးဘို့ ပါဝင်ထားခြင်း မရှိပဲ ရုတ်တရက် အရေးကြီး တင်ပြစရာရှိလို့ပါ ဆိုပြီးပါလာတဲ့ စာရွက်ကို ထုတ်ပြီး စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေးအကြောင်းကို ဆွေးနွေးသွားတာပါ။ လွှတ်တော် ဥက္ကဋ္ဌကြီးကလည်း ဒါ အရေးကြီးတယ် ဆိုပြီး ခွင့်ပြုပေးခဲ့ပါတယ်။

ယုဇန ဦးဌေးမြင့်ကလည်း အသင့်ပါလာတဲ့ စာရွက်တွေ ထုတ်ပြီး ထောက်ခံဆွေးနွေးပါတယ်။ ရခိုင်ဘက်က လွှတ်တော်အမတ်ကလည်း ပါလာတဲ့ စာရွက်ထုတ်ပြီး ထောက်ခံ ဆွေးနွေးပါတယ်။ NLD အမတ် ဦးဝင်းထိန်က ထဆွေးနွေးမယ်လုပ်ပြီး မိုက်ကရိုဖုန်း ခလုပ်နိုပ်တာ မီးလင်း မလာခဲ့ပါဘူး။ နောက်က ခုံတွေမှာ သွားလင်းနေတယ် ပြောပါတယ်။ တော်တော်ကြာမှ ဖွင့်ပေးလိုက်၊ ဖွင့်ပေးလိုက် ဆိုပြီး စပီကာက အသံတွေကြားနေရကြောင်း ဦးဝင်းထိန်နဲ့ VOA ဆွေးနွေးခန်းမှာ ဦးဝင်းထိန်က ပြောပါတယ်။

မိုက်ကရိုဖုန်းတွေက အော်တိုမဟုတ်ပဲ စက်ခန်းက လိုသလို ထိန်းချုပ်နေပုံရပါတယ် လို့လည်း ဦးဝင်းထိန်ကပြောပါတယ်။ ဦးဝင်းထိန် ၀င်ရောက်ဆွေးနွေးခွင့် မရခဲ့ပါဘူး။ NLD ကနှစ်ယောက် ထ ဆွေးနွေးပြီးနောက် အချိန်မရှိတော့ပါဘူး။ အတင်းကြီး အသံနဲ့ မဲခွဲအတည်ပြု လိုက်ပါတယ်။

ရုတ်တရက်ကြီး အခုလိုဆွေးနွေးလိုက်လို့ NLD က လက်တန်းတွေ ထပြောရတော့တာပါ။ စစ်စကားနဲ့ပြောရရင်တော့ ခြုံခိုတိုက်လိုက်တာပေါ့လေ။
DD85 (MMCP)
ဒေါင်းမာန်ဟုန်ဘလော့ မှကူးယူဖော်ပြပါတယ်

ပန်းတောင်းမှလယ်သမားများလွတ်လာသော်လည်း ရွာကိုစစ်တပ်က၀ိုင်းထား

by Yangon Press International on Saturday, July 14, 2012 at 9:45pm ·
၂၀၁၂၊ ဇူလိုင် ၁၄ (YPI)

ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း စစ်တပ်သိမ်းထားသောမြေပေါ်ထွန်ယက်သည်ဟုဆိုကာ ဖမ်းဆီးခဲ့သော လယ်သမားများကို ယမန်နေ့ည ၈း၃၀ ခန့်က ပြန်လွှတ်ပေးလိုက်ပြီဖြစ်သော်လည်း ကျေးရွာနှစ်ရွာကို စစ်သားများက ၀ိုင်းထားသည်ဟု နိုင်ငံသားနှင့် နိုင်ငံ့အခွင့်အရေး ဆောင်ရွက်ရေးအဖွဲ့ကပြောသည်။

ပန်းတောင်းမြို့နယ်အတွင်းရှိ ရွာသစ်ကုန်းနှင့် ပုတီးတောကျေးရွာ နှစ်ရွာကို အမှတ်(၃) တပ်မတော်ကာကွယ်ရေး ပစ္စည်းစက်ရုံမှ စစ်သားများက ၀ိုင်းထားပြီး `အထဲက သူတွေ အပြင်ပေးမထွက်ဘူး၊ အပြင်ကလည်း ပေးမ၀င်ဘူး´ ဟု လယ်သမားအရေး ဆောင်ရွက်ပေးနေသူ နိုင်ငံသားနှင့် နိုင်ငံ့အခွင့်အရေးဆောင်ရွက်ရေးအဖွဲ့မှ ကိုရဲထင်ကျော်က YPI သို့ပြောသည်။


က.ပ.စ(၃) မှသိမ်းယူထားသော လယ်မြေများပေါ်တွင် ထွန်ယက်ခွင့်ရရန်ကြိုးစားနေသော လယ်သမားများ

၎င်းကျေးရွာနှစ်ရွာရှိလယ်မြေဧက ၇၀ ခန့် ကို က.ပ.စ(၃) က ၁၉၈၉ ခုနှစ်အတွင်းကသိမ်းယူခဲ့ချိန်မှစတင်ကာ ဒေသခံလယ်သမားများက နှစ်စဉ်သီးစားခပေးကာ လယ်လုပ်ငန်း လုပ်ကိုင်ခဲ့သည်ဟု နိုင်ငံသားနှင့် နိုင်ငံ့အခွင့်အရေး ဆောင်ရွက်ရေးအဖွဲ့သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုနှစ် ဇွန်လ ၈ ရက်နေ့က ၎င်းလယ်မြေများပေါ်မှ အပြီးပိုင်ထွက်ခွါပေးရန် က.ပ.စ(၃) မှတာဝန်ရှိသူများကပြောသောကြောင့် လယ်သမားများက အခက်အခဲများကို သက်ဆိုင်ရာတာဝန်ရှိသူများသို့ တင်ပြအသနားခံရန်ကြိုးစားခဲ့ကြသည်။

လယ်စိုက်ချိန်ရောက်ရှိလာသောကြောင့် ယခုလ ၁၂ ရက်နေ့က လယ်သမားများစုပေါင်းကာ စစ်တပ်သိမ်းထားသောလယ်မြေများတွင်ဝင်ရောက်ထွန်ယက်ကြသောအခါ ကပစ ၃ စစ်ရုံမှူး ဒုဗိုလ်မှူးကြီး သန်းရွှေကိုယ်တိုင် စစ်သား ၂၀ ခန့် နှင့်ရောက်လာပြီး ဗီဒီယိုမှတ်တမ်းတင်ခြင်းများပြုလုပ်ခဲ့သည်ဟု လယ်သမားများကပြောသည်။

ထို့နောက် သီးစားခသွင်းထားသော ပြေစာများရှိပါက မြေစာရင်းဦးစီးဌာနသို့သွားရောက်ပြီး မေးမြန်းခိုင်းသောကြောင့် နောက်တစ်နေ့တွင် မြေစာရင်းရုံးသို့အသွား လမ်းတွင် က.ပ.စ(၃) မှစစ်သားများက လယ်သမား ခုနစ်ဦးကိုဖမ်းဆီးခဲ့သည်။ ထို့နောက် လယ်စောင့်တဲများကိုလည်း ဖျက်ခိုင်းခဲ့သည်။

ယခုကိစ္စနှင့်ပတ်သတ်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် နိုင်ငံတော်သမ္မတဆီသို့ တင်ပြအကူအညီတောင်းခံသွားရန် အမြန်ဆုံးစီစဉ်လျှက်ရှိကြောင်း ကိုရဲထင်ကျော်ကပြောသည်။  

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိလယ်မြေများကိုလည်း ကုမ္ပဏီများက သိမ်းယူပြီး အဆောက်အဦများဆောက်လုပ်ရန်ကြိုးစားလာမှုကြောင့် ယခုလ ၂ ရက်က အိုးအိမ်ဦးစီးဌာနရှေ့တွင် လယ်သမားများက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။    ။
 news
Yangon Press International

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ပြည်တွင်း) စုစည်းရေးကော်မတီ” မှ ကြေငြာချက်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ပြည်တွင်း) စုစည်းရေးကော်မတီ” မှ ကြေငြာချက်

နိုင်ငံပိုင် သတင်းစာပေါ်က မင်းကိုနိုင်




Saturday, July 14, 2012 အိမ့်သံစဉ်
http://blog.irrawaddy.org/2012/07/blog-post_5657.html


နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြခွင့်ရလာတဲ့ မင်းကိုနိုင် အမည်နဲ့ သူ့ရဲ့ နောက်ကြည့်မှန် အမည်ရှိတဲ့ လုံးချင်းဝတ္တု ကြော်ငြာဖြစ်ပါတယ်။

အရှေ့ကြယ် စာအုပ်တိုက်က ထုတ်ဝေပြီး မနက်ဖြန် ဇူလိုင်လ ၁၅ ရက်နေ့မှာ စတင်ဖြန့်ချီမှာပါ။ ရန်ကုန်မြို့ ရန်ကင်း စင်တာမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က သူကိုယ်တိုင် စာအုပ်တွေမှာ အမှတ်တရ လက်မှတ်ရေး ထိုးပေးသွားမှာလည်း ဖြစ်ပါတယ်။


ဒီနောက်ကြည့်မှန် လုံးချင်းဝတ္တုကို တချိန်က ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ကလည်း ထုတ်ဝေခဲ့ဖူးပါတယ်။

ကိုကိုကြီးပြောပြသော ဒီနေ့ ရခိုင်ပြည်နယ်အခြေအနေနှင့် ရခိုင်တိုင်းရင်းသားများဘဝ



ကိုကိုကြီး ပြောပြသော ယနေ့ ရခိုင်ပြည်နယ်အရေးသည်
မြန်မာနိုင်ငံရဲ့  ထိပ်တန်းအရေးကြီးတဲ့ နိုင်ငံ့အရေးဖြစ်တယ်...၊
အလွန်အရေးကြီးတဲ့ အချိန်အခါ အခြေအနေသို့ လည်း
ရောက်ရှိနေပြီဖြစ်တယ်...၊


ဒီအရေးသည်... အမျိုးသားအရေး
ဒီအရေးသည်... အနာဂါတ်မြန်မာနိုင်ငံရဲ့  တည်ငြိမ်မှု့ ကို
ငြိမ်းခြောက်လာမဲ့ နိုင်ငံနှင့် လူမျိုးအတွက် အန္တရာယ်အရေးဖြစ်တယ်။
ဒါကြောင့် ပြည်တွင်း ပြည်ပ မြန်မာနိုင်ငံသားများအားလုံး ညီညွတ်ကြရ
တော့မည်....၊
တိုင်းပြည်သစ္စာဖေါက်၊ လူမျိုးသစ္စာဖေါက်များရန်မှ ကာကွယ်ကြရတော့မည်..။
ပြည်တွင်း ပြည်ပ ကြောချင်းကပ်ပြီး ရင်ဆိုင်ကြတော့မည်....၊

အို... အမျိုးသားအပေါင်းတို့ ....
ဒီအရေးကို ... လေ့လှူမရှု ကြနှင့်....
ဒီအရေးကို ... မျက်ကွယ်မပြုကြပါနှင့်...
သစ္စာဖေါက်သူတွေကို... သစ္စာရှိသူများမှ စုပေါင်းတိုက်ခိုက်ခြင်းနှင့်
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအရေးကို ကာကွယ်ကြပါ....၊
နိုင်ရာနေရာမှ ပူးပေါင်းပါဝင် လုပ်ဆောင်ကြပါ...။

ကိုကိုကြီးပြောပြသော ယနေ့ ရခိုင်ပြည်နယ်အကြောင်း
အောက်မှာလင့်ပေးထားပါတယ်... နားထောင်ကြပါ..။
အများနားထောင် သိရှိနိုင်စေရန်အတွက်လည်း
ထပ်ဆင့် ဖြန့် ဝေ ပေးကြပါ...။

http://www.facebook.com/photo.php?v=389866277727853







ပြောင်းလဲသွားတဲ့ဗမာပြည်လား

by Victor Tan on Saturday, July 14, 2012 at 2:41pm ·







သမိုင်းလမ်းကြောင်း အလှည့်အပြောင်းကို
အခါကောင်း အခွင့်ကောင်း
မတိမ်းမစောင်း စပြောင်းနေပြီလို့
ကမ္ဘောနေပြည်က တဖွဖွနဲ့ပြောကြား
တစစနဲ့ ကြက်သီးတွေ ထထသွားရတဲ့
ဗမာပြည်က သမ္မတ ဦးသိန်းစိန်ရဲ့စကား…။

ကမ္ဘောဒီယားနိုင်ငံအာဆီယံစီးပွားရေးညီလာခံမှာ
အသံမှန်စွာ တသီးတခြားပြောလိုက်တဲ့
ကြီးကြီးမားမား သမ္မတ ဦးသိန်းစိန်ရဲ့စကား
အကြွားမဟုတ် အဟုတ်ကိုကမ္ဘာဖေါ်ထုတ်
မချုပ်မချယ် အဟုတ်တကယ်လုပ်သွားမယ့်
ရွှေရည်စိမ်မဟုတ်တဲ့ ဒီမိုကရေစီလမ်း
လျှောက်လှမ်းနေပြီဖြစ်ကြောင်း
အပြောင်းအလဲ အကောင်းပဲဖြစ်အောင်
ပြည်တွင်းစစ်တွေရပ်စဲ ရေရှည်တည်တံ့
ပြည်သူတွေငံ့နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး
အမြန်မနှေး ဆောင်ရွက်ပေးနေတဲ့အကြောင်း
ဗမာ့စီးပွားရေးကောင်းလာအောင်လည်း
ပြည်တွင်းမြုပ်နှံမှုလမ်းကြောင်းကိုဖွင့်ထား
တဆင့်စကားတဆင့်ကြား ကမ္ဘာတခွင်ဖြန့်လို့ထား
ကောင်းသထက်ကောင်းလာအောင်လည်းမျှော်စောင့်စား။

နှစ်ပေါင်း၆၀ကျော် အထီးကျန်နေခဲ့တဲ့အတွက်
အသီးမသန်ဖြစ်လာတာကို အခါမနှေး
ပြုပြင်ပေးလိုတဲ့အနေနဲ့ ဒီမိုပန်းတိုင်ကိုချီတက်နေပါတယ်။

ကမ္ဘာ့နိုင်ငံအများစုကိုလည်းနားလည်ယုံကြည်မှုယူပြီး
အတူတကွ ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း
အာဘောင်ကောင်းကောင်း ပျော့ပျောင်းပျောင်းနဲ့
အချော့ကောင်းတဲ့ ဖခင်လို နားဝင်ချိုစွာ
ဘ၀င်ဖိုစရာနဲ့ ကြည်ညိုစရာလေးမိန့်ကြားသွားပါတယ်။

ဗလောင်ဗလဲမဟုတ်တဲ့ အပြောင်းလဲလုပ်တာဆိုရင်
အကောင်းပဲလို့ယူဆရပါမယ်
မူဝါဒတွေကိုအာဏာရှင်ဟန်ဟိတ်နဲ့
ပြန်လှိမ့်ဖို့ လုံးဝစိတ်မကူးပါနဲ့ အသံတွေတိတ်သွားအောင်
သိုသိပ်ချန်ရစ်ထားသေးတဲ့ နိုင်/ကျဉ်းသားတွေကိုလည်း
ညှဉ်းမထားပါနဲ့တော့ ရှင်းသွားအောင်လွှတ်ပေးပါရန်
ကိုယ့်အပေါ်ဝေဖန် အကြံပေးလှာသူတွေကိုလည်း
ငြိုငြင် အမျက်ပွား ဒေါသတွေမထားဘဲ
ဒီမိုကရေစီနည်းများအရ..လေးစားလက်ခံပေးစေလိုတယ်။

လေးစားရပါတဲ့..

