အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ဥရောပခရီးစဉ် ပြီးဆုံးပြီ ဖြစ်တဲ့အတွက် ဒီကနေ့ ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀း၃၀ နာရီခွဲ အချိန်တွင် TG 303 ထိုင်းအဲယားဝေးလေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ပြည်သူလူထုများမှ လေဆိပ် ဝဲယာ လမ်းမတလျှောက် လှိုက်လှဲစွာ စောင့်ကြိုနှုတ်ဆက်ခဲ့ကြပါသည်။ အလားတူပင် ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ရှေ့တွင်လည်း ပြည်သူလူထုမှ လာရောက်စောင့်ဆိုင်း ကြိုဆိုခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူလူထုအား ပြန်လည် နှုတ်ဆက်ခဲ့ပါသည်။
Saturday, June 30, 2012
၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ကဗျာဆရာတွေရဲ့ ငါတို့အိပ်မက်ကဗျာတွေ စာအုပ်ထွက်
မိုးမခစာအုပ်စင်၊ ဇွန် ၂၉ ၊ ၂၀၁၂ MoeMaKa Burmese News & Media
ရန်ကုန်မြို့တွင် အဆိုပါစာအုပ်ထွက်ပြီဟု ဆိုသည်။ ဖေ့စ်ဘွတ်ပေါ်တွင် အဆိုပါစာအုပ်၏ ကော်ပီဓာတ်ပုံများကို လက်ဆင့်ကမ်း မျှဝေထားသည်ကို တွေ့ရသည်။ ၈၈ မျိုးဆက် ကျောင်းသားများ၊ နိုင်ငံရေးအကျဉ်းသားများ၊ ကဗျာဆရာများ၊ မျိုးဆက်သစ် နိုးကြားသူများ စုစုပေါင်း ကဗျာဆရာ ၂၅ ဦး၏ ကဗျာများ ဖြစ်သည်။
မင်းကိုနိုင်က …
ကဗျာဆိုတာ
ရာသီသာချိန် တေးဆိုငှက်
ကိုယ်ရေးကြုံရင် ဓားတလက်
ကဗျာငှက်အား
ကဗျာသမားက
ကဗျာဓားနဲ့ မခုတ်ရက် … ဟု ရေးထားသည်။
June 29, 2012 at 12:50 pm | Categories: ဓာတ်ပုံသတင်း
မိုးမခစာအုပ်စင်၊ ဇွန် ၂၉ ၊ ၂၀၁၂ MoeMaKa Burmese News & Media
မိုးမခမှ ကူးယူဖော်ပြပါတယ် ။
ခုနစ်ဇူလိုင်အကြွေး ဘယ်လိုပြန်ပေးဆပ်မလဲ
ဘယ်လိုပြန်ပေးဆပ်မလဲ
ခုနစ်ရက်ဇူလိုင်
မမေ့နိုင်
စိတ်မခိုင်
သဲစိုင်ဝယ်နာကြည်း။
အာဏာရူး ဘီလူးတွေ
ရူးထွေထွေ မွှေကာနှောက်
ခြေရာမပျောက်တဲ့ ဇူလိုင်မီး။
ဒီအချိန်ကစ
အရူးထတဲ့ စစ်အစိုးရနဲ့
လူးလွန့်ကြွတဲ့ ကျောင်းသား
မပေါင်းအား ဖေါင်းကား
အကြောင်းတရား မပြေလည်
ကျောင်းသားတွေ မကြေဖွယ်
ရန်အစွယ် မာန်လွှာထပ်
ရန်-ငါတွေပြတ်ခဲ့တယ်။
ယိုသူမရှက်
မြင်သူရှက်
ခံရသူတသက်
ဖျောက်ဖျက်လို့မရ
ဖေါက်ရက်လို့ကြွေခဲ့တဲ့ဘဝ
ဘယ်လိုပြန်ဆပ်ကြမလဲဗျ။
အမှားအမှန် ဝေဖန်နိုင်ခဲ့ရင်
မှားမှန်းသိရင်ပြင်
အသင်မိုက်ခဲ့သမျှ အတိုးချပြီး
အဆိုးဘ၀တွေကို တမျိုးလှလာအောင်
အသက်ပေးအကျိုးဆောင်
အာဏရှင် အပုပ်ကောင်မှ
ဒီမိုကရေစီ ရုပ်အမှန်ဆောင်တဲ့
လူ့ဘောင်သစ်ကို အမှန်စင်စစ်
ပို့ဆောင်ပစ်လော့….။
မိုက်တွင်းမနက် အကြံမပက်စက်နဲ့တော့
ခံခက်နေတဲ့ပြည်သူအများ
လူသားတွေရဲ့အနာဂတ်အရေးမြော်တွေးပြီး
ဒီမိုကရေစီရရှိရေးမှာ မနှေးအမှန်မလွဲ
ဒေါ်စုနဲ့လက်တွဲပြီး ခုကတည်းက
ကြိုးစားကြ ရင် မကောင်းပေဖူးလားဗျာ...။
တက္ကသိုလ်ဘုန်းကြွယ်
ဇွန် ၂၉ ၂၀၁၂
ကြိုဆိုရေး ကျောက်စာ
လူသတင်း လူချင်းဆောင်လျက်
အောင်မြင်ခြင်းနဲ့ ငြိမ်းချမ်းခြင်းတွေ
သယ်ဆောင်လို့ ကမ္ဘာ့ရွာထဲက
စံပြအိမ်ကလေး သူ တည်ဆောက်ခဲ့...။
အမှန်တရားနဲ့ ငြိမ်းချမ်းရေးအတွက်
ငြင်းဆိုချက်တွေ အတိုင်းမသိ ပယ်ချရင်း
ဖြောင့်မတ်တဲ့ ခရီးလမ်းပေါ် ဆက်လျှောက်ခဲ့
အတ္တ မပါတဲ့ သူ့ စွမ်းဆောင်ချက်က
ပြည်သူ့အတွက် ဂုဏ်သတင်းကောင်းတွေပေါ့...။
အဆိုးနဲ့ အကောင်း တိုက်ခိုက်နေတဲ့ လောကကြီးအတွက်
အဆိုးကို အကောင်းမြင်ဖို့ အကောင်းကို သစ္စာရှိဖို့
ငြိမ်ချမ်းရေး လမ်းစဉ်ပေါ်မှာ
အလှတရားတွေ တန်ဆာဆင်လျက်
အောင်မြင်မှုနဲ့ သူ ပြန်လာခဲ့...။
ခရီးကြမ်းတဲ့ လေလှိုင်းတွေအောက်
အတောင်ဖြန့်လို့ ခွန်အားတွေနဲ့
စိတ်စွမ်းအား ထက်ထက် မာန်ဝံ့ရင်း
ငြိမ်းချမ်းရေး သံစဉ်တွေဟာ
ကမ္ဘာမှာ လွှမ်းခြုံလို့
အောင်မြင်မှုတွေ ဝေဆာခဲ့တဲ့
သူ့အတွက် ပြည်သူတွေက စောင့်မျှော်ကြိုဆိုလျက်...။
ကြိုဆိုနေကြတဲ့........
ငြိမ်းချမ်းရေး ပန်းခိုင်တွေကို
ကိုယ်စီ ကိုင်ဆောင်နေတဲ့
အမိမြေချစ်တဲ့ ပြည်သူတွေကို
လှမ်းနေတဲ့ သူ့ရဲ့ မေတ္တာ ကရုဏာ မုဒိတာ
လေးပါးဗြဟ္မစိုရ် တရားနဲ့ ပီတိအပြုံးဟာ
သမိုင်းဝင် ထာဝရ ထင်ကျန်နေမည့်
ပြည်သူ့ နှလုံးသား ကျောက်စာပေါ့...။
တက္ကသိုလ်မြတ်မင်း
Burma/Myanmar အပေါ် ဟံသာဝတီ ဦးဝင်းတင် အမြင် ..
Burma/Myanmar အပေါ် ဟံသာဝတီ ဦးဝင်းတင် အမြင် ..
