ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်တော်အရပ်မှာရှိတဲ့
ကျောင်းသားဆေးခန်းလို့ လူသိများတဲ့ မယ်တော်ဆေးခန်းမှာ အခုနှစ် ဇူလိုင်လကနေ နှစ်ကုန်အထိ ကျန်းမာရေး ပညာရေးနဲ့ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေအတွက် ရန်ပုံငွေ လိုအပ်နေပြီး ရန်ပုံငွေမရရှိပါက အရေးပေါ်လူနာ (၂၀၀)လောက် ဆေးဝါးကုသဖို့နဲ့
ဘော်ဒါဆောင်နေ ကျောင်းသား ၃၀၀၀ကျော် ပညာဆက်လက်သင်ကြားဖို့ အခက်အခဲတွေ့မှာဖြစ်ကြောင်း မယ်တော်ဆေးခန်းရဲ့တာဝန်ခံ
ဒေါက်တာစင်သီယာမောင်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
မယ်တော်ဆေးခန်းမှာ ဒီနှစ်ဇူလိုင်လကနေ နှစ်ကုန်တဲ့အထိ ထိုင်းဘတ်ငွေ (၁၈)သန်းခန့်၊ အမေရိကန်ဒေါ်လာနဲ့ဆိုရင် (၆)သိန်းလောက် အကူအညီ အရေးပေါ်လိုအပ်နေတယ်လို့ စာရေးသားပြီး မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
အရေးပေါ်ရန်ပုံငွေမရပါက ကျန်းမာရေးစောင့်ရှောက်မှု တချို့နဲ့
ဘောဒါဆောင်နေ မိဘမဲ့ရွှေ့ပြောင်းမြန်မာကျေ
"ဒီလက်ရှိမှာ ရန်ပုံငွေပိုင်းဆိုင်ရာနဲ့ပ
ဒါ့အပြင် မယ်တော်ဆေးခန်းမှာ လုပ်နေတဲ့ အရေးပေါ်မဟုတ်တဲ့ လုပ်ငန်းစဉ် အချို့နဲ့ သင်တန်းအချို့ကိုပါ ရွှေ့ဆိုင်းရမယ်။ ရပ်ဆိုင်းရမယ့် အနေအထားရှိပြီး နေ့စဉ်ဆေးခန်းလာနေတဲ့ လူနာတွေကိုတော့
ရောဂါပေါ်အခြေခံပြီး အရေးပေါ် ကန့်သတ် ကုသပေးသွားမယ်လို့  ဒေါက်တာစင်သီယာမောင်က ပြောပါတယ်။
အခုနှစ် ရန်ပုံငွေလိုအပ်ရတာဟာ အရေးပေါ် လူနာတွေအတွက်
နိုင်ငံတကာ အလှူရှင်တွေက ခေါင်းစဉ်အလိုက် ကန့်သတ်ကူညီနေတာက တကြောင်း၊ မဲဆောက်ဒေသတွင်း ကျောင်းသားဦးရေ ၁၀ ရာခိုင်နှုန်း တိုးလာတဲ့အပြင် ၊ဘော်ဒါနေ မိဘမဲ့ကလေးတွေရဲ့ နေစရိတ် စားစရိတ်၊ ပညာသင်စရိတ်နဲ့ အရေးပေါ်လူနာတွေ မဲဆောက်ဆေးရုံကြီး လွဲပြောင်း ကုသစရိတ်တွေ များလာတဲ့အတွက် ဖြစ်တယ်လို့ လည်း ပြောပါတယ်။
အဲလိုအခက်အခဲတွေကို ကျော်လွှာနိုင်ဖို့ နိုင်ငံတကာအလှူရှင်တွေနဲ့
တွေ့ဆုံဆွေးနွေးပြီး အကူအညီတွေတိုးမြှင့် ရှာဖွေတင်ပြနိုင်ဖို့ ကိစ္စရပ်တွေဆွေးနွေးဖို့နဲ့ နိုင်ငံတကာရောက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်စပ်ပြီး ရန်ပုံရှာဖွေနိုင်ဖို့အတွက်
ပြောပါတယ်။
မယ်တော်ဆေးခန်းဟာ ထိုင်း-မြန်မာနယ်စပ်က ရွှေ့ပြောင်း မြန်မာပြည်
သားတွေရဲ့ ကျန်းမာရေး၊ပညာရေးနဲ့ ကလေးငယ် စောင့်ရှောက်ရေး
ဝန်ဆောင်မှုလုပ်ငန်းတွေကို အခမဲ့ လုပ်ကိုင်ခဲ့တာနှစ်ပေါင်း (၂၃)နှစ်ရှိပြီ
ဖြစ်ပါတယ်။
No comments:
Post a Comment