တက္ကသိုလ်ဘုန်းကြွယ် (ဇူလိုင် ၁၃ ၂၀၁၂)

၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း

















by Lu Cifer on Saturday, July 14, 2012 at 12:05pm ·


အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်း ပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။ သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အား ပြန်ပြောင်းသတိရမိသည့်အားလျှော်စွာ သူ၏ ပြောင် မြောက်သော မိန့်ခွန်းကို ရှာဖွေဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။

(ဗိုလ်ဥတ္တမကျော်)
…………………………………………………………………….
ရဲဘော်တို့
ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့ အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။
ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့ တပြိုင်နက် ရဲ ဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံ တော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကိုထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။
ပထမဆုံး ရဲဘော်တို့ကိုမှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော် ဟာလည်း ဗမာတနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။
ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာမဟုတ်။ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ် တယ်။ ဒီတပ်မတော်ဟာ တဖွဲ့တပါတီ လူတစုအတွက် တည်ထောင်ထား တာမဟုတ်။တနိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။

တကယ့်သစ္စာဖြစ်ရမယ်

ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ် လက်ထက်ကလို ကြေးစားတပ် မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာကွယ်စောင့်ရှောင့်ဖို့ နိုင်ငံ နှင့်အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုး၏ သစ္စာကို အမြဲစောင့်ရမယ်။ ရှေးတုန်း ကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့်တာမဟုတ်။ အဲဒီလိုစောင့်တဲ့ သစ္စာဟာ ဝတ်ကြေတမ်းကြေစောင့်တဲ့ သစ္စာ ဖြစ်တယ်။ အခု ငါတို့ဟာ ငါတို့အမျိုး ငါတို့နိုင်ငံကို သစ္စာစောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့် သစ္စာဖြစ်ရမယ်။ အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ် ရဘူး။ ဘယ်လိုစောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအ တိုင်း အဆင့်ဆင့်ခန့်အပ်ထားတဲ့ အကြီးအမှူးအားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီ ကိုယ်စား နိုင်ငံနဲ့ အကျိုးကို သစ္စာစောင့်ခြင်းဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။ ဒီတော့ ရဲဘော်တို့ မေးစရာ စကားတခွန်း ရှိတယ်။ တကယ်လို့ ဒီအကြီး အမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကြိုးငဲ့ပြီး နိုင်ငံနဲ့ အမျိုးကိုသစ္စာမဲ့ပြီး လုပ်ရင် ဘယ့် နှယ့်လုပ်မလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှုးတွေ ဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက် ကြီးတဲ့လူ ဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ် ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှုးတွေ ရှိရင် ရဲဘော် တို့ရဲ့ အပေါ်မှာလည်း တည်တယ်။ ဥပမာ မတရားတဲ့ အ ကြီးအမှုးတယောက်က ဝတ္တရားနဲ့ မဆိုင်တဲ့ နိုင်ငံနှုင့် အများအကျိုးနဲ့ မပတ်သတ်တဲ့ အမိန်ကမျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျမကျ တရား မတရား နိုင်ငံနဲ့ အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီး တဲ့အကြီး အမှုး တယောက်ကို ဖြစ်ဖြစ် အခြားအကြီးအမှုးတယောက် ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။

တော်အောင်ကြိုးစားကြပါ

ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာ ရှိတဲ့ စစ်သားကလေးက စပြီး အားလုံး ရဲဘော်တွေထဲက ဖြစ် ဖြစ် ကျုပ်ထက် အရည်အချင်း အကျင့်စာရိတ္တ အလုပ်အကိုင် နိုင်ငံချစ်စိတ် အမြော်အမြင် ရှိတယ်လို့ တွေ့တာနဲ့တပြိုင် နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့ အားလုံး ကြိုး စားကြပါ။ တော်အောင် ကြိုးစားကြပါ။

ရာထူးအဆင့်အတန်း

ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာ ရှိသည့်အတိုင်းပြောပြမယ်။ ယခုအခါ ငါတို့အထဲမှာ နိုင်ငံအတွက် အမျိုးမျိုး အ နစ်နာခံဘူးတဲ့ လူတွေရှိတယ်။ ငါတို့ သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော်လည်း ရှေးကသာ ဒီလို အ နစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတတ်နိုင်ဘူး။ အကယ်၍ အခုလည်း အလုပ်လုပ်တယ်။ ရှေးကလည်း အနစ်နာခံဖူးတယ်ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုးတတ်မှာ အမှန်ပဲ။ ကနေ့ ဆိုင်ရာလူကြီးတွေ မသိသေး လို့ မတိုးတတ်သေးရင် နောက်တနေ့ တိုးတတ်မှာပဲ။ တကယ်တော်တဲ့သူတွေဟာ ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း သိဒ္ဓိတင်နေစရာမလိုဘူး။ လူကြီးတွေကိုလည်း မျက်နှာလုပ်စရာမလိုဘူး။ ဒါပေမယ့် နီပွန်က ပြန် လာလို့ စစ်ကျောင်းကဆင်းလို့ ရှေးက အနစ်နာခံဖူးလို့ဆိုပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူမှတတ် မှာ မဟုတ်ဘူး။ ဒီ့ပြင်လူတွေအတွက် ကျုပ်မပြောနိုင်ပေမယ့ှ်ဗမာ့တပ်မတော်မှာ ကျုပ်အခုနေရာမှာ တာဝန်ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့ စနစ်က တဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံးသိစေချင်တယ်။ ဒါက ရာထူးအ ဆင့်အတန်း တိုးတတ်တာနဲ့ ပတ်သတ်ပြီးရဲဘော်တို့ကို သိဘို့ပြောပြခြင်းပဲ။

တန်ခိုးပြဘို့မဟုတ်

တခြား မှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက် ဦးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဘို့မဟုတ်။ လက်နက်အားကိုးတန်ခိုးပြဘို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင်ပြောပြတာ ပဲ။ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လည်း မတရား မလုပ်။ နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေဆိုတာ အားလုံးသဘော ပေါက်အောင် ပြောပြခြင်းပဲ။ အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင် တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက် အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျ တော့ အရင်တုန်းကပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံဘဲ။ ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင် မကြောက်။ အားကြီးတဲ့အခါလည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင် တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်တယ်လို့ ပြောတာဘဲ။ နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အ မျိုးပဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကိုလုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ် ဆိုတဲ့လူ အားလုံးပဲ။ ဒီနေရာမှာ လူမျိုးရေးတရားအစစ်ကို ပြောပြချင်တယ်။

မှန်ကန်သော လူမျိုးရေးတရား

လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့်အမျိုးသာ ချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရားဘဲလား။ မ ဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ယုံနဲ့ ဒီ့ပြင်လူမျိုးကိုလည်း မုန်းဘို့မလိုဘူး။ သို့်သော်လည်း ကိုယ့်အမျိုးအကျိုးကို လာထိတဲ့ လူတွေကိုတော့ အတွင်းကလူ ဖြစ်ဖြစ် အပြင်ကလူ ဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့။ ဒါက ငါတို့အမျိုးရဲ့ ရန်သူ အဖြစ် သာ နှိမ်နင်းခြင်းဖြစ်တယ်။ ဘယ်လူမျိုး ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာမဟုတ်ဘူး။ ရာဇဝင်ကိုကြည့်ရင် ကမ္ဘာ့လူမျိုး တွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာ တွေ့ရမှာပဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါ ပေမယ့် တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးေ၇းလို့ ထင်တာ တထစ်ချမှားတယ်။ ကျုပ်တို့ဟာ မဆိုင်တဲ့တခြားလူမျိုး တွေကို မုန်းဘို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာပဲ ရှမ်းပဲ ကရင်ပဲ ချင်းပဲ စသဖြင့် ခွဲစရာ မလိုဘူး။
ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူမျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပါတ်သတ်ပြီး ကျုပ်မှာချင် တာပဲ။
ဇာတိမာန် ကောင်းကောင်းထားတတ်အောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေက လူဖျင်းတွေ လူပျင်းတွေ လူ ကြောက်တွေ လူပိုတွေ လူရိုင်းတွေ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာ တွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ပတ်သတ်ပြီး မှာချင်တာပဲ။

လူကြီးဆိုတာ ဘာလဲ

နောက် မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်နေပြီ။ လူကြီးဆိုတာ ဘာလဲ။ အသက်ကြီးတာကို ဆိုလိုတာ လား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့အလုပ်ကြီးရင် လူကြီးဘဲ။ အခု ငါတို့ ရဲဘော်တို့ရဲ့ အလုပ်ဟာ ငါတို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ဒါတွေကို ငါတို့ ရင်မြေကတုတ်လုပ်ပြီး ကာကွယ်ဘို့ပဲ။ ဒီ့ထက်ကြီးတဲ့အလုပ် ရှိနိုင်ပါဦးမ လား။ မရှိနိုင်ဘူး ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ရ မယ်။ အစစ အရာရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော်သည် ဟုတ်သည် မဟုတ်သည်ကို ဆင်ခြင်တိုင်းထွာနိုင်ရမယ်။ အခု ငါတို့ အချို့အ လုပ်တွေက သက်သေပြနေတယ်။ ဘေးကလူတွေပြောတိုင်း အရမ်းမယုံကြနဲ့။ စူးစမ်းဆင်ခြင်ပြီးမှ ယုံကြရမယ်။ ငါတို့ ဝတ္တရားနဲ့မဆိုင်တဲ့ အကျယ်အကျယ် ဖြစ်မယ့်ကိစ္စဆိုရင် ငါတို့ရှောင်ရမယ်။ ဘယ်လို ဘေးကလူက ဗိုလ်ကြီးရဲ့— ဘာ ကြီးရဲ့— နဲ့ လာမြှောက်ပေးပေး ငါတို့မပါရဘူး။ ဝတ္တရားနဲ့ ငါတို့တော့မဆိုင်ဘူး။ ဒါပေမယ့် ကောင်းတဲ့ကိစ္စ တရားတဲ့ ကိစ္စ လူအများ ကျေးဇူးတင်မယ့် ကိစ္စဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျူမရှု့ပါနဲ့။ ကူညီပေးကြပါ။ ဆွေမျိုးကိစ္စ မိတ် ဆွေကိစ္စတွေဟာ ကိုယ်တာဝန်လုပ်တဲ့အရေးမှာ မနှောက်ယှက်ပါစေနဲ့။

ဘယ်တော့မှ သစ္စာမဖောက်

နောက်ပြီးမှာချင်တာက ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ ဒီမှာသင်လိုက်တာတွေဟာ ပညာကုန်ပြီ မ ယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။ လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတဦး တည်းဖြစ်ဖြစ် တိုးတတ်မှုဟာ လက်ရှိအခြေအနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစားမှသာ တိုးတတ်မှုဖြစ်နိုင်တယ်ဆိုတာ ရာဇဝင် သမိုင်းတွေက ကောင်းကောင်းပြထားတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓါးထစ် မယူပါနဲ့။ အထင်မကြီးပါနဲ့။ ဒီ့ထက်တိုးအောင်လုပ်ကြပါ။ အခု ငါတို့နိုင်ငံဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟန်မကျတာတွေ အများကြီးပဲ။ ကျုပ်မှာလည်း ချွတ်ယွင်းချက်တွေ့ရှိတာဘဲ။ ကိုယ့်ချို့ယွင်းချက်ကို ကိုယ်ပြင်ကြရမယ်။
သို့ပေမယ့် ကျုပ် ရဲဘော်တို့ကို ကတိတခု ပြုမယ်။ နိုင်ငံနဲ့ အများအကျိုးရဲ့သစ္စာကို ကျုပ် ဘယ်တော့မှ မဖောက်။ ရဲဘော်တို့ထဲက ဖြစ်ဖြစ် ဒီ့ပြင်ထဲက ဖြစ်ဖြစ် ကျုပ်ထက်တော်တဲ့လူ ထွက်ပြ နိုင်ပါစေ။ ကျုပ်ဖယ်ပေးဘို့ အသင့်ပဲ။

စစ်သားမှစစ်သားဆိုတဲ့ စိတ်ကို ဖျောက်ကြ

နောက်ဆုံးတခု မှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓါတ်မထားကြဘို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံမှာ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ လူတွေရှိကြတာမဟုတ်ဘူး။ တခြားစစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုး မျိုး အနစ်နာခံ အမျိုးမျိုးစွန့်စား လုပ်ကြတဲ့ လူတွေလဲရှိတာပဲ။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တခုနားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ် တပ်ရဲ့ အခွင့်အရေးများကို မတရားချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေ ချင်ပါတယ်။
ကနေ့ ဒီမှာပြောတာတွေကို အားလုံးစစ်သားတွေ သိပါစေ။ သိအောင်ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။

http://forverfriends.ning.com/group/story/forum/topics/2863689:Topic:6978835

( Thuya Soemoe Daweithar ထံမှတဆင့် ကူးယူပါသည်)

နေ့သစ်
July 13, 2012
http://www.naytthit.net/?p=28975

ဇူလိုင် ၁၃၊ ၁၉၄၇က ဗိုလ်ချုပ်အောင်ဆန်း၏ ပြည်သူသို့ နောက်ဆုံးမိန့်ခွန်း




by Ag Myint Tham on Friday, July 13, 2012 at 6:04pm ·
“တိုင်းပြုပြည်ပြုလွှတ်တော် [ဖော်ဆောင်ရတာဟာ] အိမ်ဟောင်းကို တည်ရုံအလုပ်မဟုတ်ဘဲနဲ့ တခုလုံး ဖျက်ဆီးပြီးတဲ့နောက် အဲဒီပျက်သွားတဲ့ နေရာမှာထပ်ပြီး အိမ်အသစ်ဆောက်တာနဲ့ တူပါတယ်။
ကျွန်တော်တို့ဟာ တိုင်းပြည်ကို ပြောခဲ့တဲ့အတိုင်း လုံးဝလွတ်လပ်ရေးကို ကျွန်တော်တို့ရအောင် လုပ်မယ်ဆိုတဲ့အတိုင်း အဲဒီလုံးဝလွတ်လပ်ရေးကို ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလုံးဝလွတ်လပ်ရေးကို ဆုံးဖြတ်ပြီးတဲ့နောက် ကျွန်တော်တို့ ဒီတိုင်းပြည်ကို ကြေညာထားတဲ့အတိုင်း တနှစ်အတွင်း လုံးဝလွတ်လပ်ရေးရအောင် လုပ်မယ်ဆိုတာလဲ ကျွန်တော်တို့လုပ်နေလျက်ပါပဲ။
ဘယ်အစိုးရမှလဲ ချွတ်ယွင်းချက်မရှိတဲ့ အစိုးရမရှိဘူး။ သို့သော်လဲဘဲ တိုင်းပြည်အပေါ်မှာ စေတနာရှင်းရှင်းထားပြီး တဆင့်ထက်တဆင့် ကျွန်တော်တို့လုပ်လာတဲ့ လုပ်ငန်းဟာ တိုးတက်သလား မတိုးတက်ဘူးလား ဆိုတာခင်ဗျားတို့ ပြန်ကြည့်ပါ။……..နောက်အတော်လေးကြာလာယင် ကျွန်တော်တို့ဟာ တိုင်းပြည်ကို အတိအလင်း ကြေညာနိုင်တဲ့ စကားမျိုးလုပ်လာနိုင်ပါဦးမယ်။
အဲဒီလို လုပ်လာတဲ့အခါမှာ ကျွန်တော်တို့ဟာ လွတ်လပ်ရေးလုပ်ငန်းမယ် ဘယ်ထိအောင် တစခန်း တက်လာပြီး ဘယ်ထိအောင် ပြန်လည်ထူထောင်ရေး လုပ်ငန်းမှာ ဘယ်လို တစခန်း တက်လာပြန်ပြီ အစရှိသည်အားဖြင့် အဲဒီလို အခွင့်အလမ်းတွေကိုလဲ ခင်ဗျားတို့ မြင်ရပါလိမ့်မယ်။ အဲဒီလို တိုင်းပြည် ပြန်လည်ထူထောင်ရေးမယ် လုပ်တဲ့လုပ်ငန်းမှာလဲ တဆင့်တက်လာတာကိုသော်၎င်း၊ အခုလွတ်လပ်ရေးလုပ်ငန်းနဲ့ပတ်သက်
ပြီး တဆင့်တက်လာတာကိုသော်၎င်း အဲဒီလိုတက်လာတာကို ခင်ဗျားတို့ ရက်မကြာမီမှာ မြင်ရပါလိမ့်မယ်။
အဲဒီလို မြင်ရရုံမကဘူး။ ကျွန်တော်တို့ ဒီအစိုးရနှင့် အရင်ကရှိတဲ့ အစိုးရတွေနှင့် ယှဉ်ကြည့်လိုက်ယင် ကျုပ်ပြောရဲတယ်။ ယခု အစိုးရထဲမှာ လာဘ်စားတဲ့လူတွေ မရှိပါဘူးဆိုတာ ကျုပ်ပြောရဲတယ်။
ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရဖြစ်အောင် အတင်းအဓမ္မလုပ်လာလို့ အစိုးရဖြစ်တာ မဟုတ်ဘူး။ တိုင်းပြည်လူထုရဲ့ ထောက်ခံမှုနဲ့ ကျုပ်တို့အစိုးရဖြစ်နေတာ တိုင်းပြည်ကမကြည်ညိုဘူးဆိုတာ ကျုပ်တို့သိတဲ့တနေ့မှာ ကျုပ်တို့လဲ မနေဘူး။ တွယ်မနေပါဘူး။ ထွက်မှာပါဘဲ။ သို့သော်လဲဘဲ တနှစ်လောက် ကျုပ်တို့ကို စောင့်ကြည့်တဲ့အခါမှာ ကျုပ်တို့ဟာ ဘယ်လိုလူစားတွေလဲ။ ရာဇ၀င်မှာ အရေးခံမဲ့ လူစားမျိုးတွေလား။ ရာဇ၀င်မှာ အဆဲခံမဲ့ လူစားမျိုးတွေလားဆိုတာ ခင်ဗျားတို့ ကိုယ်တိုင်သိပါလိမ့်မယ်။……..
တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသားလူထု ညီညွတ်ရေး၊ စားဖားသမားတွေ ညီညွတ်တာ ကျွန်တော်မလိုချင်ပါဘူး။ တိုင်းရင်းသား အချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊ အဲဒီညီညွတ်ရေး နှစ်ခုမရှိသမျှ ကာလပတ်လုံး၊ ဒီတိုင်းပြည်ဟာ လွတ်လပ်ပင်လွတ်လပ်ငြားသော်လဲ ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရလုပ်လုပ်၊ ဖာသယ်တိုင်းပြည်ဖြစ်နေမှာဘဲလို့ကျွန်တော်ပြောချင်တယ်။…..
ဗမာတွေ စိတ်ထဲမှာ ဗမာတွေဟာ စိတ်ဓာတ်ထက်တယ် ဘာညာနဲ့ တလွဲဆံပင်ကောင်းနေတယ်ဆိုတာနဲ့ အတူတူပါဘဲ။ ဒီစကားဟာ ဒီနေရာမှာသုံးဖို့ ဟာတွေပဲ။ ဗမာတွေစိတ်ဓာတ်က မဟုတ်တဲ့နေရာမှာ သွားပြီးကောင်းနေတယ်။ တကယ့်နေရာတွေကျတော့ အသုံးမကျဘူး။ ဗမာပြည် လွတ်လပ်ရေးရအောင် ဆိုတာမျိုးမှာ အသုံးမချတတ်ဘူး။ ဗမာပြည်ပြန်လည်ထူထောင်ရေးလုပ်တဲ့ နေရာမျိုးမှာ အသုံးမချတတ်ဘူး။ ဗမာဗမာချင်း ချဖို့မှာ လုပ်ချင်တယ်။….
ခင်ဗျားတို့ဟာ လွတ်လပ်ရေးကို လိုချင်ယင်၊ လွတ်လပ်ရေးရနိုင်လောက်တဲ့ စည်းကမ်းကို ရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိယင် လွတ်လပ်ရေးကို ရနိုင်တဲ့ ညီညွတ်မှုကို ထိန်းသိမ်းထားပါ။ လွတ်လပ်ရေးကို လိုချင်ယင် လွတ်လပ်ရေးကို ရနိုင်တဲ့ ထူထောင်မှုကို လုပ်ကြပါ။ အဲဒီလို လုပ်ပြီးတဲ့နောက် ရှေ့ကို လွတ်လပ်ရေးအရသာကို ခံစားစံစားချင်တယ်ဆိုယင်၊ အလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ ယခုကတည်းက ခင်ဗျားတို့ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ စောက်ကျင့်တွေကိုပြင်ကြဖို့ လိုပြီဆိုတာ ကျွန်တော် ကနေ့ပြောခဲ့ချင်တယ်။”

(စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်ထုတ် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ ၁၉၄၅-၁၉၄၇ စာအုပ်မှ မူရင်းသတ်ပုံအတိုင်း ကောက်နုတ်ဖော်ပြသည်။)

ခေါက်ရိုးကျိုးနေသော အကျင့်ဆိုးများ၊ သတင်းများနှင့် မသန့်ရှင်းသော အစိုးရမျိုးကို လူထုက မလိုချင်တော့ပါ....

 
Saturday, July 14, 2012
ခေါက်ရိုးကျိုးနေသော အကျင့်ဆိုးများနှင့် ခေတ်ဆိုး အိုးအရွဲ့ကို အကျင့် စာရိတ္တစလောင်းအရွဲ့နဲ့ ဖုံးအုပ်နေကြတယ်

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနိုင်အောင် ဖိတ်ခေါ်နေသလို ရင်းနှီး မြှုပ်နှံမှုကော်မရှင်ကိုလည်း မူဝါဒ (၄) ရပ်ချမှတ်ပြီး ဆောင်ရွက်စေလျက်ရှိ ကြောင်း ၊ ဒီမူဝါဒ (၄) ရပ်ကို တင်ပြရမယ် ဆိုရင် (၁) နိုင်ငံသားများ၏ အကျိုး စီးပွားကို မထိခိုက်စေဖို့၊ (၂) နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေဖို့၊ (၃) အချုပ်အခြာအာဏာကို မထိခိုက်စေဖို့နဲ့ (၄) သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက် စေဖို့တို့ဘဲ ဖြစ်ကြောင်း ကမ္ဘောဒီးယား မှာပြုလုပ်သော အမေရိကန်-အာဆီယံ စီးပွားရေးဖိုရမ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် လယ်မြေအတွင်း ဖြတ်သန်းသွားသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လုံးတချို့ မြေအောက်မချရ သေးသည့်အတွက် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှ လယ်သမားတချို့ လယ်ထွန်ယက်ရန် အခက်အခဲကြုံတွေ့လျက်ရှိကြောင်း နှင့် ကချင်ပြည်နယ်မှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်း သတင်းများက အပြောင်းအလဲကို လိုလားသူတွေကို သံသယဖြစ်စေ စဲဖြစ်သည် ။
၈၈၈၈ အရေးအခင်း မတိုင်ခင်ကတော့ အင်တာနက် ကွန်ပြူတာ ဖေ့စ်ဘုတ်များ မရှိသေး၍ လုထုကို လိမိလည်ကောင်း လိမ်လည်နိုင်ပေမဲ့ အခုလို ဆက်သွယ်ရေး ယန္တယားများ အားကောင်းသော ခေတ်မှာ လူထုကို လိမ်ချင်တိုင်း လိမ်၍ မရတော့ကြောင်း သမ္မတကြီးကို ပဏာမ လေးစားစွာ ပြောကြားလိုပါသည် ။

နိုင်ငံတကာ အစည်းအဝေးများတွင် မစားရ ၀ခမန်း သမ္မတကြီးဦးသိန်စိန်၏ မိန့်ခွန်းများက ကောင်းမွန်ဝေဆာသလောက် လက်တွေ့ပြည်တွင်းတွင်မူ ပဲခူးတိုင်း အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း လယ်သမား (၇) ဦးကို ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး ပစ္စည်းစက်ရုံ ကပစ (၃) စစ်တပ်က ဖမ်းဆီးလိုက်သော သတင်းများ ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် လားရှိုးမြို့က အဖွဲ့ဝင်တွေရဲ့ မိဘတွေကို SB ရဲထောက်လှမ်းရေးက မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ပြီး သားသမီးတွေကို ဗကသ အဖွဲ့ချုပ်ကနေ နှုတ်ထွက်အောင် ဖိအားပေးနေကြောင်းသတင်းများ သည် ခေတ်ဟောင်း စနစ်ဟောင်းမှ အစိုးရ၏ အဖိနှိပ်ခံလူထု အပေါ်ထားရှိသော ခေါက်ရိုကျိုးနေသော အကျင့်ဆိုးများ ဖြစ်နေသေးသည်မှာ ထင်ရှားသည် ။

စစ်အုပ်စုထဲမှ အတွင်းသတင်းများအရ ခေါင်းမာပြီး တင်းမာသူဟု တစ်ပြေးနေသော ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေကို ဒုသမ္မတလောင်းအဖြစ် လွှတ်တော်ရှိ စစ်တပ်ကိုယ်စားလှယ်တွေက အမည်စာရင်း တင်သွင်းလိုက်သောအခါ အတိုက်အခံတွေအား အတိုက်အခံလုပ်ပြီး ပြုပြင်ပြောင်းလဲရေးကို သွားနေပြီဟု ထင်ကြေးပေးခဲ့မိသော မိမိကိုယ်မိမိ အပြစ်တင်ရင်း မျှော်လင့်ချက်လေး ရေတိမ်နစ်တော့မည်လားဟု သောကအပူမီးများ ငယ်ထိပ် တက်စောင့်ကြကုန်သည် ။

မြေမြို၍ လူမျိုးမပြုတ် လူမြိုမှ လူမျိုးပြုတ်ကိန်းနှင့် ရင်ဆိုင် ကြုံတွေ့နေရသော အဖက်ဖက်က ခြွတ်ခြုံကျ မွဲတေနေသော တိုင်းပြည်


မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမူဆလင်တွေကို တတိယနိုင်ငံတခုခုဆီ ပို့ပေးတာ ဒါမှမဟုတ် ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာမဟာမင်းကြီးရုံး UNHCR က စောင့်ရှောက်ပေးတာမျိုး ဖြစ်စေချင်တယ်လို့ မြန်မာသမ္မတ ဦးသိန်းစိန်က ပြောကြောင်း ၊ UNHCR မဟာမင်းကြီး Antonio Guterres နှင့် တွေ့ဆုံ ဆွေးနွေးပြီး တဲ့နောက် မြန်မာသမ္မတက အဲဒီလို ပြောခဲ့ပေမဲ့
မစ္စတာ Guterres ကတော့ အဲဒီလိုလုပ်ဖို့ရာဟာ UNHCR ရဲ့ တာဝန်မဟုတ်ဘူးလို့ ပြန်တုံ့ပြန်ခဲ့ကြောင်း သတင်းဌာနတစ်ခုမှာ ဖတ်လိုက်ရပါသည် ။

တစ်ချိန်ထဲမှာပင် ရခိုင်ပြည်နယ်သို့ ရောက်ရှိနေကြသော ၈၈မျိုးဆက်ကျောင်းသားများသည် မြန်မာနိုင်ငံ၏ အနောက်ဘက်စွန်းရှိ မြန်မာ - ဘင်္ဂလားရှေ့ နှစ်နိုင်ငံ နယ်စပ်စည်းရိုးသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ကြခြင်းနှင့် အတူ အလယ်သံကျော်ကျေးရွာ၊ နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ် အမှတ် (၇) နယ်မြေတွင် ဖွင့်လှစ်ထားသည့် ဒုက္ခသည်စခန်းသို့ ပစ္စည်းများလှူဒါန်းခြင်းကို ဖေံစ်ဘုတ် စာမျက်နှာတွင် တွေ့လိုက်ရသည် ။

အဖက်ဖက်က ခြွတ်ခြုံကျ မွဲတေနေသော တိုင်းပြည်သည် မြေမြို၍ လူမျိုးမပြုတ် လူမြိုမှ လူမျိုးပြုတ်ကိန်းနှင့် ရင်ဆိုင် ကြုံတွေ့နေရသည်ကို သတိချပ်သင့်ပေသည် ။

ထိုအခါ သန့်ရှင်းသော အစိုးရဖြစ်ရမည်ဟု ကြွေးကြော်နေသော ဦးသိန်းစိန်အစိုးရသည် တစ်ကယ်သန့်ရှင်းချင်ရင်ဖြင့် တိုင်းရင်းသား ပြည်သူလူထု အပါအ၀င် အစိုးရ၀န်ထမ်းများ၏ ဘ၀ကို အမှန်တစ်ကယ် နားလည်အောင် ကြိုးစားရမှာ ဖြစ်သလို လာပ်ပေးလာပ်ယူ တိုက်ဖျက်ရေးကို အချိန်မီလုပ်ဆောင်ရပေမည် ။ တခြားတစ်ဖက်တွင် လည်း ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းကို ရင်ဘောင်တန်းနိုင်သော အစိုးရ၀န်းထမ်းများ၏ လစာကိုလည်း လုပ်ဆောင်ပေးရပေမည် ။ စီးပွားရေး လုပ်ငန်းရှင်ကြီးများ၏ ငွေနှင့်ပေါက်ပြီး သိမ်းသွင်းခံရသော အစိုးရ အရာရှိကြီးများ၏ လာပ်ပေးလာပ်ယူမှုများကို ဖော်ထုတ်ရပေမည် ။

အတိတ်က ဆုံးဖြတ်ချက် အမှန် အမှားများဖြင့် ယနေ့ ရင်ဆိုင်နေရသော အကောင်းအဆိုး
အချိန်တွေ ဘယ်လိုပြောင်းပြောင်း တို့ ကမ္ဘာကတော့ အရင်လို အဟောင်းအတိုင်းပါပဲဆိုတဲ့ ကဗျာတစ်ပုဒ်လို အတိတ်ကာလတို့ကို နောက်ချန်နှုတ်ဆက်ချင်ပေမဲ့ ဖောက်ပြန်တတ်သော အကျင့်ဆိုးများက ကပ်ပါနေသည်အား စိတ်မကောင်းဖွယ်ရာ တွေ့မြင်နေရသည် ။

ယနေ့ ရင်ဆိုင်နေရသော အကောင်းအဆိုး မှန်သမျှသည် အတိတ်က ဆုံးဖြတ်ချက် အမှန် အမှားများဖြင့် တစ်နည်း တစ်ဖုံ ဆက်သွယ် ပတ်သက်နေသည်ကို ပကတိ အခြေအနေ အတိုင်းပြတ်ပြတ်သားသား သိမြင်ရပေမည်။ ဆံချည်မျှင် မျှသော အမြင်လွဲချော်မှုသည်ပင် အနာဂတ်အတွက် ဖြေရှင်းရခက်သော ပြဿနာများ တောင်ပုံရာပုံ ယူဆောင်လာတတ်ပုံကို ကျနော် ဘ၀ အတွေ့အကြုံတစ်ချို့မှ ဖြတ်သန်းခဲ့သော ဘ၀အစိတ်အပိုင်းများနှင့် ပြန်လည် ဖောက်သည် ချချင်ပါသည် ။ အတိတ်က သင်ခန်းစာ များကို ရယူပြီး အနာဂတ်မှာ ဆုံးဖြတ်ချက် မှန်ကန်စေချင်သော စိတ်ရင်းစေတနာသည် ရင်ထဲမှာ မြိုသိပ် တောက်လောင်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပေပြီ ။

ခေတ်ဆိုး အိုးအရွဲ့ကို အကျင့် စာရိတ္တစလောင်းအရွဲ့နဲ့ ဖုံးအုပ်နေကြတယ်


 
 
 
 
 
 
 
 
 
 
 
 
 
 
၁၉၇၀ ကျော် ၀န်းကျင်နှစ်များဆီက ရှမ်းရိုးမ ၊ ရှမ်းတောင်တန်းများဖြင့် လှပသော ချယ်ရီမြေသည် ယနေ့အချိန်ထိ ယမ်းငွေ့များ ဝေနေစဲဖြစ်သည်မှာ တစ်စုံတစ်ရာ အကြီးအကျယ်မှားယွင်းနေသည်က သေချာပေသည် ။ ရိုးသား ကြိုးစားသော ရှမ်းတိုင်းရင်းသူ တိုင်းရင်းသားများသည် ဆင်းရဲ ဒုက္ခ ပင်လယ်ဝေနေပြီး ဖောက်ပြန်သော အစိုးရ အသိုင်းအ၀ိုင်းသာ စည်းစိမ်ယစ်နေသော ပုံရိပ်များကို ကျနော် ငယ်စဉ်ကလေး ဘ၀၌ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးတွင် နေထိုင်စဉ် တွေ့မြင်ခဲ့ရသည် ။ ကျနော့ အဖေ သည် လူဝင်မှုကြီးကြပ်ရေး ( လ၀က ) မြို့နယ်မှုး အဖြစ်တာဝန်ကျခဲ့သော အဲဒီအချိန်က ရှမ်းပြည်နယ်တစ်ဝိုက်တွင် ပြည်တွင်းစစ် ဒဏ်ကြောင့်ဖြစ်စေ စားဝတ်နေရေး အခက်အခဲကြောင့်ဖြစ်စေ လားရှိုးမြို့ပေါ်သို့ထွက်ပြေးတိမ်းရှောင်လာသော ရှမ်း ၊၀ အပါအ၀င် ကျေးလက်ဒေသမှ ဒုက္ခသည် တိုင်းရင်းသားလူမျိုးများကို တွေ့မြင်ခဲ့ဘူးသည် ။ကျနော် မူလတန်းကျောင်းသို့သွားရာ လမ်းဘေးရှိ ညောင်ပင်ကြီးအောက်တွင် တဲထိုးကာ ဖြစ်သလို နေထိုင်စားသောက်နေသော ကလေးငယ်များ အပါအ၀င် မိသားစုများကို ကြည့်ပြီး စိတ်မကောင်းဖြစ်ခဲ့မိသည် ။