Myanmar, Burma ဒေါ်အောင်ဆန်းစုကြည် သုံးနှုန်းတာကို သတိပေးတာနဲ့ ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက အဖွဲ့ဝင် ဆရာကြီး ဦးဝင်းတင်ကို RFA အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ်ထားတာကို နားဆင်နိုင် ပါတယ်။
ယတြာဆရာ နဲ့ ဗလာချာ
Aung Pan's Photos
"နိုင်ငံတော်၏အမည်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်း ထားသည့်အတိုင်း ရေးသား၊ ပြောဆို အသုံးပြုရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ အသိပေးအကြောင်းကြားထားခြင်း သတင်းထုတ်ပြန်ချက်"
ယတြာဆရာ နဲ့ ဗလာချာ
ဒေါ်စုရဲ့နိုင်ငံခြားခရီး
ဘယ်ကလောက်ပင်ထိန်ထိန်ညီး
လက်ရှိအစိုးရကတော့ အထင်မကြီး
ပုတ်ခတ်ပြီးပင် မလိုမုန်းထား
စကားလုံးအမှားကိုပင် ရှုံ့ချသွား
Burma (ဘားမား)ဆိုတာ အလွဲအမှား
ဖွဲ့စည်းပုံထဲမှာ Myanmar လို့ပြင်ထား
ဤအတိုင်းသာပြောဆိုရေးသား
ဝမ်နင်(Warning)ပင်ပေးလို့ အကြောင်းကြား…။
ကြောင်ကိုခွေးလို့ခေါ်ခေါ်
တိုင်းပြည်နဲ့လူမျိုးအပေါ်
မတော်မတရား မစော်ကားနဲ့
စေတနာတွေထား မေတ္တာတွေပွားပြီး
အများအကျိုးပွားအောင်လုပ်ဆောင်ပါလား
အဲဒီခါများ Burma မခေါ်ဘဲ
Myanmar ပြောင်းခေါ်လည်း
ခေါ်ကြမှာပဲ…။
ခုတော့ တလွဲဆံပင်ကောင်း
ပြောင်း ပြောင်း ပြောင်း
တိုင်းပြည်ကောင်းအောင်သူမပြောင်း
အလံကိုသာ နှစ်ခါပြောင်း
ယတြာအရပြောင်းရပါကြောင်း…။
ကောင်း ကောင်း ကောင်း
ပြည်သူတွေကောင်းအောင် လမ်းမကျောင်း
ကိုယ်မောင်းချင်သလိုသာ အရမ်းမောင်း…။
အကောင်းမရှိတဲ့ မှူးကြီးခမျာ
ကိုယ့်ကိုယ်ကိုယ်တော့ သိတတ်ရှာ
ဘို့တဘို့ထဲရှိတဲ့နွားကြီးပမာ…။
ဗေဒင်ဆရာနဲ့ အခါခါတွေ့
အရာရာတိုင်းကို ယတြာချေပါပေ့
ယမကာနံ့လို တငွေ့ငွေ့
လောကကြီးကို သူတကယ်မေ့…။
အခက်အခဲ တွေ့တဲ့အခါ
ယတြာကိုသာ အားကိုးရှာ
အရာရာမှာ အမြော်မြင်မှား
ယတြာနဲ့သာ သူပျော်ပါး
ဤလိုလူစား သဘောထား
ပြည်သူကိုလည်းအသိမပေးအား
ရူးများရူးမနေ ပေဘူးလား…။
အရူးအမူးတွေအမိန့်ပေးတာ
စစ်ခွေးတွေ လိုက်နာ
လိုက်နာသူ သူလိုလူစား
အရူးနိုင်ငံသား ဖြစ်လို့သွား…။
အရူးနိုင်ငံသားမဖြစ်လိုသူ
ကောင်းတဲ့မူကိုယူ
လူသာလျှင်အဓိက
ယတြာနည်းတွေ ပယ်လိုက်ကြ…။
တက္ကသိုလ်ဘုန်းကြွယ် (ဇွန် ၂၈ ၂၀၁၂)
"နှင်းဆီနီ ဥဒါန်း "
"နှင်းဆီနီ ဥဒါန်း "
တလောကလုံး
အမှောင်ဖုံးတဲ့ည
အသက်ရှုမရအောင်မွန်းလှရဲ့ ..
လူတစ်ယောက်ဘ၀ကို
ငွေစက္ကူတချပ်လို
ဖျက်သိမ်းဖို့ များ
ကြိုးစားကြသလား
မှားမယ်
ထွေးပြီးသားကိုပြန်မမြို
ကံကိုလဲ ရိုးမယ်မဖွဲ့ 
တိုက်ပွဲရဲ့ ဆုလာဒ်အဖြစ်
စံနစ်ရဲ့ အကျဉ်းသားဘဝ
ငါခံယူပါ့မယ်
ကျေနပ်တယ်
ဟေ့ ..နင်းချေမဲ့သူတွေ
ခရေပွင့်လို ငါမကြွေ
မြေတလက္မ
ပိုင်ဆိုင်ခွင့်ရသရွေ့ 
နေ့ သစ်ရဲ့ အာရုံဦးမှာ
ယုံကြည်ချက်ဆူးတွေဖွင့်
ခေါင်းထောင်လို့ ဝင့်လိုက်မယ်
ငါဟာ ...
နီရဲတဲ့နှင်းဆီပွင့် ။ ။
မင်းကိုနိုင်..။
ပြည်သူ့ဂုဏ်ရည် ဇကာတင် ရွေးချယ်ခံရသူများအား ဂုဏ်ပြုပွဲအခမ်းအနား..
"မြန်မာပြည်သားချင်း ရိုင်းပင်းကူညီ ပြည်သူ့ဂုဏ်ရည်"ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဖွဲ့စည်းထားတဲ့ ပြည်သူ့ဂုဏ်ရည် အဖွဲ့၏ ၂၀၁၂ နှစ်အတွက် ပြည်သူ့ဂုဏ်ရည် ဆန်ခါတင်ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအား ဂုဏ်ပြုပွဲအခမ်း အနားကို ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊တော်ဝင်နှင်းဆီခန်းမ၌ ၂၈-၆-၂၀၁၂ နေ့လည့် ၁း၀၀ မှ ၃း၀၀ ထိအစီအစဉ် (၆) ရပ်ဖြင့် ကျင့်ပပြုလုပ်ခဲ့ပါတယ်။
အဆိုပါ ယင်းအခမ်းအနားကို အစီအစဉ် အခမ်းအနားမှူးဖြင့် ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဆွေဇင်ထိုက် မှ ပြုလုပ်ပြီး၊ နိုင်ငံရေးနယ်ပယ်၊ ရုပ်ရှင်နယ်ပယ်၊ လူမှုရေးနယ်ပယ်မှဖြစ်ကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် ဘဘဦးဝင်းတင်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်၊ ဒေါ်ဖြူဖြူသင်း၊ စာရေးဆရာ၊ ဒါရိုက်တာ ဦးမိုးသူ၊ ရွှေအမြုတေမဂ္ဂဇင်း၊ဂျာနယ် အယ်ဒီတာချုပ် ဦးဝင်းငြိမ်း၊ ၈၈-ကျောင်းသားခေါင်းဆောင် ပွင့်လင်းအဖွဲ့က ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ အဆိုတော် သျှီ စသော လူမှုနယ်ပယ်မှ ပရဟိတပုဂ္ဂိုလ်များ၊တိုင်းရင်း သူ၊သားများ၊ရှေ့နေအဖွဲ့ဝင်လူငယ်များ၊မီဒီယာများ စုစုပေါင်း အယောက် ၆၀ ခန့်တက်ရောက်ပြီး၊ ပြည်သူ့ ဂုဏ်ရည် ဇကာတင်ရွေးချယ်ခံရသူ လူမှုအထောက်ကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ အောင် Foundation ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊လယ်သမားတွေ အရေးကို ဦးဖိုးဖြူ (ခ) ဦးရန်နိုင်အောင်တို့အာuး$ 1000 နှင့် ဆုတံဆိပ်ဆု တစ်ခုဆီဖြင့် ဂုဏ်ပြုချီးမြင့်ခဲ့ကြောင်း ကိုလည်း အခမ်းအနားမှူး ဒေါ်ဆွေဇင်ထိုက်မှ ပြောကြားကြောင်း သိရှိရပါသည်။
အင်မတန် လေးစားစရာ ကောင်းတဲ့ပုဂ္ဂိုလ်တို့ကို ပြည်ပရောက် တိုင်းရင်းသား မြန်မာမိသားစုတွေ၊အားလုံး စုပေါင်းပြီး တစ်နှစ်တစ်ကြိမ် ဂုဏ်ပြုဆုချီးမြှင့်ခြင်းဟာ ပြည်သူ့ဂုဏ်ရည်အသင်း၏ ပထမ ရည်ရွယ်ချက်ပင်ဖြစ်ပါ သည်။အဲဒီရည်ရွယ်ချက်အတိုင်း ပြည်သူ့ဂုဏ်ရည်ဆုကို ၂၀၁၀ ခုနှစ်အတွက် မြန်မာ့သမိုင်းမှာ အောင်မြင်မှုအရှိ ဆုံး လူမှုရေးအသင်းကြီးဖြစ်တဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်)ကို ဦးဆောင်နေတဲ့ ဦးကျော်သူ၊၂၀၁၁ခု နှစ် အတွက် အကျဉ်းကျသံဃာတွေကို ကြည်ညိုသဒ္ဒါစိတ်များနဲ့ လက်လှမ်းမီသလောက် ဆွမ်း၊ဆေးဝါး လှူဒါန်းခဲ့ သော ဒေါ်ရှုတို့ကို ကမ္ဘာ့နိုင်ငံအသီးသီးရှိ တိုင်းရင်းသားမြန်မာမိသားစုများရဲ့ အင်တာနက်ဆန္ဒမဲများဖြင့် ရွေး ချယ်ဂုဏ်ပြုနိုင်ခဲ့ပါတယ်။ ယခု ၂၀၁၂ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို နိုင်ငံပေါင်း ၄၉ နိုင်ငံကျော်မှ ဆန္ဒမဲ စုစုပေါင်း ငါးသိန်းကျော်၏ ၅၀% ရရှိခဲ့သည် ခရစ်ယာန်ဓမ္မဆရာတစ်ဦးဖြစ်သည့် Kachinland News သတင်း ဌာနမှ လဖိုင်နော်မိန်းကို ရွေးချယ် ဂုဏ်ပြုနိုင်ခဲ့ပါတယ်။ လဖိုင်နော်မိန်းသည် အဖက်ဖက်မှ ဖိနှိပ်သည့်ကြားက သေသဖွံ့ဖြိုးရေး၊ လူငယ်များပြုစု ပျိုးထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ ညီငယ် အလင်းဆက်
ဒီမိုဝေယံ
ပါရီသမိုင်းဝင် Louvre ပြတိုက်ကို သွားရောက်မှတ်တမ်း ဓါတ်ပုံ နှင့် သတင်းစာရှင်းလင်းပွဲ
ဒေါက်တာဒေါ်အောင်ဆန်းစုကြည်၏ ပြင်သစ် Sorbonne တက္ကသိုလ် မှာ 28.6.2012 ကသတင်းစာရှင်းလင်းပွဲ ဗွီဒီယိုဖိုင်
photo Gutty Image
Friday, June 29, 2012
"သူရဲကောင်းတွေ ပြန်လာကြပြီ"
"သူရဲကောင်းတွေ ပြန်လာပြီ
သူတို့ပြန်လာပြီ။
သူတို့ဟာ
လေဆန်ကိုဖြတ်ပျံတဲ့ အမြင့်ပျံငှက်တွေပေါ့။
သူတို့ ဟာ ဥရောပတခွင်
မြန်မာဟေ့ လို့ ဇာတိမာန်ကို
ကမ္ဘာကသိအောင် မျိုးစေ့ချပေးခဲ့သူလည်းဖြစ်တယ်။
ခရီးရှည် ခရောင်းလမ်းက
ခက်ခဲကြမ်းတမ်းစွာ နင်းဖြတ်ခဲ့ကြပေမယ့်
မမောပန်း ခြေလှမ်းသစ် အားမာန်တွေကလည်း တ၀င့်ဝင့်နဲ့ပေါ့။
သံတိုင်လှောင်ချိုင့်ထဲက ထွက်လာပေမယ့်
သူတို့ဟာ သားကောင်တွေမဟုတ်ဘူး။
အောင်ပွဲဆင် ပန်းဝင်လာတဲ့
မော်ကွန်းဝင် စစ်သူကြီးတွေပေါ့..။
သူတို့ဟာ တိုက်ပွဲပျော်တွေ..
