Thursday, June 7, 2012

လတ်တလော ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ မေတ္တာရပ်ခံကြေညာချက်


ရခိုင်အမျိုးသားကွန်ယက်၊ အစ္စလာမ့်တံခွန်အဖွဲ့၊ တိုင်းရင်းသား လူငယ်များကွန်ယက်နှင့် ၈၈မျိုးဆက်ကျောင်းသားများ စုပေါင်းပြီး "လတ်တလော ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ မေတ္တာရပ်ခံကြေညာချက်ကို ယနေ့ ( ၂၀၁၂ခုနှစ်၊ ဇွန်လ၊ ၆ ရက်) နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ရက်စွဲ - ၂၀၁၂ ခုနှစ်၊ ဇွန်လ (၆) ရက်။

၁။ ကျွန်ုပ်တို့  ပြည်ထောင်စုမြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကပင် ဘာသာစုံ လူမျိုးစုံ ယဉ်ကျေးမှုစုံလင်စွာဖြင့် အေးချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့သော တိုင်းပြည် ဖြစ်သည်။

၂။ ဘာသာရေးကွဲပြားခြားနားမှုအပေါ် ပဋိပက္ခအနည်းဆုံးနှင့် သည်းခံခြင်းတရား ပြည့်ဝသော လူမှု့ အဖွဲ့ အစည်း ဖြစ်သည်။

၃။ မတရားပြုကျင့်သတ်ဖြတ်ခြင်း၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း စသည်တို့ မှာ တရားဥပဒေအကြောင်းအရ တရားမျှတစွာ ဖြေရှင်းရမည့် ကိစ္စများသာ ဖြစ်သည်။

၎။ ရခိုင်ပြည်နယ်မှ ပဋိပက္ခကို အခြေခံပြီး လူစုလူဝေးအလိုက် မငြိမ်သက်မှုများ ပျံ့ ပွားကျယ်ပြန့် လာခြင်း မရှိစေရန် ၀ိုင်းဝန်ကြိုးပမ်းကြရမည်ဟု ယုံကြည်သည်။

၅။ ထိုအခြေအနေများသည် ကျွန်ုပ်တို့  နိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်များကို ရပ်တန့် သွားစေနိုင်ပါသည်။

၆။ သို့ ဖြစ်ပါ၍ လတ်တစ်လောဖြစ်ပွားနေသော ပဋိပက္ခများ ရပ်တန့် ပြီး နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်နိုင်စေရန် သက်ဆိုင်ရာဘာသာအသီးသီးမှ ဆရာတော်ကြီးများ ဘာသာရေးခေါင်းဆောင်များ နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့ အစည်းခေါင်းဆောင်များ၊ အစိုးရဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးအနေဖြင့် မေတ္တာတရားကို အခြေခံ၍ ၀ိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ပေးကြပါရန် ကျွန်ုပ်တို့ အားလုံးမှ အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။

- ကိုတင်ထူးအောင် (09 4210 74398)၊ ကိုကျော်ဝင်းချေ (09 732 23921)၊ ရခိုင်အမျိုးသားကွန်ရက်

- ကိုကိုကြီး (09 7321 5574)၊ မြအေး (09 4320 4620)၊ ၈၈ မျိုးဆက်ကျောင်းသားများ၊

- ဦးမြင့်ထွန်း (09 5128 649)၊ ဦးဝဏ္ဏရွှေ (09 513 7704)၊ အစ္စလာမ့်တံခွန်အဖွဲ့၊

- ကိုကမ်လမ်ခုပ် (09 7324 8503)၊ စိုင်းမင်းလွင် (09 73022001)၊ တိုင်းရင်းသား လူငယ်များကွန်ရက်။

No comments:

Post a Comment