Saturday, July 28, 2012

“စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်” (အပိုင်း-၁) (ဆောင်းပါးရှင်) ကိုမျိုး(မြန်မာစာ)




“စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်”
(ဆောင်းပါးရှင်) ကိုမျိုး(မြန်မာစာ)

အသက်၄၀ကျော်သည့်နေ့မှ စ၍ ကျွန်တော့်ကို ကျွန်တော် အတော်သတိပြု စိုးရိမ်လာမိတတ်၏။ ဟိုးယခင်ကဆို စာနယ်ဇင်း လောကမှာ အသံကျယ်ကျယ်၊ အာပေါင် အာရင်းသန်သန်ဖြင့် စကားဝိုင်းမှန်သမျှ သူချည်းပြောရမှ ကျေနပ်သည့် အယ်ဒီတာချုပ် အစ်ကိုကြီးတစ်ဦးကို ကျွန်တော် စလေ့ရှိသည့် စကားလုံးက “အားလုံး နားထောင်ပေးလိုက် ကြပါဗျာ။ တို့အစ်ကိုကြီးက လေပိုင်းရောက် လာတော့ ဒီလိုစကားများများပြောမှ ကျန်းမာမှာ။ အဲဒီအတွက် နားထောင် ပေးလိုက်ကြပါ။ ကုသိုလ်ရပါတယ်” ဟူ၍ဖြစ်သည်။ 

ယခု အသက်၄၀ကျော်စ ကျွန်တော်လည်း လေပိုင်း ရောက်လာ၍လောမသိ။ စကားစမိ ပြီဆို မရပ်ချင်။ ကိုယ်ချည်းပြောချင်ချင်ဖြစ် နေသည့်အတွက် မနည်းဘရိတ်အုပ် နေရပြီ။ သူများကိုသာ စချင်ခဲ့ပေမယ့် ကိုယ့်ကို ကိုယ့်ထက် ငယ်သူတွေစလာ နောက်လာမှာကို ကြောက်၍ ဘရိတ်မအုပ်ချင် အုပ်ချင်ဖြင့် အုပ်နေရ ကြောင်း ကိုယ့်ဝမ်းနာ ကိုယ်သာအသိဆုံးပင်။ နောက်ထပ်ဝ မ်းအနာတစ်ခုလည်း ရှိသေးသည်။ ဤသည်က သူများ၊ သူတစ်ပါး ကို အားမနာလျှာမကျိုး ဝေဖန်လိုလာခြင်း ပင်ဖြစ်၏။ ဤသည်ကို သတိပြုမိသည်က တော့ Facebookကျေးဇူးဟု ဆိုရမည်။

“အကျည်းတန်မှန်ကြိုက်”
ကျွန်တော့်မိတ်ဆွေကြီး နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော်သူ ကတော့ Facebookကို ကြည့်မှန်ဟု ဆိုညွှန်းရေး သားခဲ့ဖူး၏။ ဟုတ်သည်။ ကျွန်တော်အတော် သဘောကျသော ညွှန်းဆိုမှုဟု ၀န်ခံရမည် သာ။
မိုးလင်းသည်နှင့် မှန်မကြည့်သည့်နေ ရက်သာရှိမည်။ Facebookကိုတော့ ဦးစွာ ကြည့်လိုသည့် ဆန်္ဒက စွဲကပ်နေချေပြီ။ ကိုယ် ရေးသားသည့် စာတွေအပေါ် သူတစ်ပါး ဘယ်လို ပြန်ရေးထားကြလေမလဲ ဆိုသည်ကို သိလိုစိတ်က ထိပ်ဆုံးမှာ။ ကိုယ့်အပေါ် သူတစ်ပါးဘယ်လိုမြင်ကြ မလဲဟူသော စိတ်ကို ရင့်ကျက်သော စိတ်ဟု ပထမပိုင်းမှာ ကျွန်တော်အတော် ဘ၀င်ကျ သလိုလို ရှိခဲ့သေးသည်။ ကြည့်မှန်ပေါ့။ နံနက် မိုးလင်းတာနှင့် ကြည့်မှန်လေးကြည့်၊ ကိုယ့် အပေါ်ချီးကျူးကြတာလေးကို ကျေနပ်၊ ကြည်နူး၊ ပျော်မြူး။ ကိုယ်ရေးထားတာလေး ကို Like မလုပ်ထား၊ကြိုက်သည်မဆိုထား လျှင် မမြင်သေးဘူးထင်ပြီး မမြင်မြင်အောင်Wall ပေါ်သွားတင်၊ ကိုယ့်အပေါ် အမြင် မတူသလို ကလိသလို ရိသလို သဘောထား သည်ကို ဆိုလျှင် မသိကျိုးနွံပြု။ တကယ့် တကယ်ကိုယ့်အဖြစ်က မှန်ကြိုက်သည့် ဆယ်ကျော် သက်လို ဖြစ်မှန်းမသိ ဖြစ်နေခြင်းကို တော့သတိမပြု မိပါ။ 

