Friday, June 8, 2012

ငွေ စက္ကူ နဲ့ တိရစ္ဆာန် များ




ကျွန်တော်တို့ နိုင်ငံမှာ ငွေတွေ ငွေတွေ ပေါများနေကြတာ ဒီ အစိုးရ ကထုတ်တဲ့ငွေတွေထဲမှာ တိရစ္ဆာန်ပုံတွေချည်း ဘဲ မင်းမူနေလိုက်ကြတာ လွန်ရောလွန်ရော ပါလား။ ဘာကြောင့်များ ငွေတွေ ထုတ်နေကြတာလဲ နော်။ အရင်တုံးက ဗိုလ်ချုပ်ပုံတွေ ဘယ်ရောက်ဘယ်ပျောက်သွားပြီလဲမသိဘူးနော်..။ သမ္မတကြီး က အာချောင်ပြန်ပြီလေ နောက်ပြန်မလှည့်ဘူးလို့  ဆိုထားပါတယ်.။ မီးစာတဖက်ရေမှုတ်တစ်ဖက် ကျွန်တော်တို့ ပြည်သူတွေ အကုန်လုံး ငွေစက္ကူတွေကြောင့် အကုန်စိတ်ပျက်နေကြပါပြီ။ မြန်မာပြည်မှာဘယ်နေရာကြည့်ကြည့် စိတ်ပျက်စရာတွေချည်းဘဲ တွေ့ နေရပါတယ်။စတုတ္ထမဏ္ဏိုင် မှာ ကြွေးကျော်နေတာ ပြန်ကြားရေး ၀န်ကြီးက ဂယောင်ချောက်ခြားပါဘဲ။မီဒီယာနဲ့ တိုက်မယ်လို့ လဲ ငိုကျော်ဆန်းပြောထားတာဘဲ သူငယ်နာမစင်တာပြန်ကြားရေးဝန်ကြီးဘဲလေ..။ အခုလဲငွေ တွေထုတ်တာကြောင့် ဆန်ဈေး ဆီဈေးတွေလဲ ပလူပျံနေအောင်ခုန်တက်နေကြပါပြီ ပြည်သူတွေခမျာ ဘယ်လောက်ဒုက္ခရောက်ရှာမလဲ ဗျာ ...သိတတ်ရင် အောက်ကိုလဲ တလှည့်ဆင်းပြီး ငါတို့ ပြည်သူတွေ ဘယ်လိုစားသုံးနေရပါသလဲ တချက်လောက် ငဲ့ ကြည့်စေချင်တယ်။
မကြာသေးခင်ကမှ မီးမလာအောင် လုပ်ခဲ့ကြတယ်..။ပြည်သူတွေခမျာ လမ်းပေါ်ထွက်ပြီးဆန္ဒတွေပြခဲ့ကြပါတယ်..တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖယောင်းတိုင်လေးကိုင်ပြီး လမ်းပေါ်ထွက်ခဲ့ကြရတယ်။
နောက်တစ်မျိုး က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများကို ရပ်တန့်ပြီး နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရန်အတွက် သက်ဆိုင်ရာ ဘာသာအသီးသီးမှ ဆရာတော်ကြီးများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ ဋ္ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များအားလုံး အနေဖြင့် မေတ္တာကိုအခြေခံ၍ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြပါရန် ၈၈ မျိုးဆက်ကျောင်းသားများ ” မှ မေတ္တာရပ်ခံစာ ပို့ ခဲ့ရပါသေးတယ်။အခုလဲ လာပြန်ပြီ ငွေစက္ကူဖက်ကို လှည့်သွားပြီ..နောက်တစ်ခါဘာထပ်လာအုံးမလဲ မသိဘူး..ဒီလောက်ဒုက္ခတွေ ပင်လယ်ဝေ အောင်ခံစားနေရတဲ့ပြည်သူတွေကို ဘာလို့ များ အာဏာကို တည်တံ့အောင်လုပ်နေရပါသလဲ လို့ မေးစရာတွေ များအောင် လုပ်နေရပါသလဲဗျာ။
နောက်ဘာများ ထွင်အုံးမလဲ စောင့်သာကြည့်စေချင်တယ် ..နည်းမျိုးစုံ လှည့်ကွက်တွေသုံးပြီး ပြည်သူတွေကို ဂယောင်ချောက်ချားဖြစ်အောင်လုပ်မနေ နဲ့လို့ ဒီနေရာက တောင်းဆိုချင်ပါတယ်။
နောင်ခေတ် တချိန်ချိန်မှာ တစ်သောင်းတန်တဲ့ ဒေါင်းအလံ လို ငွေ တွေများများ ထုတ်တာမြင် ချင်လှပါပြီဖြစ်ကြောင်း နဲ့ အကိုကြီးတို့ 88 ကျောင်းသားများ ဦးဆောင်တဲ့ နေရာမျိုးကို ဦး တည်ကြ ဖို့ အမေစုနောက်ကို မှန်မှန်သာ လိုက်ပြီိး ထောက်ခံ အားပေးကြဖို့  …မိမိကိုယ် ကို ကောင်းရာ ညွှန်ကြားကြစေလိုတဲ့အကြောင်း မိတ်ဆွေ အပေါင်းအား ဒီနေရာမှ လမ်းညွှန်ပေးချင်ပါတယ်ဗျာ..။

ကိုထွန်းဝေ

အမေ့မွေးနေ့ အား ဂုဏ်ပြု မှတ်တမ်းမော်ကွန်း



သားသားလေးမှ အမေ့မွေးနေ့ အား ဂုဏ်ပြု မှတ်တမ်းမော်ကွန်းထိုးထားပါတယ်
မြန်မာ့လွတ်လပ်ရေးကို ဆင်များက အသက်ပေးကာ ရယူပေးခဲ့ခြင်း ဖြစ်။



သူများနိုင်ငံတွေ နိုင်ငံ့ခေါင်းဆောင်ကိုဝံ့ကြွားတန်ဖိုးထားပြီး ပိုက်ဆံမှာ ဘယ်လိုရိုက်နှိပ်ဖော်ပြနေဖော်ပြနေ
ခေတ်မှီဖွံ့ဖြိုးတိုးတတ်သောမြန်မာနိုင်ငံတော်ကြီးမှာတော့ တိရိစ္ဆာန်များကိုသနားကြင်နာချစ်ခင်ကြောင်း ဆက်လက်ပြသ။

မြန်မာ့လွတ်လပ်ရေးကို ဆင်များက အသက်ပေးကာ ရယူပေးခဲ့ခြင်း ဖြစ်။

ဆင်များသည် မြန်မာပြည် လွတ်လပ်ရေး ရရှိစေရန် အသက်နှင့် လဲပြီး ရယူပေးခဲ့သည့် အာဇာနည် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြောင်း သတင်းရရှိ။

ထို့ကြောင့် တစ်သောင်းကျပ်တန် ငွေစက္ကူသစ်တွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံကို မဖော်ပြဘဲ အမျိုးသားခေါင်းဆောင် ဆင်ကြီး နှစ်ကောင်ပုံကို ဖော်ပြထားခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတင်းထုတ်ပြန်။

ဒီလှိုင်းဂျာနယ် အင်တာနက်လှိုင်းစီးပြီ

ဒီလှိုင်းဂျာနယ် အင်တာနက်လှိုင်းစီးပြီ


Friday, June 08, 2012
Sithu Linn






NLD က ထုတ်ဝေတဲ့ ဒီလှိုင်းဂျာနယ် အွန်လိုင်းမှာ ဖတ်နိုင်ပါပြီ တဲ့။

လိပ်စာက http://dwave.nld.name/ ဖြစ်ပါတယ်။

Thursday, June 7, 2012

၇၄ ဇွန် ၆ အလုပ်သမား အရေးအခင်းနှစ်ပတ်လည်



ယမန်နေ့ဇွန်လ ၆ ရက်နေ့က ၁၉၇၄-ဇွန် အလုပ်သမားအရေးအခင်းအား အကြမ်းဖက် ဖြိုခွဲ လုပ်ကြံခံရသည့် ၃၈ နှစ်မြောက် နှစ်ပတ်လည်နေ့ အောက်မေ့ဖွယ်အခမ်းတခုကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခမ်းမ တွင် ကျင်းပရာ ၇၄၊ ၇၅၊ ၇၆ ခုနှစ် မျိုးဆက်အသီးသီး၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေးပါတီများက စုံညီ စွာ တက်ရောက်ကြောင်းသတင်းရရှိသည်။

ဇွန် ၆ အလုပ်သမား သပိတ် အောက်မေ့ဖွယ် အခန်းအနား ကျင်းပစဉ် ဓာတ်ပုံ -YPI
၁၉၇၄ ဒီဇင်ဘာလ ဦးသန့် အရေးအခင်း၊၁၉၇၅ ဇွန်လ အလုပ်သမား သပိတ်နှစ်ပတ်လည် အရေးအခင်း (ခေါ်) ရွှေတိဂုံ အရေးအခင်း၊၁၉၇၆ မတ်လ မှိုင်း ရာပြည့် အရေးအခင်း စသည့် မဆလ စစ်အာဏာရှင်တို့ အား ဆန်ကျင်အံတု တောင်းဆိုတိုက်ပွဲဝင်ခဲ့သည့် ၇၄-၇၅-၇၆ အလုပ်သမား၊ ကျောင်း သား အရေးအခင်းကြီး (၄)ခုနှင့် နိုင်ငံရေး လှုပ်ရှားမှုများ မြစ်ဖျားခံဖြစ်သော ၇၄ အလုပ်သမားသပိတ်ကြီး ဖြစ်ခဲ့သည်။
၇၄-၇၅-၇၆ မျိုးဆက်မှ ခေါင်းဆောင်တဦးဖြစ်သူ ဘိုးတော်ခင်ဝင်း ပြောကြားနေစဉ်

၇၄-၇၅-၇၆ ခုနှစ် မျိုးဆက်များက ယခုကဲ့သို့ သတိရသည့်အထိမ်းအမှတ်ဖြင့် ရန်ကုန်မြို့တွင် ပထမဆုံး စည်ကားစွာ ကျင်းပခဲ့ခြင်းလည်းဖြစ်သည်။
NLD မှ ဦးဝင်းတင် ဟောပြောစဉ်

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ဟောပြောစဉ်

အခမ်းအနားသို့ တက်ရောက်လာကြသူများ

“မေစုကို ကြိုဆို၊ ဘန်ကောက်သွားဖို့ ကြိုးစား၊ ထိုင်းစစ်တပ်က ဖမ်းထား"




သန်းထိုက်ဦး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ခိုးဝင်ဖို့ ကြိုးစားခဲ့တဲ့ မြန်မာ နိုင်ငံသား ၆၄ ယောက်ကို ပြီးခဲ့တဲ့ ဇွန်လ ၄ ရက် တနင်္လာနေ့က စစ်တပ် အာဏာပိုင် တွေက ဖမ်းလိုက်တယ်လို့ မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာမှာ ရေးထားပါတယ်။

အဖမ်းခံရတဲ့ သူတွေ အားလုံးကတော့ အသက် ၂၅ နှစ် အောက် တွေပါ၊ အမျိုးသမီး ၅၃ ယောက်နဲ့ အမျိုးသား ၁၁ ယောက်ပါ ဖြစ် ပါတယ်။ တရားဝင် ခရီးသွားလာတဲ့ စာရွက်စာတမ်းတွေ မရှိပါဘူး။ မဲဆောက်မြို့အထွက် စစ်ဆေးရေး ဂိတ်ကို ရှောင်ပြီး သွားနေတုန်း တောထဲမှာ အဖမ်းခံရတာပါ။

အသက် ၂၃ နှစ်အရွယ် မြန်မာနိုင်ငံသား တဦးက “အခု အဖမ်းခံရတာနဲ့ဆိုရင် သုံးကြိမ်ရှိ သွားပြီ။ နောက်ဆုံး အဖမ်း ခံရတဲ့ နေ့က ဒီလ ၂ ရက်နေ့က ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို (မဲဆောက်) လေဆိပ်မှာ ကြိုဆိုဖို့ လူငယ်တွေနဲ့ အတူ မဲဆောက်ဘက်ကမ်းကို ရောက်လာတယ်၊ အခွင့်အရေး ရတော့ ဘန်ကောက်ကို သွားဖို့ ကြိုးစားနေတဲ့ အချိန်မှာ အခုလိုမျိုး အဖမ်းခံရတာပါ”လို့ ပြောဆိုကြောင်း သတင်းမှာ ရေးသား ထားပါတယ်။

ထိုင်းအာဏာပိုင်တွေကလည်း ဥပဒေ အရ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒီလို အဖမ်းခံရတဲ့ သူတွေကို ထိုင်းအာ ဏာပိုင်က စစ်ဆေးမေးမြန်းပြီး လူဝင်မှု ကြီးကြပ်ရေး ဌာန (လ၀က) မှာ ထိန်းသိမ်းလေ့ ရှိပါတယ်။ လ၀က စခန်းမှာ ယာယီ ထိန်းသိမ်းပြီး မူရင်း နိုင်ငံကို ပြန်ပို့လေ့ ရှိတယ်လို့ သိပါတယ်။

အမေဒေါ်အောင်ဆန်းစုကြည် ၆၇ နှစ်ပြည့်မွေးနေ့မင်္ဂလာ





★ SUU 67 ★
-Happy Healthy Wonderful Birthday Daw Aung San Suu Kyi- June 19, 2012-
အမိမြန်မာနိုင်ငံတော်၏ အမေဒေါ်အောင်ဆန်းစုကြည် ၆၇ နှစ်ပြည့်မွေးနေ့မင်္ဂလာ မှ သည် ကိုယ်ရောစိတ်ပါ ကျမ္မာချမ်းသာပြီး၊ ဆထက်တန်ပိုး သာသနာ့အကျိုး တိုင်းပြည်အကျိုးသယ်ပိုးဆောင်ရွက်နိုင်ပါစေ၊ ပျော်ရွှင်ချမ်းမြေ့မှုတွေ နဲ့ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းပါစေ။
*graphic design : ko myoe*

၁၀၀၀၀ ကျပ်တန်ထုတ်မည်




ကျပ်ငွေ တသောင်းတန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် စတင်ထုတ်ဝေမည့် အကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒိုင်မင်းရှင်းက ၁၅*၇ စင်တီမီ တာ ဖြစ်ပြီး အရောင်ကတော့ အပြာရောင်ဖြစ်ပါတယ်။

မျက်နှာစာတွင် ဆင်ဖြူ ၂ စင်းက ကြာဖူးကို နှာမောင်းဖြင့် တင်မြှောက်ပူဆော်ထားပုံကို ရိုက်နှိပ် ထားပြီး နောက်ကျောဘက်တွင် မန္တလေး နန်းတော်မြို့ရိုးနဲ့ ကျူံးကို ရိုက်နှိပ်ထားပါတယ်။

ဗဟိုဘဏ်၏ အင်တာနက်စာမျက်နှာတွင် ဤကြေညာချက်ကို မတွေ့ရသေးပါ။ မြန်မာအစိုးရ တရားဝင် အင်တာနက်စာမျက်နှာများပေါ်တွင် ကြေညာထားခြင်း မတွေ့ရသေးပါ။

သို့သော် Popular Myanmar News ၏ အင်တာနက်စာမျက်နှာတွင် အောက်ပါအတိုင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
နေပြည်တော်
ရက်စွဲ၊ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၇ ရက်
သတင်းကြေညာချက်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ တွင် စတင် ထုတ်ဝေပါမည်။ ငွေစက္ကူကို ပြည်သူများအား ဘဏ်ဖွင့်ချိန်အတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွကြေးဌာနတွင် လည်းကောင်း၊ ဘဏ်များနှင့် အစိုးရ ငွေတိုက်များတွင် လည်းကောင်း ထုတ်ပေးပါမည်။

လက်ရှိ တရားဝင် လှည့်လည် သုံးစွဲလျက် ရှိသော ငွေစက္ကူများနှင့် ငွေအကြွများသည်လည်း တရားဝင် သုံးစွဲငွေ အဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်ပါသည်။

NLD နဲ့ Media ဆက်ဆံရေး




ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာလူထုတရပ်လုံးက ဒီမိုကရေစီရေးအတွက် ကို မျှော်လင့် အားထားနေကြတဲ့ အင်အားစုကြီးတရပ်လို့ ဆိုနိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  သတင်းတွေကို ရယူဖို့အတွက် သတင်းလောကသားတွေကြားမှာ ညည်းတွားသံတချို့  ကြားနေရပါတယ်။ NLD နဲ့ Media ဘယ်ဖက်က လွှဲချော်နေပါသလဲ။ ဘာတွေဖြစ်သင့်ပါသလဲ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် တဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်၊ မြန်မာပို့စ် ဂလိုဘယ်လ်ရဲ့  အယ်ဒီတာ ဦးစည်သူအောင်မြင့် တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပတ်သက်ပြီးတော့ သတင်းယူကြတဲ့အခါမှာ ကျနော်တို့ပြည်ပ သတင်းသမားတွေ အတွက် အကုန်လွှမ်းခြုံပြီး တခွန်းတည်းပြောရရင် သိပ်ပြီးတော့ media friendly မဖြစ်ဘူး တချို့ အချက်တွေမှာလို့ ညည်းတွားကြ ပါတယ်။ အဲဒါ ဆရာက ပြည်တွင်းမှာ လက်တွေ့သတင်းရေးနေ ရတဲ့သူ ဆိုတော့ ဆရာရဲ့  အတွေ့အကြုံကို ပြောပြပါ။