ရိုးသား ကြိုးစားသော အဖေသည် လော်စစ်ဟန်တို့လို ဘိန်းအုပ်စုနှင့် ပလင်းတူ ဗူးဆို့ လုပ်နေသော အထက်လူကြီးများနှင့် အဆင်မပြေဟု အမေ့ ထံမှ သိရချိန်တွင် စိတ်ဝင်စားခြင်းမရှိခဲ့ပေမဲ့ အဖေ့အား လားရှိုးမှတစ်ဆင့် မိသားစုနှင့် ဝေးကွာရာ စစ်ဖြစ်နေသော အနက်ရောင် နယ်မြေရှမ်းပြည်နယ် ကွတ်ခိုင်မြို့သို့၎င်း ၊ မှိုင်ရှုးမြို့သို့၎င်း မကြာခဏ တာဝန်ပြောင်းရွေ့ ခံရသော အခါ မှ ကလေးငယ်တစ်ယောက်လို အဖေ့ကို လွမ်းဆွတ်ရင်း တစ်စုံတစ်ရာကို စိတ်နာသလို ငယ်စဉ်ကတည်းက ခံစားခဲ့ဘူးသည် ။

ဖေဖေသည် စစ်ဖြစ်နေသော နယ်မြေသို့ တာဝန်ကျနေစဉ် မန္တလေးသူ အမေသည် မန္တလေး တက္ကသိုလ်မှ သမိုင်းဘာသာရပ်ဖြင့်ဘွဲ့ရပြီး အထက်တန်းပြ ဆရာမ တာဝန်ကို ထမ်းဆောင်ကာ တခြားတစ်ဖက်ကလည်း ဘ၀တက်လမ်း အတွက် ရန်ကုန်ပညာရေး တက္ကသိုလ်မှာ အဝေးသင် ကျောင်းတက်နေ၍ ကျနော်တို့မောင်နှမ ( ၃ ) ဦးမှာ မိဘရှိလျက် မိဘမဲ့ ဘ၀လို ကြီးပြင်းခဲ့ရသည် ။ အမေသည် ကျနော်တို့အားဆုံးမသည်မှာ ပညာတတ်ကြီးဖြစ်အောင်လုပ်ပြီး မိဘက ပညာအမွေပဲ ပေးနိုင်ကြောင်း ပါးစပ်က တဖွဖွပြောသလို သူကိုယ်တိုင်လည်း ဘွဲ့ ( ၂ ) ခုကို ရအောင် ကြိုးစားခဲ့သည် ။ ကျနော်တို့ မောင်နှမတွေမှာ အမေ၏ ပညာရေး စစ်ဆင်ရေးတိုက်ပွဲမှာ မူလတန်းကစ၍ ကျူရှင်တက်ခြင်း ကျောင်းတက်ခြင်း အလုပ်ကို လားရှိုးမြို့၏ ဆောင်းတွင်း ချမ်းချမ်းစီးစီး မနက်ခင်းများနှင့် နပမ်းသတ်ခဲ့ရပေသည် ။( စကားချပ် ၊ ၊ ကျနော်သည် မြန်မာပြည်၌ ဘွဲ့ရပြီးနောက် အသုံးမ၀င်သော မြန်မာပြည် ပညာရေးကို အမှန်တစ်ကယ် သိရှိနားလည်ကာ ဖောက်ပြန်သော စစ်စနစ်ဆိုးကြောင့် တောခို တော်လှန်ရေး လုပ်ခဲ့သော ကျနော်ကို အမေ နားလည်ခွင့်လွှတ်မည်ဟု မျှော်လင့်မိပါသည် ။ )

ထိုအချိန်တွင် မန္တလေးမှ အဖွားသည် ကျနော်
တို့နေထိုင်ရာ လားရှိုးမြို့သို့ လာရောက်ကာ ကျနော်တို့အား ထိမ်းသိမ်းစောင့်ရှောက်ကြည့်ရှုပေးခဲ့ပါသည် ။ အဖွားကတော့ အိပ်ရာဝင် ပုံပြင်လို ကျနော်အားပြောသည်မှာ ကျနော့အဖေသည် နိုင်ငံခြားသား တရုတ်လူမျိုးတွေကို တခြား လ၀က အရာရှိများကဲ့သို့ လာဘ်ယူပြီး နိုင်ငံသား လုပ်မပေးခြင်း အကြောင်း ၊ စီးပွားရေး လုပ်ငန်းရှင် ဘိန်းအုပ်စုတွေနဲ့ တခြားအရာရှိတွေလို ရောရောနှောနှောနေကာ လားရှိုးအ၀င်အထွက် လ၀က ဂိတ်တွေမှာ ငွေမရှာတတ်သဖြင့် အထက်အရာရှိမှ မကြိုက်တဲ့ အပြင် အငြိုးအတေးထားပြီး စစ်ရိပ်စစ်ငွေ့ မကင်းသော မြို့တွေကို ပြောင်းရွေ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့စဉ် ( ၇ )နှစ် ၊ ( ၈ )နှစ်အရွယ်ကျနော်မှာ လာပ်ပေးလာပ်ယူ ကိစ္စရပ်အကြောင်း စတင် ကြားသိရခြင်းဖြစ်ပါသည် ။ ထိုအချိန်က ကျနော်တို့နေထိုင်ရာ လ၀က အရာရှိ ရိပ်သာတွင် တချို့ အရာရှိများက ကားအကောင်းစားကို စီးနေချိန်မှာ တစ်ခါတစ်ခါ အဖေ့မှာ ရုံးကားစုပ်လေးစီးလိုက် ခြေကျင်ရုံးတက်လိုက် မြင်ကွင်းများသည် လာပ်ပေးလာပ်ယူနှင့် တိုက်ရိုက် ပတ်သက်နေမှန်း ကျနော့မှာ ယင်းအခါက ကောင်းကောင်းမသိတတ်သေးပေ ။

စစ်တပ်အသိုင်းအ၀ိုင်းအပါအ၀င် တချို့ အရာရှိကြီးများသည် ဘ၀တစ်သက်စာ ဖူလုံသော လာပ်ငွေများ ယူပြီး ရာထူးမှ နှုတ်ထွက်သွားသူများရှိသလို ကျနော့ အဖေလို ရိုးသားကြီုးစားပြီး လူကြိုက်နည်းသူများမှာ ဘ၀တစ်သက်တာ အစိုးရတာဝန်ကို ကျေပြွန်ရင်း စီးပွားရေး ဘ၀ မဖူလုံခဲ့ပေ ။
နောက်ဆုံးမှာတော့ ကိုယ်ကိုတိုင် လာဘ်မစားသည့်အပြင် အထက်လူကြီးများကို လာပ်မထိုးတတ်သော အဖေသည် လူသူအရောက်အပေါက်နည်းကာ မြန်မာပြည်မြေပုံတွင်ပင် ရှာရခက်သော ရခိုင်ရိုးမတောင်နှင့် မလှမ်းမကမ်း မကွေးတိုင်း မင်းတုန်းမြို့သို့ လ၀က မြို့နယ်မှုးအဖြစ် လက်ဝဲသုဒ္ဒယ အမတ်ကြီးလို မဲဇာပို့ ခံခဲ့ရပေသည် ။ထိုအရပ်သည် ဘယ်လောက် ခေါင်သလည်းဟု ပြောလျှင် တမြို့လုံးတွင် မီးသတ်ကား တစ်စီးသာ ရှိပြီး မီးလောင်သည့်အခါတိုင်း စက်အမြဲပျက်နေသော ထို မီးသတ်ကား သည် မီးလောင်သည့်နေရာသို့ မရောက်သည်ကများသည် ။

အထက်ပါ ကျနော်ဘ၀ အတွေ့အကြုံကို အခြေခံပြီး ယခု ရခိုင်ပြည်နယ်တွင်ဖြစ်ပျက်နေသော ဘင်္ဂလီအရေးပြဿနာကို ဆက်စပ်တွေးခေါ်မိသည်မှာ လ၀က အပါအ၀င် အစိုးရ၀န်ထမ်းများ၏ အမြင်ကျဉ်းပြီး ကိုယ့်ဖို့သာ ကြည့်တတ်သူများ ၏ အတိတ်မှ လာပ်စားမှု အကျိုးဆက်သည် ယခုရင်ဆိုင်နေရပေသည် ။

တရုပ်လူမျိုးများသည် မန္တလေး အတိတ်နန်းတော်ကို သေနတ်တစ်ချက်မှ မဖောက်ပဲ သိမ်းပိုက်ခဲ့သည်အား စိတ်မကောင်းဖွယ် မြင်တွေ့နေရသည် ။ တိကျပြတ်သားသော နိုင်ငံသား ဥပဒေများရှိရန် လိုအပ်သလို လာပ်ပေးလာပ်ယူမှုများကို တိုက်ဖျက်ရန် အတွက်အစိုးရမှာ တာဝန်ရှိပါသည် ။

အစိုးရ ကိုယ်တိုင်က လာပ်စားပြီး တူတာတွေ တွဲလုပ်ကြရအောင်ဟု ပြောဆိုကာ ခေတ်ဆိုး အိုးအရွဲ့ကို အကျင့် စာရိတ္တ စလောင်းအရွဲ့နဲ့အတူတူ လက်တွဲ ဖုံးအုပ်နေကြမှာလား ။

နောက်ဆုံးအနေဖြင့် တင်ပြ ဆွေးနွေးလိုသည်မှာ လူထုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေများထွန်းကားရာ ပြည်သူ့လွှတ်တော်အဖြစ် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းကို ချစ်မြတ်နိုးသည့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးမှ မြင်တွေ့လိုပြီး အတွေးအခေါ်ဟောင်းများ ကြီးစိုးရာ ချွတ်ချော်သော လွှတ်တော်ကို မမြင်ချင်သည်မှာ လူထု ဘ၀ ဆန္ဒမှန်ပင်ဖြစ်ကြောင်း တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်ဖြင့် တိုက်တွန်းရေးသားလိုက်ရပါသည် ။

အောင်ခိုင်မြင့် 8888 New Generations အယ်ဒီတာ
၁၄ ဇူလိုင် ၂၀၁၂
http://8888newgenerations.blogspot.ca/

ဒီမိုကရေစီ ပါရမီ ၁၀ ပါး

Khant Nyar

 on Saturday, July 14, 2012 at 6:34am ·



ဒီမိုကရေစီ ပါရမီ ၁၀ ပါး

(၁) ဒါနပါရမီ=စွန့်လွှတ်ခြင်း

မင်းကျင့်ဆယ်ပါး ၊ တရားအညီ
ပြည်သူသည်သာ ၊ မိဘဟူသည်
အဂတိများ ၊ မလိုက်စားပြီ
မိသားစုနှင့် ၊ ဆွေမျိုးတလီ
ကောင်းစားရေး ၊ မနှေးစွန့်လွှတ်မည်
အဲဒါမှ ၊ ဒီမိုကရေစီ ဒါနပါရမီ။

(၂) သီလပါရမီ=ကိုယ်ကျင့်ကောင်းခြင်း
 
ပြည်တွင်းစစ်များ ၊ ငြိမ်းအေးစေရည်
အဓမ္မလုပ်အား ၊ ရှောင်ဖယ်ရှားမည်
နိုင်ငံရေးကျဉ်းသား ၊ နှောင်ထားလွှတ်ဖြည်
လယ်ယာမြေမသိမ်း ၊ လောဘငြိမ်းသည်
ပြည်သူ့ဘဏ္ဍာလဲ ၊ လာဘ်မစားပြီ
အဲဒါမှ ၊ အပါယ်ပိတ်မယ့် သီလပါရမီ။

(၃) နေက္ခမပါရမီ=တပ်မက်မှုကင်းခြင်း

ရာထူးဂုဏ်သိန် ၊ စည်းစိမ်ဆက်ရည်
ဘောင်းဘီချွတ်လဲ ၊ ခေါင်းပေါင်းမပတ်ပြီ
နောက်ရွေးကောက်ပွဲ ၊ မဲမလဲသည်
ထွက်တော်မူခန်း ၊ နှုတ်ထွက်မြန်းအတည်
လွှတ်တော်နှစ်ဆယ့်ငါး ၊ ခွဲတမ်းမစီ
စွန့်လွှတ်မှ ၊ နေက္ခမပါရမီ။

(၄) ပညာပါရမီ=အမှန်အတိုင်းသိခြင်း

ပညာဥာဏ်လင်း ၊ တွေဝေကင်းသည်
နောက်ကြောင်းပြန်လှည့် ၊ မောဟဖြစ်မည်
ခရိုနီများ ၊ တာမစားရည်
အရည်အချင်းစစ်မှ ၊ ရာထူးခန့်အတည်
ကာယ ၀စီ မနောချီ ၊ ဥဇူစ ဖြောင့်ဖြောင့်မှန်ရသည်
အဲဒါမှ ၊ ဒီမိုကရေစီ ပညာပါရမီ။

(၅) ၀ီရိယပါရမီ=ဇွဲလုံ့လရှိခြင်း

ဝီရိယသဘော ၊ ရဲရင့်နှောညီ
ခြစားအမှု၊ ဝေးစွပြုသည်
Hard-liner များ ၊ ဖြုတ်ဖယ်သွားမည်
စလယ်ဆုံးတဲ့ ၊ ငါးနှစ်တမ်းဆီ
ပြည်သူ့အကျိုး ၊ နေ့ညသယ်ပိုးပြီ
အဲဒါမှ ၊ တာဝန်လုပ်ငန်း ၀ီရိယစွမ်းပါရမီ။

(၆) ခန္တီပါရမီ=သည်းခံခြင်း

လွတ်လပ်စွာတွေး ၊ ခွင့်လွှတ်သေးသည်
ကိုယ်နဲ့မတူလဲ ၊ အပြစ်မရှာပြီ
“တူ” ပင် စစ်လည်း ၊ “ပေ” ကို မကစ် အတည်
ကိုယ့်လိပ်ပြာဟဲ့ ၊ ကိုယ်တိုင် လုံရန်ရည်
မဲပင်ရှံးနဲ ၊ ပြုံးမပျက်ပြီ
အဲဒါမှ ၊ တကယ်မြတ်တဲ့ ခန္တီစပါရမီ

(ရ) သစ္စာပါရမီ=မှန်ကန်ခြင်း

စာနယ်ဇင်းပွဲ ၊ မလိမ်ရဲပြီ
နိုင်ငံတကာလဲ ၊ မလှည့်စားသည်
ကြွားမပြောဘဲ ၊ ၀န်ခံရဲမည်
ရှေ့ နောက်စကား ၊ မကွဲပြားတည်
အလုပ်အပြော ၊ ညီညွတ်ချောဆီ
ထင်သာမြင်သာရှိပါက ၊ အဲဒါ သစ္စပါရမီ။

(၈) အဓိဋ္ဌာန်ပါရမီ=ခိုင်မာသောဆုံးဖြတ်ချက် ရှိခြင်း

မရွေ့ မယိုင် ၊ ကြံ့ ကြံ့ ခိုင်ကျဉ်
ပြောင်းလဲမှုတဲ့ ၊ ရှေးရှပြုရည်
မိန့်ခွန်းအသွား ၊ မောင်းနှင်အားညီ
ခက်ခဲကျော်လွှား ၊ ဇာနည်ဖွားပီ
မှတ်ကျောက်တင်တိုက် ၊ စစ်ခံထိုက်သည်
အဲဒါမှ ၊ သမိုင်းမလိမ်ရတဲ့ အဓိဋ္ဌာနပါရမီ။

(၉) မေတ္တာပါရမီ=မေတ္တာထားခြင်း

ချစ်ခြင်းသဘော ၊ ကော်စေးနှောညီ
ပင်လုံအလှ ၊ သက်သေပြပြီ
ပြည်နယ်ပြည်မ ၊ စည်းလုံးကြသည်
ငြိမ်းချမ်းမှ ၊ လောကသာယာစည်
ကျေးဇူးကန်းက ၊ ပူလောင်တတ်သည်
မုဒိတာများသံဝေဂပွားမှ ၊ မေတ္တာရေအေးကြည်။

(၁၀) ဥပေက္ခာပါရမီ=လျစ်လျုရှခြင်း

ချိန်ခွင်ပမာကွဲ့  ၊ ဗယ်ညာတဲ့ညီ
ငွေများသဟဲ့လို့ ၊ တရားမပျက်ပြီ်
မျက်နှာကြီးလဲ ၊ ဟင်းဖတ်တူသည်
မြှောက်တိုင်းမမြောက် ၊ ခြောက်လဲမကြောက်အတည်
ပြည်သူ့စီးပွား ၊ ထောက်ထားဂုဏ်ရည်
“အဘကြီး” မှန်လဲ ၊ ဥပေစ်ပဲ အမြဲ လုပ်ဖြစ်ကြရမည်။


ခန့်ကေတု
..............................................
အုပ်ချုပ်သူလူတန်းစား ၊ အလိမ္မာပွားဖို့၊ များများ Share လိုက်ကြပါစို့။

...............................................
Khant Nyar ထံမှ ရှယ်ပေးလိုက်တာ ဖြစ်ပါတယ်။

Saturday, July 14, 2012

စစ်တွေမြို့၊ ရခိုင်တိုင်းရင်းသားဒုက္ခသည်များကူညီစောင့်ရှောက်ရေး မြို့လုံးကျွတ်ကော်မတီက UN နှင့် INGOs များအပေါ် သဘောထားကြေငြာချက်



















