ဒါပေမယ့် သွေးဆာနေသူတွေမဟုတ်သလို
အဆိပ်တတ်နေသူတွေလည်း မဟုတ်တဲ့
ပေးဆပ်နေသူတွေပဲဖြစ်တယ်..။
သူတို့မှာ
စစ်လက်နက်တွေတော့ မပါလာဘူး။
ဒါပေမယ့်
ရိုးသားရဲရင့်တဲ့ နှလုံးသားလှတွေနဲ့
တည်ကြည်ထက်မြက်တဲ့ အတွေးအခေါ်တွေ ပါလာတယ်။
သမိုင်းကိုတည့်မတ်ဖို့
အိပ်မက်ဆိုးတွေက နှိုးထဖို့
ပန်းရောင်စုံတွေ ဖူးပွင့်ဖို့
ကလေးငယ်တို့ တေးချိုဖို့
သန်းခြောက်ဆယ်ရဲ့ မျှော်လင့်ချက်တွေကို ဖေါ်ဆောင်ဖို့
သူတို့ပြန်လာပြီ။
ကဲ.... ရဲဘော်
အနာဂတ်ကို သူတို့ ဖန်ဆင်းတော့မယ်။
ယုံကြည်မျှော်လင့်တယ်ဆိုရင်
အမိမြေကို ငြိမ်းချမ်းစေလိုတယ်ဆိုရင်......
လက်ခုပ်မြိုင်မြိုင်တီးလိုက်ကြစို့
လက်ချင်းခိုင်ခိုင် တွဲလိုက်ကြစို့
သစ္စာသွေးသောက် ရဲရဲတောက်ကြပါစို့......။
ဘေးပြောတာကို မယုံနဲ့ ...
သွေးပြောတာကို ပဲယုံ......
ဒို့သွေးသားမို့ ဒို့ယုံကြည်...အောင်ဆန်းသွေးမို့ ဒို့ယုံသည် .....။
ဒေါက်တာဒေါ်အောင်ဆန်းစုကြည် အား ချီးမြင့်သော ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်လ် ဆု အား နိုင်ငံ့ ဂုဏ်၊ မြန်မာ တမျိုးသားလုံး ဂုဏ်ကိုယ်စား ဆုလက်ခံရယူအပြီး တိုင်းသိပြည်သိ ကမ္ဘာသိမွန်မြတ်လှသော ငြိမ်းချမ်းရး ဆုတံဆိပ်များ၊ရယူကာတန်းဘိုးကြီးတဲ့ ရှေ့ ဆောင်လမ်းပြကြယ်ဖြစ်ကြောင့် မိမိတို့ ၏အနာဂါတ်ကို ယုံကြည်မူများဖြင့် လှပစွာ
တည်ဆောက်ကြရင်း တစ်အိမ်တစ်ယောက်ထွက်ခါ ရန်ကုန်လေဆိပ်မှ စပြီးလမ်းတစ်လျှောက် လုံး အိုးစည်ဗုံမောင်း ဒိုးပတ်သံများစည်စည်ကားကားမိမိတတ်နိုင်ရာအဖွဲ့ အစည်းများမှဦးဆောင်ပြီး ပြည်အ၀င်လှပစေဖို့ ကျွန်တော်တို့ မြန်မာပြည်က ပြည်သူပြည်သားများသောင်းသောင်းဖျဖျကြို ဆိုစေ့ချင်လို့  အမျိုးသားရေးစိတ်ဓါတ်ဖြင့် တင်ပြလိုက်ပါတယ်။ ။
ကိုထွန်းဝေ
သူတို့ပြန်လာပြီ။
သူတို့ဟာ
လေဆန်ကိုဖြတ်ပျံတဲ့ အမြင့်ပျံငှက်တွေပေါ့။
သူတို့ ဟာ ဥရောပတခွင်
မြန်မာဟေ့ လို့ ဇာတိမာန်ကို
ကမ္ဘာကသိအောင် မျိုးစေ့ချပေးခဲ့သူလည်းဖြစ်တယ်။
ခရီးရှည် ခရောင်းလမ်းက
ခက်ခဲကြမ်းတမ်းစွာ နင်းဖြတ်ခဲ့ကြပေမယ့်
မမောပန်း ခြေလှမ်းသစ် အားမာန်တွေကလည်း တ၀င့်ဝင့်နဲ့ပေါ့။
သံတိုင်လှောင်ချိုင့်ထဲက ထွက်လာပေမယ့်
သူတို့ဟာ သားကောင်တွေမဟုတ်ဘူး။
အောင်ပွဲဆင် ပန်းဝင်လာတဲ့
မော်ကွန်းဝင် စစ်သူကြီးတွေပေါ့..။
သူတို့ဟာ တိုက်ပွဲပျော်တွေ..
ဒါပေမယ့် သွေးဆာနေသူတွေမဟုတ်သလို
အဆိပ်တတ်နေသူတွေလည်း မဟုတ်တဲ့
ပေးဆပ်နေသူတွေပဲဖြစ်တယ်..။
သူတို့မှာ
စစ်လက်နက်တွေတော့ မပါလာဘူး။
ဒါပေမယ့်
ရိုးသားရဲရင့်တဲ့ နှလုံးသားလှတွေနဲ့
တည်ကြည်ထက်မြက်တဲ့ အတွေးအခေါ်တွေ ပါလာတယ်။
သမိုင်းကိုတည့်မတ်ဖို့
အိပ်မက်ဆိုးတွေက နှိုးထဖို့
ပန်းရောင်စုံတွေ ဖူးပွင့်ဖို့
ကလေးငယ်တို့ တေးချိုဖို့
သန်းခြောက်ဆယ်ရဲ့ မျှော်လင့်ချက်တွေကို ဖေါ်ဆောင်ဖို့
သူတို့ပြန်လာပြီ။
ကဲ.... ရဲဘော်
အနာဂတ်ကို သူတို့ ဖန်ဆင်းတော့မယ်။
ယုံကြည်မျှော်လင့်တယ်ဆိုရင်
အမိမြေကို ငြိမ်းချမ်းစေလိုတယ်ဆိုရင်......
လက်ခုပ်မြိုင်မြိုင်တီးလိုက်ကြစို့
လက်ချင်းခိုင်ခိုင် တွဲလိုက်ကြစို့
သစ္စာသွေးသောက် ရဲရဲတောက်ကြပါစို့......။
ဘေးပြောတာကို မယုံနဲ့ ...
သွေးပြောတာကို ပဲယုံ......