ဦးစည်သူအောင်မြင့် ။ ။ နှိုင်းယှဉ်ပြီးတော့ ပြောရမယ်ဆိုရင်တော့ ကြံ့ခိုင်ရေးပါတီ၊ တစညပါတီ၊ NDF ပါတီ ရှိမယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရှိမယ်။ လောလောဆယ်အချိန်အထိတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ တခြားသောပါတီတွေနဲ့စာရင် ကျနော်တို့ မီဒီယာတွေအတွက်တော့ ဆက်ဆံလို့ အလွယ်ဆုံး၊ အဆင်ပြေဆုံး ဖြစ်နေတုန်းပဲ။ ဒီလိုပြောလို့ အကုန်လုံး အဆင်ချောနေ သလားလို့တော့ မဟုတ်ဘူး။ နောက်တခု ထပ်ပြောချင်သေးတာက သူကို နှိုင်းယှဉ်မယ်ဆို ရင်၊ နိုင်ငံတကာနဲ့ နှိုင်းယှဉ်မလား။

အဲဒါဆိုရင်တော့ ပြဿနာတွေ အများကြီးရှိလိမ့်မယ်။ ပြည်တွင်းက အခြေအနေအတိုင်း ပဲ ပြောမယ်ဆိုရင်တော့ သူလိုအပ်ချက်ရှိတာ မှန်ပေမယ့်၊ လောလောဆယ် တခြားအဖွဲ့အစည်းတွေ၊ ပါတီတွေနဲ့စာရင်တော့ အများကြီး တော်တော်လေးကို ကျနော်တို့အတွက်ကတော့ အဆင်ပြေနေသေးတယ် လို့ ပြောလို့ရပါ တယ်။ ပြဿနာကတော့ရှိတယ်၊ အများကြီးရှိတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နိုင်ငံတကာနဲ့ နှိုင်းယှဉ်ပြီးတော့ ပြောစေချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံကျော်၊ ကမ္ဘာကျော်အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ဆိုရင်လည်း နိုင်ငံတကာ အဆင့်အတန်းရှိတဲ့ ခေါင်းဆောင်ကြီးအဖြစ် အသိအမှတ်ပြုခံရတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒီ ပုဂ္ဂိုလ်နဲ့ ပတ်သက်ပြီး သတင်းယူတဲ့ အခါကြတော့…

ဦးစည်သူအောင်မြင့် ။ ။ ကျနော် ပြောချင်တာက ကျနော်တို့မှာက နှစ်ပိုင်း - တပိုင်းက ဘာလဲဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတင်းထုတ်ပြန်ရေးဆိုင်ရာ၊ သူတို့ရဲ့  ကျွမ်းကျင်မှု၊ နားလည်းမှု၊ သဘောထားတွေနဲ့ ပတ်သက်လို့ ကျနော် မြင်ရတာကတော့ သူတို့အတွက်လည်း အတွေ့အကြုံအသစ်ပဲ။ လူတွေလည်း အသစ်တွေ၊ ပြည်တွင်းမီဒီယာတွေလည်း အသစ်တွေ။ အကုန်လုံးက အသစ်တွေကြီးပဲ။ အသစ်တွေဆိုတော့ ကျနော်တို့ မီဒီယာဖက်ကလည်း တော်တော်လေးကို စည်းမကျကမ်းမကျတွေ၊ အဆင်မချော တာတွေလည်း ရှိတယ်။ နှစ်ဖက်စလုံးမှာ ရှိတယ်။ ဒီဥစ္စာက အဆင်သင့် နှစ်ဖက်စလုံး မဖြစ်သေးဘူးလို့ ကျနော်ယူဆ တယ်။ ပြဿနာတွေကတော့ ပြောလို့ရတယ်။ တခုချင်းစီရှိတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဦးဝင်းတင် ဆရာက နိုင်ငံရေးလောကထဲကို မဝင်ခင် သတင်းစာဆရာကြီး တဦး ဖြစ်ပါ တယ်။ ဆိုတော့ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မီဒီယာတွေရဲ့  ဆက်ဆံရေး။ ပြည်တွင်းမှာပဲ ဆရာတို့ ဟိုခေတ်တုန်းက ဆက်ဆံခဲ့ရတဲ့ အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြောရရင် ဘယ်လိုရှိပါသလဲ။

ဦးဝင်းတင် ။ ။ ကျနော်က သမိုင်းလေးနဲ့ချီပြီး ပြောချင်ပါတယ်။ တိုတိုပါ။ စစ်ကြိုခေတ် လွတ်လပ်ရေး ကြိုးပမ်းခေတ်လောက်ထဲက သတင်းစာဆရာတွေက နိုင်ငံရေးသမားလုပ်ခဲ့တာ။ ဘကြီးဘဖေ၊ ဗန္ဓုလဦးစိန်၊ ဂျာနယ်ကျော် ဦးချစ်မောင်။ နောက်ပိုင်းမှာ ဦးထွန်းဖေ၊ ဦးစောဦး၊ လူထုဦးလှ တို့ စသည်ပေါ့။ ကျနော်လည်း သတင်းစာသမားကနေ နိုင်ငံရေးဝင်လုပ်တာပါ။ ဒါပေမဲ့ ကျနော်ဟာ ဒီနေ့အထိ နိုင်ငံရေးသမားဘဝကို မခံယူဘူး။ ကျနော်ကိုယ် ကျနော်လည်း နိုင်ငံရေးသမားလို့ မပြောဘူး။ ကျနော်ဟာ သတင်းစာဆရာ လို့ပဲ ပြောတယ်။ အဲဒီ သဘောထားကြောင့် ကျနော်ဟာ အန်အယ်လ်ဒီမှာ သတင်းစာနဲ့ ပတ်သက်ပြီး ဆက်ဆံရေး မပြေပြစ်တာတွေရှိရင် ကျနော်က သတင်းစာဖက်ကပဲရပ်ပြီး ပြောချင်တယ်။ ဘာလို့ ပြောချင် တာလည်းဆိုတော့ သတင်းစာသမားတယောက်ဖြစ်လို့ သတင်းသမားကို ထိတာ၊ သတင်းစာကိုထိလို့ နာတယ့်သဘောမျိုးနဲ့ ပြောတာမဟုတ်ဘူး။ သတင်းစာနဲ့ ပတ်သက်တဲ့အမြင် မှန်မှန်ရှိဖို့ လိုတယ်ဆိုတာ ကို ပြောချင်တယ်။ အခုန ဦးကျော်ဇံသာ သုံးသွားတဲ့စကားထဲမှာပါတဲ့ media friendly ဖြစ်တဲ့ နိုင်ငံရေး သမားမျိုး ဖြစ်ဖို့လိုတယ်။ အမှန်အတိုင်းပြောရရင် ကျနော်တို့ပါတီမှာ လူကြီးလုပ်သွားတဲ့ လူတယောက် ကိုတောင် ပြောဖူးပါတယ်။ ခင်များတို့ဟာ သတင်းစာနဲ့ ပတ်သက်လာလို့ရှိရင် သတင်းစာနဲ့ friendly ဖြစ်ဖို့လို တယ်။ သတင်းစာနဲ့ ရန်သူလို သဘောမထားဘဲနဲ့ မိတ်ဆွေလို လုပ်ဖော်ကိုင်ဖက်လို သဘောထားဖို့ လိုတယ်ဆို တာကို ကျနော်ပြောပါတယ်။ အဲဒီ သဘောထားဟာ ဒီနေ့အထိလည်း ရှိပါတယ်။ ဦးကျော်ဇံသာတို့ပြောတဲ့ သတင်းစာသမားနဲ့ ဒီလို အန်အယ်လ်ဒီ နဲ့ ဆက်ဆံရေးတွေ မပြေပြစ်တာလည်း ကျနော်သိတယ်။ အဲဒီလို မပြေပြစ်တာ ပေါ်တိုင်းပေါ်တိုင်း ကျနော်ဖက်ကတော့ အန်အယ်လ်ဒီ ဖက်က အမှားတွေရှိရင် ဝန်ခံဖို့အသင့်ပဲ။ ကျနော် ဝန်လည်းဝန်ခံတယ်။ နောက်ပြီးတော့ အန်အယ်လ်ဒီကိုလည်း အမြဲတမ်း သွန်သင်ဆုံးမဖို့ ဝန်မလေးဘူး။ သူတို့အနေနဲ့ ကျနော်အပေါ် ဘယ်လိုသဘောထားထား။ ပါတီက အကြီးဆုံးလူတွေကအစ အောက်ဆုံးအထိကို ကျနော်က သွန်သင်နေတယ်။ နည်းပြနေတယ်၊ ဖျောင်းဖျနေတယ်။ နောက်ပြီးတော့ ဖြေသိမ့်နေတယ်။ သူတို့ ကို ချော့မော့နေ တယ်လို့တောင် ပြောချင်ပါတယ်။ အဲဒါကြောင့် အဆင်မပြေတာတွေရှိရင် တခု ချင်း ထောက်ပြပါအုန်း။ ကျနော်ကတော့ သဘောထားကောင်းရှိအောင် ဒီလိုလုပ်နေပါတယ်။ အန်အယ်လ်ဒီမှာ မကောင်းတဲ့သဘောထားတွေ မရှိဘူးမဟုတ်ဘူး ရှိတယ်။ သို့သော် ဒါတွေဟာ အကုန်လုံး နောက်ပိုင်းကြတော့ သုံးသပ်ပြချင်ပါတယ်။ ဘာကြောင့် ဒီလို ဖြစ်နေရသလဲဆိုတာကို။ ဦးကျော်ဇံသာ တခုချင်းတော့ ထောက်ပြ ဖို့ ကောင်းတယ်လို့ ကျနော်ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဦးအောင်မြင့် က နမူနာတွေ အများကြီးလို့ ပြောခဲ့ပါတယ်။ ဆရာအနေနဲ့ တခုလောက် ထောက်ပြပါလား။

ဦးစည်သူအောင်မြင့် ။ ။ ဥပမာ နမူနာတခုက ဘယ်လိုလဲဆိုရင် Freedom ရုပ်ရှင်ပွဲတော် လုပ်တဲ့အခါမှာ မီဒီယာသမားတွေ က တော်ဝင်စန်တာ ခုနှစ်ထပ်ကိုတက်ဖို့ဆိုပြီး ဓါတ်လှေကားမှာ စောင့်ကြတယ်။ တိုတိုပဲ ကျနော်ပြောပါမယ်။ အဲဒီလို စောင့်တဲ့အခါကြတော့ ဒါကို စီမံခန့်ခွဲကြတာ အန်အယ်လ်ဒီ က လူငယ်တွေ စီမံခန့်ခွဲကြတယ်။ စီမံခန့်ခွဲတဲ့အခါမှာ မီဒီယာသမားတွေက အပေါ်မှာ နေရာပြည့်သွားပြီးဆိုပြီ ပေးမ တတ် ဘူး။ ပေးမတတ်တော့ကောင်းပြီ ကျနော်တို့ လုံးလုံးမတတ်ရတော့ဘူးလား။ ဒါဆို ကျနော်တို့ ပြန်မှာပေါ့။ သို့မဟုတ် တက်ခွင့်အရေးရှိသေးတယ်ဆိုရင်လည်း တန်းစီးမယ်။ အဲဒါဆို စနစ်တကျလေးဖြစ်အောင် လုပ်ပေးပါဆိုပြီး သေချာပြောတယ်။ ပြောတဲ့အခါကြတော့ အဲဒီ လူငယ်တယောက်က ဘယ်လိုစကားလုံး သုံးလာသလဲဆိုရင် အဲဒီစကားလုံးက သူတို့တကြိမ်မက သုံးတယ်။ သူတို့က ဘာပြောသလဲဆိုတော့ ကျနော်တွေက ဒီဥစ္စာလုပ်တယ်ဆိုတာ တကယ့်ကို စွန့်လွှတ်အနစ်နာခံပြီးလုပ်တာ။ ကျနော်တို့ တတွေ ဟာ နိုင်ငံရေးအကျဉ်းသမားဟောင်းတွေပါ။ ဒါမျိုးတွေကအစ ပြောတယ်။ ပြောတဲ့အခါကြတော့ တကယ့် တကယ်ကြတော့ နိုင်ငံရေးအကျဉ်းသမားဖြစ်ခဲ့တာနဲ့ ဒီလိုကိစ္စမျိုးတွေနဲ့ မီဒီယာသမားတွေနဲ့ ဆက်ဆံတာ သိပ်မဆိုင်လှဘူး။ နောက်ပြီးတော့ ပြည်သူလူထုထဲမှာ၊ သတင်းစာသမားထဲမှာနဲ့ ကျနော်ကိုယ်တိုင် နိုင်ငံရေး အကျဉ်းသမားဟောင်းတွေဆိုတာ အများကြီးရှိတယ်။ ကျနော်ကတော့ ဘယ်မှာမှ ထုတ်မပြောပါ ဘူး။ နောက်ကြုံရင်တော့ ဆရာဦးဝင်းတင် တို့ကို ပြောပြမယ်။ ဒီလောက်ပဲ စိတ်ကူးရှိပါတယ်။ အဲဒီလိုနေရာတွေက တော်တော် များများရှိတယ်။ အဲဒါက ဆက်ဆံတဲ့လူတွေရဲ့  အမူအရာဘာညာ ဒီအပိုင်းနဲ့ဆိုင်တာပေါ့။ နောက် စီစဉ်မှုအပိုင်းတွေမှာ လည်း ပြဿနာတွေအများကြီးရှိတယ်။ ဥပမာ သတင်းစာရှင်းလင်းပွဲ လုပ်မယ်ဆိုရင် ဘယ်နားမှာ လုပ်မလဲ။ မီဒီယာသမားတွေကို ဘယ်လိုနေရာ ချထားပေးမလဲ။ ပြီးတော့ ဘယ်လိုနည်းနဲ့ ဝင်ခွင့်ပြုမလဲ။ ဘယ်နှစ်ယောက် ဖိတ်မလဲ။ အဲဒီဟာတွေက အခုအချိန်အထိ စနစ်တကျ ဖြစ်သေးတာ မတွေ့ရသေးတော့ မကျေမနပ်ပြောဆိုမှုတွေကတော့ အမြဲတမ်း တွေ့နေရတာပေါ့။

ဦးကျော်ဇံသာ ။ ။ ကျနော့်ရဲ့  အတွေ့အကြုံ ပြောရမယ်ဆိုရင်တော့ ဥပမာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အခုလောလောဆယ် ပြည်ပခရီးစဉ် နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့တတွေက ဒီဖက် end က သတင်းတွေ ထွက်တယ် ဆရာဦးဝင်းတင် ခင်များ။ British Parliament မှာ စကားပြောမယ်။ David Cameron နဲ့ ပါလာတဲ့ လူပြောလို့ ကျနော်တို့ သိရတယ်။ အန်အယ်လ်ဒီ ကို ကျနော်တို့ ကြိုမေးပါတယ် အကြိမ်ကြိမ်။ တဖက်ကလည်း ခြံကသိမယ်။ တဖက်ကလည်း ရုံးကိုဆက်ပါ။ အဲဒီလို ခြံနဲ့ရုံးနဲ့ ဘယ်လိုဖြစ်နေသလဲ။ ထိုနည်းတူ စွာ ဒေါ်အောင်ဆန်းစုကြည် ထိုင်းကို သွားမယ့်ခရီးစဉ်လည်း ဟိုဖက်က စီစဉ်နေတဲ့လူတွေကလည်း ကျနော်တို့ကို အသေးစိတ် ပြောပြနေတယ်။ အန်အယ်လ်ဒီဖက်က ဘာမှမပြောဘူး။ မသိဘူးဘဲ ငြင်းနေတော့ သတင်းပြောရ တာ အတော်လေးအခက်အခဲ ရှိပါတယ်။ အဲဒါ သတင်းအပိုင်းပေါ့။