ယနေ့ 14-7-2012 နေ့တွင် စစ်တွေမြို့၊ ရခိုင်တိုင်းရင်းသားဒုက္ခသည်များကူညီစောင့်ရှောက်ရေး မြို့လုံးကျွတ်ကော်မတီက UN နှင့် INGOs များအပေါ် သဘောထားကြေငြာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။ အဆိုပါကြေငြာချက်တွင် ဇူလိုင်လ(၁၁)ရက်နေ့တွင် နိုင်ငံတော်သမ္မကြီးက UNHCR တာဝန်ရှိသူတို့အားပြောကြားသည့် သဘောထားမှတ်ချက်အား ထောက်ခံကြောင်း၊ UN နှင့် INGOs တို့သည် ခေတ်အဆက်ဆက်ကပင် ရခိုင်ပြည်တွင် အခြေတည်ပြီး တရားမ၀င်ကျူးကျော်ဝင်ရောက်လာသည့် နိုင်ငံခြားသား ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီလူမျိုးကိုကိုထောက်ပံ့ခဲ့ကြောင့် ယခုကဲ့သို ဘင်္ဂလီများ၏အကြမ်းဖက်မှုကို ရခိုင်တိုင်းရင်းသားများခံစားခဲ့ရကြောင်း၊ သို့အတွက်ကြောင့် အဆိုပါ UN နှင့် INGOs တို့မှ ရခိုင်တိုင်းရင်းသားများအပေါ် ပေးအပ်မည့် မစို့တပို့အကူအညီကိုလုံးဝငြင်းပယ်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။
သတင်းနှင့်ဓာတ်ပုံ-ဒီနွေဦး(စစ်တွေ)

News of Myanmar မှ ကူးယူဖော်ပြပါတယ်။

ရပ်တန်းကရပ်ဖို့ အချိန်တန်ပြီ




နှစ်ပေါင်းများစွာအုပ်ချုပ်သူအာဏာပိုင်များသည်  ပြည်သူလူထုလူတန်းစားအလွှာအသီးသီးတွေအပေါ် ရန်ငြိုးရန်စမရှိပဲ  အငြိုးကြီးစွာ ဖမ်းဆီး၊ နှိပ့်စက်၊ ညှင်းပမ်း၊ သတ်ဖြတ် ခဲ့သည့်အပြင်- အဓမ္မစေခိုင်းခြင်း၊အဓမ္မပြုကျင့်ခြင်း၊ ကိုယ့်ရပ်ကိုယ့်ကျေးရွာတွေကိုစွန့်ခွါပြီး တောထဲတောင်ထဲတွင် စစ်ပြေး
စစ်ရှောင်ဘဝနှင့် နေခဲ့ကြရပြီး၊ လူမသိသူမသိသတ်ဖြတ်ညှင်းပမ်းနှိပ့်စက်ခြင်းတို့ကိုခံခဲ့ရခြင်း၊ လူသိသူသိ သတ်ဖြတ်ညှင်းပမ်းနှိပ့်စက်
ခြင်းများခဲ့ရခြင်း၊ ခလေးစစ်သားများအား အဓမ္မစုဆောင်းခြင်း၊ လူသားများကို မိုင်းရှင်းကရိယာအဖြစ်အသုံးပြုခြင်း၊ အစလိုက်အပြုံလိုက်
သတ်ဖြတ်ပြီး လူသားအဖြစ်ရပ်တည် ခွင့်မပြုခြင်း၊ လယ်ယာခြံမြေများကိုအတင်းအဓမ္မသိမ်းဆီးပြီး ထိုက်သင့်ထိုက်တန်တဲ့ နစ်နာဆုံးရှူံး
မှုမရရှိပဲ အဓမ္မပြောင်းရွေ့မှုများခံခဲ့ရခြင်း၊ ကုန်ဈေးနှုန်းအဆမတန်မြှင့်မားလာသည့်ဒဏ်ကို ပြည်သူအများအလူးအလိမ့်ခံစားခဲ့ရခြင်း စသည့်ဆိုးဝါးခါးတီးလှသော လူမှုဒုက္ခအဝဝတို့ကို ခလေး၊ လူကြီး အားလုံးတို့သည် ခါးစီး
ပြီးခံစာခဲ့ကြရပါသည်။ အထူးသဖြင့် ထိုဒဏ်ကို မိခင်နဲ့ ခလေးများက ဆိုးဆိုးရွားရွားခံစားခဲ့ကြရပါသည်။

နှစ်ပေါင်းများစွာ ကျောင်းတော်ကရန်စရှိထားခဲ့ကြသည့် အုပ်ချုပ်သူလူတန်းစား၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအင်အားစု
တို့သည် နိုင်ငံရေးအရ သဘောထားကွဲလွဲကာ အငြိုးကြီးစွာဖြင့် ဘတပြန် ကျားတပြန် ပစ်- ခတ်- ရပ်ပြည်တွင်းစစ်နဲ့ ဖမ်းလိုက်- ဆီး
လိုက် လွှတ်လိုက်လုပ်နေသည့် နိုင်ငံရေးပဋိပက္ခကြီးကြောင့်  တိုင်းရင်းသားပြည်သူအများသည် ကျွဲနှစ်ကောင်ခတ်သည့်ကြားတွင် မြေဇာ
ပင်အတိဖြစ်ခဲ့ကြရသည်။ အစိုးရပြောင်းလဲမှုတခု ဖြစ်ဖို့အတွက် ရေရှည်တောလှန်ရေး၊ ရေရှည်နိုင်ငံရေးပဋိပက္ခ မဖြစ်သင့်သည်ကို
နှစ်ဖက်သောခေါင်းဆောင်များက အလေးအနက်စဉ်းစားသတိပြုကြရမည်။ ထို- နှစ်ရှည်နိုင်ငံရေးပဋိပက္ခနှင့် နှစ်ရှည်ဖြစ်ပွါးခဲ့သည့် ပြည်
တွင်းစစ်၏ ရလဒ်ကြောင့် ချမ်းသာအတိရှိခဲ့သည့်တိုင်းပြည်သည် အဖက်ဖက်မှယိုယွင်းပျက်ဆီးခဲ့ရပြီး ဆင်းရဲသောတိုင်းပြည်သို့ ဆိုဒ်
ရောက်ခဲ့ရသည်။ ဤသို့ဆိုလျှင် ထိုနှစ်ရှည်လများဖြစ်ပွါးခဲ့ကြသည့် ပြည်တွင်းစစ်နှင့် နိုင်ငံရေးပဋိပက္ခများကိုအဆုံးသတ်ရန်လိုပါသည်။
 ((( ဒီနေရာမှာ မှတ်ချက်တခုအနေနဲ့ အနည်းငယ်ရေးသား တင်ပြလိုပါသည်.....နှစ်ရှည်လများဖြစ်ပွါးနေသော နိုင်ငံရေးနှင့် စစ်ရေး
ပဋိပက္ခများကို နိုင်ငံရေး- စစ်ရေးခေါင်းဆောင်အိုကြီးများကကိုင်သွယ်မဖြေရှင်းနိုင်လျှင်....ဖြေရှင်းလို့နိုင်မယ့် လူငယ်မျိုးဆက်သစ်တွေ
ကို နိုင်ငံနဲ့ လူမျိုးအကျိုးကိုရှေးရှူပြီး နိုင်ငံအရေးတာဝန်များကို လက်ပုခုံးပြောင်းတာဝန်ကိုလွဲပြောင်းပေးဖို့တော့လိုပါတယ်။ သို့မှသာ ပြေမ
လည်နေသေးသည့် နိုင်ငံရေး၊ စစ်ရေးပဋိပက္ခတွေကိုင်တွယ်ဖြေရှင်းပေးနိုင်လိမ့်မည်ဟု စာရေးသူအနေဖြင့် အကြွင်းမဲ့ယုံကြည်ပါသည်
 ))))) အခုဆိုရင် တဖြည်းဖြည်းနဲ့ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်တွင် နှစ်ဖက်အင်အားစုများ၏ အပြုသဘောဆန်စွာကိုင်တွယ်ဖြေ
ရှင်းမှုကြောင့် အဆိုးသံသရာထဲက ရုန်းထွက်လာခါစရှိသေးသည့်   မြန်မာနိုင်ငံ၏ နိုင်ငံရေးသည် ပြောင်းလဲမှုများ အထိုက်အလျှောက် ရှိသော်ငြားလည်း စိတ်နှလုံးဒုန်းဒုန်းချရမည့် စိတ်ချရမည့်နိုင်ငံရေးလမ်းကြောင်းမှန်ပေါ်သို့မရောက်ရှိသေး။ ထိုကြောင့် သတိကြီးကြီးထား
ကာ အားလုံးပူးပေါင်းဆောင်ရွက်လုပ်ကိုင်နိုင်မည့်ရှေ့- နိုင်ငံရေးလုပ်ငန်းစဉ်များက လက်ရှိုအစိုးရမှ ချမှတ်အကောင်ထည်ဖော်ကြိုးပမ်း လုပ်ဆောင်သွားကြရန်လိုပါသည်။
လက်ရှိသမ္မတ ဦးသိန်းစိန်မှ အစိုးရ၏အုပ်ချုပ်ရေးယန္တရားတွင် စစ်တပ်ကပါဝင်မှုမရှိကြောင်းတရားဝင်ထုတ်ဖော်ပြောခဲ့သော်ငြား
လည်း၊ အချို့သောအစိုးရအာဏာပိုင်တွေက အစိုးရ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကိုထိခိုက်စေသည့် လုပ်ငန်းများကိုပြုလုပ်ပြု
လုပ်နေသည်ကို လက်ရှိ- ဦးသိန်းစိန်အစိုးရမှ ထိရောက်စွာကိုင်တွယ်ဖြေရှင်းကာ အပြစ်ပေးအရေးယူဆောင်ရွက်မှုများလုပ်ရန်လိုအပ်
နေပါသေးသည်။ ဥပမာ ။ ။ နှစ် ၅၀ ပြည့် ဆဲဗင်းဇူလိုင် အခမ်းနားပြုလုပ်ကျင်းပမည့်သူများကို ခေါ်ယူစစ်ဆေးပြီး အခမ်းနားပြုလုပ်ကျင်း ပခြင်းကို ဟန့်တားနှောက်ယှက်ခြင်း၊ အခုကြားသိနေရတဲ့သတင်းအရ ပဲခူးမြို့တွင် ဇူလိုင်လ ၁၉ ရက်နေ့မှာကျရောက်မည့် ( ၆၅ )
နှစ်ပြည့် အာဇာနည်နေ့အခမ်းနားအား အစိုးရအာဏာပိုင်များက ပိတ်ပင်တားမြစ်ထားသည်ကို ကြားသိနေရပါသည်။ အမှန်တကယ်ဆို အစိုးရကိုယ်တိုင်ဦးစီးကာတနိုင်ငံလုံးအတိုင်းတာအရ ခမ်းခမ်းနားနားပြုလုပ်ကျင်းပပြုလုပ်ပေးရန်လိုပါသည်။
ထိုသို့ပိတ်ပင်တားမြစ်ခြင်းသည် အစိုးရ၏ ပြုပြင်ပြောင်းလဲရေးကို လူအများက သံသယဖြစ်စေပါသည်။ ဆိုလိုသည်မှာ မလိုလားအပ်တဲ့
ပိတ်ပင်တားမြစ်ခြင်းကို မပြုလုပ်သင့်ပေ။ ဒီမိုကရေစီနိုင်ငံတော်ဆီသို့ချီတက်လျှင် စိုးရိမ်ကဲပြီး တိုင်းပြည်ကိုအကြောက်တရားနဲ့
အုပ်ချုပ်နေ၍မရပါ၊ ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကို ရဲရဲလုပ်ဆောင်သွားရန်လိုပါသည်။ တိုင်းပြည်
ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတွင်လည်း လူထုလူတန်းစားအလွှာအသီးသီးကို အုပ်တချပ်သဲတပွင့် နိုင်ရာတာဝန်များကိုထမ်းဆောင်
ခွင့်ပြုရန်လိုပါသည်။ ဒီနေရာမှာ သတိချပ်ရမှာက ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းမှသည် ဗိုလ်သန်းရွှေလက်ထက်ထိ စစ်တပ်ခေါင်းဆောင် တဦးတည်း၏ အမိန့်အာဏာအုပ်ချုပ်မှုအောက်တွင် အစိုးရအာဏာပိုင်များက တိုင်းပြည်ကိုထင်သလိုစိတ်တိုင်းကျအုပ်ချုပ်ခဲ့သည့်
အတွက် ယနေ့တိုင်းပြည်သည်နလန်ပြန်လည်မထူနိုင်ပဲ ကိုးပါးမှောက်ခဲ့ရသည်ကို လက်ရှိအစိုးရမှ သင်ခန်းစာကောင်းကောင်း ယူ စေလိုသည်။
နိဂုဏ်းချုပ်အနေနဲ့ ရေးသားလိုသည်မှာ ဒဏ်ရာပလပွနဲ့ တိုင်းပြည်ကိုကြည့်ပြီး လူကိုသေကြေပျက်ဆီး ဒုက္ခမျိုးစုံရောက်စေတဲ့ နိုင်ငံရေး
ပဋိပက္ခနဲ့ စစ်ရေးပဋိပက္ခတွေအဆုံးသတ်စေရေးအတွက် အကျိုးမရှိတဲ့ စစ်ရေး၊ နိုင်ငံရေးပဋိပက္ခများ ရပ်တန်းက ရပ်ဖို့ အချိန်တန်ပြီ
ဖြစ်အကြောင်းအကြံပြုရေးသားလိုက်ပါသည်။
( ကိုဗလိုင် ) အမေ့သား
 by Ko Baloi on Saturday,
July 14, 2012 at 11:35am

အမေရိကန်-အာဆီယံ စီးပွားရေးဖိုရမ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ


by Yangon Media Group on Friday, July 13, 2012 at 10:16pm ·
အမေရိကန်-အာဆီယံ စီးပွားရေးဖိုရမ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောကြားသည့်မိန့်ခွန်း

 ဆီရမ်ရိ၊ ကမ္ဘောဒီးယား -  ဇူလိုင် ၁၃
မင်္ဂလာပါ-

လေးစားအပ်ပါသော အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံအတွင်းရေးမှူးချုပ် နှင့်တကွ ကြွရောက်လာကြသော ဧည့်သည်တော်များခင်ဗျား-


ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ပြည်သူများအားလုံး ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုများကို ရှင်းလင်း တင်ပြလိုပါတယ်။

ဒီကနေ့ ဒီအချိန်ဟာ ကျွန်တော်တို့မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့တဲ့ ၁၉၄၈ ခုနှစ်နောက်ပိုင်း အလွန်အရေးကြီးတဲ့ သမိုင်းကြောင်း အလှည့်အပြောင်း အချိန်အခါကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ သန်းပေါင်း(၆၀)ကျော် ရှိတဲ့ နိုင်ငံသားတွေ၊ အမျိုးပေါင်း (၁၀၀)ကျော်တဲ့ ဘာသာစကား၊ ယဉ်ကျေးမှု အသီးသီးနဲ့ တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်လျက်ရှိတဲ့ ကျွန်တော်တို့ နိုင်ငံဟာ ပထဝီအနေအထားအရ ကမ္ဘာ့အင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယအကြားတည်ရှိနေပါတယ်။ ဒီ့ပြင် အရှေ့တောင် အာရှဒေသမှာ မဟာဗျူဟာမြောက် တည်ရှိပြီး၊ သယံဇာတအရင်းအမြစ်တွေပေါများတဲ့ ကျွန်တော်တို့ နိုင်ငံဟာ ကမ္ဘာ့နိုင်ငံများအကြားမှာ ဖွံ့ဖြိုးမှု နောက်ကျလျက် ရှိပါတယ်။

