Monday, June 18, 2012

ဘိုနိုက သူ၏ ဂျက်လေယာဉ်ကို ဒေါ်အောင်ဆန်းစုကြည်အား လွှဲအပ်

Monday, June 18, 2012  

ဒေါ်အောင်ဆန်းစုကြည်နှင့် အဆိုတော် ဘိုနိုတို့ကို ယနေ့ နော်ဝေနိုင်ငံတွင် မြင်တွေ့ရပုံ ၊ ဓာတ်ပုံ- AFP

ကမ္ဘာကျော် U2 အဆိုတော် ဘိုနိုမှ သူ၏ ကိုယ်ပိုင်ဂျက်လေယာဉ်အား ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့ အိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့ သို့ သွားရန်အတွက် လွှဲအပ်ပေးလိုက်ပါတယ်။



ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာ လူအခွင့်အရေးဆုပေးအပ်ပွဲနှင့် U2 အဖွဲ့အပါအဝင် ကမ္ဘာကျော် အဆိုတော် များ၊ သရုပ်ဆောင်များမှ ဂုဏ်ပြု တင်ဆက်မည့် Electric Burma အမည်ရှိ ဂီတပွဲတော် သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာလည်းဖြစ်ပါတယ်။ ယုံကြည်ချက် သံတမန် ဆုကိုလည်း အိုင်ယာလန် နိုင်ငံမှာ လက်ခံရယူမှာ လည်း ဖြစ်ပါတယ်။


ဂီတပွဲတော်အပြီး ဒပ်ဗလင်မြို့တော်ရှိ ဂုဏ်ပြု ရင်ပြင်တွင် အိုင်ယာလန်ပြည်သူများကို ဒေါ်အောင်ဆန်းစုကြည်က အမှတ်တရ စကားပြောကြားမှာလည်း ဖြစ်ပါတယ်။

ယနေ့ နံနက်ပိုင်းက နော်ဝေနိုင်ငံတွင် နှစ်စဉ်ကျင်းပသော Oslo Forum တွင် အိုင်းရစ် အဆိုတော် ဘိုနိုလည်း တက်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား ယနေ့ ဒပ်ဗလင်မြို့သို့ သွားရောက်ရန်အတွက် သူ၏ ကိုယ်ပိုင် ဂျက်လေယာဉ် ကိုပေးအပ်ခဲ့ကြောင်း နော်ဝေနိုင်ငံရေး ဝန်ကြီးဌာနက တရားဝင် သတင်း ထုတ်ပြန်ပေးပါတယ်။

No comments:

Post a Comment