ဦးဝင်းတင် ။ ။ ကျနော်ကတော့ ဒီလို ပြောချင်တယ်။ ဒီကိစ္စတွေက ကျနော်က လုံးဝအားမပေး ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း လုံးဝအားမပေးဘူး။ ကျနော်တို့ ခေါင်းဆောင်ပိုင်းကလည်း ဒီလို ဟာမျိုးတွေ ကို အားမပေးဘူးဆိုတာကို ပြောချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ ယုံတာ နိုင်ငံရေး သမားနဲ့ သတင်းစာဆရာဆိုတာ တိုင်းပြည်ကို ပူးတွဲပြီး အုပ်ချုပ်နေတယ်ဆိုတဲ့ စကားတောင်။ အင်္ဂလိပ် စကားတောင် ရှိပါတယ်။ အဲဒီလို ပူးပေါင်းလုပ်နေရတဲ့ လူတွေကြားထဲမှာ တယောက်နဲ့တယောက် ဖွင့်ပြောရ မယ်။ ဆိုပါတော့ ကျနော်တို့ embargo တို့ ဘာတို့လုပ်တဲ့ စကားတွေ ရှိပါတယ်။ သတင်းစာသမားတွေကို အကုန်လုံး ဖွင့်ပြောရ တယ်။ ပြောပြီးမှ တားသင့်တားထားရတယ်။ ခဏနေပါအုန်း၊ တရက်နှစ်ရက် နေပါအုန်း။ ကျနော်တို့ green light ပေးတဲ့ အချိန်ကြရင် ရေးပါ။ ခင်များသိသင့်တာတွေ သိအောင်ဆိုတဲ့ဟာမျိုး ပြော တာတွေ ရှိပါတယ်။ ကျနော်တို့မှာ ချွတ်ချော်နေမှုတွေ မရှိဘူးမဟုတ်ဘူး၊ ရှိတယ်။ သို့သော် ကျနော်ပြောချင်တာ ဘာလဲဆိုတော့ အဲဒီ ချွတ်ချော်မှုတွေ အလေ့အထတွေက ကျနော်တို့က အာဏာရှင်အောက်မှာ မျက်စိပိတ်၊ နားပိတ်၊ ပါးစပ်ပိတ်၊ လက်တွေဘာတွေ အကုန်လုံးချုပ်တည်းပြီးတော့ နေရတဲ့ ဘဝက ဖြတ်သန်း လာခဲ့ရတာ။ အဲဒီတော့ ကျနော်တို့က ဘယ်လိုဖြစ်နေသလဲဆိုတော့ ပွင့်လင်းတဲ့အကျင့်ဟာ ဒီနေ့အထိ ကျနော်တို့မှာ မရကြသေးဘူး။ ကျနော်တို့ရဲ့  ခေါင်းဆောင်ပိုင်းမှာလည်း ဒီလိုပဲ။ ဘာမှ မပြောနိုင်၊ မသိတဲ့။ ဟိုလူမကြားစေနဲ့ ဟိုလိုမဖြစ်စေနဲ့။ ကျနော်ကတော့ အဲဒီလို မထင်ဘူး။ ကျနော်ကတော့ အရေးကြီးတယ် မထင်ဘူး။ အဲဒါတွေကို ကျနော်က ပြောနေတယ်။ အဲဒီအတွက် ပါတီထဲမှာ ကျနော်အပေါ် တမျိုးထင်ရင်ထင်မယ်။ ငြိုငြင်းတဲ့လူ ရှိရင်ရှိမယ်။ ကျနော်ကို လွန်ကဲတယ်လို့ ထင်တဲ့လူ ရှိရင်ရှိမယ်။ ကျနော်ကတော့ အကုန်ပြော တာပဲ။ ပြောတာမှ ဥပမာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော် ပြဿနာဖြစ်တယ်။ ကျနော် ပြောတာပဲ။ ဘယ်နေရာမှာဖြစ်တယ် ပြော တာပဲ။ အစည်းအဝေးတွေမှာ CEC မှာ ပြောတယ်။ CRPP မှာ ပြဿနာဖြစ်တယ်။ ကျနော် ပြောတာပဲ။ ကျနော်တို့တတွေ ပြင်ရမယ်ဆိုတာကို သဘောတူပါတယ်။ မီဒီယာ friendly ဖြစ်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာလည်း ကျနော်တို့ အမြဲတမ်း ကြံဆနေပါတယ်။ ကျနော်တို့လည်း ပြင်ပါ့မယ်။ Promising လုပ်ဖို့ဟာ ကတော့ အခုန ဦးအောင်မြင့် ပြောသွားတဲ့အထဲမှာလည်းပါတယ်။ မီဒီယာဖက် ကလည်း တခါတလေကြတော့ သတင်းရရေးလောက်ပဲ နားလည်းတယ်။ ဘယ်လို ဆက်ဆံရမယ်ဆိုတာတွေ မသိတာတွေရှိတယ်။ အလွန်အကျွံလုပ်တာတွေ၊ အလွန်အကျွံတိုးပြီး အငမ်းမရ သတင်းရဖို့ အရေးကြီးတယ်။ လူပဲသတ်ရသတ်ရဆိုတဲ့ ပုံစံမျိုးတွေ၊ သဘောထားတွေလည်း ရှိတယ်လို့ ကျနော်ကြားနေရတယ်။ သို့သော် ဘယ်လိုပဲကြားကြား ဒါတွေအကုန်လုံးကို မီဒီယာဖက်ကသာ မီဒီယာဟာ ပြည်သူရဲ့  အသံ၊ ပြည်သူရဲ့  ကိုယ်စားလှယ်၊ ပြည်သူရဲ့  နား၊ ပြည်သူရဲ့  ပါးစပ်လို့ ကျနော်က မြင်တဲ့အတွက် မီဒီယာကို ကျနော်က အမြဲတမ်း ခွင့်လွတ်ပြီးတော့ စိတ်ရှည်သည်းညီးခံပြီးတော့ ဆက်ဆံရမယ်ဆိုတာတော့ ဒီလို သဘောထားရှိတယ်ဆို တာကိုတော့ အဲဒါကို ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခု မေးချင်တာက ကျနော်တို့ အချက်အလက်အပိုင်း သတင်းယူတဲ့နေရာမှာ ဆရာဦးအောင်မြင့်တို့ အန်အယ်လ်ဒီကို ဝေဖန်တယ့်။ အန်အယ်လ်ဒီရဲ့  လုပ်ရပ်ကို ဝေဖန်သုံးသပ်တယ်ဟာတွေ ဆရာတို့ လွတ်လွတ်လပ်လပ် ရေးနိုင် ပါသလား။ ရေးရဲကြပါသလား။ အန်အယ်လ်ဒီ က အပယ်ခံရမှာများ စိုးရိမ်တယ်ဆိုတဲ့ဟာမျိုး မြန်မာနိုင်ငံရဲ့  သတင်းလောကမှာ အဲဒီ စိုးရိမ်ချက်များ ရှိနေကြပါသလား။ ဆရာဦးအောင်မြင့် အရင်ပြောပါ။

ဦးစည်သူအောင်မြင့် ။ ။ ကျနော်ကတော့ လက်တွေ့ ပြည်တွင်းဂျာနယ်တွေမှာ ဖော်ပြ တာ၊ ခေါင်းစဉ်တွေ တပ်ပြီး ရေးလည်းရေးတယ်၊ လုပ်လည်းလုပ်တယ်။ ဒါပေမဲ့ အဲဒီလို ရေးတိုင်းလုပ်တိုင်းမှာ တခြားလူတွေကိုလ ည်း မေးရမြန်းရတယ်။ မေးရမြန်းရတယ့် အထဲမှာ နိုင်ငံရေးသမားတွေလည်းပါတယ်။ သတင်းစာ ဆရာတွေ လည်း ပါတယ်။ ကိုကျော်ဇံသာ မေးတာဟာမျိုး ကျနော်လည်းတွေ့ မိတယ်။ ကျနော်တို့မဟုတ်ဘူး တချို့  သတင်းစာဆရာတွေက အန်အယ်လ်ဒီကို ဝေဖန်လိုက်ရင်တော့ တို့ဝင်ရပြုရ ခက်သွားမယ်။ သတင်းယူရတာ ခက်သွားမယ်။ သို့မဟုတ် ဒီရေစီးကြောင်းကြီးအပြင် ရောက်သွားမယ်ဟာမျိုးကတော့ ကျနော်တို့ သတင်းလောကထဲမှာ ရှိနေတာတော့ အမှန်ပဲ။ ပြီးခဲ့တဲ့ တလောတုန်းကဆိုရင် ကျနော်က ဘာခေါင်းစဉ်နဲ့ အမြင်တွေစုစည်းသလဲဆို ရင် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင်၊ အန်အယ်လ်ဒီထဲမှာ ဗဟိုချုပ်ကိုင်မှုတွေ များနေတာကို ဘယ်လိုမြင်ကြသလဲ။ အဲဒါတွေကို ဘယ်လိုပြုပြင်ရင် ကောင်းမလဲဆိုတဲ့ အမြင်တွေ စုစည်းတဲ့ ဆီမှာ အဲဒီလို အသံမျိုးတွေတော့ ကြားရပါတယ်။

ဦးကျော်ဇံသာ ။ ။ အန်အယ်လ်ဒီ ပါတီအတွင်း ဒီမိုကရေစီ ရှိပါသလား။ အခုနလို ဝေဖန်မှုတွေကို ပွင့်ပွင့်လင်းလင်း လက်ခံနိုင်တဲ့ အဖွဲ့အစည်းတရပ် ဖြစ်ပါပြီလားဆရာ။

ဦးဝင်းတင် ။ ။ ဖြစ်တယ်။ အဲဒါတော့ ကျနော်ပြောနိုင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမိုကရေစီကို ယုံလို့ ကျနော်တို့ လုပ်လာတာ၊ တော်ရုံတန်ရုံ ပါးစပ်နဲ့ပြော ယုံတာမဟုတ်ဘူး။ နှစ်ပေါင်း နှစ်ဆယ်ကျော် အစိတ် ဖြတ်သန်းခဲ့တဲ့ ယုံကြည်မှု။ သို့သော် ကျနော် ပြောချင်တာက ဒီမိုကရေစီဆိုတဲ့ဟာကို ကျင့်သုံးတဲ့အခါမှာ ဒါကတော့ နှစ်ဖက်ဖြစ်တယ်ဆိုတာကိုတော့ ကျနော်တို့ သဘောတူရမယ်လို့ ထင်ပါတယ်။ အဲဒီတူတဲ့နေရာမှာ ကျနော်က အလျှော့အပေးအစားရှိရင် နိုင်ငံရေးသမားကသာ အလျှော့ပေးရ မယ်။ နိုင်ငံရေးသမားက ရှင်းပြရမယ်ဆိုတာ ကျနော် အမြဲတမ်း ယုံပါတယ်။ နောက်တချက်က ဘာခေါ်မလဲ ကွပ်ကဲမှု၊ စီမံမှု၊ ချမှတ်မှု၊ ကျနော်တို့ဖက်က ချွတ်ယွင်းတာ၊ အားနည်းတာရှိတယ်ဆိုတာကို ကျနော်တို့ ဝန်ခံရမယ်။ အရေးကြီးဆုံးကတော့ အန်အယ်လ်ဒီ ကို ဝေဖန်ဖို့ပဲ။ ဦးကျော်ဇံသာ မေးလို့ ဦးအောင်မြင့် ဖြေသလိုပဲ။ သတင်းစာသမားဖက်က တွန့်ဆုတ်နေရင်တော့ သတင်းစာသမားရဲ့  တာဝန်ပဲလို့ ကျနော်ပြောချင်တယ်။ သတင်းစာသမားတွေက အန်အယ်လ်ဒီ ကို ဝေဖန်ရမယ်။ ဆိုပါတော့ မနေ့တနေ့က အန်အယ်လ်ဒီ ထဲက လူတယောက်ရဲ့  ဓါတ်ပုံ
သတင်းထောက်နဲ့ ပြဿနာဖြစ်တယ်ဆိုတဲ့ဟာမျိုးမှာ ကျနော်တို့ထဲက လူတယောက်က ဘာပြောသလဲဆိုရင် ဒီလူတွေက အသက်ပေးလုပ်နေရတာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့  လုံခြုံရေးဟာ သိပ်အရေးကြီးတယ်။ ဟုတ်တာပေါ့ အရေးကြီးတာ သိတာပေါ့။ ဒေါ်အောင်ဆန်းစုကြည် ကို ပစ်သတ်သွားရင် ဘယ်နဲ့လုပ်မလဲ။ ကျနော်တို့ သိတာပေါ့။ သို့သော် လူထုခေါင်းဆောင်။ လူထုထဲကို တိုးဝင်ရမယ်၊ လူထုနဲ့ ထိတွေ့ရမယ်။ လူထုအသံကို နားထောင်ရမယ်။ လူထုကို စကားပြောရမယ်လို့ ယုံကြည်တယ်။ အခုလို စွပ်စွဲချက်တွေ၊ အပြစ်တင်ချက်တွေ၊ ဝေဖန်ချက်တွေကို မချေပချင်ပါဘူး။ ချေပစရာလည်း မလိုပါဘူး။ ချေပဖို့လည်း မမှန်ဘူးလို့ ယူဆတယ်။ ဒါက ကျနော့်ရဲ့  ကိုယ်ပိုင် အယူအဆနော်။ အဲဒါကြောင့် ကျနော်ကတော့ ပြောချင် တာကတော့ သတင်းစာသမားတွေကလည်း မကြောက်ပါနဲ့ ဘယ်လိုမှ ပြည်တွင်းမှာ ရေးမရရင်၊ အင်တာနက်ကနေ တင်။ ရေးဗျာ။ ကျနော်တို့ကိုလည်း ရှင်းခိုင်းပါ။ ကျနော်တို့ကို ဆော်ရုံနဲ့ မလုပ်ပါနဲ့။ ခင်များတို့ ရှင်းပါလို့ပြောပါ။ အဲဒါမှ ဒေါ်အောင်ဆန်းစုကြည်လည်း နားလည်းမယ်။ ပြဿနာရှိခဲ့ရင်။ Press ဆိုတာဒါပဲ။ သူများ ကို ဝေဖန်နိုင် တယ်။ ပြစ်တင်နိုင်တယ်။ ရှုတ်ချနိုင်တယ်။ ထောက်ပြနိုင်တယ်။ အဲဒီတော့ အဲဒါတွေကိုလုပ်ပါ။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးအနေနဲ့ ကျနော်ကတော့ အန်အယ်လ်ဒီတင် မကပါဘူး။ မြန်မာနိုင်ငံမှာရှိ တဲ့ နိုင်ငံရေးသမားတွေအားလုံး ဆရာဝင်းတင်လို့ သဘောထားမျိုး ရှိကြပါစေလို့ပဲ ပြောရမလို ဖြစ်နေပါပြီ။ ဆရာဦးအောင်မြင့် ဘာပြောချင်ပါသလဲ။

ဦးစည်သူအောင်မြင့် ။ ။ ကျနော်လည်း အဲဒီ သဘောပါပဲ။ ဘာပဲပြောပြော အန်အယ်လ်ဒီ ဟာ အခုန ဦးကျော်ဇံသာ အစပိုင်းမှာပြော သလိုပဲ တကယ့်ကိုပဲ တိုင်းပြည်မှာလည်း အကြီးအကျယ်ဆုံး နိုင်ငံတကာ အဆင့်အထိ ရှိနေတဲ့ ပါတီကြီးဖြစ် တယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုရင်လည်း တကယ့် ကမ္ဘာ့ အဆင့် ခေါင်းဆောင် တယောက်ဆိုတော့ ဒီပါတီက မီဒီယာတွေနဲ့ ဆက်ဆံတဲ့အခါမှာ စနစ်တကျနဲ့ လေ့လာ သင်ယူဖို့လည်းလိုတယ်။ နားမလည်းဘူးဆိုရင်လည်း နားလည်းအောင်လုပ်ပြီး နိုင်ငံတကာ အဆင့်မှီအောင် လုပ်ဖို့ ကျနော်ကတော့ မီဒီယာသမားတယောက်အနေနဲ့ တိုက်တွန်းပါတယ်။

VOA မှ ကူးယူဖော်ပြသည်။

တပ်မတော်ကဏ္ဍ လျှော့ချမည့် အစီအစဉ် ဒေါ်အောင်ဆန်းစုကြည် ကြိုဆို

တပ်မတော်ကဏ္ဍ လျှော့ချမည့် အစီအစဉ် ဒေါ်အောင်ဆန်းစုကြည် ကြိုဆို

 