ရာစုနှစ် ထက်ဝက်နီးပါး ကြာခဲ့ပြီးမှ ဒီကနေ့ဆိုရင် ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းကို ဦးတည်ပြီး ညင်သာတဲ့အပြောင်းအလဲနဲ့ နိုင်ငံသစ် တည်ဆောက်ရေးကို ကြိုးပမ်းနေပါတယ်။ စစ်ဘက်အုပ်ချုပ်ရေးစနစ် အောက်မှ ရုန်းထွက်ပြီး၊ လက်နက်ကိုင် ပဋိပက္ခတွေလည်း ချုပ်ငြိမ်းတဲ့၊ ထာဝရငြိမ်းချမ်းရေး ပတ်ဝန်းကျင်မှာ နိုင်ငံဖွံ့ဖြိုး တိုးတက်စေမယ့် ဒီမိုကရေစီ ခေတ်သစ်သို့ ချီတက်နေတဲ့ အထူးအရေးကြီးတဲ့ အချိန် ဖြစ်ပါတယ်။
ကျွန်တော်တို့အစိုးရရဲ့ ပြေပြစ်မျှတတဲ့ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတစ်ရပ် ဖော်ဆောင်ရေးနဲ့ နိုင်ငံတော်သစ် တည်ဆောက်ရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ အခက်အခဲ၊ အကျပ်အတည်း အမျိုးမျိုး ကြုံတွေ့ကြရမယ် ဆိုတာကို ကြိုတင် မျှော်မှန်းထားပြီး ဖြစ်ပါတယ်။ လက်ရှိ အချိန်အထိလည်း စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရတာ အားလုံးအသိဘဲ ဖြစ်ပါတယ်။ အစိုးရသစ် ပေါ်ထွက်လာချိန်မှာ မယုံကြည်နိုင်သော သံသယမျက်လုံးများနဲ့ အကဲခတ် စောင့်ကြည့်ခဲ့ကြသော်လည်းဘဲ အချိန်ကာလ ရှည်ကြာလာတာနဲ့အမျှ ကျွန်တော်တို့ အစိုးရရဲ့ စစ်မှန်တဲ့ သဘောထား၊ မှန်ကန်ပြီး ပွင့်လင်းမြင်သာတဲ့ ကြိုးပမ်း အားထုတ်မှုတွေကြောင့် ထောက်ခံ အားပေးလာကြပြီ ဖြစ်ပါတယ်။

တစ်ဘက်မှာလည်း စောင့်ကြည့်ဦးမယ် ဆိုတဲ့သူတွေ ရှိသလို၊ ကျွန်တော်တို့ နိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဆက်လက်ထားရှိ ဖိအားပေးဖို့ တိုက်တွန်းနေတဲ့သူတွေလည်း ရှိနေဆဲဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့အစိုးရရဲ့ ပကတိ အခြေအနေမှန်၊ ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေကို စာနာ နားလည်ကြသူ တွေလည်း အများအပြား ရှိနေပါတယ်။

ဧည့်သည်တော်များခင်ဗျား-

အစိုးရသစ် အပြောင်းအလဲဖြစ်လာတာနဲ့အညီ မြန်မာနိုင်ငံသား အားလုံးဟာ အပြောင်းအလဲကို လိုလားလျက်ရှိပါတယ်။ ကျွန်တော်တို့ အစိုးရရဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အားလုံးဟာ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ဘဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့ အနေနဲ့ ပြုပြင်ပြောင်းလဲမှု (၃) ရပ်ကို တစ်ပြိုင်တည်း ဖော်ဆောင်လျက်ရှိ ပါတယ်။

ပထမဆုံးပြုပြင်ပြောင်းလဲမှုကတော့ ရာစုနှစ်ဝက်ခန့် ကျင့်သုံးခဲ့တဲ့ ဗဟိုဦးစီးအုပ်ချုပ်မှု စနစ်အောက်က ရုန်းထွက်ပြီး ရင့်ကျက်ခိုင်မာတဲ့ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းနိုင်ဖို့ ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရက်တစ် အလေ့အထတွေ ကွယ်ပျောက် နေခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံနဲ့ ပြည်သူတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီးဘဲ ဖြစ်ပါတယ်။ အခြေခံအဆောက်အဦတွေ အားနည်းခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်၊ လွှတ်တော်အသစ် အပြင်၊ တရားစီရင်ရေးကဏ္ဍ ကိုလည်း ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေအုံးမှာဖြစ်ပါတယ်။ ခေတ်သစ်၊ စနစ်သစ် နဲ့ ကိုက်ညီခြင်းမရှိတော့တဲ့ ဥပဒေများကိုလည်း ဖျက်သိမ်းခြင်း၊ ပြင်ဆင်ပြဌာန်းခြင်းတို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီ့ပြင် နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးနေတဲ့ ဗျူရိုကရေစီစနစ်နဲ့ အစိုးရဝန်ထမ်းတွေရဲ့ စိတ်ထားကိုလည်း ပြုပြင်ပြောင်းလဲ ရမှာ ဖြစ်ပါတယ်။

အားလုံးသိပြီးဖြစ်တဲ့အတိုင်း NLD ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံခဲ့ပြီး မတူညီတာတွေ ဘေးဖယ်ထား၊ တူညီတာတွေ လက်တွဲ လုပ်ကိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ထဲကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒါ့ပြင် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများမှ ခေါင်းဆောင်တွေ၊ ပြည်တွင်းပြည်ပ ပညာရှင်တွေ၊ စာပေ/စာနယ်ဇင်းသမားတွေ၊ ကဏ္ဍမျိုးစုံမှ လူပေါင်းများစွာနဲ့ တွေ့ဆုံ ညှိနှိုင်းမှုတွေ ပြုလုပ်ပြီး လက်တွဲခေါ်ဆောင်ခဲ့ ပါတယ်။

နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေးအတွက် မျှော်မှန်းပြီး ပြန်လွှတ်ပေးခဲ့သလို၊ သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာများ ပွင့်လင်းစွာ အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ ထိန်းချုပ် ကန့်သတ်မှုတွေ ပယ်ဖျက်ပေးခဲ့ပါတယ်။ ပြည်ပရောက် နိုင်ငံသားတွေ ပြန်လာနိုင်အောင် လည်း ဖိတ်ခေါ်ခဲ့ပါတယ်။ စာပေထုတ်ဝေရေး စိစစ်မှုလုပ်ငန်းစဉ်တွေကို အဆင့်ဆင့် လျှော့ချပေးခဲ့ပါတယ်။ မကြာခင်ကာလမှာ လွတ်လပ်ပွင့်လင်းစွာ ဆောင်ရွက်နိုင်တဲ့ မီဒီယာဖြစ်လာအောင် ဥပဒေနဲ့အညီ လုပ်ဆောင်ပေးဖို့လည်း ကတိကဝတ်ပြုထားပြီး ဖြစ်ပါတယ်။

နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများကို ဥပဒေနဲ့အညီ ဖွဲ့စည်းခွင့်ပြုခဲ့သလို ဆယ်စုနှစ်ပေါင်းများစွာ ခွင့်ပြုခြင်းမရှိခဲ့တဲ့ အလုပ်သမား အစည်းအရုံး ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့် စတဲ့ အခြေခံလူ့အခွင့်အရေးများ အတွက် ဥပဒေများကို ပြဌာန်းခွင့်ပြု ပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒုတိယပြုပြင်ပြောင်းလဲမှုကတော့ စစ်ပွဲများမှသည် ငြိမ်းချမ်းရေးဆီ သို့ လို့ ဆိုနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ပြည်တွင်းစစ်လို့ မှတ်ယူနိုင်တဲ့ ပဋိပက္ခတွေဟာ ကျွန်တော်တို့ နိုင်ငံလွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်ခဲ့တာ နှစ်ပေါင်း (၆၀)ကျော် ကြာခဲ့ပြီဖြစ်ပါတယ်။ ဒီပဋိပက္ခတွေကို ပြီးခဲ့တဲ့ တစ်နှစ် အတွင်းမှာ ပုံစံအသစ်၊ ဒိုင်ယာလော့ အစစ်အမှန်နှင့် စေ့စပ် ညှိနှိုင်းခဲ့ရာမှာ ယခုဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၁၀) ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေလက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။ နောက်ဆုံး ကျန်နေ သေးတဲ့ ကချင်ပြည်နယ်မှ KIO/KIA နဲ့လည်း သဘောတူညီချက် ရရှိနိုင်အောင် စစ်မှန်သော ငြိမ်းချမ်းရေးရလိုမှု ဆန္ဒတွေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ မကြာမီ ကာလမှာ အောင်မြင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

တတိယပြုပြင်ပြောင်းလဲမှုကတော့ ဗဟိုဦးစီးစီမံကိန်း စီးပွားရေးစနစ်ကို ဈေးကွက် စီးပွားရေး စရိုက်လက္ခဏာများ  ပီပြင်စွာနဲ့ စီးပွားရေး တိုးတက်မှုရရှိလာအောင် ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ မိုက်ခရိုစီးပွားရေး အနေနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မဟာဗျူဟာကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ လိုက်လျောညီထွေရှိမယ့် အသေးစား ချေးငွေဆိုင်ရာ ဥပဒေများကိုလည်း ဟန်ချက်ညီ ပြဌာန်းပေးပြီး ဖြစ်ပါတယ်။ မက်ခရိုစီးပွားရေး အဆောက်အအုံ တောင့်တင်း ခိုင်မာစေဖို့အတွက် ပြည်တွင်းပြည်ပ ပညာရှင်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်တွေရဲ့ အကူအညီများကို ရယူပြီး ပြုပြင်ပြောင်းလဲမှုများ မြှင့်တင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အမျိုးမျိုး အဖုံဖုံ ဖြစ်နေတဲ့ ပြည်တွင်းငွေလဲနှုန်းကိုလည်း ပြင်ပဈေးကွက်နဲ့အညီ ဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ ပြုပြင်ပြောင်းလဲမှု (၃) ရပ်ကို တစ်ပြိုင်တည်း ဆောင်ရွက်ရာမှာ စိန်ခေါ်မှုတွေ အများကြီးရင်ဆိုင်ရပြီး အောင်မြင်မှုရရှိဖို့ အထူးကြိုးစားရပါတယ်။ ဥပမာအားဖြင့်- လတ်တလောဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့တဲ့ ပြဿနာမျိုးကို ကျွန်တော်တို့ အောင်မြင်အောင် ကြိုးစားထိန်းသိမ်းနိုင်ခဲ့ ပါတယ်။

 ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်ရာမှာ ပြည်ပနိုင်ငံအချို့က ချမှတ်ခဲ့တဲ့ ပိတ်ဆို့ အရေးယူမှုများကြောင့် ကမ္ဘာ့ဘဏ်၊ IMF၊ ADB နဲ့ UNDP တို့ထံမှ အကူအညီမရနိုင်တဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ပြည်သူများရဲ့ အကျိုးစီးပွားအတွက် ကမ္ဘာ့နိုင်ငံများထံမှ အတတ် ပညာတွေ သင်ယူပြီး၊ ဒီနိုင်ငံတွေနဲ့ စီးပွားရေးဆက်သွယ်ဆောင်ရွက်ဖို့ ဆန္ဒ ပြင်းပြသော်လည်း ပိတ်ဆို့အရေးယူမှုများက ကန့်သတ်ထားဆဲ၊ အခက်အခဲ ကြုံနေရဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနိုင်အောင် ဖိတ်ခေါ်နေသလို ရင်းနှီး မြှုပ်နှံမှုကော်မရှင်ကိုလည်း မူဝါဒ (၄) ရပ်ချမှတ်ပြီး ဆောင်ရွက်စေလျက်ရှိ ပါတယ်။ ဒီမူဝါဒ (၄) ရပ်ကို တင်ပြရမယ် ဆိုရင် (၁) နိုင်ငံသားများ၏ အကျိုး စီးပွားကို မထိခိုက်စေဖို့၊ (၂) နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေဖို့၊ (၃) အချုပ်အခြာအာဏာကို မထိခိုက်စေဖို့နဲ့ (၄) သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက် စေဖို့တို့ဘဲ ဖြစ်ပါတယ်။ ဒီ့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ပြဌာန်းပြီး နိုင်ငံတကာမှာ ကျင့်သုံးတဲ့ စံနှုန်းများနဲ့အညီ ရင်းနှီးမြှုပ်နှံသူများ အကျိုးစီးပွားနဲ့ နိုင်ငံအကျိုးစီးပွားတို့ မျှတစွာခံစားနိုင်ရန် စတင်ဆောင်ရွက်လျက်ရှိပါတယ်။ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် ကျွမ်းကျင်တဲ့ နိုင်ငံရပ်ခြားက ပညာရှင်တွေထံမှ အကြံဉာဏ်များ ရယူဆောင်ရွက်လျက် ရှိပါတယ်။

 နိဂုံးချုပ်အနေနဲ့ယနေ့ အာရှရဲ့ဖွံ့ဖြိုးတိုးတက်မှုအခြေအနေဟာ ကမ္ဘာမှာ အရေးပါလာတာကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ အာရှဒေသအဖွဲ့ဝင် နိုင်ငံများအချင်းချင်း အပြန်အလှန်လေးစားမှု၊ အားလုံး လိုက်နာနိုင်မယ့် စည်းကမ်းဥပဒေများ ထားရှိကျင့်သုံးမှုတို့ကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကောင်းဆုံးအနေအထားသို့ တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ ပါရှိလာတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနဲ့ သဘာဝဘေးအန္တရာယ်ရန်ကို ကာကွယ်ဖို့အတွက် အစိမ်းရောင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်မှုတို့ကို အရည်အသွေး ပြည့်မီတဲ့ နည်းပညာများနဲ့ ကျွန်တော်တို့တစ်တွေ ရင်ဆိုင်သွားနိုင်မှာဖြစ် ပါတယ်။ ဒီအခက်အခဲတွေကို အာရှနိုင်ငံများ အချင်းချင်း အပြန်အလှန် အကူအညီပေးပြီး ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှုများ ဆောင်ရွက် နိုင်မယ်လို့ ယုံကြည်ပါတယ်။ အာရှဒေသတွင်း ပွင့်လင်း တံခါးဖွင့်ဝါဒ လိုက်နာကျင့်သုံးသွားရင် ကမ္ဘာကြီး ငြိမ်းချမ်း သာယာဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်မှာ ဖြစ် တယ် လို့ ခံယူမိပါတယ်။

ကျွန်တော်တို့နိုင်ငံအနေနဲ့ နှစ်ပေါင်း (၆၀) ကျော် အထီးကျန်ပြီး ဖွံ့ဖြိုးမှု နောက်ကျ ကျန်ခဲ့ရပါတယ်။ အာရှမှာ မိတ်ဆွေနိုင်ငံအများက အလေးထား အသိအမှတ်ပြုခံရမယ့် ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် ရောက်ရှိ လာအောင် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားပါ့မယ်။ အာဆီယံအဖွဲ့ကြီးရဲ့ RICH ASEAN 2030 အစီအစဉ်မှာ ကျွန်တော်တို့ အစွမ်းကုန် ပူးပေါင်း ပါဝင်သွားမှာ ဖြစ်သလို ကမ္ဘာ့နိုင်ငံ အများစုနဲ့ပါ အပြန်အလှန် နားလည် ယုံကြည်မှု၊ မိတ်ဝတ်မပျက် ဆက်ဆံမှုတို့ကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကြုံတွေ့လာရမယ့် စိန်ခေါ်မှုများကို ရင်ဆိုင်သွားမယ်လို့ ကတိပြု ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။


POOL
သတင်း ...ရန်ကုန်မီဒီယာ ဂရု

၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ။


အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်း ပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။ သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အား ပြန်ပြောင်းသတိရမိသည့်အားလျှော်စွာ သူ၏ ပြောင် မြောက်သော မိန့်ခွန်းကို ရှာဖွေဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။။

(ဗိုလ်ဥတ္တမကျော်)
…………………………………………………………………….