ဒို့သွေးသားမို့ ဒို့ယုံကြည်...အောင်ဆန်းသွေးမို့ ဒို့ယုံသည် .....။
ဒေါက်တာဒေါ်အောင်ဆန်းစုကြည် အား ချီးမြင့်သော ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်လ် ဆု အား နိုင်ငံ့ ဂုဏ်၊ မြန်မာ တမျိုးသားလုံး ဂုဏ်ကိုယ်စား ဆုလက်ခံရယူအပြီး တိုင်းသိပြည်သိ ကမ္ဘာသိမွန်မြတ်လှသော ငြိမ်းချမ်းရး ဆုတံဆိပ်များ၊ရယူကာတန်းဘိုးကြီးတဲ့ ရှေ့ ဆောင်လမ်းပြကြယ်ဖြစ်ကြောင့် မိမိတို့ ၏အနာဂါတ်ကို ယုံကြည်မူများဖြင့် လှပစွာ
တည်ဆောက်ကြရင်း တစ်အိမ်တစ်ယောက်ထွက်ခါ ရန်ကုန်လေဆိပ်မှ စပြီးလမ်းတစ်လျှောက် လုံး အိုးစည်ဗုံမောင်း ဒိုးပတ်သံများစည်စည်ကားကားမိမိတတ်နိုင်ရာအဖွဲ့ အစည်းများမှဦးဆောင်ပြီး ပြည်အ၀င်လှပစေဖို့ ကျွန်တော်တို့ မြန်မာပြည်က ပြည်သူပြည်သားများသောင်းသောင်းဖျဖျကြို ဆိုစေ့ချင်လို့  အမျိုးသားရေးစိတ်ဓါတ်ဖြင့် တင်ပြလိုက်ပါတယ်။ ။
ကိုထွန်းဝေ
အဖေတူသမီးကို ကြိုဆိုဖို့ အဘိုး စိတ်ဓါတ် မွေးကြစို့
နောက်ဆုံး သိရှိရတဲ့ အခြေအနေအရ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစြု ကည် သည် လေယာဉ်ခရီးစဉ်အမှတ် TG303 နဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဇွန်လ ၃၀ ရက် (စနေ) မနက် ၈ နာရီ ၃၀ ခန့်မှာ ဆိုက်ရောက်မှာဖြစ်ပါတယ်။ လေဆိပ်ကနေ ပြည်လမ်းတလျောက် ။ ပြည်လမ်းမှ အင်းလျားလမ်း၊ အင်းလျားလမ်းမှ တက္ကသိုလ် ရိပ်သာလမ်းကို ချိုးဝင်မယ်လို့ သိရှိရပါတယ်။ ကြိုဆိုမည့်သူများ မှ ဖြစ်နိုင်လျှင် အနီရောင် ပါသော အ၀တ်များ ၀တ်ဆင်ပြီး နိုင်ငံတော် အလံနှင့် ခွပ်ဒေါင်း အလံတို့ကို အတူကိုင်ဆောင် ဝှေ့ယမ်းကာ မြန်မာ့ဂုဏ်ဆောင် လူထုခေါင်းဆောင်အား ကြည်သာရွှင်ပြ ငြိမ်းချမ်းစွာ ကြိုဆိုနှုတ်ဆက်ကြပါမည်။
Nay Myo Zin
Nay Myo Zin
ဗွီဒီယို zayyar20283 . ဒီမိုဝေယံ
အငြိမ်းစား ဗိုလ်ကြီ နေမျိုဇင် က ရခိုင်စစ်ဘေး ဒုက္ခသည် များ ထောက် ပံ့ရေး ၇န်ပုံငွေရှာ တဲ့  ပွဲမှာ ဖျော် ဖြေခဲ့ တဲ့  သီချင်းဖြစ်ပါတယ်
အမေနဲ့အတူ အသဲမာတဲ့ ကျွန်တော်ပြောချင်တာက အောင်ပန်းလွှင့်လို့ ဒို့များ အမိမြေ ပြန်လာမယ့် အမေ့ကို ကြိုဆိုကြစို့ ညီအကိုတို့
ကိုယ်တိုင်မရောက်နိုင်ပေမယ်
ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ် နောက်ဆုံးနေ့
ပြင်သစ်နိုင်ငံကို ရောက်နေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ သမ္မတဟောင်း နီကိုလာ ဆာကိုဇီနဲ့ တွေ့ဆုံခဲ့သလို ပြင်သစ် အမျိုးသားလွှတ်တော် ဥက္ကဌအပြင် လွတ်တော် ကိုယ်စားလှယ် တချို့နဲ့လည်း တွေဆုံခဲ့ပါတယ်။ ဒါ့အပြင် ညနေပိုင်းမှာတော့ ပြင်သစ်နိုင်ငံ နာမည်ကြီး
ဆော်ဘွန်း (Sorbonne) တက္ကသိုလ်မှာ ကျောင်းသားတွေနဲ့ တွေ့ဆုံပွဲတခုပြုလုပ်ဖို့ ရှိပါတယ်။ ဒီကနေ့ ပြင်သစ်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။
ဇွန်လ ၂၆ ရက်နေ့က ပြင်သစ်နိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တတိယမြောက်နေ့ ဖြစ်တဲ့ ဒီကနေဇွန်လ ၂၈ ရက် ကြာသာပတေးနေ့ ပြင်သစ်စံတော်ချိန် မနက် အစောပိုင်းမှာတော့ ပြင်သစ် သမ္မတဟောင်း နီကိုလာ ဆာကိုဇီနဲ့ တွေဆုံပါတယ်။ အဲဒီနောက်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ
ပြင်သစ်နိုင်ငံ အမျိုးသား လွှတ်တော်ထဲကို သွားခဲ့တဲ့ ဒီကနေ့ အစီအစဉ်တချို့ကိုတော့ ပြင်သစ်အခြေစိုက် လူအခွင့်ရေးနဲ့ ဖွံဖြိုးရေးဆိုင်ရာ လှုပ်ရှားနေတဲ့ CCFD အဖွဲ့က သတင်းနဲ့ ပြန်ကြားရေး ဒါရိုက်တာ Vincent Brossel က ပြောပြပါတယ်။
"ဒီကနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြင်သစ်လာလည်တဲ့ ခရီးစဉ်နောက်ဆုံးနေ့ ဖြစ်ပြီး အစီအစဉ်တွေက တနေ့လုံးအပြည့်ပါပဲ" လို့ ပြင်သစ် ဘာသာစကားနဲ့ ပြောပြသွားတာပါ။
မနက်ပိုင်းက သမ္မတဟောင်း ဆာကိုဇီနဲ့ရော သူ့ဇနီးနဲ့ပါ ဒေါ်အောင်ဆန်းစုကြည်တို့ မနက်စာ ကော်ဖီ အတူသောက်ကြရင်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ပြင်သစ် အမျိုးသား လွှတ်တော်ဥက္ကဌနဲ့ တွေ့ဆုံသလို ပြင်သစ် လွှတ်တော်ထဲမှာ မြန်မာ့အရေးအတွက် လှုပ်ရှားနေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ရော တခြားလွှတ်တော် ကိုယ်စားလှယ်တချို့နဲ့ပါ တွေ့ဆုံတယ် ဆိုတာတွေ သိထားပါတယ်လို့Vincent Brosselက ပြောပါတယ်။
ဒါ့အပြင် ဒီကနေ့ နေ့လည်ပိုင်းမှာတော့ ပြင်သစ်က နာမည်ကြီး ဆော်ဘွန်း တက္ကသိုလ်မှာ ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတခု လုပ်ပါ့မယ်။ ညနေပိုင်းမှာတော့
ပဲရစ်မှာလုပ်နေတဲ့ စီးပွားရေး၊ လူမှုရေး အသိုင်းအ၀ိုင်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ နှီးနှောဖလှယ်ပွဲကို တက်ရောက်ဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
မနေ့က ဆိုရင်လည်း ပါရီမြို့တော်သူဆု လက်ခံခဲ့ပြီး ပြင်သစ် နိုင်ငံခြားဌာနမှာ နိုင်ငံခြားရေးဝန်ကြီး (Laurent Fabius) နဲ့ တွေ့ဆုံခဲ့တာတွေ ရှိသလို ဇွန်လ ၂၇ ရက်နေ့ကလည်း ပြင်သစ်သမ္မတ Francois Hollande နဲ့ တွေ့ဆုံအပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တာတွေလည်း ရှိပါတယ်။
အခု ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်ကို လာလည်တဲ့ ခရီးစဉ်အတွင်း ပြင်သစ်အစိုးရရဲ့ ကြိုဆိုမှု၊ ပြင်သစ် လူထုရဲ့ ကြိုဆိုမှုဟာ အင်မတန်မှ အားရစရာကောင်းသလို နှစ်ပေါင်းများစွာ မြန်မာပြည်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုတွေ ပိုရလာတာမျိုး ရှိတွေရတယ်လို့လည်း Vincent ကပြောပါတယ်။
"တကယ့်ကိုအောင်မြင်တဲ့ ခရီးစဉ်ပါပဲ။ နှစ်ပေါင်းများစွာ ပဲရစ်မြို့ကြီးက လမ်းမကြီးပေါ်တွေ၊ ပဲရစ်မြို့က အထင်ကရ နေရာတွေမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကြိုးပမ်းခဲ့တဲ့ ပုံရိပ်တွေဟာ မနေ့က ကျနော်တို့ အားလုံးအတွက် အစစ်အမှန် ဖြစ်လာခဲ့ပြီဆိုတာ သိလိုက်ရပါတယ်။ ပါရီမြို့တော်သူအဖြစ် ဆုလက်ခံယူစဉ် ပြုံးရွင်နေတဲ့ သူမျက်နှာနဲ့ လက်ရှိ မြန်မာပြည်က တကယ့် နိုင်ငံရေး အခြေအနေတွေ အကြောင်း ပြောပြခဲ့တဲ့ မိန့်ခွန်းတွေ အားလုံးဟာ ပြင်သစ်နိုင်ငံအတွက် အမှတ်တရ ရှိနေပါတယ်" လို့ CCFD အဖွဲ့က ပြန်ကြားရေး ဒါရိုက်တာ Vincent Brossel က ပြောသွားတာပါ၊
အခုလို အစီအစဉ်တွေထဲ အစိုးရ အဖွဲ့နဲ့ မဟုတ်တဲ့ နေ့လည်ပိုင်းမှာရှိမယ့် ကြားဖြတ် အစီအစဉ် တခုကိုလည်း ပြင်သစ်နိုင်ငံ မြန်မာအရေးအဖွဲက ကိုထွေးကလည်း ပြောပြပါတယ်။
"ပဲရစ် တိုင်းဒေသကြီး အကြံပေးရုံးမှာ တချို့ အစိုးရ အရာရှိတွေနဲ့၊ လွှတ်တော် အမတ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲ တခု ရှိပါတယ်။ အဲဒါကို ကိုဇေယျာသော် တက်ပါမယ်။ ညနေဖက်မှာတော့ သင်္ဘောပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပဲရစ်ဆိပ် မြစ်ကမ်းတခုပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ ပွဲတခုလုပ်ဖို့ စီစဉ်ထားတယ်။ အဲဒီကိုတော့ အချိန်ရရင် ဒေါ်အောင်ဆန်းစုကြည်က ၁၅ မိနစ်လောက် ရောက်လာမယ်လို့ ပြောပါတယ်။ ကျနော်တို့ မြန်မာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ ထပ်ပြီးတော့ တွေ့ဖို့ မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြင်သစ်မှာ ရောက်နေတဲ့ မြန်မာ မိသားစုတွေဟာ ရင်းရင်း နှီးနှီးကို တွေ့ဆုံခဲ့ရပါတယ်။"
ပြင်သစ်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ အဖွဲ့ထဲက အဖွဲ့ဝင် တဦးဖြစ်တဲ့ ကိုထွေး ပြောပြခဲ့တာပါ။ ဥရောပ ၅ နိုင်ငံကို ခရီးထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖန် ဇွန်လ ၂၉ ရက်မှာတော့ မြန်မာပြည်ကို ပြန်မှာဖြစ်ပါတယ်။ ဇွန် ၁၃ ရက်နေ့ကနေ ၂၉ ရက်နေထိ ခရီးစဉ်အတွင်းမှာတော့ ဆွစ်ဇာလန်၊ နော်ဝေး၊ အိုင်ယာလန် အင်္ဂလန်နဲ့အတူ ပြင်သစ် နိုင်ငံတွေကို သွားခဲ့တာဖြစ်ပြီး အဲဒီနိုင်ငံက ခေါင်းဆောင်တွေ ဒီဥရောနိုင်ငံတွေမှာ ရှိတဲ့ မြန်မာ အင်အား စုတွေနဲ့လည်း တွေဆုံခဲ့တာလည်း ဖြစ်ပါတယ်။