စင်္ကာပူနိုင်ငံ၌ ကျင်းပသော Shangri-la Dialogue လုံခြုံရေးဆိုင်ရာ ညီလာခံတွင် ဇွန်လ ၂ ရက်နေ့က ရှင်းလင်းပြောကြား နေသည့် မြန်မာ ကာကွယ်ရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး လှမင်း (ဓာတ်ပုံ - Reuters)
တပ်မတော်အနေဖြင့် ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေမှုအား ရာနှုန်းပြည့် ထောက်ခံကြောင်းနှင့် အနာဂတ်နိုင်ငံရေးတွင် တပ်မတော် အခန်းကဏ္ဍ လျှော့ချသွားမည်ဟု ကာကွယ်ရေးဝန်ကြီး၏ ပြောကြားချက်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုပြီး အားရကျေနပ်ကြောင်း ပြောဆို လိုက်သည်။
“ဗိုလ်ချုပ်ကြီး လှမင်းကလည်း အခုလိုပြောတယ်ဆိုတော့ တကယ်ကို အားရပါတယ်၊ တပ်မတော်ဟာ အစဉ်အမြဲ ရနေတဲ့ အခွင့်အရေးတွေကို သိမ်းထားချင်တဲ့ တပ်မတော်မျိုး မဟုတ်ဘူး၊ နိုင်ငံနဲ့သင့်တော်တဲ့ အခြေအနေတခုကို ဖန်တီးထားတဲ့ တပ်မတော်လို့ ပြလိုက်တဲ့ အနေနဲ့ ကြိုဆိုပါတယ်၊ အဲဒီအတွက်လည်း အားရကျေနပ်မိပါတယ်”ဟု ယမန်နေ့က NLD ရုံးချုပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခြင်းဖြစ်သည်။
ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး လှမင်းက ဇွန် ၂ ရက်နေ့က ကျင်းပခဲ့သည့် အာရှဒေသ လုံခြုံရေးဆိုင်ရာ ညီလာခံ (Shangri-la Dialogue)၌ သင့်လျော်သည့် ကာလတခုရောက်လျှင် တပ်မတော်အနေဖြင့် နိုင်ငံရေးတွင် ပါဝင်မှုအခန်းကဏ္ဍကို လျှော့ချသွားမည်ဖြစ်ပြီး လက်ရှိ သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ချက်များကို တပ်မတော်အနေဖြင့် ရာနှုန်းပြည့် ထောက်ခံ၍ အရပ်သားအစိုးရ၏ညွှန်ကြားမှုများကို လိုက်နာသွားမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့ခြင်းကို ဒေါ်အောင် ဆန်းစုကြည်က အားလုံးအတွက် အနာဂတ် ခြေလှမ်းများကို အတူလက်တွဲသွားချင်ကြောင်း တုံ့ပြန်ပြောကြားခြင်းလည်း ဖြစ် သည်။
“ကျမက တပ်မတော်နဲ့အမြဲပဲ လက်တွဲပြီးတော့ လုပ်ချင်တယ်။ ကျမတို့ တပ်မတော် အတွက်ရော၊ ကျမတို့ နိုင်ငံ အတွက် ရော၊ ကျမတို့ နိုင်ငံရေးသမားတွေ အတွက်ရော သိက္ခာရှိမယ့် ခြေလှမ်းတွေကို အတူတူ လက်တွဲပြီးတော့ လှမ်းချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
သို့သော် ဗိုလ်ချုပ်ကြီးဟောင်းနှင့် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက စစ်တပ်ကိုယ်စားလှယ်မပါသည့် လွှတ်တော် ဖြစ်ရန်၊ လူထုကိုယ်စားပြု လွှတ်တော်ဖြစ်ရန် အချိန်စောသေးကြောင်းနှင့် စစ်တပ်တွင်း၌လည်း ဒီမိုကရေစီရှိကြောင်း ပြီးခဲ့သည့် မေလ အတွင်းက ဗြိန်တိန် နိုင်ငံသို့ ရောက်ရှိစဉ် ဘီဘီစီ သတင်းဌာနသို့ ပြောဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲ၌ နေရာအများစု အောင်နိုင်ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးနှင့်ပတ်သက်၍ တပ်မတော်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တို့အား ချဉ်းကပ် လုပ်ဆောင်သွားမည် ဖြစ် ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီယာနှင့် တယ်လီဖုန်းကတဆင့် ပြောဆိုခဲ့သေးသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီကသွားရောက်ခဲ့သော နှစ်ပေါင်း၂၄ နှစ်အတွင် ပထမဆုံး ပြည်ပခရီးစဉ်ဖြစ် သည့် ထိုင်းနိုင်ငံ ခရီးစဉ်သည် မြန်မာအစိုးရကို ထိခိုက်မှု မရှိကြောင်း၊ ခရီးစဉ်အတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများ အရေးနှင့် ဒုက္ခသည်များ အရေးကို ထိုင်းတာဝန်ရှိသူများနှင့် ပြောဆိုဆွေးနွေးခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို အားကောင်းစေရန် ကြိုးစားသွားချင်ကြောင်းလည်း ပြောဆိုခဲ့သည်။
သို့သော် သမ္မတအကြံပေးအဖွဲ့ဝင်တဦးဖြစ်သည့် ဒေါက်တာနေဇင်လတ်က The New York Times သတင်းစာတွင် မှတ်ချက် ပေးထားသည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်သည် ပွင့်လင်းမြင်သာမှု မရှိကြောင်းနှင့် မြန်မာနိုင်ငံ အပေါ် ရင်းနှီး မြှုပ်ပ်နှံသူများကို ဒေါ်အောင်ဆန်စုကြည်က အကောင်းမမြင်စေလိုဘဲ သတိထားသင့်ကြောင်း ပြောဆိုခဲ့မှုများကို ဝေ ဖန် ထောက်ပြထားသည်။
“ကျမကတော့ ကျမတို့နိုင်ငံရဲ့အခြေအနေတွေနဲ့ပတ်သက်လို့ ကျမမြင်တဲ့အတိုင်းပဲ ပွင့်ပွင့်လင်းလင်းပြောခဲ့တယ်။ တချို့က လည်း ဒါကို သိပ်မကျေနပ်ဘူးလို့ ကျမ ကြားပါတယ်။ ဒါပေမယ့် ကျမ ပြောခဲ့တဲ့ကိစ္စတွေ အားလုံးဟာ ကျမမြင်တဲ့အတိုင်း ရိုးရိုး သားသား၊ ပွင့်ပွင့်လင်းလင်း ပြောခဲ့တာပဲ ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က ထိုင်းခရီးစဉ်ကို အောင်မြင်သည့်ခရီးစဉ်ဖြစ်သည်ဟု ပြောဆိုလိုက်ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ ခရီး စဉ်ကိုလည်း လာမည့် ဇွန်လ ၁၃ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း၊ ထိုမှတဆင့် နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်နိုင်ငံ များသို့ သွားရန်ရှိကြောင်း အသေးစိတ်ကို ထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုသည်။
မကြာသေးခင်က ဖြစ်ပွားသည့် ရခိုင်ပြည်နယ်က ပဋိပက္ခများနှင့်ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က တရား ဥပဒေ စိုးမိုးရေးသည် အလွန်အရေးကြီးကြောင်း ထပ်လောင်းပြောဆိုလိုက်ပြီး လူအများစုက လူနည်းစုအပေါ် ကရုဏာထားတတ်ရန်နှင့် ဒေါသရှေ့မထားကြရန်လည်း သတိပေးစကား ပြောဆိုခဲ့သည်။
“ဒီလို ပြဿနာတွေ ဖြစ်လို့ရှိရင် ကျမ အတွေးက ကိစ္စနှစ်ခုဆီကို ရောက်သွားတယ်။ နံပါတ် တစ် ကတော့ ဥပဒေ စိုးမိုးရေး ပဲ။ နှစ် ကတော့ လှုံ့ဆော်တဲ့သူများ ရှိသလားဆိုတဲ့ စိုးရိမ်ပူပန်မှု။ ဒီ နိုင်ငံမှာ ဥပဒေစိုးမိုးရေး ရှိတယ်ဆိုရင်၊ ပထမဆုံး၊ ပြဿနာ တခုဖြစ်ပြီ၊ ရာဇ၀တ်မှုတခုဖြစ်ပြီဆိုရင် ပီပီပြင်ပြင် မြန်မြန်ဆန်ဆန် အရေးယူလိုက်မယ်ဆိုရင် ဒီ ပြဿနာတွေဟာ ကြီးမား သွားနိုင်စရာမရှိဘူး။ ပြဿနာတခု မရှင်းလိုက်တာနဲ့ နောက်တခု ထပ်ပြီး ကြီးကြီး ကျယ်ကျယ် ပေါ်လာပြီ။ ဒါဟာ ဥပဒေပိုင်း ဆိုင်ရာ အဖွဲ့တွေက ရှင်းလင်းရမယ့်ပြဿနာ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ကချင်ဒေသငြိမ်းချမ်းရေးအတွက် ကြိုးစားနေကြသော Friends of Kachin



ယခုကဲ့သို့ ငြိမ်းချမ်းရေးအတွက် အပင်ပန်းခံ၊ အလုပ်ပျက်ခံ၊ ငွေကုန်ကြေးကျခံပြီး မရပ်...မနား ကြိုးစားပန်းစား သီဆိုပေးနေကြသော ကချင်လူမျိုးများ၏ သူငယ်ချင်းများကို မည်သူ မလေးစားဘဲ နေနိုင်မည်နည်း။

ကချင်ဒေသငြိမ်းချမ်းရေအတွက် အားတက်သရော ကြိုးစားအားထုတ်ပေးနေသော ကချင်မဟုတ်သူများအား အထူးကျေးဇူးတင်စွာကြောင်း ပြောကြားလိုပါသည်။ ကျွန်မ ကချင်ပြည်နယ်တွင် မျက်ရည်စက်လက်ဖြင့် ဆောက်တည်ရာမရခဲ့ပြီး ပထမဦးဆုံး မြန်မာမိတ်ဆွေ တစုကို တယ်လီဖုန်းဖြင့် အကူအညီတောင်းခဲ့သည်။ ဘာကြောင့် ထိုမြန်မာမိတ်ဆွေတစုကို အကူအညီတောင်းမိပါသလဲ။ မေးခွန်း...များစွာ ကိုယ့်ကိုကိုယ် မေးခဲ့သည်။ ဘာကြောင့် ကချင်လူမျိုးမိတ်ဆွေများကို အကူအညီတောင်းရန် ဦးစွာ သတိမရခဲ့ပါသလဲ။။။ အဖြေကို ကိုယ်တိုင် မသိခဲ့ပါ။ သို့သော် ထိုမြန်မာလူမျိုးများသည် ကျွန်မ အကူအညီတောင်းတိုင်း (ကိုယ်ရေးကိုယ်တာအတွက် ဖြစ်စေ၊ အများအကျိုးအတွက်ဖြစ်စေ) မည်သည့်အခါမျှ မငြင်းဆန်ခဲ့ကြပါ။

ကျွန်မက အခြားသူများကို ငြင်းဆန်နိုင်မည်ဖြစ်သော်လည်း ကျွန်မက အကူအညီလိုအပ်လျှင် ငြင်းဆန်ခြင်းခံရမည်ကို အထူးပင် ကြောက်ပါသည်။ ထို့ကြောင့် အမြဲတမ်း အကူအညီပေးနေကျဟု အသဲနှလုံးထဲက သိနေသူများထံ ပထမဦးဆုံး တယ်လီဖုန်းဆက်ခဲ့မိဟန် တူပါသည်။ ထိုနေ့မှစ၍ ထိုကချင် မဟုတ်သော မိတ်ဆွေများ ဆပွားတိုးတက်လာခဲ့သည်။ ထိုမိတ်ဆွေများသည် ကချင်ဒေသငြိမ်းချမ်းရေး အတွက် မကြောက်မရွှံ ပါဝင်ခဲ့ကြသည်။ အားကြိုးမာန်တက် ပါဝင်ခဲ့ကြသည်။ နေရတကာ ရောက်ခဲ့ကြသည်။ အန္တရယ်ရှိမှန်းသိလျက်နှင့် ပါဝင်ခဲ့ကြသည်။ ကျွန်မတွင် ကျရောက်လာမည့် အန္တရယ်ကိုပါ ကြိုတင် ကာကွယ်ပေးခဲ့ကြသည်။ လူတန်းစားမျိုးစုံပါဝင်ပါသည်။ ရဟန်းတော်များပါဝင်သည်။ ကျောင်းသားများ၊ လူငယ်များ၊ လူကြီးများ၊ ချမ်းသာသူများ၊ ဆင်းရဲသူများ၊ အစုအဖွဲ့များ၊ တသီးပုဂ္ဂလများ ပါဝင်ကြသည်။

ငွေအားဖြင့်၊ လုပ်အားဖြင့်၊ ချိတ်ဆက်ပေးမှုများဖြင့်၊ ကျွန်မနှင့်အတူ ငိုကြွေးခြင်းအားဖြင့်၊ ကျွန်မဒေါသ ထွက်သောအခါ တိတ်တိတ်နေပေးခြင်းအားဖြင့် ၊ ကျွန်မသောင်းကျန်းသောအခါ သည်းခံပေးခြင်းအားဖြင့် ပါဝင်ခဲ့ကြသည်။ ထိုမိတ်ဆွေများ၏ ကူညီမှုကြောင့် မြန်မာနိုင်ငံမှ အလှူရှင်ပေါင်းများစွာ စစ်ပြေးစခန်းသို့ ရောက်ရှိခဲ့ကြပြီ။ သိန်းပေါင်းများစွာ လှူဒါန်းခဲ့ကြပြီးပြီ။

ပြည်တွင်း ပြည်ပ သတင်းဂျာနယ်များစွာ တွင် ကချင်ပြည်နယ်၏ သတင်းပါဝင်ခွင့် ရခဲ့ပြီ။ Radio နှင့် TV များတွင်လည်း ရံဖန်ရံခါ ပျောက်လိုက် ပေါ်လိုက် ပါရှိနေသည်။ Human Right Watch, Amnesty International နှင့် The United Nations Special Rapporteur on human rights in Burma, Tomás Ojea Quintana တို့နှင့် ချိတ်ဆက်မိကြပြီ။ ပြည်တွင်းပြည်ပတွင် ငြိမ်းချမ်းရေးကွန်ယက်များစွာ ပေါ်ထွက်လာသည်။ ထိုကွန်ယက်များအားလုံး ယခုအချိန်တွင် သက်ဝင်လှုပ်ရှားနေပြီး ကချင်ဒေသ ငြိမ်းချမ်းရေးအတွက် ၄င်းတို့ အတတ်နိုင်ဆုံး ပါဝင်ကြိုးစားနေပြီဖြစ်သည်။

အမျိုးသားပြန်လည်သင့်မြတ်မှုကို အထောက်အကူပြုသော တရားမျှတခြင်းမျိုးနှင့် စစ်မှန်သော ငြိမ်းချမ်းရေးရရန် မဝေးတော့ပြီ။အားလုံးကို အထူးကျေးဇူးတင်ပါသည်။ ကျွန်မ၏ သမိုင်းကို သင်တို့၏ မေတ္တာ စေတနာတို့ဖြင့် ရေးသားခဲ့ပါသည်။ မည်သည့်အခါမျှ ပျက်ပျယ်မည်မဟုတ်ပါ။ ကျွန်မ၏ ချစ်လှစွာသော ကချင်လူမျိုးများကို ပြောချင်ပါသည်။ ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသော ပြည်တွင်းစစ်သည် လူတစု၏ ဆုံးဖြတ်ချက်ကြောင့်ဖြစ်သည်။ လူအချို့က အကောင်အထည်ဖော်နေ ကြသည်။ ၄င်းတို့အထဲမှ အချို့က ပြစ်မှုများကို ကျူးလွန်ခဲ့ကြသည်။ ကချင်လူမျိုးဖြစ်သော ကျွန်မလည်း ထိုအကျိုးဆက်များကို အခြားသော ကချင်လူမျိုးများနှင့် အတူတကွ ခါးသည်းစွာခံစားရပါသည်။

ထိုကိစ္စအားလုံးသည် စစ်၏ အကျိုးဆက်များဖြစ်သည်။ အကယ်၍ စစ်မဖြစ်ပါက၊ နိုင်ငံတော် ငြိမ်းချမ်းပါက ထိုခါးသည်းမှုများ ဖြစ်ပေါ်မည်မဟုတ်။အကြမ်းဖက်မှုကို မည်သူက ကျူးလွန်သည်ဖြစ်စေ လက်မခံပါ။ ပြစ်မှုကျူးလွန်သူကို ဥပဒေအရ အရေးယူနိုင်ရန်ကြိုးစားကြပါစို့။ တရားဥပဒေ စိုးမိုးရန် ကြိုးစားကြပါစို့၊ တရားဥပဒေကောင်းများ ထွက်ပေါ်လာရန် ကြိုးစားကြပါစို့။ အားလုံးလက်ခံနိုင်သော စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်ဖြစ်ပေါ်လာအောင် တတ်အားသရွေ့ ၀ိုင်းဝန်းပါဝင်ကြပါစို့။

ထို့အတူ ပြစ်မှုမကျူးလွန်သော အခြားသူများအား လိုက်၍ စော်ကားတိုက်ခိုက်ခြင်းကိုမှု ခွင့်မပြုနိုင်ပါ။ ပြစ်မှုကျူးလွန်သူကို ကိုယ်တိုင်စီရင်ရန်လည်း လက်မခံနိုင်ပါ။ တရားဥပဒေအထက်တွင် ကျွန်မအပါအ၀င် မည်သူမျှ မရှိပါ။ ခရစ်တော်ကိုယ်တိုင်လည်း ရန်သူကိုပင် ချစ်ခင်ရန် နှင့် အချင်းချင်း ချစ်ကြရန် မှာကြားခဲ့ပါသည်။ လွတ်လပ်စွာ သဘောထားကွဲလွှဲခွင့်ရှိကြပါသည်။ လွတ်လပ်စွာ မိုက်ရိုင်းစော်ကားခွင့် မည်သူ့ထံမျှ မရှိပါ။ မိမိတို့အား ကူညီပေးမှုကို ကျေးဇူးတင်စွာ လက်ခံပြီး ယဉ်ကျေးစွာ တုန့်ပြန်ရမည်ဖြစ်သည်။ ဘုရားသခင်ကို လက်ခံရရှိသူများ ပီသစွာ ယဉ်ကျေးသိမ်မွေ့ကြရန်လည်း တောင်းပန်လိုပါသည်။ St. Francis Asisi သည် ”Master, Make me a channel of Your Peace” ဟု ဆုတောင်းခဲ့ပါသည်။ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ခဲ့ပါသည်။ ကျွန်မတို့အားလုံးလည်း "Channel of Peace" များ ဖြစ်လာကြပါစေ ဟု ဆုတောင်းလိုပါသည်။