ရဲဘော်တို့
ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့ အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။
ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့ တပြိုင်နက် ရဲ ဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံ တော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကိုထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။
ပထမဆုံး ရဲဘော်တို့ကိုမှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော် ဟာလည်း ဗမာတနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။
ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာမဟုတ်။ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ် တယ်။ ဒီတပ်မတော်ဟာ တဖွဲ့တပါတီ လူတစုအတွက် တည်ထောင်ထား တာမဟုတ်။တနိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။
တကယ့်သစ္စာဖြစ်ရမယ်
ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ် လက်ထက်ကလို ကြေးစားတပ် မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာကွယ်စောင့်ရှောင့်ဖို့ နိုင်ငံ နှင့်အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုး၏ သစ္စာကို အမြဲစောင့်ရမယ်။ ရှေးတုန်း ကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့်တာမဟုတ်။ အဲဒီလိုစောင့်တဲ့ သစ္စာဟာ ဝတ်ကြေတမ်းကြေစောင့်တဲ့ သစ္စာ ဖြစ်တယ်။ အခု ငါတို့ဟာ ငါတို့အမျိုး ငါတို့နိုင်ငံကို သစ္စာစောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့် သစ္စာဖြစ်ရမယ်။ အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ် ရဘူး။ ဘယ်လိုစောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအ တိုင်း အဆင့်ဆင့်ခန့်အပ်ထားတဲ့ အကြီးအမှူးအားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီ ကိုယ်စား နိုင်ငံနဲ့ အကျိုးကို သစ္စာစောင့်ခြင်းဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။ ဒီတော့ ရဲဘော်တို့ မေးစရာ စကားတခွန်း ရှိတယ်။ တကယ်လို့ ဒီအကြီး အမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကြိုးငဲ့ပြီး နိုင်ငံနဲ့ အမျိုးကိုသစ္စာမဲ့ပြီး လုပ်ရင် ဘယ့် နှယ့်လုပ်မလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှုးတွေ ဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက် ကြီးတဲ့လူ ဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ် ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှုးတွေ ရှိရင် ရဲဘော် တို့ရဲ့ အပေါ်မှာလည်း တည်တယ်။ ဥပမာ မတရားတဲ့ အ ကြီးအမှုးတယောက်က ဝတ္တရားနဲ့ မဆိုင်တဲ့ နိုင်ငံနှုင့် အများအကျိုးနဲ့ မပတ်သတ်တဲ့ အမိန်ကမျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျမကျ တရား မတရား နိုင်ငံနဲ့ အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီး တဲ့အကြီး အမှုး တယောက်ကို ဖြစ်ဖြစ် အခြားအကြီးအမှုးတယောက် ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။
တော်အောင်ကြိုးစားကြပါ
ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာ ရှိတဲ့ စစ်သားကလေးက စပြီး အားလုံး ရဲဘော်တွေထဲက ဖြစ် ဖြစ် ကျုပ်ထက် အရည်အချင်း အကျင့်စာရိတ္တ အလုပ်အကိုင် နိုင်ငံချစ်စိတ် အမြော်အမြင် ရှိတယ်လို့ တွေ့တာနဲ့တပြိုင် နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့ အားလုံး ကြိုး စားကြပါ။ တော်အောင် ကြိုးစားကြပါ။
ရာထူးအဆင့်အတန်း
ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာ ရှိသည့်အတိုင်းပြောပြမယ်။ ယခုအခါ ငါတို့အထဲမှာ နိုင်ငံအတွက် အမျိုးမျိုး အ နစ်နာခံဘူးတဲ့ လူတွေရှိတယ်။ ငါတို့ သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော်လည်း ရှေးကသာ ဒီလို အ နစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတတ်နိုင်ဘူး။ အကယ်၍ အခုလည်း အလုပ်လုပ်တယ်။ ရှေးကလည်း အနစ်နာခံဖူးတယ်ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုးတတ်မှာ အမှန်ပဲ။ ကနေ့ ဆိုင်ရာလူကြီးတွေ မသိသေး လို့ မတိုးတတ်သေးရင် နောက်တနေ့ တိုးတတ်မှာပဲ။ တကယ်တော်တဲ့သူတွေဟာ ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း သိဒ္ဓိတင်နေစရာမလိုဘူး။ လူကြီးတွေကိုလည်း မျက်နှာလုပ်စရာမလိုဘူး။ ဒါပေမယ့် နီပွန်က ပြန် လာလို့ စစ်ကျောင်းကဆင်းလို့ ရှေးက အနစ်နာခံဖူးလို့ဆိုပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူမှတတ် မှာ မဟုတ်ဘူး။ ဒီ့ပြင်လူတွေအတွက် ကျုပ်မပြောနိုင်ပေမယ့ှ်ဗမာ့တပ်မတော်မှာ ကျုပ်အခုနေရာမှာ တာဝန်ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့ စနစ်က တဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံးသိစေချင်တယ်။ ဒါက ရာထူးအ ဆင့်အတန်း တိုးတတ်တာနဲ့ ပတ်သတ်ပြီးရဲဘော်တို့ကို သိဘို့ပြောပြခြင်းပဲ။
တန်ခိုးပြဘို့မဟုတ်
တခြား မှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက် ဦးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဘို့မဟုတ်။ လက်နက်အားကိုးတန်ခိုးပြဘို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင်ပြောပြတာ ပဲ။ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လည်း မတရား မလုပ်။ နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေဆိုတာ အားလုံးသဘော ပေါက်အောင် ပြောပြခြင်းပဲ။ အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင် တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက် အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျ တော့ အရင်တုန်းကပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံဘဲ။ ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင် မကြောက်။ အားကြီးတဲ့အခါလည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင် တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်တယ်လို့ ပြောတာဘဲ။ နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အ မျိုးပဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကိုလုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ် ဆိုတဲ့လူ အားလုံးပဲ။ ဒီနေရာမှာ လူမျိုးရေးတရားအစစ်ကို ပြောပြချင်တယ်။
မှန်ကန်သော လူမျိုးရေးတရား
လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့်အမျိုးသာ ချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရားဘဲလား။ မ ဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ယုံနဲ့ ဒီ့ပြင်လူမျိုးကိုလည်း မုန်းဘို့မလိုဘူး။ သို့်သော်လည်း ကိုယ့်အမျိုးအကျိုးကို လာထိတဲ့ လူတွေကိုတော့ အတွင်းကလူ ဖြစ်ဖြစ် အပြင်ကလူ ဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့။ ဒါက ငါတို့အမျိုးရဲ့ ရန်သူ အဖြစ် သာ နှိမ်နင်းခြင်းဖြစ်တယ်။ ဘယ်လူမျိုး ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာမဟုတ်ဘူး။ ရာဇဝင်ကိုကြည့်ရင် ကမ္ဘာ့လူမျိုး တွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာ တွေ့ရမှာပဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါ ပေမယ့် တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးေ၇းလို့ ထင်တာ တထစ်ချမှားတယ်။ ကျုပ်တို့ဟာ မဆိုင်တဲ့တခြားလူမျိုး တွေကို မုန်းဘို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာပဲ ရှမ်းပဲ ကရင်ပဲ ချင်းပဲ စသဖြင့် ခွဲစရာ မလိုဘူး။
ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူမျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပါတ်သတ်ပြီး ကျုပ်မှာချင် တာပဲ။
ဇာတိမာန် ကောင်းကောင်းထားတတ်အောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေက လူဖျင်းတွေ လူပျင်းတွေ လူ ကြောက်တွေ လူပိုတွေ လူရိုင်းတွေ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာ တွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ပတ်သတ်ပြီး မှာချင်တာပဲ။
လူကြီးဆိုတာ ဘာလဲ
နောက် မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်နေပြီ။ လူကြီးဆိုတာ ဘာလဲ။ အသက်ကြီးတာကို ဆိုလိုတာ လား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့အလုပ်ကြီးရင် လူကြီးဘဲ။ အခု ငါတို့ ရဲဘော်တို့ရဲ့ အလုပ်ဟာ ငါတို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ဒါတွေကို ငါတို့ ရင်မြေကတုတ်လုပ်ပြီး ကာကွယ်ဘို့ပဲ။ ဒီ့ထက်ကြီးတဲ့အလုပ် ရှိနိုင်ပါဦးမ လား။ မရှိနိုင်ဘူး ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ရ မယ်။ အစစ အရာရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော်သည် ဟုတ်သည် မဟုတ်သည်ကို ဆင်ခြင်တိုင်းထွာနိုင်ရမယ်။ အခု ငါတို့ အချို့အ လုပ်တွေက သက်သေပြနေတယ်။ ဘေးကလူတွေပြောတိုင်း အရမ်းမယုံကြနဲ့။ စူးစမ်းဆင်ခြင်ပြီးမှ ယုံကြရမယ်။ ငါတို့ ဝတ္တရားနဲ့မဆိုင်တဲ့ အကျယ်အကျယ် ဖြစ်မယ့်ကိစ္စဆိုရင် ငါတို့ရှောင်ရမယ်။ ဘယ်လို ဘေးကလူက ဗိုလ်ကြီးရဲ့— ဘာ ကြီးရဲ့— နဲ့ လာမြှောက်ပေးပေး ငါတို့မပါရဘူး။ ဝတ္တရားနဲ့ ငါတို့တော့မဆိုင်ဘူး။ ဒါပေမယ့် ကောင်းတဲ့ကိစ္စ တရားတဲ့ ကိစ္စ လူအများ ကျေးဇူးတင်မယ့် ကိစ္စဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျူမရှု့ပါနဲ့။ ကူညီပေးကြပါ။ ဆွေမျိုးကိစ္စ မိတ် ဆွေကိစ္စတွေဟာ ကိုယ်တာဝန်လုပ်တဲ့အရေးမှာ မနှောက်ယှက်ပါစေနဲ့။
ဘယ်တော့မှ သစ္စာမဖောက်
နောက်ပြီးမှာချင်တာက ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ ဒီမှာသင်လိုက်တာတွေဟာ ပညာကုန်ပြီ မ ယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။ လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတဦး တည်းဖြစ်ဖြစ် တိုးတတ်မှုဟာ လက်ရှိအခြေအနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစားမှသာ တိုးတတ်မှုဖြစ်နိုင်တယ်ဆိုတာ ရာဇဝင် သမိုင်းတွေက ကောင်းကောင်းပြထားတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓါးထစ် မယူပါနဲ့။ အထင်မကြီးပါနဲ့။ ဒီ့ထက်တိုးအောင်လုပ်ကြပါ။ အခု ငါတို့နိုင်ငံဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟန်မကျတာတွေ အများကြီးပဲ။ ကျုပ်မှာလည်း ချွတ်ယွင်းချက်တွေ့ရှိတာဘဲ။ ကိုယ့်ချို့ယွင်းချက်ကို ကိုယ်ပြင်ကြရမယ်။
သို့ပေမယ့် ကျုပ် ရဲဘော်တို့ကို ကတိတခု ပြုမယ်။ နိုင်ငံနဲ့ အများအကျိုးရဲ့သစ္စာကို ကျုပ် ဘယ်တော့မှ မဖောက်။ ရဲဘော်တို့ထဲက ဖြစ်ဖြစ် ဒီ့ပြင်ထဲက ဖြစ်ဖြစ် ကျုပ်ထက်တော်တဲ့လူ ထွက်ပြ နိုင်ပါစေ။ ကျုပ်ဖယ်ပေးဘို့ အသင့်ပဲ။
စစ်သားမှစစ်သား ဆိုတဲ့စိတ်ကို ဖျောက်ကြ
နောက်ဆုံးတခု မှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓါတ်မထားကြဘို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံမှာ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ လူတွေရှိကြတာမဟုတ်ဘူး။ တခြားစစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုး မျိုး အနစ်နာခံ အမျိုးမျိုးစွန့်စား လုပ်ကြတဲ့ လူတွေလဲရှိတာပဲ။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တခုနားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ် တပ်ရဲ့ အခွင့်အရေးများကို မတရားချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေ ချင်ပါတယ်။
ကနေ့ ဒီမှာပြောတာတွေကို အားလုံးစစ်သားတွေ သိပါစေ။ သိအောင်ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။
http://forverfriends.ning.com/group/story/forum/topics/2863689:Topic:6978835

( Thuya Soemoe Daweithar ထံမှတဆင့် ကူးယူပါသည်)

http://www.naytthit.net/?p=28975


by Yeyint Kyaw on Saturday, July 14, 2012 at 2:16am ·

ရခိုင်ပြည်သား အပေါင်းသို့



မှတ်ချက်။    မခင်စန်းနွယ် ရေးသား တိုက်တွန်းလိုက်တာကို အင်တာနက်ပေါ်က ဓါတ်ပုံတချို့ ထပ်ဖြည့်ပြီး ဖော်ပြပေးလိုက်ပါတယ်။
လေးစားလျက်
လွင်အေင်စိုး
၁၄-၇-၂ဝ၁၂
..........................................................................................

ရခိုင်ပြည်သား အပေါင်းသို့

ကျမအနေနဲ့ ခုချိန်မှာ အမေရိကန်ပြည်ထောင်စုမှာ ရောက်နေပေမယ့်လည်း အမိမြန်မာနိုင်ငံရဲ့သတင်းကို စဉ်ဆက်မပြတ် စောင့်ဖတ်ခြင်းနဲ့ နားထောင်ခြင်းများကို
အချိန်ရသလောက် ကျိုးစားဆောင်ရွက်နေသူတဦးဖြစ်ပါတယ်။

ကျမငယ်စဉ်ကတည်းက ရခိုင်လူမျိုးတွေကို အင်မတန်မှလေးစားပါတယ်။ ဘာကြောင့်လဲဆိုရင် ရခိုင်ကမ်းမြောင် ဒေသမှာ ရခိုင်လူမျိုးတွေကြောင့် မြန်မာပြည်ဟာ ဘင်္ဂလာပြည်လက်အောက်ခံ မဖြစ်ခဲ့တာပါ။ ဘာသာရေးကိုလည်း အလွန်မှ ကြည်ညိုလေးစားတာ သိထားတော့ အမျိုး၊ဘာသာ၊ သာသနာအတွက် အလွန်တရာ ဂုဏ်ယူမိပါတယ်။

ကျမအနေနဲ့ ရခိုင်ပြည်နယ်ရဲ့လက်ရှိအခြေအနေကို အားမနာတမ်း ပြောရမယ်ဆိုရင် ရခိုင်ပြည်နယ်မှာ ဥပမာ မွတ်ဆလင် ဘာသာဝင်တယောက်က အိမ်ထောင်ပြုလျှင် မိန်းမ ၄ ယောက်ယူခွင့်ရှိပြီး ခလေးမွေးဖွားနှုန်းကလည်း အိမ်ထောင်စုတခုလျှင် ၂၈ ဦး ၊ အိမ်ထောင်တခုမှာ အနည်း ဆုံး ၁၀ ဦးနှုန်းနဲ့ မွေးဖွားခဲ့တော့ ယခုအခါမှာတော့ ရခိုင်မိသားစု ၁၀ ဦးလျှင် ခန့်မှန်းခြေ အလွန်ဆုံး ၂၀ နှုန်း တိုးခဲ့ပေ မယ့် မွတ်ဆလင်များက တော့ ၁၀ ဦးလျှင် ၂၀၀ နှုန်း တိုးပွားခဲ့ပါတယ်။

ဒီတော့ ကနေ့အခြေအနေဟာ ရခိုင် လူနည်းစုဖြစ်ခဲ့တာ မဆန်းပါဘူး။
အဓိက အဲဒီကိစ္စဟာ ရခိုင်လူမျိုးတွေမှာပဲ တာဝန်ရှိပါတယ်။  အခုတင်ပြတာကို စိတ်မဆိုးပါနဲ့။ အမှန်အတိုင်း ရိုးသားစွာ တင်ပြတာပါ။


(ရခိုင်ရိုးရာ သင်္ကြန်)

ရခိုင်လူမျိုးတွေဟာ ရခိုင်ပြည်နယ်မှာ ဆင်းရဲကြပ်တည်းလွန်းတာကြောင့် ၁၉၈၅ ခုနှစ်နောက်ပိုင်းနဲ့ အများဆုံးကတော့၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ တော်လှန်ရေးအတွက် ထိုင်းနိုင်ငံကိုထွက်ခဲ့ကြသလို ထိုင်းနိုင်ငံမှာ လုပ်ကိုင်စားသောက်ဖို့ ရနောင်း၊ ဘန်ကောက်၊ မဲဆောက်၊ ချင်းမိုင် စတဲ့နေရာတွေကို သောင်းနဲ့ချီရောက်ကြပါတယ်။

မလေးရှားမှာတော့ သောင်းနဲ့ချီတဲ့ ရခိုင်လူမျိုးများ ရောက်နေကြပါတယ်။
အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာလည်း ဒုက္ခသသည် အစီအစဉ်နဲ့ ထောင်ချီတဲ့ ရခိုင်လူမျိုးတွေ ရောက်ရှိနေပါပြီ။

အဆိုးဝါးဆုံးအချက်ကတော့ ရခိုင်လူမျိုးသည် မိမိတို့အမျိုးသားရေးကို ထိန်သိမ်းးတဲ့အနေနဲ့ အခြားသောလူမျိုးကို အိမ်ထောင်ပြုလေ့ မရှိကြပါ။

ထို့အပြင် ရခိုင်အမျိုးသမီးများကလည်း ပြည်ပနိုင်ငံတွေကို ထွက်လေ့ မရှိကြတော့ ရခိုင် အမျိုးသားတွေအနေနဲ့ မိမိတို့ လူမျိုးအချင်းချင်း အိမ်ထောင်ပြုဖို့ အခွင့်အလမ်းနည်းပါးကြတာ အမှန်ပါ။

ဒါကြောင့် အရင်က ဘယ်လိုဘဲဖြစ်စေတော့ ယခုအချိန်မှာ မြန်မာပြည်လည်း အပြောင်းအလဲ စတင်နေချိန်မို့ နိုင်ငံတကာရောက် ရခိုင်လူမျိုးများအနေနဲ့ ပြည်ပနိုင်ငံတွေမှာ နေရတဲ့ အခက်အခဲပေါင်းစုံကို ကျမလိုဘဲ ခံစားရမယ်ဆိုတာ ကိုယ်ချင်းစာမိပါတယ်။