ကြာသပတေး, 28 ဇွန် 2012
By သင်းသီရိ voa
ဆော်ဘွန်း (Sorbonne) တက္ကသိုလ်မှာ ကျောင်းသားတွေနဲ့ တွေ့ဆုံပွဲတခုပြုလုပ်ဖို့ ရှိပါတယ်။ ဒီကနေ့ ပြင်သစ်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။
ဇွန်လ ၂၆ ရက်နေ့က ပြင်သစ်နိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တတိယမြောက်နေ့ ဖြစ်တဲ့ ဒီကနေဇွန်လ ၂၈ ရက် ကြာသာပတေးနေ့ ပြင်သစ်စံတော်ချိန် မနက် အစောပိုင်းမှာတော့ ပြင်သစ် သမ္မတဟောင်း နီကိုလာ ဆာကိုဇီနဲ့ တွေဆုံပါတယ်။ အဲဒီနောက်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ
ပြင်သစ်နိုင်ငံ အမျိုးသား လွှတ်တော်ထဲကို သွားခဲ့တဲ့ ဒီကနေ့ အစီအစဉ်တချို့ကိုတော့ ပြင်သစ်အခြေစိုက် လူအခွင့်ရေးနဲ့ ဖွံဖြိုးရေးဆိုင်ရာ လှုပ်ရှားနေတဲ့ CCFD အဖွဲ့က သတင်းနဲ့ ပြန်ကြားရေး ဒါရိုက်တာ Vincent Brossel က ပြောပြပါတယ်။
"ဒီကနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြင်သစ်လာလည်တဲ့ ခရီးစဉ်နောက်ဆုံးနေ့ ဖြစ်ပြီး အစီအစဉ်တွေက တနေ့လုံးအပြည့်ပါပဲ" လို့ ပြင်သစ် ဘာသာစကားနဲ့ ပြောပြသွားတာပါ။
မနက်ပိုင်းက သမ္မတဟောင်း ဆာကိုဇီနဲ့ရော သူ့ဇနီးနဲ့ပါ ဒေါ်အောင်ဆန်းစုကြည်တို့ မနက်စာ ကော်ဖီ အတူသောက်ကြရင်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ပြင်သစ် အမျိုးသား လွှတ်တော်ဥက္ကဌနဲ့ တွေ့ဆုံသလို ပြင်သစ် လွှတ်တော်ထဲမှာ မြန်မာ့အရေးအတွက် လှုပ်ရှားနေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ရော တခြားလွှတ်တော် ကိုယ်စားလှယ်တချို့နဲ့ပါ တွေ့ဆုံတယ် ဆိုတာတွေ သိထားပါတယ်လို့Vincent Brosselက ပြောပါတယ်။
ဒါ့အပြင် ဒီကနေ့ နေ့လည်ပိုင်းမှာတော့ ပြင်သစ်က နာမည်ကြီး ဆော်ဘွန်း တက္ကသိုလ်မှာ ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတခု လုပ်ပါ့မယ်။ ညနေပိုင်းမှာတော့
ပဲရစ်မှာလုပ်နေတဲ့ စီးပွားရေး၊ လူမှုရေး အသိုင်းအ၀ိုင်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ နှီးနှောဖလှယ်ပွဲကို တက်ရောက်ဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
မနေ့က ဆိုရင်လည်း ပါရီမြို့တော်သူဆု လက်ခံခဲ့ပြီး ပြင်သစ် နိုင်ငံခြားဌာနမှာ နိုင်ငံခြားရေးဝန်ကြီး (Laurent Fabius) နဲ့ တွေ့ဆုံခဲ့တာတွေ ရှိသလို ဇွန်လ ၂၇ ရက်နေ့ကလည်း ပြင်သစ်သမ္မတ Francois Hollande နဲ့ တွေ့ဆုံအပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တာတွေလည်း ရှိပါတယ်။
အခု ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်ကို လာလည်တဲ့ ခရီးစဉ်အတွင်း ပြင်သစ်အစိုးရရဲ့ ကြိုဆိုမှု၊ ပြင်သစ် လူထုရဲ့ ကြိုဆိုမှုဟာ အင်မတန်မှ အားရစရာကောင်းသလို နှစ်ပေါင်းများစွာ မြန်မာပြည်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုတွေ ပိုရလာတာမျိုး ရှိတွေရတယ်လို့လည်း Vincent ကပြောပါတယ်။
"တကယ့်ကိုအောင်မြင်တဲ့ ခရီးစဉ်ပါပဲ။ နှစ်ပေါင်းများစွာ ပဲရစ်မြို့ကြီးက လမ်းမကြီးပေါ်တွေ၊ ပဲရစ်မြို့က အထင်ကရ နေရာတွေမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကြိုးပမ်းခဲ့တဲ့ ပုံရိပ်တွေဟာ မနေ့က ကျနော်တို့ အားလုံးအတွက် အစစ်အမှန် ဖြစ်လာခဲ့ပြီဆိုတာ သိလိုက်ရပါတယ်။ ပါရီမြို့တော်သူအဖြစ် ဆုလက်ခံယူစဉ် ပြုံးရွင်နေတဲ့ သူမျက်နှာနဲ့ လက်ရှိ မြန်မာပြည်က တကယ့် နိုင်ငံရေး အခြေအနေတွေ အကြောင်း ပြောပြခဲ့တဲ့ မိန့်ခွန်းတွေ အားလုံးဟာ ပြင်သစ်နိုင်ငံအတွက် အမှတ်တရ ရှိနေပါတယ်" လို့ CCFD အဖွဲ့က ပြန်ကြားရေး ဒါရိုက်တာ Vincent Brossel က ပြောသွားတာပါ၊
အခုလို အစီအစဉ်တွေထဲ အစိုးရ အဖွဲ့နဲ့ မဟုတ်တဲ့ နေ့လည်ပိုင်းမှာရှိမယ့် ကြားဖြတ် အစီအစဉ် တခုကိုလည်း ပြင်သစ်နိုင်ငံ မြန်မာအရေးအဖွဲက ကိုထွေးကလည်း ပြောပြပါတယ်။
"ပဲရစ် တိုင်းဒေသကြီး အကြံပေးရုံးမှာ တချို့ အစိုးရ အရာရှိတွေနဲ့၊ လွှတ်တော် အမတ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲ တခု ရှိပါတယ်။ အဲဒါကို ကိုဇေယျာသော် တက်ပါမယ်။ ညနေဖက်မှာတော့ သင်္ဘောပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပဲရစ်ဆိပ် မြစ်ကမ်းတခုပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ ပွဲတခုလုပ်ဖို့ စီစဉ်ထားတယ်။ အဲဒီကိုတော့ အချိန်ရရင် ဒေါ်အောင်ဆန်းစုကြည်က ၁၅ မိနစ်လောက် ရောက်လာမယ်လို့ ပြောပါတယ်။ ကျနော်တို့ မြန်မာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ ထပ်ပြီးတော့ တွေ့ဖို့ မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြင်သစ်မှာ ရောက်နေတဲ့ မြန်မာ မိသားစုတွေဟာ ရင်းရင်း နှီးနှီးကို တွေ့ဆုံခဲ့ရပါတယ်။"
ပြင်သစ်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ အဖွဲ့ထဲက အဖွဲ့ဝင် တဦးဖြစ်တဲ့ ကိုထွေး ပြောပြခဲ့တာပါ။ ဥရောပ ၅ နိုင်ငံကို ခရီးထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖန် ဇွန်လ ၂၉ ရက်မှာတော့ မြန်မာပြည်ကို ပြန်မှာဖြစ်ပါတယ်။ ဇွန် ၁၃ ရက်နေ့ကနေ ၂၉ ရက်နေထိ ခရီးစဉ်အတွင်းမှာတော့ ဆွစ်ဇာလန်၊ နော်ဝေး၊ အိုင်ယာလန် အင်္ဂလန်နဲ့အတူ ပြင်သစ် နိုင်ငံတွေကို သွားခဲ့တာဖြစ်ပြီး အဲဒီနိုင်ငံက ခေါင်းဆောင်တွေ ဒီဥရောနိုင်ငံတွေမှာ ရှိတဲ့ မြန်မာ အင်အား စုတွေနဲ့လည်း တွေဆုံခဲ့တာလည်း ဖြစ်ပါတယ်။
ကြာသပတေး, 28 ဇွန် 2012
By သင်းသီရိ voa
ဒေါ်အောင်ဆန်းစုကြည်အား လူထုဖြင့် ကြိုဆိုရန်စီစဉ်
ဒေါ်အောင်ဆန်းစုကြည်အား လူထုဖြင့် ကြိုဆိုရန်စီစဉ်
ဝေစန္ဒာ | ကြာသပတေးနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၀၁ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။ ။ ဥရောပ ငါးနိုင်ငံသို့ ၁၆ ရက်ကြာ ခရီးလှည့်လည်ပြီး ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့သို့
ပြန်လည် ရောက်ရှိလာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား လူအမြောက် အများဖြင့် ကြိုဆိုရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်
လမ်းတလျှောက် ဝဲယာတွင် အင်္ကျီ အနီရောင်များ ဝတ်ဆင်ကာ ခွပ်ဒေါင်းအလံနှင့် မြန်မာနိုင်ငံအလံများ ကိုင်ဆောင်၍ ပြည်သူ များက ကြိုဆိုရန် စီစဉ်နေသည်ဟု စီစဉ်နေသူတဦးဖြစ်သည့် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးနေမျိုးဇင် က ပြောသည်။
“ပြည်သူလူထုကြီးကို ကိုယ်စားပြုပြီး နိုင်ငံအတွက် ဂုဏ်ယူဖွယ် ဆောင်ရွက်ခဲ့သူကို ပြည်သူ တသန်းခန့်က ဂုဏ်ပြုကြိုဆိုကြမှာပါ” ဟု မဇ္ဈိမကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်ရန် နှစ်ရက်အလိုတွင် ကြိုဆိုမည့် လူပေါင်း သိန်းဂဏန်းအထိ စာရင်းရရှိထား သည်ဟု ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်နှင့်အတူ စီစဉ်နေသူများက ပြောသည်။
“အခုတောင် စာရင်းပေးထားတဲ့သူတွေက အတော်များနေပြီ။ အချို့ဆို ဟိုတယ်တခုလုံးက ဝန်ထမ်းတွေက ကြိုဖို့ရှိပါတယ်” ဟု generation wave မှ တာဝန်ရှိသူတဦးက ပြောသည်။
အနောက်နိုင်ငံများတွင် နိုဘယ်ငြိမ်းချမ်းရေးဆု အပါအဝင် ဂုဏ်ထူးဆောင်ဘွဲများ လက်ခံရယူပြီး ပါလီမန်များ၊ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များက တလေးတစား ကြိုဆိုဂုဏ်ပြုခြင်းခံရသော မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်အား
ပြည်သူများကလည်း ဂုဏ်ယူစွာကြိုဆိုကြသည်ကို ကမ္ဘာက သိစေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု စီစဉ်သူများက ဆိုသည်။
ယခုကဲ့သို့ ကြိုဆိုရေးစီစဉ်ရာတွင် လူမှုရေးအဖွဲ့အစည်းများ အပါအဝင် G Wave မှ လူငယ်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား အဖွဲ့အစည်းများကပါ ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ Reuters ပြင်သစ်နိုင်ငံ Orsay museumu ကိုသွားရောက်လေ့လာခဲ့တဲ့ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..
