Tuesday, June 26, 2012

စက်ရေတွင်းနှင့် ရေတိုင်ကီစင်များပါ လှူသည့် MSDN

















သုံးခွမြို့ ကျေးရွာများသို့ ပို့ဆောင်လှူဒါန်းမည့် ဖိုင်ဘာရေတိုင်ကီများ ကားပေါ်တင်နေစဉ်ကကိုနေမျိုးဇင်

















တောစွန်းကျေးရွာတွင် ပထမအကြိမ်တူးဖေါ်စဉ်က ပေ ၄၈၀ တွင် ရေရရှိခဲ့သော်လည်း ငန်နေခဲ့သည်။ ထို့ကြောင့် မကျေပွဲနွဲသည့် အနေဖြင့် ပိုက်သစ် ပေ၆၀၀ ထပ်မံပို့ဆောင်ကာ နောက်တတွင်းကို ပေ၆၀၀ ထိတူးဖေါ်သောအခါ အလွန် သန်သော ရေချိုကြောကို ဖမ်းယူရရှိသည်။ ရွာသားတို့ ယခုအခါ အလွန်ပျော်ရွှင်နေကြသည်ကို တွေ့ခဲ့ရပါသည်.။
















ကိုကျော်စွာမင်းနဲ့ မနန်းမွမ်ဇာသိန်းတို့က စက်ရေတွင်း ကို လှူဒါန်းပြီး၊ မစန်းကြည် (ပုံပါကလေးများနဲ့ ရပ်နေသူ) က ဖိုင်ဘာ ရေတိုင်ကီ ကိုလှူဒါန်းပါတယ်။

























 



ပြည်သူ့ အကျိုးသယ်ပိုးသူများအားလုံးကိုဦးညွတ်လေးစားပါတယ်ခင်ဗျာ







ကျားဘိုကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ရေချိုထွက်ရှိသည်သာမက ၁၄ ပေ အမြင့်ရှိ ရေစင်နှင့် ဂါလံ ၄၀၀ ဆန့် ဖိုင်ဘာ ရေတိုင်ကီကိုပါ ယနေ့ တပါတည်း လှူဒါန်းပေးခဲ့သည်။
သုံးခွဖက်မှာတော့ ရေဒုက္ခ အတော်အတန်ကင်းတော့မယ် ။ကိုနေ မျိုးဇင်ကို ကျေးဇူးတင်ပါတယ် ။ပြည်သူတွေကိုကူညီတဲ့အတွက် ကျမ်းမာချမ်းသာပါစေ ၊၇န်သူ့ ဘေးကလည်းလွတ်မြောက်ပါစေတဲ့လို့ ဆုတောင်းပေးထားပါတယ်။



မုဒိသာပွားနိုင်ကြပါစေ



ရေချို တူးဖေါ်ရရှိခဲ့သော သုံးခွမြို့နယ် ကျားဘို အနောက်ခြမ်း ကျေးရွာ ဘုန်းတော်ကြီးကျောင်း အလှူရှင်မှာ ကိုအောင်သန်းဝင်း၊ ညီနှင့် သူငယ်ချင်းများ ဖြစ်သည်။ စက်ရေတွင်းနှင့် ဖိုင်ဘာတိုင်ကီ ဂါလံ၄၀၀ ဆန့် ၊ ရေစင်တို့ကိုပါ အပြီးစီး လှူဒါန်းသော အလှူရှင်များဖြစ်သည့် ကိုအောင်သန်းဝင်းနှင့် သုူငယ်ချင်းများ အားလုံးအား အထူးကျေးဇူးတင်ရှိပါသည်ခင်ဗျား..။



































 စင်ကာပူနိုင်ငံမှ ကိုကျော်စွာမင်း နှင့် မနန်းမွမ်ဇာသိန်း တို့ ဇနီးမောင်နှံဧ။် မင်္ဂလာဦး မွန်မြတ်သော စက်ရေတွင်း ရေအလှူအားသာဓု ခေါ်ရင်း ဂုဏ်ပြုမှတ်တမ်းငယ် ပေးပို့အပ်ပါသည်။


စိတ်ထားမြင့်မြတ်သူမှသာ ရေလှူရတဲ့အကျိုးကို လုပ်နိုင်မှာဖြစ်ကြောင်းစေတနာရှေ့ ထားပြီးဖော်ပြအပ်ပါတယ်
မိမိတို့ အနေနဲ့ လှူချင်သူများအား ကိုနေမျိုးဇင်နှင့် ဆက်သွယ်ရန်တင်ပြလိုပါတယ်
ပေးပို့ သူ...ဗိုလ်ကြီးဟောင်း နေမျိုးဇင်

No comments:

Post a Comment