Saturday, July 28, 2012

ကျောင်းသားတစ်ယောက်၏ အခွင့်အရေးကို ပိတ်ပင်တားဆီးခြင်း



ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသား ကိုရဲမင်းဦးအား စီးပွားရေး (စာရင်းအင်းပညာ) မဟာတန်း ပထမနှစ် သင်တန်း တက်ရောက်ခွင့်အား ၂၃.၇.၂၀၁၂ တွင် အ.စ.ည ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေး နှင့် တွေ့ဆုံ
ဆွေးနွေး ပြီးချိန်တွင် ကျောင်းးပြန်လည်တက်ရောက်ခွင့် မပြုတောကြောင်း ဦးဇော်ဌေးမှ အကြောင်းပြန်ခဲ့သည်။ ထိုအခြင်းအရာကို ကြည့်ခြင်းအားဖြင့်
နိုင်ငံတော်သမ္မတကိုယ်တိုင် ခွင့်ပြုထားပြီး သက်ဆိုင်ကျောင်းမှလည်း ကြည်ဖြူစွာလက်ခံမည်ဟု ပြောဆိုထားခြင်းအပေါ် အ.စ.ည ညွှန်ချုပ်၏ ကန့်ကွက်မှုမှာ နိုင်ငံတော်သမ္မတ၏ အပြုသဘောဆောင်သော ဆုံးဖြတ်ချက် အပေါ်ဆန့်ကျင်ခြင်းဖြစ်သည့်အပြင် ပညာရေးကို ထက်သန်စွာဆည်းပူးလို
သော ကျောင်းသားတစ်ယောက်၏ အခွင့်အရေးကို ပိတ်ပင်တားဆီးခြင်း
ဖြစ်သည်ဟု ကျောင်းသားသမဂ္ဂများ ဖြစ်မြောက်ရေးကော်မတီမှ အထွေထွေအတွင်းရေးမှုးဖြစ်သူ ကိုရဲမင်းဦးမှ ပြောကြားခဲ့သည်။
Ah Nan

No comments:

Post a Comment