Tuesday, June 26, 2012

မတရားမှု အံတုရမည်


ဆရာတက္ကသိုလ် ဘုန်းကြွယ်

နာရီတွေဟောင်း
ရာသီတွေလည်းနှောင်း
တမိုးပြောင်းဝင်လာပြန်ပြီ…။

ဒို့ရဲ့မြန်ပြည်
မတူညီတဲ့ လူ့အခွင့်လမ်း။

လူကောင်းတွေ ထောင်မှာခွေပြီး
လူဆိုးတွေ အဆောင်ယောင်တွေနဲ့
တပြောင်ပြောင်နေတဲ့လူ့ပေါက်ပန်း…။

အဆင့်တန်းချင်း မတူပေငြား
သူတို့လဲ လူသားပေမို့
လူနဲ့အတူထား။

နိုင်/ကျဉ်းသမားများအား
မူအမှားတွေနဲ့ တုပ်နှောင်
အချုပ်ထောင်မှာ ညှဉ်းပန်း။

မတရားမှု အံတုဖို့ရန်
ခုအမြန်လွှတ်စမ်း။

တက္ကသိုလ်ဘုန်းကြွယ် (ဇွန် ၂၄ ၂၀၁၂)

No comments:

Post a Comment