By: Khon Ja

ဒေါ်အောင်ဆန်းစုကြည်နဲ့ ယူကေရောက် မြန်မာပြည်သားတို့ တွေ့ဆုံပွဲ



~



ဒီလ ၂၂ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် လန်ဒန်ကို ရောက်မယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲ တက်ရောက်လိုသူများ လက်မှတ် ၀ယ်ယူကြဖို့ လိုအပ်တယ်လို့ သိရပါတယ်။ လူဦးရေ ကန့်သတ်ထားပါတယ် တဲ့။

ဒီ Facebook http://www.facebook.com/pages/SandyThinMarOo/350219555103 မှာ တွေ့ရတဲ့အတိုင်း ကူးယူ ဖော်ပြလိုက်ပါတယ်။

Sandy Thin Mar Oo (Mobile : 07834593617 and phoethin@hotmail.co.uk ) ထံတွင် ဆက်သွယ်ပြီး လက်မှတ်များ စတင် ဝယ်ယူနိုင်ပါပြီ။ လက်မှတ်ကို အထူး အချိန် ကန့်သတ်ထားပါသဖြင့် အမြန်မှာယူကြပါရန် လေးနက်စွာ တိုက်တွန်းပါသည်။ အမေစုသည် မြန်မာတိုင်းရင်းသား ညီအကိုမောင်နှမများကိုသာ ဦးစားပေးတွေ့ဆုံချင်သော ပြင်းပြသော ဆန္ဒရှိနေပါသဖြင့် "ယူကေ" နိုင်ငံ အနယ်နယ်အရပ်ရပ်တွင် ရှိနေပါသော ညီအကိုမောင်နှမများ အမြန်ဆက်သွယ်ကြပါရန်။ မေတ္တာဖြင့် စန္ဒီသင်းမာဦး ♥♥♥
(အောက်တွင် သတင်းအပြည့်အစုံကို ဖတ်ရှုကြပါရန်)

Dassk London @

June လ ၂၂ ရက်နေ့ ၂၀၁၂ ခုနှစ်တွင် ယူကေနိုင်ငံသို့ ရောက်ရှိလာမည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲကို လန်ဒန်မြို့ Royal Festival Hall တွင် ကျင်းပမှာ ဖြစ်ပြီး .. လက်မှတ်များကို စာရင်းပေး၍ ဝယ်ယူရရှိနိုင်ပါပြီ။ အခမ်းအနား ကျင်းပမည့် အချိန် အတိအကျကို ဆက်လက် ကြေငြာသွားမည် ဖြစ်ပါသည်။ (သို့သော် ကျင်းပချိန် ၂ နာရီ ကြာမြင့်မှာ ဖြစ်ပြီး မနက် ၈ နာရီမှ ၁၂ အတွင်းတွင်သာ ဖြစ်ပါမည်။)

လက်မှတ်တစ်စောင်လျှင် စတာလင် ပေါင် (၁၀) သတ်မှတ်ပြီး ... အမှန်တကယ် တတ်ရောက်သူများသာ ဝယ်ယူစေလိုပါသည်။ လက်မှတ်ဝယ်ပြီး မလာနိုင်လျှင် ခန်းမတွင် နေရာလပ်ဖြစ်နေပြီး .. အမှန်တကယ် တတ်ရောက်လိုသူတစ်ယောက်အတွက် အခွင့်အရေး လျော့နည်းသွားမည်ကို မဖြစ်စေလိုသောကြောင့် ဖြစ်ပါသည်။ လက်မှတ် အရေအတွက်မှာ ကန့်သတ်မှုရှိသောကြောင့် ဦးရာလူစနစ်ဖြင့် ... စာရင်းပေး ရယူနိုင်ပါသည်။ ယခု ရောင်းချမည့် လက်မှတ်များမှာ မြန်မာနိုင်ငံသားများအတွက် ဦးစားပေးရောင်းချမှာ ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ လူမျိုးများ၏ မိသားစုဝင်ဖြစ်သော Non-Burmese မှလွဲ၍ .. အခြား မြန်မာမဟုတ်သည့် သူ (Non-Burmese) များသည် Royal Festival Hall တွင် ဆက်သွယ် ဝယ်ယူနိုင်ကြောင်း မိမိနှင့် နီးစပ်သော စိတ်ဝင်စားသည့် သူများကို သတင်းပါးနိုင်ပါသည်။

လက်မှတ်ဝယ်ယူလိုသူများသည် မိမိတို့၏ နာမည်၊ ဖုန်းနံပါတ်၊ အီးမေးလ် လိပ်စာ (၃)မျိုးဖြင့်... လက်မှတ်ဖိုး ပေးချေကာ .. မိမိတို့နှင့် နီးစပ်ရာ အဖွဲ့အစည်းများနှင့် dassklondonevent@gmail.com သို့ စာရင်းပေးဝယ်ယူနိုင်ပါသည်။ (ငွေပေးချေရေးအတွက် မိမိစာရင်းပေးထားသော အဖွဲ့တွင်၎င်း၊ dassklondonevent@gmail.com တွင်လည်းကောင်း မေးမြန်း ပေးချေနိုင်ပါသည်။)

ကလေးငယ်များအား ခန်းမသို့ ခေါ်ဆောင်လာမည့် မိဘများအတွက် .. သေချာ စဉ်းစား ဆုံးဖြတ်စေလိုပါသည်။ မိမိ၏ ကလေးများ ဆော့ကစားခြင်း၊ ငိုခြင်း၊ အခြားသူများအား အနှောက်အယှက် ဖြစ်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် .. အထက်ပါ အနှောက်အယှက် ဖြစ်စေနိုင်မှုများကို တာဝန်ယူစေလိုပါသည်။ အသက် ၅ နှစ်အောက် ကလေးငယ်များ ခေါ်ဆောင်လာမည့် မိဘများ အနေဖြင့် dassklondonevent@gmail.com သို့သာ ဆက်သွယ် ဝယ်ယူရမည် ဖြစ်ပါသည်။

စည်းကမ်းချက်များ ...

အခမ်းအနားတတ်ရောက်သူများအားလုံး ရိုးရာဝတ်စုံများဖြင့်ဝတ်ဆင်ကာ မိမိတို့ နိုင်ငံ၏ ဂုဏ်ဆောင်မည့် ပွဲအဖြစ် .. မှတ်ယူ ဝတ်ဆင်စေလိုပါသည်။ အကယ်၍ ရိုးရာ ဝတ်စုံ မရှိသူများ အနေဖြင့် အခမ်းအနား ဝတ်စုံပြည့်ဖြင့် ဝတ်ဆင် တက်ရောက် ရမည်ဖြစ်ပါသည်။

ကင်မရာများ ယူဆောင်ခွင့်ရှိသော်လည်း Flash မဖွင့်ဘဲ မိမိ ထိုင်ခုံနေရာမှသာ ဓါတ်ပုံ၊ ဗွီဒီယို ရိုက်နိုင်ပါသည်။

အခမ်းအနား မ "စ" ခင် နာရီဝက်ခန့်စော၍ ခန်းမသို့ ရောက်ရှိစေလိုပါသည်။ သို့မှသာ အခမ်းအနား စတင်ချိန်တွင် အကုန်လုံး နေရာယူပြီး ပွဲစတင်နိုင်မှာဖြစ်ပါသည်။ (အခမ်းအနားအား အချိန်အတိအကျဖြင့် ကျင်းပသွားမှာ ဖြစ်ပါသည်။)

မေးခွန်းများ ...

အခမ်းအနားနှင့် သက်ဆိုင်သော မေးခွန်းများရှိလျှင် ဤနေရာတွင် လွတ်လပ်စွာ မေးမြန်းနိုင်ပြီး .. ဤနေရာမှ ကြေငြာသည့် သတင်းများသည်သာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေဆုံပွဲ အခမ်းအနားသတင်း အမှန်ဖြစ်ပါသည်။

(အခမ်းအနား ဖြစ်မြောက်ရေး အဖွဲ့ - လန်ဒန်)

ရခိုင်ပြည်နယ် ပဋိပက္ခကိစ္စ အစိုးရက စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီ




ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခကိစ္စနဲ့ပတ်သက်ပြီး အစိုးရက စုံးစမ်းရေး ကော်မရှင်ဖွဲ့ကြောင်း အစိုးရအဖွဲ့ အတွင်းရေးမှူးလက်မှတ်ဖြင့် ယနေ့ ထုတ် သတင်းစာများတွင် ဖော်ပြပါတယ်။

အဆိုပါ စုံစမ်းရေး ကော်မရှင်အနေဖြင့် တလအတွင်း စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပြီး ဇွန်လ ၃၀ ရက်နေ့တွင် အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံ တိုက်ရိုက်တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

ဆရာ မောင်မောင်ဝမ်း ရဲ့ အမြင်

သတ်တဲ့သူနဲ့ အသတ်ခံရသူ ဘယ်သူက ပိုနစ်နာမယ်လို့ထင်လည်း..
အသတ်ခံရသူက ကံအကြောင်းမလှလို့ ( အတိတ် ၀ဋ် ပါလာလို့ ) သေရပေမဲ့..ဝေဒနာခံရလှ
မိနစ်ပိုင်းပေါ့...သတ်တဲ့သူကတော့...မသေမချင်း အရှင်လတ်လတ် လူ့ငရဲခံရမယ်သာပြင်...။
မြန်မာပြည်မှာ သေဒဏ်အပြစ်ပေးတာကိုလည်း မသိသူများကိုပြောပြချင်တယ်...ကမ္ဘာနိုင်ငံ
အသီးသီးက သေဒဏ်အပြစ်ထက် ဆိုးတယ်ဗျား...တခြားနိုင်ငံတွေမှာ သေဒဏ်အပြစ်ပေးပြီး
မကြာခင် သတ်ပစ်လိုက်တာ( ကွိကနဲ..ပြီးသွားတာပဲ )...မြန်မာပြည်မှာက သေဒဏ်ဆိုပြီး အပြစ်သာပေးတာ...မသတ်ဘူး..တဘ၀လုံးစိတ်ဆင်းရဲ..ကိုယ်ဆင်းရဲ...ဒုက္ခတွေနဲ့..လုံးပါးပါးလာ ပြီးမှ..ကိုယ့်သဘောနဲ့ ကိုယ်သေရတဲ့ အဖြစ်..။ သူများစိတ်နဲ့..ကိုယ့် ခန္ဒာ ရှင်သန်ရတဲ့ အဖြစ်...။
တိုက်လို့ခေါ်တဲ့ အခန်းကျဉ်းလေးထဲမှာ နှစ်ပေါင်းများစွာနေရတာ...။အစားအစာ ဆိုတာ မသေရုံ
စားနေရတာ...။ယုံကြည်ချက်နဲ့ အကျဉ်းကျတဲ့ နိုင်ငံရေးအကျဉ်းသားတွေတောင်...မနည်း နလံထူ
အောင် ကိုယ့်အသက်ကိုယ်မွေးယူလာခဲ့ရတာ..ယုံကြည်ချက်မဲ့ ရမ်းကားချင်သူများ..နောက်ဆုံး
ထွက်သက်ကို သံတိုင်တွေကြားမှာ ရူးမသေချင်ရင်...ရာဇ၀တ်မှု့လုပ်ရပ်တွေကို ရှောင်တာ အ
ကောင်းဆုံးပဲလို့အကြံပြုချင်ပါတယ်...မြန်မာပြည် ထောင်တွေမှာ..နိုင်ငံတကာက ပြင်းထံစွာ ရှုတ်ချနေတာတောင်....ဘုန်းကြီးတွေ..ကျောင်းသား တွေ နိုင်ငံရေးအကျဉ်းသားတွေလူမဆန်စွာ အရက်စက်ခံနေရရင်...သာမာန် ရာဇ၀တ် အကျဉ်းသားလောက်ကတော့...အစိုးရက ကျွှတ်ကျွှတ်
ဝါးစားပစ်မှာမလွဲဘူးဆိုတာ သိစေချင်တယ်...။ကိုယ့်ဒေါသ ကိုယ်မထိန်းနိုင်လို့..လူများကို သွား
သတ်မယ်ဆိုရင်...ခံရသူက ခနလေး...လုပ်တဲ့သူကတော့..မသေမချင်း..ဘ၀ပျက်ပြီသာပြင်
ယခုအချိန်ထိ..မြန်မာအစိုးရ အုပ်ချုပ်ရေးမှာ..တိုင်းပြည်တိုးတက်ဘို့ကိုသာ မတော်ရင်
နေမယ်...လူတွေကို..ဘယ်လို နှိပ်စက်ရမယ်ဆိုတာ..အထူးကျွှမ်းကျင်တယ်ဆိုတာ အသိပေးလိုက်ပရစေ ( ကျနော် တင်ပြတာတွေဟာ..ဘယ်..ဘာသာရေး..လူမျိုးရေးမှ မပါဘူး )
မြန်မာပြည် အကျဉ်းထောင်မှာ..လူ့အခွင့်ရေးဆိုတာ...လုံးဝ ပါပဲဗျား....။ဒေါသတွေ စိတ်နဲ့လည်း
မပွားနဲ့..လက်တွေ့လည်း မလုပ်နဲ့....အခုမြန်မာပြည်မှာ ဖြစ်သွားတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့...
ဒီလောက် တိုင်းသိပြည်သိ ကမ္ဘာသိဖြစ်နေတဲ့နောက်...မကြာခင်မှာ..ကျူးလွန်သူ ( ပြစ်မှု့ကျူးလွန်သူ ဘယ်သူမဆို ) အစိုးရက သာသာထိုးထိုးလေး လူဖမ်းပွဲ စပါလိမ့်မယ်...။ မတော်ရင်..မဆိုင်သူများကိုပါ...မသေယုံ ရိုက်ပြီး ၀န်ခံ ခိုင်းပါလိမ့်မယ်.....ဒါတွေကို ခံနိုင်ရင်
တော့ ဆက်လုပ်ကြပေါ့...။ ခင်ဗျား တရားတာတွေ..မတရားတာတွေ...ဒါတွေ သူတို့ စိတ်မ၀င်
စားဘူး....ကမ္ဘာ့အလယ် မှာ အဖတ်ဆယ်ဘို့...ခင်ဗျားတို့ကတော့ တဘ၀လုံး သေသည် အထိ
( ဒေါသလေး တချက်အတွက် ) ရင်းလိုက်ကြပေါ့ဗျာ။

ရခိုင်ပြည်နယ်က ပဋိပက္ခနှင့်ပတ်သက်ပြီး ၈၈ ကျောင်းသားများ မေတ္တာရပ်ခံ


2012-06-04
ရခိုင်ပြည်နယ်တွင်း လတ်တလော ဖြစ်ပွားခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ ရပ်တန့်ဖို့အတွက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပြီး မေတ္တာရပ်ခံလိုက်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး
မေတ္တာရပ်ခံချက်မှာ မြန်မာနိုင်ငံအတွင်း နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ ထာဝရယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် သက်ဆိုင်ရာဘာသာ အသီးသီးက ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေ၊ အာဏာပိုင်အဖွဲ့အစည်း အသီးသီးက တာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ့ ၀ိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ကိုယ့်ကိုယ်ကို တာဝန်ရှိတဲ့ နိုင်ငံသားအနေနဲ့ တာဝန်ယူဆောင်ရွက်ဖို့ လိုတယ်လို့ ဆိုပါတယ်။
" ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ကျွန်တော်တို့ နိုင်ငံသားအချင်းချင်း၊ ဘာသာအချင်းချင်း၊ မျိုးနွယ်စုအချင်းချင်း ဖြစ်တဲ့ပဋိပက္ခတွေကို အတတ်နိုင်ဆုံး မေတ္တာတရား ရှေ့ထားပြီးတော့ စိတ်ရှည်ရှည်နဲ့ သည်းညင်းခံပြီးတော့ ချဉ်းကပ်ကြဖို့ ကျွန်တော်တို့ ဒီလက်ရှိသွားနေတဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းတွေကို ပိုပြီးအရှိန်အဟုန် ကောင်းလာအောင် ကြိုးစားကြဖို့နဲ့ လမ်းကြောင်းလွဲမသွားအောင် ဝိုင်းပြီးကရုစိုက်ကြဖို့ အဲတာကို ကျွန်တော်တို့ အဓိက အလေးအနက်ထားပြီးတော့ တိုက်တွန်းချင်တာပါ။ အဲတော့ ကျွန်တော်တို့ နိုင်ငံသား၊ အရပ်သားချင်းဖြစ်တဲ့ ပဋိပက္ခတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေ ဝင်ရောက်ဖြေရှင်းရပြီ ဆိုရင်လည်း မလိုလားအပ်တဲ့ အကျိုးဆက်တွေကို ဦးတည်သွားစေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို တာဝန်ရှိတဲ့ နိုင်ငံသားတွေအဖြစ်နဲ့ ခံယူပြီးတော့ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေ ကြီးထွားမလာအောင် အတတ်နိုင်ဆုံး ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်အောင် ရည်ရွယ်ပြီးတော့ ဒီကြေညာချက်ကို ကျွန်တော်တို့ ထုတ်ပြန်ရတာ ဖြစ်ပါတယ်"
ဒါ့အပြင် ကြေညာချက်မှာ အခုဖြစ်ပေါ်နေတဲ့ အခြေအနေဆိုးတွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြောင်းလဲမှုတွေကို အကျိုးမပြုနိုင်ရုံ မကဘဲ နောက်ကြောင်းပြန်လှည့် သွားနိုင်တဲ့ ထောင်ချောက်များ ဖြစ်တယ်ဆိုတာကို သတိပြုဖို့ လိုတယ်လို့လည်း ရေးထားပါတယ်။

RFA

အကျည်းတန်သော ဖြစ်ရပ်များ.....

