Monday, June 18, 2012

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၇)နှစ်မြောက် မွေးနေ့ပါတီ အထိမ်းအမှတ် အခမ်းအနား ဂျပန်တွင်ပြုလုပ်





































































အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၇)နှစ်မြောက် မွေးနေ့ပါတီ အထိမ်းအမှတ် အခမ်းအနားအား ဂျပန်နိုင်ငံအခြေစိုက်  မြန်မာ့ဒီမိုကရေစီကွန်ယက်( Network for Democracy in Burma-NDB)မှ တာဝန်ယှူု၍  မြန်မာ့အရေးကို အားပေးကူညီလျက်ရှိကြသော ဂျပန်အဖွဲ့အစည်းများနှင့် ပူးတွဲကာ ယနေ့ ၂၀၁၂ခုနှစ်၊ ဇွန်လ၊ ၁၇ ရက်နေ့တွင် ဂျပန်နိုင်ငံတိုကျိုမြို့ရှိ NAKANO SUN PLAZA တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခန်းအနားသို့ ဂျပန်နိုင်ငံအစိုးရအဖွဲ့၏ လက်ရှိ အာဏာရပါတီဖြစ်သော မြန်မာ့ဒီမိုကရေစီရရှိရေးအတွက် အားပေးထောက်ခံနေသော ဒီမိုကရက်တစ်ပါတီမှ ဂျပန်လွှတ်တော် အမတ်များ သမဂ္ဂ၏ ဥက္ကဌဖြစ်သူ မစ္စတာ Mr.Azuma Konno၊ ဂျပန်နိုင်ငံ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ လွှတ်တော်အမတ် Mrs. Mizuho Fukushima၊ လွှတ်တော်အမတ်များ ဖြစ်ကြသော
Mr.Naoto Sakaguchi၊ Mr. Shooichi Takahashi တို့နှင့်တကွ၊ Amnesty International Japan မှ ဂျပန်လူမျိုးဧည့်သည်တော်များ၊ People' Forum on Burmaမှ ဧည့်သည်တော်များ၊ Tokyo University (Todai)၊ Meiji University မှ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားကြသော ဂျပန်လူမျိုး တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ ဂျပန်နိုင်ငံရှိ NGO အဖွဲ့အစည်းများမှ ဂျပန်လူမျိုးဧည့်သည်တော်များ၊ ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေကြသော အဖွဲ့အစည်းများ၊ ဂျပန်နိုင်ငံရှိ တိုင်းရင်းသား အဖွဲ့အစည်းများမှ ဧည့်သည်တော်များ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အခန်းအနားသို့  မွေးနေ့ရှင်ဖြစ်သော နော်ဝေနိုင်ငံရောက် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံမှ....
မွေးနေ့ပွဲအတွက် ဝမ်းမြောက်ကျေးဇူးတင်ကြောင်း e mail messageကို ပေးပို့ခဲ့ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ယခုကဲ့သို့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကို ဂျပန်နိုင်ငံတွင် ခန်းနားစွာ ကျင်းပခြင်းအတွက် ဝမ်းသာဂုဏ်ယူကြောင်း နှုတ်ခွန်းဆက် စကားကိုလည်း မြန်မာပြည်တွင်းမှနေ၍ တယ်လီဖုန်းဖြင့် ဆက်သွယ်လက်ခံရရှိခဲ့ပါသည်။

တက်ရောက်လာကြသော ဂျပန်လူမျိုးများနှင့် မြန်မာနိုင်ငံသားများ ချစ်ကြည်ရင်းနှီးစွာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ဂျပန်ရိုးရာ Kanpai ပြုလုပ်ကြပြီးနောက် တက်ရောက်လာကြသော ဂျပန် အဖွဲ့အစည်း အသီးသီးမှ ဂျပန်လူမျိုး ဧည့်သည်တော်များက ဒေါ်အောင်ဆန်းစုကြည်အား ကျန်းမာချမ်းသာပါစေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံအားပေးလျက်ရှိကြောင်း ဆုတောင်းစကားများကို ပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဖွားတိုင်းရင်းသားများမှလည်း မိမိတို့ တိုင်းရင်းသား လူမျိုးစုကိုယ်စား ဒေါ်အောင်ဆန်းစုကြည်အား မွေးနေ့ဆုတောင်းစကားများကို လှိုက်လှိုက်လှဲလှဲပြောကြားခဲ့ကြပါသည်။ 

ထို့နောက်တွင်မူ အခန်းအနားအစီအစဉ် အဆုံးသပ် ကျေးဇူးတင်စကားကို မွေးနေ့ပါတီ ကျင်းပရေး ကော်မတီကိုယ်စား ရခိုင်တိုင်းရင်းသားခေါင်းဆောင် ဦးဇော်မင်းခိုင်မှ ပြောကြားပြီး၊ တက်ရောက်လာကြသော ဧည့်သည်တော်များအားလုံးက (
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ဒေါ်အောင်ဆန်းစုကြည် သက်တော်ရာကျော်ရှည်ပါစေ) ဟု တညီတညွတ်တည်း သံပြိုင်ဆုတောင်းကာ (၆၇) နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပါတီ အခန်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
video  Zayyar20283
ဓါတ်ပုံ...Thar Htet (BCJP)

ပြန်ကြားရေး
မြန်မာ့ဒီမိုကရေစီကွန်ယက် (ဂျပန်)

အေးနန္ဒာအောင်
http://www.lanpyakye.com
http://nandarnihon.blogspot.com/
http://ayenandaraung-general.blogspot.com/
http://htwduwintinfoundation.blogspot.jp/2012/06/blog-post_4426.html 

No comments:

Post a Comment