“ရန်ကုန်သားတို့ နိုးထလော့ .........ရန်ကုန်သားတို့ ပြင်ဆင်လော့........ ရန်ကုန်သားတို့ ပေါင်းစည်းလော့......”
“ရန်ကုန်သားတို့ နိုးထလော့ .........ရန်ကုန်သားတို့ ပြင်ဆင်လော့........ ရန်ကုန်သားတို့ ပေါင်းစည်းလော့......”
အမေစု ၂၀၁၂ ကြားဖျက်ရွေး ကောက်ပွဲကာလမှာ မန္တလေး၊မော်လမြိုင်၊ပုသိမ်နှင့် စည်းရုံးရေးခရီးစဉ် တစ်လျှောက်မှာ ရောက်လေရာဒေသအသီးသီးကပြည်သူတွေဟာ လူထုရပ်တည်ရမဲ့အခန်းကဏ္ဍတိုင်းမှာ သွေးမနည်းဘူး၊သွေးမကျဲဘူးဆိုတာ...ဒီလိုပုံရိပ်တွေနဲ့ပြခဲ့ကြတယ်။နိင်ငံသားတိုင်း မြင်တွေ့သိရှိသူတိုင်းကလဲ ကြက်သီးတွေထ ရင်ဘက်တွေကြွပြီး လေးစားအသိအမှတ်ပြုလို့ လူထုပူးပေါင်းပါဝင်မှုအခန်းကဏ္ဍကို
ဦးညွှတ်အသိအမှတ်ပြုရသူတွေထဲ ကမ္ဘာကပါ လက်ဖျားခါခဲ့ရတယ်။
ယနေ့ကာလ အမေစု ဥရောပခရီးစဉ် တစ်လျှောက် ရောက်လေရာရာမှာ နိင်ငံတစ်ကာ အသိုင်းအ၀ိုင်းက ငေးမောနှုတ်ဆက် ဂုဏ်ယူလေးစား အသိအမှတ်ပြုနေကြတာ
အမေစု မိန့်ခွန်းကို အရေးတစ်ယူနားထောင်ဖို့ အချိန်လုပြီးလာသူတွေများပြား လွန်းလှတာကို ပြည်တွင်းဂျာနယ်တွေအင်တာနက်အွန်လိုင်းတွေကတစ်ဆင့်မြင်တွေ့ နေရတာမို့နိင်င့သူနိင်ငံသားတိုင်းဂုဏ်ယူဝမ်းမြောက်လို့တည်ရှိရာနိင်ငံတွေကအမေစု ရောက်လေရာနေရာတိုင်း ပြည်လွမ်းသူပြည်ပရောက်မြန်မာများ ကြိုဆိုနေကြတာလဲ အံ့မခန်းလောက်စရာ....
သို့သော်လည်းပဲ ယနေ့ကာလ မြန်မာအစိုးရရဲ့ အစိုးရပိုင် သတင်းစာ အစိုးရပိုင် မီဒီယာတွေမှာတော့ သွေးလှူသတင်း၊ဆေးလှူသတင်းတောင် ထည့်သွင်းဖော်ပြလေ့ ရှိပေမဲ့...အဲဒီ အမျိုးသမီးဟာ ငါတို့ မြန်မာနိင်ငံသား၊အဲဒီအမျိုးသမီးဟာ ငါတို့နိင်ငံသူလို့
နိင်ငံသားကောင်းတစ်ယောက်အဖြစ်ဂုဏ်ယူဝံ့ကြွားလောက်စရာအမေစုရဲ့ ပြည်ပခရီးစဉ်နဲ့ ပါက်သက်မှု သတင်းစဉ်တွေကို မမြင်မတွေ့ရတာက ရင်နင့်စရာ...
“လာမယ့် (၃၀)ရက်နေ့ အမေစု မြန်မာပြည် ပြည်တော်ဝင်တော့မယ်..................”
ရန်ကုန်သူရန်ကုန်သားတွေနိုးထကြရမယ်... တိုင်းနယ်ပြည်နယ်အသီးသီးက ပြသခဲ့တဲ့ လူထုကြိုဆိုပွဲတွေကို ရန်ကုန်သူရန်ကုန်သားတွေ ဘယ်လောက် မှီနိင်မလဲ ပြသရတော့မယ်။
မင်္ဂလာဒုံလေဆိပ်ကနေ အမေစု အပြန်လမ်းတစ်လျှောက်ကို လူထုလက်တွေဆက်ပြီး
လမ်းဘေးဝဲယာတစ်လျှောက်မှာ အစိုးရပိုင်မီဒီယာမှာ မဖော်ပြနိင်သေးတဲ့ နိင်ငံဂုဏ်ဆောင်လူထုခေါင်းဆောင်ကို လူထုစာမျက်နှာမှာ ဖော်ပြထောက်ခံ ကြိုဆိုပြကြမယ်။
ဘယ်သူမှ အသိအမှတ်မပြုချင်ရင်တောင် နိင်ငံသားကောင်းတစ်ယောက်ကို နိင်ငံသားတိုင်းအသိစိတ်နဲ့ကြိုဆိုကြဖို့ရန် ဖိတ်ခေါ် နိုးဆ်ာရေးသားတင်ပြရင်.... အမေစုပြန်လာရာ လေဆိပ်လမ်းတစ်လျောက် ကျွန်တော်တို့ ရန်ကုန်ပြည်သူပြည်သားများ မှ တစ်နိင်ငံလုံးရှိ ပြည်သူများကိုယ်စား ကြိုဆို နှုတ်ဆက်ကြပါစို့လို့ ဖိတ်ခေါ်အပ်ပါသည်။
ကြိုဆိုရန်နေ့ရက် ။ ။၃၀.၆.၂၀၁၂(စနေနေ့)
ကြိုဆိုနိင်ရန်အချိန်။ ။ မနက် ၇း၃၀နာရီ မှစတင်ကြိုဆိုပါမည်။
နေရာ ။ ။မင်္ဂလာဒုံလေဆိပ်မှ အမေစုအိမ်လမ်းတစ်လျှောက် မိမိအဆင်ပြေရာနေရာမှ ပါဝင်နိင်ပါသည်။
ကိုဝေဠု
ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယှက်
မြောက်ဥက္ကလာ ကျောင်းသားလူငယ်
ကမ္ဘာ့ ခေါင်းဆောင် တစ်ဦးအဖြစ် အသိအမှတ် ပြုခံရသော ဒေါ်အောင်ဆန်း စုကြည်၏ ဥရောပခရီး
ကိန်းကြီးခမ်းကြီးနိုင်သည့် ဗြိတိန်နိုင်ငံက သူမကို ဗြိတိန်ပါလီ မန်တွင် ဘုရင်မကြီး အဲလိဇဘက် ပြီးလျှင် သမိုင်းဝင်ဝက်မင်စတာ ခန်းမတွင် မိန့်ခွန်းပြောကြားခွင့်ရခဲ့သည့် တစ်ဦးတည်းသော အမျိုးသမီးအဖြစ် မိန့်ခွန်းပြောခွင့်ပြုခဲ့သည်။ ထိုခန်းမ ထိုနေရာတွင် တောင်အာဖရိကသမ္မတ ဟောင်း ငြိမ်းချမ်းရေးနိုဘယ်လ် ဆုရှင် နယ်လ်ဆင်မင်ဒဲလား၊ ပုပ်ရ ဟန်းမင်းကြီးဗင်နီဒစ်၊ အမေရိ ကန်သမ္မတ ဘားရက်အိုဘားမားတို့ မိန့်ခွန်းပြောကြားခဲ့ဖူးပြီး ၆၇ နှစ်ရှိ မြန်မာ့ဒီမိုကရေစီခေါင်း ဆောင်သည် ထိုနေရာတွင် မိန့်ခွန်း ပြောခွင့်ရခဲ့သော အာရှတိုက်မှ ပ ထမဆုံးပုဂ္ဂိုလ်လည်း ဖြစ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် သည် သူမ၏ ၁၇ ရက်တာ ကာ လအတွင်း သမိုင်းဝင်မိန့်ခွန်းနှစ် ရပ်အဖြစ် ဗြိတိန်ပါလီမန်တွင် ပြောခဲ့သော မိန့်ခွန်းနှင့် ငြိမ်းချမ်း ရေးနိုဘယ်လ်ဆု ပြန်လည်လက်ခံ ရယူသည့် အခမ်းအနားတို့တွင်ပြောကြားခဲ့ပြီး ယင်းတို့ကို ကမ္ဘာ့ သတင်းဌာနများက ထိုမိန့်ခွန်း နှစ်ခုကို တိုက်ရိုက်ထုတ်လွှင့်ခဲ့သ ဖြင့် ကမ္ဘာ့နေရာ တော်တော်များများတွင် ကြည့်ရှုခွင့်ရခဲ့ကြသည်။
ထိုမိန့်ခွန်းနှစ်ရပ်ပြောကြားပြီးချိန်တွင် လန်ဒန်အခြေစိုက်သသတင်းဌာနများနှင့် ကမ္ဘာ့မီဒီယာ
များက ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ခေါင်းဆောင်တစ်ဦး၊ ကမ္ဘာ့စံပြပုဂ္ဂိုလ်အဖြစ် ရည်ညွှန်းဖော်ပြခဲ့ကြသည်။ အခြေကြီးသောဗြိတိန်နိုင်ငံကပင် သူမကို ကော်ဇောနီခင်းကြိုကာ နိုင်ငံ့ခေါင်း
ဆောင်များကိုသာမိန့်ခွန်းပြောခွင့်ပေးသော ၀က်မင်စတာခန်းမကြီးတွင် ဗြိတိန်အထက်၊ အောက်လွှတ်တော်နှစ်ရပ်လုံးသို့ မိန့်ခွန်းပြောခွင့်ပေးခဲ့သည်ဟု ဗြိတိန်သတင်းဌာနမေးလ်အွန်လိုင်းက ရေး
သားဖော်ပြသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဆယ်စုနှစ်နှစ်ခုကျော်ကြာ ကိုယ်ကျိုးစွန့်