အယ်ဒီတာ့အာဘော်
အကျည်းတန်သော ဖြစ်ရပ်များ

ဧရာဝတီ| June 6, 2012 |


--------------------------------------------------------------------------------

လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက ကမ္ဘာ့အလယ်တွင် အရုပ်ဆိုး အကျည်းတန်သော ဖြစ်ရပ်တချို့ မြန်မာပြည်၌ ပေါ်ပေါက် ခဲ့သည်။


ရခိုင်ဒေသတွင် ဖြစ်ပွားခဲ့သည့် လူမဆန် အကြမ်းဖက်သော ဖြစ်ရပ်နှင့်ပတ်သက်သည့် ဓာတ်ပုံများ အင်တာနက် လူမှုကွန်ရက် များတွင် ပြန့်နှံ့ခဲ့သည်ကို ကမ္ဘာအနှံ့က မြင်တွေ့ကြရမည် ဖြစ်သည်။ ထိုဓာတ်ပုံများက ၈ လေးလုံး အရေးအခင်း ကာလ ပြီးဆုံးခါနီးရက်ပိုင်း ဖြစ်ပျက်ခဲ့သော လူမဆန်သည့် အမှုအခင်းများကို သတိရစေပါသည်။

အမျိုးသမီးတဦးအား လူသုံးဦးက ပစ္စည်းလု အဓမ္မကျင့် သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်၏ နောက်ဆက်တွဲ ဖြစ်ရပ် အဖြစ် ရိုးမ သစ္စာ မှန်လုံကားပေါ် လိုက်ပါလာသူ ၁၀ ဦးအား လူတစုက ရမ်းကားစွာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထိုအဖြစ်အပျက်များ ဖြစ်ခဲ့ရသည့် အကြောင်းရင်းကို ပြန်လည်လေ့လာ ကြည့်မည် ဆိုပါက တရားဥပဒေ စိုးမိုးမှု အားနည်းခြင်းကိုလည်း ချန်လှပ်ထား၍ မဖြစ်နိုင်ပေ။

နောက်ဆက်တွဲ အနေဖြင့် တရားဥပဒေကို အယုံအကြည် မရှိနိုင်တော့သည့် လူတချို့၏ လူမဆန်သော သတ်ဖြတ်မှုကြီး ဖြစ်ပေါ်ခဲ့ရသည်။

ယဉ်ကျေးသော လူမျိုး ဟူ၍ ကမ္ဘာ့အလယ်တွင် အစဉ် ဂုဏ်ယူလေ့ရှိသော မြန်မာတို့အဖို့ ဤ လူသားမဆန်သော လူတစုကြောင့် မျက်နှာပျက် အရှက်ရစေမည့်ကိန်း ဆိုက်ရတော့သည်။

ထို့အပြင် အစိုးရ မီဒီယာများ၏ မီးလောင်ရာလေပင့် အရေးအသားကလည်း လူအများ ဝေဖန်စရာ ဖြစ်ခဲ့သည်။ မီဒီယာ သမားတို့ မသုံးသင့် မသုံးအပ်သော အသုံးအနှုန်းကို သုံးစွဲ ရေးသားခဲ့ပြီး ဝေဖန်ချက်များ ထွက်ပေါ်လာရာ အစိုးရက ပြင်ဆင်ချက် ထည့်သွင်း ဖော်ပြပေးခဲ့သည်။

ကြီးသည့်အမှု ငယ်ရေး၊ ငယ်သည့်အမှု ပပျောက်ရေးအတွက် မီဒီယာသမား အားလုံး သတိထား ဆင်ခြင်သင့်သည် မဟုတ်ပါလား။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခ များနှင့် ပတ်သက်၍ ဖြစ်ပွားနေသည့် ကိစ္စရပ်များ ပိုမိုကြီးထွားသွားစေရန် မလုပ်မိစေလိုကြောင်း၊ ပြဿနာများကို တရားဥပဒေ စိုးမိုးရေး အမြင်နှင့် ဖြေရှင်းစေချင်ကြောင်း၊ နိုင်ငံသားများ၏ အေးချမ်းမှု၊ နိုင်ငံ၏ သိက္ခာရှိမှုအတွက် ထိန်းသိမ်းစေလိုကြောင်း ယနေ့ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မည်သို့ဆိုစေ လူမဆန်သော ဖြစ်ရပ်များက ဖြစ်ပွားခဲ့ပြီ။ ထိုကဲ့သို့သော ရမ်းကားမှုမျိုး ထပ်မံ မဖြစ်ပွားစေရန် သတိထားရ တော့မည်။

တရားဥပဒေ စိုးမိုးမှုအပေါ် အယုံအကြည် ကင်းမဲ့လာစေရန် ပြုမူခဲ့သည့် တာဝန်ရှိသူများနှင့် တနိုင်ငံလုံးကို အရှက်ရစေသည့် ရမ်းကားသော လူတစုတို့ကို ဧရာဝတီက ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြလိုက်ပါသည်။

ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တရားဥပဒေစိုးမိုးမှု အရေးကြီးကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြား



အစ္စလာမ်ဘာသာဝင်များနှင့်လတ်တလောဖြစ်ပွားနေသောကိစ္စရပ်များနှင့်ပတ်သက်ပြီးဒေါ်အောင်ဆန်းစုကြည်၏အမြင်ကိုသတင်းထောက်တစ်ယောက်ကမေးမြန်းရာ“ဒီလိုပြသနာတွေဖြစ်လို့ရှိရင် ကျွန်မအတွေးက ကိစ္စနှစ်ခုဆီကိုရောက်သွားတယ်။နံပတ်၁ကတော့ ဥပဒေစိုးမိုးရေးဘဲ။

နှစ်ကတော့လှုံ့ဆော်တဲ့သူများရှိသလားဆိုတဲ့ စိုးရိမ်ပူပန်မှု့။ဒီနိုင်ငံမှာ ဥပဒေစိုးမိုးရေး ရှိတယ်ဆိုရင် ပထမဆုံးပြသနာတစ်ခုဖြစ်ပြီ၊ ရာဇ၀တ်မှု့တစ်ခုဖြစ်ပြီဆိုရင် ပီပီပြင်ပြင် မြန်မြန်ဆန်ဆန် အရေးယူလိုက်မယ် ဆိုရင် ဒီပြသနာတွေဟာ ကြီးမားသွားနိုင်စရာမရှိဘူး။ ပြသနာတစ်ခုမရှင်းလိုက်တာနဲ့ နောက်တစ်ခုထပ်ပြီး ကြီးကြီးကျယ်ကျယ်ပေါ်လာပြီ ။

ဒါဟာ ဥပဒေပိုင်းဆိုင်ရာအဖွဲ့တွေက ရှင်းလင်းရမယ့် ပြသနာ။ ရာဇ၀တ်မှု့ကျူးလွန်ခဲ့တဲ့သူတွေကို အမြန်ဆုံးအရေးယူရ မှာက ရဲအဖွဲ့နဲ့ဆိုင်တယ် ။ဥပဒေတရားရုံးတွေနဲ့ဆိုင်တယ်။ အဲဒါတွေကို မြန်မြန်ဆန်ဆန်လုပ်နိုင်မယ်ဆိုရင် ပြသနာတွေကို ထိန်းထားလို့ရတယ်။ မြန်မြန်ဆန်ဆန်မလုပ်နိုင်ရင် ပြသနာတွေက တစ်ဆင့်ပြီးတစ်ဆင့် ကြီးသွားမယ်။ ပြည်သူအများကလည်းစိုးရိမ်ပူပန်နေမယ်လို့ကျွန်မထင်တယ်။အခြေအနေတွေကိုမတည်ငြိမ်အောင်လှုံဆော်နေတဲ့သူတွေ များရှိသလား ။

ကျွန်မကတော့ ကျွန်မတို့နိုင်ငံမှာ ဘယ်သူမဆိုလုံလုံခြုံခြုံ ရှိတယ်ဆိုတာမျိုးဖြစ်စေချင်တယ်။ နိုင်ငံတစ်နိုင်ငံ ရဲ့ သိက္ခာဟာ ဒီနိုင်ငံက ပြည်သူတွေရဲ့လုံခြုံမှု့နဲ့ဆက်စပ်မှု့ရှိတယ် ။ စိတ်ချမ်းသာမှု့ဆိုတာလုံခြုံမှု့ကစရမှာ။ မလုံခြုံတဲ့သူတွေက ဘယ်တော့မှ စိတ်ချမ်းသာစရာမရှိဘူး။ ဒီနိုင်ငံမှာ ကျွန်မတို့ ပြည်သူပြည်သားတွေအားလုံး လူမျိုးမရွေး ဘာသာမရွေး ၊ကျွန်မတို့ ပြည်သူပြည်သား တွေ မဟုတ်တဲ့ ဒီမှာရောက်နေတဲ့ ပုဂ္ဂိုလ်အားလုံး ၊လူမျိုးမရွေးဘာသာမရွေးလုံခြုံမှု့ရှိတဲ့ နိုင်ငံမျိုး ဖြစ်စေ ချင်တယ်။

ကျွန်မတို့ အတန်တန် ဥပဒေစိုးမိုးရေးဆိုတာကိုပြောနေတာဟာ ပထမဆုံးဖြစ်တဲ့ရာဇ၀တ်မှု့ကို ထိထိမိမိနဲ့ မှန်မှန်ကန်ကန်ကိုင်တွယ်လိုက်နိုင်မယ်ဆိုရင် မီးစကနေ မီးတောက်အထိမဖြစ်နိုင်ဘူး။ အခု ဥပဒေစိုးမိုးရေး အမြင်နဲ့ ဒီပြသနာတွေကို ထိန်းသိမ်းစေချင်တယ်။ ကျွန်မတို့ ပြည်သူလူထုအားလုံးကလည်း ကိုယ့်အသိုင်း အ၀ိုင်း ရဲ့ အေးချမ်းမှုကို၊ ကိုယ့်နိုင်ငံရဲ့ သိက္ခာရှိမှုအတွက် ထိန်းထိန်းသိမ်းသိမ်းနဲ့လုပ်စေချင်တယ်။ ဒေါသကို အခြေခံပြီးတော့မလုပ်ပါနဲ့။ ကျွန်မတို့ဟာ ပုထုဇဉ်လူသားတွေပါပဲ။ ဘယ်နိုင်ငံကပဲဖြစ်ဖြစ် ဘယ်ဘာသာ ကိုပဲ ကိုးကွယ်ကိုးကွယ် လူတိုင်းလူတိုင်း ဟာ အေးအေးချမ်းချမ်းနေချင်တယ်၊ လုံလုံခြုံခြုံနေချင်တယ်။ အဲဒီဟာကို ခေါင်းထဲမှာထည့်ပြီးတော့ ပြည်သူပြည်သားတွေ ပြေလည်မှု ရှာစေချင် တယ်။

နောက်တစ်ခုကတော့ ကျွန်မပြောကိုပြောရမယ်။ အမြဲလည်း ပြောတယ်။ လူအများစုဆိုတာ လူအနည်းစုကို ဂရုဏာထားတတ်ရမယ်။ အဲဒါတော့ သတိပေးပါရစေ။ ဒီလိုပြောတာကို တချို့က ကြိုက်ချင်မှ ကြိုက်မယ်။ ကြိုက်တာမကြိုက်တာထက် ပြောသင့်တာကိုတော့ ပြောရမယ်။ လူအများ စုဆိုတာ ကိုယ့်ရဲ့အင်အားကရှိပြီး သား။ အများစုအင်အားရှိပြီးသားမို့လို့ သဘောထားကြီးနိုင်ရမယ်။ ဂရုဏာတရားထားနိုင်ရမယ်။ ကျွန်မတို့နိုင်ငံမှာရှိတဲ့ ဘာသာမရွေး၊ လူမျိုးမရွေး ပြည်သူပြည်သား အားလုံး ချစ်ချစ်ခင်ခင်နဲ့ နေထိုင်တာ ကိုမြင်ချင်တယ်။ ဒီလိုဖြစ်ဖို့အတွက် ကျွန်မတို့အနေနဲ့ ကူညီနိုင်မယ်ဆိုရင် ကူညီမယ်။ လုပ်ပေးနိုင်တာ ကို လုပ်ပေးမယ်။ ဒါပေမဲ့ ဖြစ်ပွားနေတဲ့ ကိစ္စတွေပိုကြီးထွားသွားအောင်လို့ လုပ်မိတာမျိုးကိုတော့ ကျွန်မတို့ သတိထားပြီးရှောင်မယ်။”ဟု ပြန်လည်ဖြေကြားခဲ့သည်။

7Day News Journal

အမုန်းတရားတွေ ရပ်ကြပါလေ...
(ဘယ်နိုင်ငံကပဲဖြစ်ဖြစ် ဘယ်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ် လူတိုင်းလူတိုင်း ဟာ အေးအေးချမ်းချမ်းနေချင်တယ်၊ လုံလုံခြုံခြုံနေချင်တယ်။ )
ဒေါ်အောင်ဆန်းစုကြည်

လတ်တလော ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ မေတ္တာရပ်ခံကြေညာချက်


ရခိုင်အမျိုးသားကွန်ယက်၊ အစ္စလာမ့်တံခွန်အဖွဲ့၊ တိုင်းရင်းသား လူငယ်များကွန်ယက်နှင့် ၈၈မျိုးဆက်ကျောင်းသားများ စုပေါင်းပြီး "လတ်တလော ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ မေတ္တာရပ်ခံကြေညာချက်ကို ယနေ့ ( ၂၀၁၂ခုနှစ်၊ ဇွန်လ၊ ၆ ရက်) နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ရက်စွဲ - ၂၀၁၂ ခုနှစ်၊ ဇွန်လ (၆) ရက်။

၁။ ကျွန်ုပ်တို့  ပြည်ထောင်စုမြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကပင် ဘာသာစုံ လူမျိုးစုံ ယဉ်ကျေးမှုစုံလင်စွာဖြင့် အေးချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့သော တိုင်းပြည် ဖြစ်သည်။

၂။ ဘာသာရေးကွဲပြားခြားနားမှုအပေါ် ပဋိပက္ခအနည်းဆုံးနှင့် သည်းခံခြင်းတရား ပြည့်ဝသော လူမှု့ အဖွဲ့ အစည်း ဖြစ်သည်။

၃။ မတရားပြုကျင့်သတ်ဖြတ်ခြင်း၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း စသည်တို့ မှာ တရားဥပဒေအကြောင်းအရ တရားမျှတစွာ ဖြေရှင်းရမည့် ကိစ္စများသာ ဖြစ်သည်။

၎။ ရခိုင်ပြည်နယ်မှ ပဋိပက္ခကို အခြေခံပြီး လူစုလူဝေးအလိုက် မငြိမ်သက်မှုများ ပျံ့ ပွားကျယ်ပြန့် လာခြင်း မရှိစေရန် ၀ိုင်းဝန်ကြိုးပမ်းကြရမည်ဟု ယုံကြည်သည်။

၅။ ထိုအခြေအနေများသည် ကျွန်ုပ်တို့  နိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်များကို ရပ်တန့် သွားစေနိုင်ပါသည်။

၆။ သို့ ဖြစ်ပါ၍ လတ်တစ်လောဖြစ်ပွားနေသော ပဋိပက္ခများ ရပ်တန့် ပြီး နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်နိုင်စေရန် သက်ဆိုင်ရာဘာသာအသီးသီးမှ ဆရာတော်ကြီးများ ဘာသာရေးခေါင်းဆောင်များ နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့ အစည်းခေါင်းဆောင်များ၊ အစိုးရဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးအနေဖြင့် မေတ္တာတရားကို အခြေခံ၍ ၀ိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ပေးကြပါရန် ကျွန်ုပ်တို့ အားလုံးမှ အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။

- ကိုတင်ထူးအောင် (09 4210 74398)၊ ကိုကျော်ဝင်းချေ (09 732 23921)၊ ရခိုင်အမျိုးသားကွန်ရက်

- ကိုကိုကြီး (09 7321 5574)၊ မြအေး (09 4320 4620)၊ ၈၈ မျိုးဆက်ကျောင်းသားများ၊

- ဦးမြင့်ထွန်း (09 5128 649)၊ ဦးဝဏ္ဏရွှေ (09 513 7704)၊ အစ္စလာမ့်တံခွန်အဖွဲ့၊

- ကိုကမ်လမ်ခုပ် (09 7324 8503)၊ စိုင်းမင်းလွင် (09 73022001)၊ တိုင်းရင်းသား လူငယ်များကွန်ရက်။

ဥပဒေစိုးမိုးရေး အရေးကြီးကြောင်း ဒေါ်စု ထပ်လောင်း ပြော





(ဓာတ်ပုံများ - Day Life)

သတင်းစာရှင်းလင်းပွ္ပဲရောက် အစ္စလာမ်ဘာသာဝင်များကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုလို ရင်းရင်းနှီးနှီး တွေ့ရပါတယ်။