ထို့ကြောင့် အမျိုးသားရေးတာဝန်တရပ်ကို ထမ်းဆောင်နိုင်ကြဖို့ မိမိတို့ဇာတိ ရခိုင်ပြည်နယ်သို့ပြန်ကြပြီး မိမိတို့လူမျိုးများရဲ့  မျိုးဆက်သစ်များကို လမ်းပြပေးကြစေလိုပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးမှာ စွမ်းအားရှိသလောက် ပါဝင်ဆောင်ရွက်နိုင်ကြဖို့နဲ့ မိမိတို့ ရခိုင်မျိုးဆက်သစ် တိုင်းရင်းသားစစ်စစ်များ တိုးပွားပြီး မျိုးဆက်အင်အား ကောင်းအောင် ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်။


(ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ)

ဆက်လက်ပြီး ပြည်ပမှာဘဲ နေကြမယ်ဆိုရင် တဖြေးဖြေးနှင့် ရခိုင်လူမျိုး ဆိုတာ နောင်အခါမှာ ပန်းချီဆွဲကြည့်ရမယ်လို့ သတိပေးပါရစေ။

ဒါကြောင့် ပြည်ပရောက် ရခိုင်အမျိုးသားများ (ရခိုင်လူမျိုးများအားလုံး) ရခိုင်ပြည်နယ်ကို ပြန်လာကြဖို့  တိုက်တွန်းပါရစေ။

ခင်စန်းနွယ်
(ဇီးကုန်းမြို့ ဦးစံလှဘော်၏ မြစ်။ ခေတ္တ/အမေရိကန်ပြည်ထောင်စု)

.......................
ဒီစာကို Freedom Burma group မှာ Ko Soe Win တင်ထားတာတွေ့လို့ ရှယ်ပေးလိုက်တာ ဖြစ်ပါတယ်။
......................
Lwin Aung Soe 
14.7.2012 စနေနေ့ 

မယ်တော်ဆေးခန်း ရန်ပုံငွေ အရေးပေါ် လိုအပ်






ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်တော်အရပ်မှာရှိတဲ့
ကျောင်းသားဆေးခန်းလို့ လူသိများတဲ့ မယ်တော်ဆေးခန်းမှာ အခုနှစ် ဇူလိုင်လကနေ နှစ်ကုန်အထိ ကျန်းမာရေး ပညာရေးနဲ့ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေအတွက် ရန်ပုံငွေ လိုအပ်နေပြီး ရန်ပုံငွေမရရှိပါက အရေးပေါ်လူနာ (၂၀၀)လောက် ဆေးဝါးကုသဖို့နဲ့
ဘော်ဒါဆောင်နေ ကျောင်းသား ၃၀၀၀ကျော် ပညာဆက်လက်သင်ကြားဖို့ အခက်အခဲတွေ့မှာဖြစ်ကြောင်း မယ်တော်ဆေးခန်းရဲ့တာဝန်ခံ
ဒေါက်တာစင်သီယာမောင်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မယ်တော်ဆေးခန်းမှာ ဒီနှစ်ဇူလိုင်လကနေ နှစ်ကုန်တဲ့အထိ ထိုင်းဘတ်ငွေ (၁၈)သန်းခန့်၊ အမေရိကန်ဒေါ်လာနဲ့ဆိုရင် (၆)သိန်းလောက် အကူအညီ အရေးပေါ်လိုအပ်နေတယ်လို့ စာရေးသားပြီး မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

အရေးပေါ်ရန်ပုံငွေမရပါက ကျန်းမာရေးစောင့်ရှောက်မှု တချို့နဲ့
ဘောဒါဆောင်နေ မိဘမဲ့ရွှေ့ပြောင်းမြန်မာကျောင်းသားကလေးငယ်တွေ အခက်အခဲ ဖြစ်မယ့်အခြေအနေကို မယ်တော်ဆေးခန်းရဲ့ တာဝန်ခံဒေါက်တာ စင်သီယာ မောင်က အခုလို ပြောပါတယ်။

"ဒီလက်ရှိမှာ ရန်ပုံငွေပိုင်းဆိုင်ရာနဲ့ပတ်သက်လို့က amount နည်းသွားတဲ့ အခါကြတော့ တချို့ခွဲစိပ် ရောဂါတွေက အရေးပေါ်မဟုတ်ဘူး။ အဲဒါမျိုးဆိုရင်တော့ လက်ခံနိုင်တဲ့ အရေအတွက် နည်းမယ်။ နှစ်စဉ်လူနာ (၂၀၀)လောက်ရှိတယ်ပေါ့။ မဲဆောက်ဆေးရုံကြီးကို လွဲပြောင်း ရတဲ့ လူနာတွေ မှာလည်း အရေးပေါ်အခြေအနေမဟုတ်တဲ့ ရောဂါမျိုးတွေ ဆိုရင်လည်းဒါ မပို့ပေးနိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်မယ်။ အထူးသဖြင့်တော့ဘော်ဒါဆောင်တွေမှာ ဆိုရင်တော့ ရိက္ခာပဲဖြစ်ဖြစ် ပညာသင်စရိတ်ပဲဖြစ်ဖြစ် အဲလို နှုန်းထားတွေကျဆင်းသွား မယ်ဆိုရင်လည်း ကလေး(၃၀၀၀)ကျော်လောက်အတွက်ကိုတော့ ခက်ခဲလာတာပေါ့။"

ဒါ့အပြင် မယ်တော်ဆေးခန်းမှာ လုပ်နေတဲ့ အရေးပေါ်မဟုတ်တဲ့ လုပ်ငန်းစဉ် အချို့နဲ့ သင်တန်းအချို့ကိုပါ ရွှေ့ဆိုင်းရမယ်။ ရပ်ဆိုင်းရမယ့် အနေအထားရှိပြီး နေ့စဉ်ဆေးခန်းလာနေတဲ့ လူနာတွေကိုတော့
ရောဂါပေါ်အခြေခံပြီး အရေးပေါ် ကန့်သတ် ကုသပေးသွားမယ်လို့  ဒေါက်တာစင်သီယာမောင်က ပြောပါတယ်။

အခုနှစ် ရန်ပုံငွေလိုအပ်ရတာဟာ အရေးပေါ် လူနာတွေအတွက်
နိုင်ငံတကာ အလှူရှင်တွေက ခေါင်းစဉ်အလိုက် ကန့်သတ်ကူညီနေတာက တကြောင်း၊ မဲဆောက်ဒေသတွင်း ကျောင်းသားဦးရေ ၁၀ ရာခိုင်နှုန်း တိုးလာတဲ့အပြင် ၊ဘော်ဒါနေ မိဘမဲ့ကလေးတွေရဲ့ နေစရိတ် စားစရိတ်၊ ပညာသင်စရိတ်နဲ့ အရေးပေါ်လူနာတွေ မဲဆောက်ဆေးရုံကြီး လွဲပြောင်း ကုသစရိတ်တွေ များလာတဲ့အတွက် ဖြစ်တယ်လို့ လည်း ပြောပါတယ်။

အဲလိုအခက်အခဲတွေကို ကျော်လွှာနိုင်ဖို့ နိုင်ငံတကာအလှူရှင်တွေနဲ့
တွေ့ဆုံဆွေးနွေးပြီး အကူအညီတွေတိုးမြှင့် ရှာဖွေတင်ပြနိုင်ဖို့ ကိစ္စရပ်တွေဆွေးနွေးဖို့နဲ့ နိုင်ငံတကာရောက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်စပ်ပြီး ရန်ပုံရှာဖွေနိုင်ဖို့အတွက် အခုလို လိုအပ်ချက်ကို အခုလို ထုတ်ဖော်ပြောကြားရတာလို့လည်း ဒေါက်တာစင်သီယာမောင်က
ပြောပါတယ်။

မယ်တော်ဆေးခန်းဟာ ထိုင်း-မြန်မာနယ်စပ်က ရွှေ့ပြောင်း မြန်မာပြည်
သားတွေရဲ့ ကျန်းမာရေး၊ပညာရေးနဲ့ ကလေးငယ် စောင့်ရှောက်ရေး
ဝန်ဆောင်မှုလုပ်ငန်းတွေကို အခမဲ့ လုပ်ကိုင်ခဲ့တာနှစ်ပေါင်း (၂၃)နှစ်ရှိပြီ
ဖြစ်ပါတယ်။

ပေါက်ပေါက်ဖေါက်တဲ့ဘီဘီစီ...တဲ့

ရဲရင့်ငယ်...ကနေဒါ ပေးပို့ ပါတယ်..။

ရခိုင်-ဘင်္ဂလီကိစ္စအခုထပ်ပြီးသူတို့ဆွနေပြန်ပြီ။
ဖေ့ဘွတ်ပေါ်မှာလက်လွတ်စပယ်ပြောတယ်ဘာညာပေါ့၊
ရခိုင်-ဘင်္ဂလီကိစ္စဖြစ်အောင်သူတို့ ပဲဆွခဲ့တာမဟုတ်ပါလား။
ရခိုင်ပြည်နယ်နေရာမှာဘင်္ဂလီပုံကိုတိုင်းရင်းသားအဖြစ်ဖေါ်ပြခဲ့တာကစခဲ့တာပါ။

အထဲကဘင်္ဂလီတွေကတိုင်းရင်းသားဖြစ်ရေးတောင်းမတောင်းတော့မသိပါ။
အပြင်ကဘင်္ဂလီတွေကလည်းပေါ်ပေါ်ထင်ထင်မတောင်းပါ။

ဘင်္ဂလီတွေတိုင်းရင်းသားဖြစ်ရေးတောင်းပေးနေတဲ့သူတွေကဘင်္ဂလီမဟုတ်သူတွေပါ။။
အဟတ်..အဟတ်....စားထားပြီးပြီ.....အော်ပေးရတော့မယ်...။
သူတို့အအော်ကောင်းလို့အရင်နကစနဲ့အထဲမှာသူ့ဟာနဲ့သူအဆင်ပြေနေတဲ့ဘင်္ဂလီတွေ
အခုမှဒုက္ခသည်ဘ၀လုံးလုံးရောက်ရရှာတော့တယ်။

လတ်တလောအထဲမှာသမ္မတဖွဲ့တဲ့
အင်္ကြပေးကောင်စီမှာပါသွားတဲ့အပြင်ကနိုင်ငံရေးဂလုတယောက်၊
ဘီဘီစီ၊ယူကေကန်ပိန်း၊၊ဟန်ယောင်ရွှေ၊(နော်ဝေအသံလွှင့်ဌာနကိုအဲ့ဒီပိုက်ဆံတွေနဲ့နေရာဝင်ယူ)
၊ပြည်ပရောက်ကျောင်းသားခေါင်းဆောင်အမည်ခံတချို့၊အန်အယ်ဒီအယ်အေ(ယူကေ)၊အသံလွှင်ဌာနတချို့
၊ပြည်ပမီဒီယာတချို့၊
.................................................................................................
မှတချို့ တချို့ မျှသာပါ.....


အပြင်ကဘင်္ဂလီတွေကကိုယ်တိုင်ဘာလို့မအော်ပဲဒီလောက်များတဲ့ပိုက်ဆံတွေဖြုန်းပြီး
နာမည်ရှိသူတွေကိုအော်ခိုင်းနေတာအဲ့ဒီပိုက်ဆံတွေဘယ်ကရပါသလဲ၊

ဘင်္ဂလီတွေကသူတို့ဟာအာရပ်နွယ်ဖွားတွေဖြစ်တယ်၊သူတို့လက်ရှိတည်နေရာမှာ
နိုင်ငံဖြစ်ဖို့ဘာသာရေးနဲ့ပါနွယ်ပြီးအာရပ်နိုင်ငံတွေဆီလက်ဖြန့်တောင်းလို့ရတဲ့ပိုက်ဆံ
တွေနဲ့အော်ခိုင်းနေတာပါ။
(အာရပ်နွယ်ဖွားမြန်မာတိုင်းရင်းသားများပေါ့....)
မထင်မှတ်ရလောက်တဲ့ပြည်ပနိုင်ငံရေးသမားတွေနဲ့အာရပ်၊ဘင်္ဂလီ၊
အင်တာနက်ပေါ်တက်လာတဲ့ဓါတ်ပုံတွေပလူပျံနေခဲ့ပါတယ်။

အခုလို့မထင်မှတ်တဲ့ပဋိပက္ခဖြစ်သွားတော့အော်ပေးနေသူတွေဘာဆက်လုပ်ရမှန်းမသိဖြစ်ကုန်တာပါ။
မြန်မာ့အရေးလှုပ်ရှားသူတွေကအခြားတဖက်မှာအရေးကြီးနေလို့ဘင်္ဂလီတွေမေးလာရင်သမိုင်းဆရာ
ကျောက်မြောင်းဆရာဖက်လွှဲချထားခဲ့ကြတယ်၊

ဘင်္ဂလီတွေမသိလိုက်တာကသမိုင်းဆိုတာစာဖတ်သူထောက်ခံရင်ဒီနေ့ရဲရင့်ငယ်ပြောတာ
မနက်ဖန်သမိုင်းဖြစ်သွားနိုင်တယ်ဆိုတာပါပဲ။


ဘီဘီစီဖက်ပြန်လှည့်ရအောင်...
အမျိုးသားရေးကိစ္စ(ဟို...ဘောပွဲလိုပေါ့..ရှုံးရှုံးနိုင်နိုင်ကိုယ့်အသင်းပဲအားပေးရတာကလား။)
ရခိုင်တွေဖက်ကအော်တယ်၊ပြောတယ်၊ဘာဖြစ်လဲ၊
ဘယ်လောက်ပဲအော်အော်ဘာသာရေးဖက်မရောက်သွားအောင်အချင်းချင်းသတိပေးခဲ့ကြပါတယ်။
အခုမှထပေါက်ပေါက်ဖေါက်နေတာပါ။တကယ်တော့ဘင်္ဂလီ-ရိုဟင်ဂျာဆိုသူတွေကိုသတ်လိုက်တဲ့တရားခံ
ကဘီဘီစီမှဘီဘီစီပါ...ဓါတ်ပုံလေးတခုထဲနဲ့တသန်းလေးသိန်းကျော်ကိုလာခေါ်မယ့်နိုင်ငံစောင့်ရတဲ့ဘဝ
ရောက်အောင်လုပ်လိုက်တာပါ။အရင်ကဆို(ဘင်္ဂလီ-နကစ)ချစ်ကြည်ရေးရွှေလမ်းငွေလမ်းကိုဖြောင့်လို့၊
အစ်နေ့ဆိုရဲစခန်းစားစရာတွေလာပို့တာတားတောင်ယူရတယ်ဆိုပဲ၊ဗိုလ်မှုးချူပ်.......ဆို၂နှစ်လောက်ပဲ
နေတယ်သိန်းတသောင်းကျော်သပိတ်ဝင်အိတ်ဝင်ပဲ၊

အခြေချနေထိုင်သူအဖြစ်ရရင်တောင်တော်တော်လေးအဆင်ပြေနိုင်တယ်၊အဆင့်ကျော်ပြီးတိုင်းရင်းသား
ဖြစ်ချင်တော့အွန်လိုင်းမျိုးချစ်တွေတောင်မကျော်နိုင်ဖြစ်ခဲ့ရတယ်။ကနေဒါမှာဝန်ကြီးချူပ်တောင်တိုင်းရင်း
သားဖြစ်ခွင့်မတောင်းရဲဖူး၊အက်စကီးမိုးနဲ့အင်ဒီးယန်း၂မျိုးပဲတိုင်းရင်းသားရှိတယ်။သူတို့ကအခွန်ဆောင်
စရာမလိုဖူး၊အခြားအခွင့်အရေးတွေလည်းရတယ်။။

မြန်မာမှာတိုင်းရင်းသားအချင်းချင်းပဋိပက္ခဖြစ်နေချိန်မှာအခုလိုတိုင်းရင်းသားဖြစ်ဖို့ကြိုးစားတာဘင်္ဂလီ
တွေအတွက်တကယ့်ကိုမဟာအမှားတရပ်ပဲဖြစ်ပါတော့တယ်။


ရဲရင့်ငယ်(ကနေဒါ)

မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။


OIC မှ ဟန်ယောင်ဝေနှင့် နူးရ်အစ္စလာမ်





ဘရပ်ဆဲလ်တွင်မြန်မာများတွေ့ဆုံဆွေးနွေးပွဲတွင်(ဝဲမှယာ) ရိုဟင်ဂျာ ဥက္ကဋ္ဌ နရူးအစ်စလမ်၊ ကိုတင်မောင်မောင်သန်းနှင့် ဇော်ဦး

ကိုထွန်းခင် (ရှပ်အြ­ဖူ)၊ နူးရ်အစ္စလာမ်၊ ဦးဘစိန် (ကုတ်အနက်)

ကိုထွန်းခင်ဒီရထားကြီးနဲ့လာခေါ်မယ်တဲ့။။။

ရဲရင့်ငယ်...ကနေဒါ..မှပေးပို့ ပါသည်..။
Yeyint Nge on Friday, July 13,
 2012 at 8:15am