တိုက်ပွဲဝင်ခဲ့သည့် ဒေါ်အောင်ဆန်း စုကြည်ကို ကမ္ဘာ့ခေါင်းဆောင်များ ဖြစ်သော ဗြိတိန်ဝန်ကြီးချုပ် ဒေး ဗစ်ကင်မရွန်းအပါအ၀င် နော်ဝေ ဘုရင်မင်းမြတ်၊ ဗြိတိန်အိမ်ရှေ့ မင်းသားချားလ်၊ နော်ေ၀၀န်ကြီး ချုပ် စသူတို့အပြင် ရောက်ရာနေ ရာမှ ဥရောပသားများက လေး စားချစ်ခင်စွာ ကြိုဆိုခဲ့ကြသည်။ သူမပညာသင်ကြားခဲ့သော အောက် စဖို့ဒ်တက္ကသိုလ်ကလည်း ဂုဏ်ထူး ဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့ပြီး အိုင်ယာလန်နာမည်ကျော် ရော့ခ် အဆိုတော် ဘိုနိုပါဝင်သည့် နိုင်ငံ တကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ က ချီးမြှင့်သောလွတ်ငြိမ်းချမ်း သာခွင့် သံတမန်ဆုအပါအ၀င် ဆယ်နှင့်ချီသော ဆုတံဆိပ်များ စွာကို ခရီးစဉ်အတွင်း လက်ခံရရှိခဲ့သည်။
ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်နှစ်ဦး တွေ့ဆုံမှုအဖြစ် တိဗက်ဘုန်းတော်ကြီးဒလိုင်းလား မားနှင့်လည်း မိနစ် ၃၀ ကြာ သီးသန့်တွေ့ဆုံခဲ့သည်ဟု လန်ဒန်သတင်းဌာနများက ဖော်ပြသည်။
သူမ၏သမိုင်းဝင်မိန့်ခွန်း အဖြစ် ဇွန်လ ၂၁ ရက်တွင် တိုင်းမ်မဂ္ဂဇင်းက ကမ္ဘာ့ကိန်းကြီးခမ်းကြီး နိုင်သော ပရိသတ်ဟု တင်စားရေး သားသော ပရိသတ် ၁၄၀၀ ရှေ့တွင် ပြောကြားခဲ့သည့် ဒေါ်အောင်
ဆန်းစုကြည်၏ မိန့်ခွန်းတွင် မြန်မာနိုင် ငံ၏ ပါလီမန်ဒီမိုကရေစီ ကူး ပြောင်းရေး လုပ်ငန်းစဉ်များကို ကမ္ဘာ့ဝါအရင့်ဆုံး ပါလီမန်ဒီမိုက ရေစီနိုင်ငံဖြစ်သော ဗြိတိန်နိုင်ငံ အနေနှင့် ကူညီပေးရန် တိုက်တွန်း ခဲ့ပြီး သမ္မတဦးသိန်းစိန်၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများကို ကြို ဆိုရန်လည်း သူမ၏ မိန့်ခွန်းတွင် တိုက်တွန်း ပြောကြားခဲ့သည်။
''အခွင့်အရေးတွေ နှစ်ပေါင်း များစွာ ဆုံးရှုံးနေတဲ့ မြန်မာနိုင်ငံ သားတွေရဲ့ဘ၀နဲ့ အခွင့်အလမ်း တွေအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ကူညီထောက်ပံ့ဖို့ ကျွန်မပြောလိုပါတယ်။ ကောင်း မွန်ပြည့်စုံတဲ့ အနာဂတ်ကို ရောက် နိုင်ဖို့ အခုမှ ကျွန်မတို့နိုင်ငံက အစပျိုးနေဆဲပဲ ရှိပါသေးတယ်။ တောင်
ကုန်းတွေ ချောက်ကမ်းပါးတွေလို အခက်အခဲတွေကို အများကြီး ကျော်ဖြတ်ဖို့ လိုပါသေးတယ်။ အားလုံးကြိုးစားလို့ ဒီလိုအခြေ အနေအထိ ရောက်လာတာပါ။ ဗြိ တိန်နဲ့ ကမ္ဘာတစ်ဝန်းက ပြည်သူတွေ ၀ိုင်းကူရင် ဒီထက်ပိုခရီးတွင် ပါလိမ့်မယ်''ဟု သူမ၏ ဗြိတိန်ပါ လီမန် မိန့်ခွန်းအစပိုင်းတွင် ပြော ကြားခဲ့သည်။
နောက်လတွင် ဗြိတိန်သို့ အ လည်အပတ် သွားရောက်မည်ဟု ပြောကြားထားသော သမ္မတဦးသိန်း စိန်၏ခရီးစဉ်နှင့် ပတ်သက်၍ ဗြိ တိန်ဝန်ကြီးချုပ်နှင့် ပူးတွဲပြုလုပ် သော သတင်းစာရှင်းလင်းပွဲတွင် ထိုခရီးစဉ်ကို ထောက်ခံပြောကြားခဲ့သည်။ ယခုအချိန်သည် သမ္မတကို ဖိတ်ကြားခြင်းသည် မှန်ကန်သော လုပ်ရပ်ဖြစ်ကြောင်း ပြောကြား ခဲ့ပြီး သူမ၏ ပါလီမန်မိန့်ခွန်းတွင် ]]သမ္မတဦးသိန်းစိန်ကို ချီးကျူးဂုဏ် ပြုလိုပါတယ် အရင်က ပြောခဲ့သ လို နိုင်ငံရေးကွဲပြားခြားနားမှုတွေ ကို တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်း လုပ်ကိုင် ဖြေရှင်းနိုင်မှာပါ။ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ကြိုဆိုဖို့ တိုက်တွန်းလိုပါတယ်''ဟုလည်း မှတ်ချက်ပြုပြောကြားခဲ့သည်။
ထို့ပြင် ''စစ်မှန်တဲ့ ဒီမိုကရေစီကို မြန်မာနိုင်ငံမှာ ပြန်လည်တည်ထောင်နိုင်မယ့်အခွင့်အရေး
ရှိလာပါပြီ။ ဒီအခွင့်အလမ်းကိုအသုံးမချနိုင်ရင် ဒီလိုအခွင့်အရေးမျိုးပေါ်လာအောင် ဆယ်စုနှစ်နဲ့ချီပြီး စောင့်ရနိုင်ပါတယ်''ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးစကားပြောကြားခဲ့သည်။
ဆယ်စုနှစ်အတော်ကြာပျောက်ဆုံးနေခဲ့သော မြန်မာနိုင်ငံ၏ ဂုဏ်ရောင်ဂုဏ်ဝါကို ပြန်လည်
အရောင်တင်ပေးခဲ့ပြီး၊ အခါလည်သားသာရှိသေးသည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲ
ရေးများကို ရှေ့ဆက်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်က တွန်းအားတစ်ခုဖြစ်စေ
ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ဥရောပခရီးစဉ်အတွင်း ဗြိတိန်နိုင်ငံသို့ရောက်ရှိချိန်သည် သူမ၏
၆၇ နှစ်ပြည့်သည့် မွေးနေ့ရက်နှင့်တိုက်ဆိုင်နေသည်။ နှစ်ပေါင်းများစွာ ခွဲခွာနေရသောသားကြီး၊ သား
ငယ်ကိုထိန်လင်း၊ သူမနှင့် တစ်ခါမှမဆုံဖူးသော မြေးများနှင့် သီးသန့်မွေးနေ့ပွဲပြုလုပ်ခဲ့သည်ဟု စီအင်န်အင်န် လန်ဒန်သတင်းထောက်ဒန်ရေဗာက သတင်းပေးပို့သွားသည်။ သို့သော် သူမ၏ မိသားစုနှင့် အထူးသဖြင့် အများစိတ်ဝင်စားနေသော သားကြီးနှင့်တွေ့ဆုံဖြစ်၊ မဖြစ်ကိုမူ သတင်းဌာနများတွင် ရေရာသောသတင်းဖော်
ပြမှုများ မတွေ့ရပေ။
မည်သို့ပင်ဆိုစေ အတိတ်ကာလများက မြန်မာနိုင်ငံသို့ ပြန်လာ၍မရမည်စိုးသဖြင့် သွား
ရောက်ခဲ့ခြင်းမရှိသော ဥရောပသို့နှစ်ပေါင်း ၂၄ နှစ်ကြာအပြီး ပထမဆုံးသွားရောက်သော သူမ၏ ခရီး
စဉ်သည် သမိုင်းဝင်ခရီးစဉ်တစ်ခုအဖြစ် သမိုင်းတွင်သွားပြီဖြစ်သည်။
ရေးသားသူ-အေးမြကျော်
by 7Day News Journal
တော်ဝင်နှင်းဆီနှင့် သူမ၏၀တ်စုံများ
ဥရောပသို့ နှစ်ပေါင်း ၂၄ နှစ်ကြာမှ ပထမဆုံးအနေနှင့် သွားရောက်သော မြန်မာနိုင်ငံ၏မီးရှူးတန်ဆောင်ဟု ကမ္ဘာ့မီဒီယာများ တင်စားနေကြသော ဒေါ်အောင်ဆန်းစုကြည်သည် ထိုဝတ်စုံနှစ်စုံထဲမှ ခရမ်းရောင်ဝတ်စုံကို လွန်ခဲ့သော ၂၁နှစ်က ကိုယ်တိုင် လက်ခံရယူနိုင်ခဲ့ခြင်း မရှိသည့် ငြိမ်းချမ်းရေးနိုဘယ်ဆု ပြန်လည်လက်ခံရယူသည့် အခမ်းအနားတွင် ၀တ်ဆင်ခဲ့သည်။ မရမ်း