ယခု လတ်တလောဖြစ်ပွားနေသော ရခိုင်ပြည်နယ်က စတင်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တရားဥပဒေ စိုးမိုးမှု အရေးကြီး ကြောင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
သတင်းစာရှင်းလင်းပွဲသို့ ၀င်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်

ဒီကနေ့ ဇွန်လ ၆ ရက် နေ့လယ် ၁၁နာရီက ရန်ကုန်မြို့ ရွှေဂုံတိုင်က NLD ရုံးတွင်ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပဋိပက္ခတွေ စတင်ဖြစ်ပွားချိန်မှာ ထိထိရောက်ရောက် ကိုင်တွယ် အရေးယူတာမျိုး မရှိခဲ့တာ ကြောင့် ယခုကဲ့သို့ မလိုလားအပ်တဲ့နောက်ဆက်တွဲ ပဋိပက္ခတွေ ထပ်ဖြစ်လာရ တာလို့လည်း ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲတွင် သတင်းစာဆရာများကို ရှင်းလင်းပြောကြားနေပုံ
အခုဖြစ်နေတဲ့ ပဋိပက္ခတွေရဲ့ နောက်ကွယ်မှာ လှုံဆော်နေတဲ့သူတွေများ ရှိမလားလို့ သံသယဖြစ်ကြောင်း လည်း ပြောပါတယ်။
သတင်းစာရှင်းလင်းပွဲမှာတော့ မကြာခင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး မြန်မာ အစိုးရနဲ့ နားလည်မှု မလွဲပဲ ပိုမိုခိုင်မာစွာ လက်တွဲနိုင်ရေးအတွက်လည်း ရှင်းလင်းပြောဆိုပါတယ်။

မနေ့က အစိုးရ သတင်းစာ ဆောင်းပါး တပုဒ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ ကို မြန်မာ့မျှော်လင့်ချက်များအဖြစ် ရေးသား ဖော်ပြခဲ့ပါတယ်။

အတိုက်အခံ ခေါင်းဆောင်နဲ့ အစိုးရ ခေါင်းဆောင်ကို
ထူးထူး ခြားခြား တွဲဖက်ချီးမွမ်းခန်း ဖွင့်လိုက် တာ ဖြစ်ပါတယ်။

Wednesday, June 6, 2012

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအတွေးအမြင်များ စာအုပ် မွေးနေ့အမီ ထုတ်မည်

Than Win Hlaing


မိုးမခ၊ ဇွန် ၆၊ ၂၀၁၂
မိုးမခ၏ ပင်တိုင်၊ သုတေသန စာရေးဆရာသန်းဝင်းလှိုင် စုစည်းရေးသားသည့်ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအတွေးအမြင်များ စာအုပ်ကို လာမည့် ဒေါ်အောင်ဆန်းစုကြည် ၆၇ မွေးနေ့အမီ မိုးမခက ထုတ်ဝေမည်ဖြစ်သည်။ ဆရာသန်းဝင်းလှိုင် ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်တွင်း နိုင်ငံရေးဖြတ်သန်းမှုများနှင့် အထင်ကရမိန့်ခွန်းများကို စုစည်း စီစဉ်ထားရာတွင် သမိုင်းမှတ်တမ်း ရက်စွဲကို ၂၀၁၂ ဖေဖော်ဝါရီလအထိ စုဆောင်းပြုစုထားသည်ကို တွေ့ရသည်။
မြန်မာပြည်တွင်းနှင့် ပြည်ပတွင် နှစ်စဉ်မပျက် ဂုဏ်ပြုကျင်းပကြမည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အခမ်းအနားများနည်းတူ မိုးမခမီဒီယာကလည်း မြန်မာပြည်၏ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုအမှတ်တရအဖြစ် ဆရာသန်းဝင်းလှိုင်၏ စာအုပ်ကို ထုတ်ဝေဖြန့်ချိမည် ဖြစ်သည်။ သို့ရာတွင် ပုံနှိပ်စာအုပ်အစား လွယ်ကူသက်သာသည့် ကွန်ပျူတာပရင်တာဖြင့် ပုံနှိပ်သည့် ကော်ပီစာအုပ်အဖြစ် အမှာစာရှိသလောက် ရိုက်ထုတ်ပြီး စာတိုက်မှတဆင့် မီဒီယာမေး (အမေရိကန်ပြည်တွင်း ၆ ရက်)ဖြင့် စာဖတ်သူတို့ထံ ပေးပို့ရန် စီစဉ်ထားသည်။ စာအုပ်မှာ စာမျက်နှာ ၂၂၁ မျက်နှာနှင့် အခန်းပေါင်း ၁၅ ခန်း ပါဝင်မည် ဖြစ်သည်။
ကော်ပီပရင်တာစာအုပ် တအုပ်လျင် အမေရိကန်ပြည်ထောင်စုအတွင်း စာပို့ခအပါအ၀င် တန်ဖိုး ၁၀ အမေရိကန်ဒေါ်လာ ကျသင့်မည် ဖြစ်သည်။ အဆိုပါကုန်ကျငွေမှာ ပုံနှိပ်ခ၊ စာရွက်ခနှင့် စာပို့ခအတွက် အဓိကဖြစ်ပြီး စာဖတ်သူတို့လက်ထဲ စာအုပ်တအုပ် ရောက်ရှိစေရေးအတွက်ကို စာရေးဆရာ သန်းဝင်းလှိုင်နှင့် မိုးမခမီဒီယာတို့က အဓိကရည်ရွယ်ပြီး ဖြန့်ချိလိုရင်း ဖြစ်သည်။ ကြိုတင်မှာကြားသူ များပြားပါက လျှောက်လွှာစာမျက်နှာဖြင့် ၂ဖက်ရိုက်မည့် ကော်ပီပရင်တာစာအုပ်အစား ပုံနှိပ်စာအုပ်အဖြစ် ပြောင်းလဲ ထုတ်ဝေပေးပို့မည်
ဖြစ်သည်။

VOA နဲ့ မြန်မာ့အသံ တို့ ပူးပေါင်းပြီ

Wednesday, June 06, 2012 


ယနေ့ ထုတ် ကြေးမုံသတင်းစာပါ စာချုပ်လက်မှတ်ထိုးကြပုံ

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်အသံ VOA က ညွှန်ကြားရေးမှူး Mr. David Ensor ဟာ ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းနဲ့ တွေ့ဆုံပြီး ရေဒီယို၊ ရုပ်မြင်သံကြား ထုတ်လွှင့်မှုဆိုင်ရာတွေမှာ ပူးပေါင်းဆောင်ရွက်သွားဖို့အတွက် ယမန် နေ့ ဇွန်လ ၅ ရက်နေ့က နေပြည်တော်မှာ သဘောတူ လက်မှတ် ထိုးလိုက်ကြပါတယ်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးသိန်းအောင်နဲ့ Mr. David Ensor တို့ ပူးပေါင်းအစီအစဉ် လက်မှတ် ရေးထိုးနေတာကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများမှာလည်း ဖော်ပြထားပါတယ်။

အမေရိကန်ဘက်က နည်းပညာ၊ အဆင့်မြင့် စက်ပစ္စည်းတွေနဲ့ ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်ရေး လေ့ကျင့် သင်တန်း များ ပေးရေးအတွက်လည်း ကူညီပေးသွားမှာဖြစ်ပါတယ်တဲ့။

တချိန်က ပြည်ပ မီဒီယာများကို အဆိုးမြင်ခဲ့တဲ့ မြန်မာအစိုးရဟာ အခုတော့ ပြည်ပ မီဒီယာတွေနဲ့ ပူးပေါင်းနေပါပြီ။

Hi_Mo ဆံပင်တု စက်ရုံ အလုပ်ရှင်နှင့် အလုပ်သမား ပြဿနာ ပြေလည်ပြီ

Hi_Mo ဆံပင်တု စက်ရုံ အလုပ်ရှင်နှင့် အလုပ်သမား ပြဿနာ ပြေလည်ပြီ


အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တို့ သဘောတူစာချုပ်သစ် လက်မှတ်ရေးထိုးကြစဉ်

ယနေ့ ဇွန်လ ၅ ရက်နေ့ ည ၈ နာရီခန့်က Hi-Mo ဆံပင်တု စက်ရုံမှ တာဝန်ရှိသူ ကိုရီးယား နိုင်ငံသားများ၊ အလုပ်သမား ကိုယ်စားလှယ် ၂ ဦးတို့သည် ၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီးနှင့် အလုပ်သမား ဒု ၀န်ကြီး ဥိးမြင့်သိန်းတို့ကို သက်သေထားကာ အလုပ်ရှင် အလုပ်သမား သဘောတူညီချက်ကို လက်မှတ်ရေးထိုး လိုက်ကြကြောင်း သတင်းရရှိသည်။

လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံးခန်းရှိ ကနောင်ခန်းမတွင် အခုလို သဘောတူ စာချုပ်သစ် လက်မှတ်ရေးထိုးလိုက်ကြပြီး ဖြစ်ပေါ်နေသည့် အလုပ်သမားမပြေလည်မှုများကို ညှိနှိုင်းအဖြေရှာကာ ပြေ လည်မှု ယူရလိုက်ခြင်းလည်းဖြစ်သည်။
အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များ ပြေလည်မှုရရှိပြီး လက်ဆွဲ နှုတ်ဆက်ကြစဉ် -သတင်း၊ ဓာတ်ပုံ- Messenger Journal

Hi_Mo ဆံပင်တု စက်ရုံ အလုပ်သမားများဟာ ရက်ပေါင်းများစွာ အခြေခံ လုပ်အားခ လစာ နစ်နာနေမှုအတွက် ဆန္ဒပြခဲ့ကြပါတယ်။ စက်ရုံ အလုပ်သမားများဟာ အဓိက တောင်းဆိုနေသည့် အခြေခံ အလုပ်သမား လစာ ကျပ် ၃ သောင်း အနည်းဆုံး ရရှိရန် တောင်းဆိုနေခဲ့ကြသည်။ စက်ရုံပိုင်ရှင်၊ အလုပ်သမားနှင့် အစိုးရ ကိုယ်စားလှယ် တို့ ညှိနှိုင်း မှုများအရ ယခုလို ပြေလည်းသွားခြင်း ဖြစ်ကြောင်းသိရသော်လည်း အသေးစိပ် မည်ကဲ့ သို့ ပြေလည်မှု မျိုးဆိုသည်ကို မသိရသေးပေ။

၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးနှင့် တွေ့ဆုံခြင်း




မြို့တော်ခမ်းမရှေ့ မွတ်ဆလင်တချို့ဆန္ဒပြနေစဉ် ကိုမြအေး ရောက်ရှိခိုက်

Messenger Journal က ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးနဲ့ တွေ့ဆုံမေးမြန်းခန်းကို ဖော်ပြလိုက်ပါတယ်။

မေး။ ။ ခုရက်ပိုင်းအတွင်းဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေအပေါ် မြန်မာနိုင်ငံသားတစ်ယောက်အနေ နဲ့ရော အစ္စလာမ်ဘာသာဝင်တစ်ဦးအနေနဲ့ရော ၈၈ မျိုး ဆက်ကျောင်းသားတစ်ယောက်အနေနဲ့ရော ဘယ်လိုရှုမြင် ပါသလဲ။
ဖြေ။ ။ အခု အဖြစ်အပျက်က ကျောက်နီမော် လူသတ်မှုပေါ့။ ဒါက လုံးဝမဖြစ်သင့်ပါဘူး။ ဒီ ရခိုင်အမျိုးသမီးလေး မသီတာထွေးကို မတရားအဓမ္မပြုကျင့်တာ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူပါ။ ဒီကိစ္စနဲ့ပတ်သက် ပြီး ကျူးလွန်တဲ့ တရားခံသုံးယောက်ကို ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူသင့်ပါတယ်။ တဆက်ထဲ မှာပဲ တောင်ကုတ်မြို့ကို ဖြတ်သွားတဲ့ ခရီးသည်တင် ကားပေါ်က လူ ၁ဝ ယောက်ကို သတ်ဖြတ်တာကလည်း ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာ မရှိပါ ဘူး။ ဒီလိုကိစ္စတွေကိုလည်း ရာဇဝတ်မှုလို့ မြင်တယ်။ ဒါကိုလည်း ဥပဒေအကြောင်းအရပဲ အရေးယူစေချင်ပါ တယ်။ နောက်တစ်ခုပြောချင်တာက ကျွန်တော် ဒီနေ့ ဒီအချိန်မှာ အသွင်ကူးပြောင်းရေးကာလပေါ့။ လူမျိုးရေး ဘာသာရေးကို အခြေခံတဲ့ အဓိကရုဏ်းမျိုးကို ဘယ်အုပ် စုက ဖန်တီးဖန်တီး ကျွန်တော်တို့ လုံးဝလက်မခံပါဘူး။

မေး။ ။ သမိုင်းမှာလည်း ဒီလိုပဋိပက္ခတွေ ရှိခဲ့တယ်။ အခု အချိန်မှာလည်း လူတချို့ရဲ့ စိတ်ထဲ တစ်ခုခုလုပ်မယ် စိတ်မျိုးဝင်နေရင် ဦးမြအေးတို့အနေနဲ့ ဘယ်လို ဖြေရှင်းပေးချင်သလဲ။
ဖြေ။ ။ ပွင့်ပွင့်လင်းလင်းပြောရင် ဒါက ရိုဟင်ဂျာအရေးပေါ့နော်။ တကယ့်ရိုဟင်ဂျာအရေးကို အကြောင်း ပြပြီး အစ္စလာမ်ဘာသာနဲ့ သက်ဆိုင်တဲ့ အရေး လိုဖန် တီးနေတဲ့ လူတွေရှိတယ်။ ရိုဟင်ဂျာအများစုက အစ္စလာမ် တွေလေ။ ဒါကို အကြောင်းပြုပြီး အစ္စလာမ်ဘာသာဝင်တွေ အရေးဆိုပြီး လုပ်နေတဲ့အစွန်းရောက်တဲ့ သူများရှိပါတယ်။ ကျွန်တော်တို့ လုံးဝလက်မခံနိုင်ပါဘူး။ ကျွန်တော်တို့က မြန်မာမွတ်စလင်ပါ။ ကျွန်တော်တို့က ရိုဟင်ဂျာ မဟုတ်ဘူး။ နောက်တစ်ခုကို ရခိုင်လူမျိုးတွေကို ပြောချင်တယ်။ မှန်ပါတယ်။ ရခိုင်ပြည်နယ်ဟာ ဘင်္ဂလား ဒေ့ရှ်နဲ့ ကပ်နေလို့ ကိုယ့်အမျိုးသားရေး ခံကတုတ်ကိုတော့ ပြင်ရမှာပဲ။ ဒါ ကျွန်တော်လုံးဝ နားလည် တယ်။ ဒီလိုမဟုတ်ရင် သန်းရာ ကျော် နိုင်ငံကနေ ပြိုလာမယ့် လူမျိုးတွေအနေနဲ့ ရခိုင် အမျိုးသားတွေ စိုးရိမ်မယ်ဆိုတာကို ကောင်းကောင်း နားလည်ထားတယ်။ ဒါက ဘင်္ဂါလီတွေ၊ ဘင်္ဂလားဒေ့ရှ် ကလာ တဲ့ ပြဿနာတွေကို ရင်ဆိုင်တဲ့အခါမျာ ပြည်တွင်းမှာရှိတဲ့ အေးချမ်းစွာ နေထိုင်စားသောက်နေတဲ့ အစ္စလာမ် ဘာသာဝင်တွေနဲ့ မသက်ဆိုင်ဘူးလို့ ရှင်းရှင်းပြောချင်တယ်။ ဘင်္ဂလားဒေ့ရှ်က စိမ့်ပြိုလာမယ့်ကိစ္စကို ကျွန်တော်တို့လည်း မလိုလားဘူး။ အိန္ဒိယနဲ့လည်း ကပ်နေတယ်။ အလားတူပဲ တရုတ်ပြည်နဲ့လည်း ကပ်နေတာ။ ဒါ လူမျိုးရေး ကို ရှေ့တန်းတင်တာမဟုတ်ဘူး၊ သို့သော်လည်း ကျွန်တော်တို့ အမျိုးသားရေးကိုတော့ ရှေ့တန်း တင်ရမှာပဲ။

မေး။ ။ အခု ဖြစ်ခဲ့တဲ့ကိစ္စမှာ နိုင်ငံရေးပါတီတွေ ပါဝင်ဖြန်ဖြေတာမျိုး မတွေ့ရသေးဘူး။ အဲဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ။
ကျွန်တော် ထင်ပါတယ်။ နိုင်ငံရေးပါတီတွေပဲ လုပ်ကြပြောကြမှာပါ။ ကျွန်တော်တို့အနေနဲ့ ကတော့ ဒီနေ့ ပြုပြင် ပြောင်းလဲတဲ့အချိန်ဆိုတော့ စိတ်ပူတယ်။ အခြေခံ ဖွဲ့စည်းပုံဥပဒေအရ ဆူပူမှုဖြစ်ရင် တပ်မတော် ရဲ့အခန်း ကဏ္ဍ၀င်လာပြီးတော့ ထိန်းသိမ်းမယ်လို့ ပြဌာန်းထားတာရှိတယ်။ အားလုံးပဲသိပါတယ်။ အဲဒီ အခြေအနေကို ပြန်မရောက်စေချင်ဘူး။ အမုန်းတရားပေါ်မှာ အခြေခံတဲ့ သွေးချောင်းစီး လူသတ်မှုတွေ မဖြစ်စေချင်ဘူး။ ကျွန်တော်တို့အားလုံး ချစ်ချစ်ကြည်ကြည် ရင်းရင်းနှီးနှီး၊ ပြဿနာဖြစ်ရင်လည်း ညှိနှိုင်း တိုင်ပင်စေချင်တယ်။ အဲဒါ ရင်ထဲက ဆန္ဒပါ။