အလှပြင်ထားသည်ကို မြင်စေချင်သည်။ လှသည်ပြောလျှင်ကြည်နူး၊ ကိုယ့်ကို အသိမပြုမိသလိုလို ဂရုမပြုသလိုလို မကြည့် သွားလျှင် ကြောသည်ဟုပင် ထင်ချင်ချင်၊ အဆိုးဆုံးက မလှဘူးပြောလျှင် မကြိုက်ချင်။ တကယ်ဆို နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူဆိုညွှန်းသည့် ကြည့်မှန် သဘောက Facebookပေါ်မှာ ကိုယ့်ကို ဝေဖန်တာ၊ အကြံပြုတာလေးတွေကို မြင်ရပြီး ကိုယ့်ကိုယ်ကိုယ် ပြုပြင်နိုင်ဖို့ ရည်ညွှန်းခြင်းသာ။

သြော် ..ကျွန်တော့်ဖြစ်အင်က ဆယ်ကျော်သက် မှန်ကြည့်သလို ဖြစ်နေခြင်းထက် ကိုယ်တစ်မျက်နှာလုံး အလှဆုံးကိုမတွေ့ မခြင်းရှာနေသလို အကျည်းတန် မှန်ကြိုက်ဖြစ်နေသကိုး....။ 
ဒုတိယပိုင်း
 
 
“စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်”(အပိုင်း-၂)
ဆောင်းပါးရှင် ကိုမျိုး(မြန်မာစာ)

အသိတရားလေးရလာသလိုရှိသည်နှင့် အနည်းဆုံးတော့
ဆယ်ကျော်သက်ထက် ရင့် ကျက်လာဖို့ ကိုယ့်ကိုယ်ကိုယ်သတိပြုရန်
ကြိုး စားကြည့်၏။ ဦးစွာ ကြိုးစားသည်က လူငယ် လေးတွေအပေါ် နားလည်
ပေးနိုင်ဖို့ သူတို့ စကားတွေကို နားထောင်ပေးခြင်းဟုဆိုရမည်။
“အဲဒီမှာစတွေ့တာပဲ” ဟူသည့်စကားလို ရုပ်ရှင်ဗီဒီယို
သရုပ်ဆောင်ညီငယ်လေးတစ်ဦး ကို ဆုံကြည့်လိုက်သည်နှင့်
“တွေ့”ရပြီ။သူ့ အနေနှင့်ဒီကနေ့ လူတစ်ချို့ အပေါ်မြင်သည့်အမြင်က
“အာများပြီး ဘော်နည်းနေသည်”ဟူ၏။

““လူမှာ အာဘော်ဆိုတာရှိတယ်။ အာများပြီးဘော် နည်းနေရင်
အလုပ်မဟုတ်ဘူး။ အခုလူတွေ က အာများ
နေကြတယ်””ဟု ပွင့်ပွင့်လင်းလင်း ပြောဆိုသော လူငယ်လေးအရှေ့မှာ
ကျွန် တော်ဘာစကားမှ မဟဖြစ်ခဲ့။ တကယ်တော့
ကျွန်တော် စကားမဟရဲခဲ့ခြင်းသာ။ “အာ” များသည်ကို မကြိုက်ဟု ဆိုနေသော လူငယ် လေးတစ်ယောက်ရှေ့ မှာအာများသူအဖြစ်မခံရဲ။
လူငယ် လေးတစ်ယောက်၏ ထင်မြင်သုံးသပ်မှုကို မခံ ယူရဲ၍ ဘာစကားမှ ခွန်းတုံ့မပြန်ဘဲ အာ မများသူလို ပုံမျိုးချိုးကာ လူငယ်လေးတစ် ယောက်၏ ကြည်ညိုလေးစားမှုကို ကျွန် တော်အကင်းပါးစွာ လိမ်ညာခံယူခဲ့ခြင်းဟု တစ်ချိန်မှာ ထိုလူငယ်လေး ပြန်သိသွားခဲ့ပါ လျှင်။

