Wednesday, June 20, 2012

ဒေါ်အောင်ဆန်းစုကြည်ကို LSE ကနေ မွေးနေ့လက်ဆောင် (၅) ခုပေးတယ်။








ပထမတခုက ပန်းလေး၊ နောက်တခုက စာအုပ်လေး၊ နောက်တခုက LSE ဦးထုပ်လေး။ အမေက ဦးထုပ်လေး ဆောင်းပြပြီး လက်ဆောင်ပေးတာ ပြီးသွားပြီ ထင်လို့ ပြန်ထိုင်လိုက်တဲ့ အချိန်မှာ တယောက်က နောက်တခု ကျန်သေးတယ်တဲ့ မင်းအဖေ ဒီကိုလာတုန်းက ရိုက်ခဲ့တဲ့ ဓါတ်ပုံလေး ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်း ပုံလေးကို မှန်ဘောင် သွင်းထားတဲ့ လက်ဆောင်လေး အမေ့ရဲ့ အံ့သြ၀မ်းသာ သွားတဲ့ မျက်ဝန်းလေးနဲ့ အားလုံးကို ပုံလေး ထောင်ပြလိုက်တာ မြင်ရတဲ့သူတွေ ၀မ်းနည်း ၀မ်းသာ ဖြစ်စေတယ်။ နောက်ဆုံး လက်ဆောင် တခုကတော့ အမေ့အတွက် မွေးနေ့ သီချင်းလေးပါ။ နောက်ဆုံး အပိုဒ်လေးမှား အားလုံးက "Happy Birthday to you" ဆိုပြီး လိုက်ဆိုတော့ အမေက ခေါင်းလေးလှုပ်ပြီး စည်းချက်လိုက်လို့ ပြုံးပြလိုက်တယ်။

ပျော်ရွှင်ပါစေ အမေရယ်... လေးစား ယုံကြည်ခြင်းတွေနဲ့ အတူ အမေ့ကို ဂရုဏာ ပိုမိတယ်။
ခင်ကလျာစိုး...။

No comments:

Post a Comment