Monday, June 18, 2012

ဖယောင်းမီးအသွင် ပြောင်းပြီးပြင်

ဖယောင်းမီးအသွင် ပြောင်းပြီးပြင်

by Victor Tan on Monday, June 18, 2012 at 4:57am ·



ဖယောင်းမီးအသွင် ပြောင်းပြီးပြင်


ရုပ်နမ်နှစ်ဝ သင်္ခါရက
မည်သူမှဧကန် မလွန်ဆန်နိုင်ပါ…။

ဖေါက်ပြန်နေတဲ့လောကဓံကို
ဒေါကန်မနေပါနဲ့
သဘောအမှန်ကိုသိရင်
မနောကအကြံထုတ်
လောကမှာ မှန်ရာကိုလုပ်
လောဘ ဒေါသ မောဟအထုပ်ကို
ပါးနိုင်သမျှပါးအောင်လုပ်
မည်သူဟုတ်ဟုတ် မဟုတ်ဟုတ်
ကိုယ်က ဟုတ်အောင်လုပ်
အပုတ်ချနေမယ့်အစား
ကိုယ်က ဟုတ်အောင်လုပ်စား
ကိုယ်ကမှန်အောင်နေသွား
အနေလှမှ အသေလှပါမည်…။

နေ၀င်းဘယ်လိုသေသလဲဆိုတာကိုကြည့်
အသိတရား အမြဲလက်ကိုင်ထား…။

ဆရာလူထုစိန်ဝင်း
သေမင်းခေါ်ရာနောက်
တကောက်ကောက်လိုက်ပါသွားရပေမင့်
သူထားခဲ့တဲ့စာပေ သူပေးခြွေခဲ့တဲ့မိန့်ခွန်း
သူတွန်းပို့ပေးခဲ့တဲ့လမ်းကြောင်း
လူငယ်အပေါင်းကောင်းအောင်ပြခဲ့တဲ့သာဓကတွေ
စံပြအခြေမှာထားပြီး ၀မ်းနည်းနေမယ့်အစား
အားအင်အသွင်ဖြစ်အောင်ပွားကြပါ…။

ဖယောင်းတိုင်မီး ငြိမ်းသတ်ပြီး၍
အငွေ့ဖြူဖြူ တလူလူကို
ထပ်တူထိန်ညီး တတိုင်မီးဖြင့်
ကပ်ပြီးတဖုံ ညှိလိုက်ရုံနဲ့
တဟုန်ပြန်ပြီးတောက်အောင်ကြိုးစားရပါမည်…။

လူတွေဟာလည်းသေမျိုးမို့ မသေရိုးမရှိ
(နေ၀င်းလို)အသေဆိုးနဲ့မသေအောင်
အသေလှ အနေလှရပါမည်…။

ဆရာတင်မိုးရဲ့စကားအရ..
အလုပ်ခွင်မှာ အထုပ်ပြင်ရင်းစောင့်ဦးမည်..။

သေမင်းအဖော်၊ သူမခေါ်မီ ပျော်ပျော်နေရင်း၊
ငါ့ယာခင်းတွင် သီးကင်းဝေအောင် ပျိုးဦးမည်...တဲ့။

အသေလှအောင် လူဘောင်အကျိုး
သင်သယ်ပိုးလော့ ပျိုးခင်းဝေဆာ
တိုင်းပြည်သာလျှင် အသင်သေကျိုးနပ်ပေပြီ…။

ရေးဖေါ် လူထုဦးစိန်ဝင်း ကောင်းရာဘုံပေါ် စံပျော်နိုင်ပါစေသော်…။

တက္ကသိုလ်ဘုန်းကြွယ် (ဇွန် ၁၇ ၂၀၁၂)

No comments:

Post a Comment