(ငယ်ရာကကြီးလာရသည့်လူ့ သဘာဝကြောင့်တစ်ချိန်မှာပြန်မသိစရာမရှိ။)
မည်သို့ ဆိုစေ အနာဂတ်၏ ခေါင်းဆောင်ကောင်း ခေါင်းဆောင်လောင်းတွေကို အမုန်းမခံရဲရုံမျှဖြင့်၊ ၎င်းတို့ အကြည်ညို ခံရရုံမျှဖြင့် လူငယ်တို့နှင့် သဘောသဘာဝ တူသယောင် ပြုနေကြခြင်းမျိုးတွေကို ယနေ့ Facebookပေါ်မှာပင်အများအပြားတွေ့ မြင်နေရသည်ဖြစ်၍ အနာဂတ်အရေး ဘုးရားတ စရာ ကျွန်တော်တို့မှာ သေဖေါ်ညှိစရာမရှား.....။

“ရောဂါ”

ကျွန်တော်တို့၏ ကြည့်မှန်Facebookအကြောင်း ပြန်ဆက်လျှင်
ကြည့်မှန်မှာ ကျွန် တော့်ကိုယ် ကျွန်တော်ပြန်မြင်ရသည်က
အသက်လေး ရလာသည်နှင့်အမျှ သူတစ်ပါး စာတွေကို ဖတ်ပြီး နည်းနည်းတော့ ဝေဖန်လိုက်ရမှ ဆိုသည့် စိတ်လေးရှိနေသည် ဆိုခြင်း ပင်။ ကွန်မန့်ပေးသည့် ယဉ်ကျေးမှုမှာ ကျင့် ၀တ် မည်သို့ရှိလေသည်တော့
မသိပါ။ သို့ သော် ဆရာလုပ်လို့ လုပ်မှန်းမသိသာရလေ အောင် ညည်းကြွားလေးတွေနှင့် ၀င်ပညာ ပေးသွားတတ်ကြ။
ဟိုလိုလား။ ဒီလိုလားပင် မသိရလေအောင် နှစ်ခွပညာပြတာမျိုး တွေကို
လည်း ပညာယူလိုလျှင် ရနိုင်ပေမယ့် ကြီးမိုက် ကျွန်တော်ကတော့ ဘုတ်ကျီးမြှောက် ကျီးဘုတ်မြှောက် အုပ်စုဖွဲ့ထားသူတွေကြား မိုက်ဂုဏ်လေး ပြကာပြကာ သွားဝေဖန်လို၍ မထီမဲ့မြင်ပြု ခံရတတ်သည်လည်း ရှိ၏။

အဆုံးမှာ ကိုယ်ဝင်ပြောတာ မကြိုက်၍ Like ပြန် အလုပ်မခံရသော ကွန်မန့်တွေအတွက် ကိုယ်သာ ရင်ထဲ မခံချိမခံသာ ပြန်ဖြစ်ရသည့် ဖြစ်အင်နှင့်မကျေနပ်ချက် နှစ်ဆတိုးရသည်။
စောစောက ဝေဖန်တာ “ကောင်းစေချင်လို့” ဆိုသော စေတနာ၊ နောက်တော့
ကိုယ်ကို မထေမဲ့မြင်ပြုလေခြင်းဟု သူဘာလုပ်လုပ်
ဝေဖန်ချင်လာသော ဝေဒနာ (ရောဂါ)။

သြော်...ရောဂါ..ရောဂါ.. ကြည့်မှန်မှာပင် သတိပြု ဆင်ခြင်သင့်သည်ကို မြင်မိ၊ သတိပြုမိသည့်တိုင် ကျွန်တော်အဖို့မှာ ဆင်ခြင်နိုင်ဖို့ ကိုတောင်တော်တော်ကြိုးစား အားထုတ် ရပါဦးမည်ဆိုသည်က သေချာ၏။
မှတ်မှတ်ရရ ကျွန်တော့မှာ နိုင်ငံတော် သတင်းစာစောင်တွေက ကူးယူရေး မှတ်ထားသော စကားများရှိပါသည်။

ဆက်လက်ဖော်ပြပါမည်
ကိုမျိုး(မြန်မာစာ)
သတင်း ဒီမိုဝေယံ

No comments:

Post a Comment