Wednesday, June 20, 2012

၂ဝဝ၉ ခုနှစ်က ချီးမြှင့်ဂုဏ်ပြုခံရတဲ့ Ambassador of Conscience Award ဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ



on Tuesday, June 19, 2012 at 10:13pm ·


၂ဝဝ၉ ခုနှစ်က ချီးမြှင့်ဂုဏ်ပြုခံရတဲ့ Ambassador of Conscience Award ဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ

Ambassador of Conscience Award ဆုဟာ နိုင်ငံတကာ လွတ်ငြိမ်းချမ်းခွင့်အဖွဲ့ (Amnesty International) က ပေးအပ်ချီးမြှင့်တဲ့ဆုတွေထဲမှာ အမြင့်ဆုံးဆု ဖြစ်ပါတယ်။ လူ့အခွင့်အရေးတွေ၊ လူတွေမှာ ထားရှိအပ်တဲ့ အသိတရားတွေကို မြှင့်တင်ပေးရာမှာ ထူးထူးခြားခြား ဦးဆောင်ပေးနိုင်သူ ပုဂ္ဂိုလ်တဦးချင်းကို နှစ်စဉ် ချီးမြှင့် ဂုဏ်ပြုတာ ဖြစ်ပါတယ်။

ဒီဆုကို ဒေါ်အောင်ဆန်းစုကြည်က ၂ဝဝ၉ ခုနှစ်ကတည်းက ချီးမြှင့်ခံရတာဖြစ်ပေမယ့် အခု (၁၉-၆-၂ဝ၁၂) နေ့မှ ဆုကို လက်ခံယူတာ ဖြစ်ပါတယ်။

ဒီဆုကို ဒေါ်အောင်ဆန်းစုကြည်ထက် စောပြီး ရထားဖူးသူတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
    2008 - Peter Gabriel, musician and humanitarian activist
    2007 - not awarded
    2006 - Nelson Mandela, former President of South Africa
    2005 - Irish rock band U2 and their manager Paul McGuinness
    2004 - Mary Robinson, former President of Ireland and UN High Commissioner for Human Rights - Hilda Morales Trujillo, Guatemalan women's rights activist
    2003 - Václav Havel, former President of the Czech Republic 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလို နိုင်ငံတကာက လေးစားတဲ့ ဆုမျိုး ဂုဏ်ပြု ချီးမြှင့်ခံရတဲ့အတွက် မြန်မာပြည်သူတွေ သိပ်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမိကြမှာ သေချာပါတယ်။ မြန်မာနိုင်ငံအတွက်လည်း အထူးပဲ ဂုဏ်ယူမိပါတယ်။

ဒီညနေကတော့ ဒပ်ဘလင်ရဲ့ Grand Canal Theatre မှာ ဒေါ်အောင်ဆန်းးစုကြည်ကို Electric Burma concert နဲ့ ဂုဏ်ပြုနေကြပါပြီ။ ၂ဝဝ၅ ခုနှစ်က ဒီဆုကို ရရှိဖူးတဲ့ ဘိုနို ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့် ဂုဏ်ပြုသွားပါတယ်။ 

U2 Bono အပြည့်အစုံ ဖတ်ရန်

Happy birthday to Daw Aung San Suu Kyi !
Long Live Daw Aung San Suu Kyi !
A family re-union is always a joy.

လွင်အောင်စိုး
၁၉-၆-၂ဝ၁၂
 .......................

No comments:

Post a Comment