မေး။ ။မေလ ၂၈ ရက်နေ့က ရခိုင်အမျိုးသမီးလေး သတ်ခံရတဲ့ကိစ္စ၊ ပြီးတော့ ရိုးမသစ္စာယာဉ် ဖျက်စီးခံရပြီး လူ ၁၀ ယောက် အသက်ဆုံးရှုံးသွားရတဲ့ ကိစ္စတွေနဲ့ ပတ်သတ်ပြီး ခု ရန်ကုန်အထိ ဆန္ဒထုတ်ဖော်တာတွေရှိလာတယ်။ အဲဒီရဲ့ အကျိုးဆက်အဖြစ်ဘာတွေရှိလာနိုင်လဲ။
ဖြေ။ ။ ဒီနေရာကနေ တစ်ဆက်ထဲ ကျွန်တော် အကူအညီ တောင်းချင်တာက ဆရာတော်ကြီးတွေ၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေက သက်ဆိုင်ရာ အာဏာပိုင်တွေရော အကုန်လုံး ကျွန်တော်တို့ ဝိုင်းဝန်း ထိန်းသိမ်း သင့်တယ်။ မဟုတ်ရင် အလားလာကောင်းတော့ မတွေ့ဘူး။ ကျွန်တော် အရမ်းစိတ်ပူနေတယ်။ အရမ်းလဲ စိုးရိမ်ပါတယ်။ နောက်တစ်ခုပြောချင်တာက ကျူးလွန်တဲ့သူတွေကို ထိထိရောက် ရောက် အရေး ယူပေးပါ။ အလားတူ ၁ဝ ယောက် အသတ် ခံရတာကိုလည်း စုံစမ်းရေးကော်မတီဖွဲ့ပြီး ဥပဒေအကြောင်း အရ ထိထိရောက်ရောက် အရေးယူပေးပါ။ ရာဇ၀တ်မှုကို ရာဇဝတ်မှုလို့ မြင်ပေးပါဗျာ။ အဲဒီထဲမှာ လူမျိုးရေး ဘာသာရေးတွေ အဆိပ်မခပ်စေချင်ဘူး။ ကျွန်တော် အစိုးရ သတင်းစာထဲမှာပါတဲ့ စကားလုံးတွေ ကို ပြောချင်တယ်။ ကျွန်တော်တို့ ခင်ဗျားတို့လည်း မှုခင်းဂျာနယ်တွေ ဖတ်ဖူးတယ်။ ဖတ်တဲ့အခါ မုဒိမ်းမှု ကျူးလွန်တာ လူသတ်မှုကျူးလွန် တာ ဖတ်ရတဲ့အခါတိုင်းမှာ ဘာသာလူမျိုးရေးထားတာ မတွေ့ဖူးဘူး။ ဒီပြဿနာဖြစ်တဲ့ အခါမှဘာသာ လူမျိုးကို ခွဲခြားဖော်ပြထားတာ ရိုးသားမှုရှိသလား၊ မရှိဘူးလားဆိုတော့ ကျွန်တော်တို့ စဉ်းစားစရာရှိတယ်။ မွတ်စလင်ကုလားလို့ သုံးတဲ့ အသုံးအနှုန်းက ကျွန်တော့်အသက် ၄၆ နှစ်ရှိ ပါပြီ။ တစ်လျှောက်လုံးမှာ အစိုးရက ခုလို တရားဝင် သုံးတာ မတွေ့ဘူးပါဘူး။ သုံးနှုန်းတဲ့ အသုံးအနှုန်း ပုံစံကို ကျွန်တော် လုံးဝမကြိုက်ဖူး။ ဒါက Yellow Journalism ပဲ။ နိုင်ငံသတင်းစာကြီးအနေနဲ့ ဒီလိုမျိုးမရေး သင့်ဘူး။ ကျူးလွန်တဲ့လူကိုလည်း အရေးယူသင့်တယ်။ ကျွန်တော့်ခံစားချက်ကိုပြောရင် ဥပဒေအကြောင်း အရ ဖြေရှင်းပါ။ မသက်ဆိုင်တဲ့သူတွေကို မလုပ်ပါနဲ့။ အလားတူ လူမျိုးရေးဘာသာရေးကို ဖြေရှင်းတာ ပြဿနာတစ်ရပ်အနေနဲ့ ဘယ်လိုမှ မရနိုင်ဘူး။ ကျွန်တော် မေတ္တာရပ်ခံပါတယ်။ ဒီပြဿနာတွေ မဖြစ်အောင် အရေးယူပါ။ ကျွန်တော့် အနေနဲ့ ဘယ်ဘက်မှ မလိုက်ပါဘူး။ ကျွန်တော် အစ္စလာမ်ဘာသာဝင် မှန်တယ်၊ ကျွန်တော် မြန်မာနိုင်ငံမှာရှိတဲ့ သန်း ( ၆၀ ) အတွက် ပဲ အလုပ်လုပ်မှာပါ။ လူမျိုးရေးအပေါ် ကျွန်တော့် ဘာသာရေးအပေါ် မလိုက်ပါဘူး။ ရိုဟင်ဂျာ ကိစ္စကို ထပ်ပြောပါမယ်။ ရိုဟင်ဂျာ အရေးကို အစ္စလာမ်အရေးလို့ လုပ်နေတဲ့သူတွေရဲ့ အန္တရယ်ကို လည်း ကျွန်တော်တို့ကာ ကွယ်တာဆီး၇မှာဖြစ်သလို ရိုဟင်ဂျာအရေးကိုဗန်းပြပြီး အခြားသော အစ္စလာမ် ဘာသာဝင်တွေကို စည်းခြား ဆက်ဆံဖို့ကြိုးစား နေသူတွေကိုလည်းသတိပြုရမှာဖြစ်ပါတယ်။

မေး။ ။ အခု ရခိုင်၊ မြန်မာနဲ့ အစ္စလာမ်ဘာသာ ၀င်တွေ ကြားမှာ ဒီကိစ္စကြောင့် သံသယတွေ ရှိလာကြမယ်၊ မလုံခြုံမှုတွေ ခံစားနေကြရမယ်ဆိုရင် သူတို့အနေနဲ့ ဘယ်လို ခံယူချက်မျိုး ထားသင့်တယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ ဘာသာရေးကို တကယ်တမ်းကိုးကွယ်ရင် ဘာသာရေးက ဆုံးမတဲ့အရာတွေကို လေးစား လိုက်နာရမှာပါ။ ကျွန်တော်သိသလောက် ကျွန်တော် သိမ်ဖြူကျောင်းတိုက်ကြီးဘေးမှာ နေဖူးတယ်။ ကျွန်တော် နားလည်သလောက် ဗုဒ္ဓဘာသာရဲ့ အဆုံးအမက မေတ္တာတရားပါ။ မေတ္တာနဲ့ ကမ္ဘာကြီးကို ဖြန့်ကျက်တာပါ။ ဗုဒ္ဓဘာသာဝင်တွေက မေတ္တာတရားလက်ကိုင်ထားကြတာကို လက်ခံထားပါတယ်။ အလားတူပဲ အစ္စလာမ် ဘာသာဝင်တွေအနေနဲ့ သူများသားသမီးကို သတ်ဖြတ် ဖျက်စီးရမယ်လို့ မပြဌာန်းထားပါဘူး။ ကိုယ့်ထဲမှာရှိတဲ့ အကျင့်ဖောက်ဖျက်သူတွေကို ဘာသာရေး ခေါင်းဆောင်တွေက ထိန်းသိမ်းပါ။ ဒါမှ လူတွေက ကိုယ်ကျင့် တရားအတိုင်း စွမ်းဆောင်နိုင်မယ်။ ဘာသာရေး အသွင်သဏ္ဍာန်ဆောင်လို့ ဘာသာရေး အဆုံးအမ နာခံကြ မယ်ဆိုရင် ငြိမ်းချမ်းမှုကို ခံယူပါ။ ငြိမ်းချမ်းစွာ ဖြေရှင်းပါ။ ဘာသာတရားရဲ့ အဆုံးအမကို ခံယူပါလို့ ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ရိုဟင်ဂျာအရေးကို မြန်မာနိုင်ငံထဲမှာ လက်ခံဖို့ ပြည်ပမီဒီယာတွေက အမျိုးမျိုး ဖိအားပေးတယ်။ ပြည်တွင်းမီဒီယာတွေက ပါးစပ်ပိတ်နေကြတယ်လို့ ပြောနေကြတယ်။ ဒီရိုဟင်ဂျာအရေးကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ယောက်အနေနဲ့ ဘယ်လိုရှုမြင်ပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ နိုင်ငံရေးလုပ်မယ်ဆိုရင် အမျိုးသားရေး အစွန်းရောက်လို့မရသလို အမျိုးသားရေးကို စွန့်ပစ်လို့လည်း မရဘူး။ ရခိုင်ပြည်နယ်မှာ ရှိတဲ့ လူဦးရေကို တွက်ကြည့်ပါ။ သူတို့နဲ့ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ လူဦးရေကို ကြည့်ပါ။ ရခိုင်အမျိုးသားတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ပြိုဆင်းလာမဲ့ အန္တရာယ်ကို စိုးရိမ်တယ် ဆိုတာ သဘာဝကျတယ်။ ကျွန်တော်တို့ လက်ခံရမဲ့ ကိစ္စလည်းဖြစ်တယ်။ ကျွန်တော်ပြောချင်တာက အဲဒီက ပြိုဆင်းလာမဲ့ ရိုဟင်ဂျာတွေရဲ့ အရေးကိစ္စကို ဗန်းပြပြီး မြန်မာနိုင်ငံတွင်းက အစ္စလာမ်ဘာသာဝင်တွေကို အရေး ကို ဆောင်ရွက်ခြင်းဟာ မှားပါတယ်။ လုံးဝမဟုတ်ပါဘူး။ လက်လည်း မခံနိုင်ပါဘူး။ အလားတူ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေ အနေနဲ့က မြန်မာပြည် မှာ နေပြီး၊ မြန်မာပြည်ကို ချစ်တယ်။ မြန်မာပြည်ရဲ့ ဆန်ကိုစားပြီး မြန်မာပြည်မှာ ကြီးတယ်။ အဲဒီအတွက် အမေကို ကျော်ပြီးဒွေးတော်လွမ်းနေစရာ အကြောင်းမရှိဘူး။ အဲဒီတော့ ရခိုင်အမျိုးသားတွေရဲ့ စိတ်ပူပန်မှုဟာ ကျွန်တော်တို့ရဲ့ စိတ်ပူပန်မှုပါ။ ကျွန်တော်တို့ကိုယ်တိုင် ရခိုင်အမျိုးသားတွေဘက်က ရပ်တည်ရမှာဖြစ်ပါတယ်။ ဒါက ရခိုင်ပြည်နယ်တစ်ခုတည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာလည်း တရုတ်နိုင်ငံ ရှိနေပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ သန်းပေါင်း ၆၀ သော ပြည်သူတွေရဲ့ အနာဂတ်အတွက် စဉ်းစားရမှာပါ။ ပထ၀ီဝင်နိုင်ငံရေးအရ ကျွန်တော်တို့ နိုင်ငံဟာ လူဦးရေ သန်း ၁၀၀၀ ကျော်ရှိတဲ့ အိန္ဒိယက တစ်ဘက်၊ တရုတ် က တစ်ဘက် ကြားမှာ ရှိနေတဲ့အတွက် ကျွန်တော်တို့ရဲ့အမျိုးသားရေး ခံကတုတ်၊ ယဉ်ကျေးမှုခံကတုတ်ကို မပြင်နိုင်ရင် ကျွန်တော်တို့ ကျွန်ဖြစ်လိမ့်မယ်။ ရေစုန်မြောလိမ့်မယ်။ အဲလိုကတော့ ကျွန်တော်တို့မှာ ရှင်းလင်း ပြတ်သားတဲ့ အတွေးအခေါ်ရှိပြီးသားပါ။ ဒါ လူမျိုးရေးနဲ့ မဆိုင်ဘူး။ တိုင်းပြည်အတွက် ထားရ မယ့် နိုင်ငံရေး သမားစိတ်ဓါတ်ပဲ။

ဒီမိုကရေစီအရေး လမ်းလွဲသွားမည့် ထောင်ချောက်အတွင်း မသက်ဆင်းမိရန် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးပြောကြား

ဗုဒ္ဓဟူးနေ့၊ ဂျွန်လ ၆၊ ၂၀၁၂

ဒီမိုကရေစီအရေး လမ်းလွဲသွားမည့် ထောင်ချောက်အတွင်း မသက်ဆင်းမိရန် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးပြောကြား



“ရခိုင်ဒေသ ကိစ္စ အေးအေးချမ်းချမ်းပဲ ဖြစ်စေချင်တယ်၊ ဘာသာရေး၊ လူမျိုးရေး အငြင်းပွားမှုတွေ မလိုလားပါဘူး။ အစိုးရ အာဏာပိုင်တွေ အနေနဲ့လည်း မီးလောင်ရာ လေပင့် ဖြစ်စေတဲ့ အသုံးအနှုန်းတွေ မသုံးသင့်ဘူး”(သတင်းစာ ဆရာကြီး ဦးဝင်းတင်)

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းစာမူတွေထဲမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေတဲ့ အရေးအသားမျိုး မသုံးရဘူးလို့ပါပါတယ်။ နိုင်ငံရေးအကျပ်အတည်းတွေ့တိုင်း မှာ ဘာသာရေးအဓိကရုဏ်း အထူးသဖြင့် ကုလား- ဗမာ အဓိကရုဏ်းဖန်တီးပြီး ထွက်ပေါက်ရှာတက်တဲ့ အစိုးရတွေရဲ့ထုံးစံလိုဖြစ်နေပါတယ်။ ကချင်ကိစ္စကို လူတွေ အာရုံပြောင်း အောင် လုပ်နေသလားဆိုတာ သံသယဖြစ်မိပါတယ်။ (win latt)

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဆူးလေစေတီအနီး ဗလီရှေ့တွင် စုဝေးလျှက်ရှိသည့် အစ္စလာမ်ဘာသာဝင် လူထုကို အမုန်းတရား အခြေ ခံပြီး ပြဿနာကို မရှင်းကြဖို့ ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်ကို ကိုးကားကာ ပြောဆိုသွားရာတွင် လူမျိုးရေး အဓိကရုဏ်းဖြစ်ပွားခြင်းကြောင့် ဒီမိုကရေစီအရေး လမ်းလွဲသွားမည့် ထောင်ချောက်အတွင်း မသက်ဆင်းမိရန် လည်း ပြောဆိုသွားသည်။

ကိုမြအေးက တရားဥပဒေ စိုးမိုးရေး အရေးကြီးကြောင်း လည်း ပြောဆိုသွား ပြီး ယနေ့ထုတ် သတင်းစာတွင် သုံးနှုန်းထားသည့် မွတ်ဆလင်ကုလား ဆို သည့် စကားလုံး ကိုလည်း ၎င်းအနေဖြင့် လက်မခံနိုင်ကြောင်း ပြောဆို သွားသည်။

" ၈၈မျိုးဆက် ကျောင်းသားများကိုယ်စား ကျွန်တော် သွားတာပါ။ ဆန္ဒမပြဖို့ ဖြန်ဖြေပေးဖို့ အတွက် သွားတာပါ။လှုံဆော်ဖို့အတွက် သွားတာ မဟုတ်ပါဘူး" ဟု ကိုမြအေးက The Voice Weekly သို့ အတည်ပြုပြောကြားသည်။

ကျောက်နီမော် ကိစ္စတွင်လည်း ကျူးလွန်သူများအား အပြစ်ထင်ရှား လျင် သေဒဏ်အထိ ချမှတ်ပေးဖို့ တောင်းဆိုသွား သကဲ့သို့ တောင်ကုတ် တွင် ဖြစ်ပျက်သည့် အဖြစ်အပျက်အတွက်လည်း စုံစမ်း စစ်ဆေးပေးဖို့ တောင်းဆိုသွားသည်။

ကိုမြအေး က လူစုခွဲပေးရန် မေတ္တာရပ်ခံသော်လည်း လူစုလူဝေးမှာ မွန်းလွဲ ၂ နာရီခွဲတွင် လူ ၁၀၀ ကျော် ထိရောက်ရှိလာပြီး သတင်းမီဒီယာသမား များနှင့် လေ့လာအကဲခတ်နေသူ အခြား ဘာသာဝင်များမှာ ၁၀၀၀ နီးပါး ခန့်ရှိသည်ဟု သတင်းထောက်က သတင်းပေးပို့သည်။

The Voice Weekly

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ မှထုတ်ပြန်ချက်