စေ့ရောင် ၀တ်စုံကိုတော့ သမိုင်း ၀င်နေ့ရက်အဖြစ် မှတ်ကျောက် အတင်ခံရသော ဗြိတိန်ပါလီမန် တွင်မိန့်ခွန်းပြောကြားသည့်နေ့ တွင် နို့နှစ်ရောင်ပ၀ါခပ်ကြီးကြီး နှင့် တွဲဖက်ဝတ်ဆင်ခဲ့ပြီး နှစ်သက်တမ်းရာချီသည့် ၀က်မင်စတာခန်းမအတွင်းရှိ ကိန်းကြီးခန်းကြီး နိုင်သည့် မင်းပရိသတ် ၁၄၀၀ ၏ အာရုံကိုဖမ်းစားထားနိုင်ခဲ့သူမှာ ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်သည်။ အိန္ဒိယခေါင်းဆောင်နေရူး ပေးသည့်
ဗြိတိသျှစစ်ကုတ်အင်္ကျီနှင့် ဒေါင်းနင်းလမ်းသို့ လွန်ခဲ့သောနှစ်ပေါင်း ၆၀ကျော်က ဗိုလ်ချုပ် အောင်ဆန်းရောက်ရှိခဲ့သလို သမီးဖြစ်သူကလည်း ထိုမရမ်းစေ့ရောင် မြန်မာဝတ်စုံဖြင့် ဒေါင်းနင်း လမ်းသို့ သွားရောက်လည်ပတ်ခဲ့ သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်သည် နှစ်ပေါင်း များစွာ ပျောက်ကွယ်နေသောမြန်မာနိုင်ငံ၏ ဂုဏ်ရောင်ဂုဏ် ၀ါကို ပြန်လည်တောက်ပအောင်စွမ်းဆောင်ပေးနိုင်ခဲ့သလို ကျက်သရေရှိတင့်တယ်သော မြန်မာ့ရိုး ရာ အမျိုးသမီးဝတ်စုံများကိုလည်း ကမ္ဘာ့ပရိသတ်နှင့် မိတ်ဆက်ပေး ခဲ့သည်။
''ဥရောပက တချို့နိုင်ငံတွေ က မြန်မာဝတ်စုံကို သိပ်မသိကြဘူးလေ။ အခုတော့ အန်တီ့ကြောင့်ကျက်သရေရှိလှတဲ့ မြန်မာ့ရိုးရာ ၀တ်စုံကို တစ်ကမ္ဘာလုံးက သတိ ထားမိသွားတာကို ဂုဏ်ယူမိတယ်"ဟု နာမည်ရဖက်ရှင်ဒီဇိုင်နာ တစ် ဦးဖြစ်သော မလတ်လတ်ကပြော သည်။
သူမ၏ ခရီးစဉ်တွင် ပထမ ဆုံးတက်ရောက် မိန့်ခွန်းပြောခဲ့ရသော ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်အစည်းအဝေးတွင် အစိမ်းရောင် ဇာပ၀ါနှင့်လိုက်ဖက်သော အစိမ်းရောင်ပွင့်ခက်များ ထိုးထားသည့်အင်္ကျီဖြူနှင့် ပန်းပွင့်အရောင်စုံများ ထိုးထားသောအနက်ရောင်လုံချည်နှင့်ဝတ်စုံ၊ ကမ္ဘာကျော်ရော့ခ်အဆိုတော် ဘိုနိုနှင့် အော်စလိုငြိမ်းချမ်းရေးဖိုရမ်တွင် အနီရောင် လုံချည်နှင့် လူငယ်အနည်းငယ်ဆန်သော အနီရောင်ပွင့်စိပ်အင်္ကျီ နှင့် ကုတ်အင်္ကျီအတွဲ အစပ်ဝတ်စုံ၊ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီး
နှင့် သွားရောက်တွေ့ဆုံစဉ်က အနက်ခံရွှေအိုရောင်လုံချည်နှင့် ရွှေအိုရောင်ပ၀ါ တွဲဖက်ဝတ်စုံ၊
တော်ဝင်အိမ်ရှေ့မင်းသား ချားလ်တို့စုံတွဲနှင့် တွေ့ဆုံစဉ်က ချယ်ရီ ရောင်ဝတ်စုံတို့မှာ ဒေါ်အောင်
ဆန်းစုကြည်၏ ဂုဏ်အရှိန်အ၀ါနှင့်အတူ နိုင်ငံတကာသတင်းစာမျက်နှာများထက်တွင် လူအ
များ၏အာရုံကို ဖမ်းစားနေရာယူ နိုင်ခဲ့သည်။
''အန်တီအောက်စဖို့ဒ်မှာ ကျောင်းတက်ကတည်းက မြန် မာဝတ်စုံလေးတွေပဲ ၀တ်တယ် ဆိုတာဓာတ်ပုံတွေကနေ သိခဲ့ပါ တယ်။ အခုလို တစ်ကမ္ဘာလုံးက အလေးထား ဂုဏ်ပြုခံရတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါ် အောင်ဆန်းစုကြည်နဲ့အတူ မြန်မာဝတ်စုံတွေကို တစ်ကမ္ဘာလုံးကသိလာကြတာကို အရမ်းဂုဏ်ယူမိတယ်။ ကိုယ်တိုင်လည်း အရင် က ရံဖန်ရံခါမှသာ ၀တ်တတ်တဲ့မြန်မာဝတ်စုံကို အန်တီ့ကြောင့် အမြတ်တနိုးနဲ့ အမြဲလိုဝတ်ဖြစ်နေပြီ''ဟု ဒေါ်အောင်ဆန်းစု ကြည်ကို
အစဉ်အမြဲအားပေး ထောက်ခံလျက်ရှိသော အဆိုတော်သံသာဝင်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် လူသုံးအ များဆုံး လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်တွင် သုံးစွဲသူမိန်းကလေးအများစုမှာ ဒေါ်အောင်ဆန်း စုကြည်၏ ဥရောပခရီးစဉ်တွင် ၀တ်ဆင်သော ၀တ်ဆင်သည့်ဝတ်စုံများအကြောင်း တခုတ်တရ ပြောဆိုမှုများရှိပြီး ပုံမှန်သုံးစွဲသူ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ''နောက်တစ်ခါ နိုင်ငံခြားသွားရင် မြန်မာဝတ်စုံပဲ ၀တ်တော့မယ်''ဟု ရေးသားထားသည် ကို ဒေါ်အောင်ဆန်းစုကြည် ဗြိတိသျှပါလီမန်တွင် မိန့်ခွန်းပြောအပြီးမိနစ်ပိုင်းအကြာတွင် တွေ့ခဲ့ရသည်။
ပေါင်တစ်ရာစွန်းစွန်းသာရှိ သော ခန္ဓာကိုယ် ပိန်ပါးပါးပေါ် တွင် အသက်၆၇ နှစ်အရွယ်နှင့် လိုက်
ဖက်သောအရောင်များကို တွဲဖက်ဝတ်ဆင်ကာ အမြဲကြော့ရှင်းစွာ မြင်တွေ့ရသဖြင့် သူမတွင် ကိုယ်ပိုင်
ဒီဇိုင်နာရှိရမည်ဟု ခန့်မှန်းပြော ဆိုမှုများရှိသလို ဒေါ်အောင်ဆန်းစုကြည်၏ ၀တ်စုံများကို မည်သူက
တာဝန်ယူချုပ်လုပ်ပေးနေသလဲဟူသည်မှာလည်း မြန်မာပြည်သူများအကြား စိတ် ၀င်စားနေသည့် အကြောင်းအရာ ဖြစ်နေသည်။
''သူ့ရဲ့ပင်တိုင် ဒီဇိုင်နာက ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင်ပါပဲ။ အစ်မက သူဝတ်ချင် တဲ့
ဒီဇိုင်းလေးတွေကို ကိုယ်တိုင် စဉ်းစားတယ်။ ပြီးရင်ချုပ်တဲ့သူကို ပြောတယ်။ ဒီဇိုင်နာကတော့သူကိုယ်တိုင်ပါပဲ}} ဟု ဒေါ်အောင် ဆန်းစုကြည်နှင့် နီးစပ်သူတစ်ဦး ကပြောသည်။
အမေရိကန်သမ္မတကတော် မီရှဲအိုဘားမား၏ ပင်တိုင်ဖက်ရှင်အကြံပေးမှာ နယူးယောက်မှ နာမည်ကျော် ဒီ ဇိုင်နာအိုင်ကရမ်ဂိုးဒ်ဖြစ်ပြီး ဗြိတိန်တော်ဝင်မင်းသမီးဒိုင် ယာနာ၏ ဒီဇိုင်နာမှာ နာမည်ကြီးဒီဇိုင်နာကက်သရင်းဝေါလ်ကာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ၀တ်စုံဖန်တီးသူမှာဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် နေ အိမ်အကျယ်ချုပ်မှ လွတ်မြောက် အပြီး ၁၁ လခန့် ကြာမြင့်ချိန် တွင် သီးသန့်တွေ့ဆုံစဉ်က သူမ၏ ၀တ်စုံများနှင့် ပတ်သက်ပြီး မေး မြန်းခဲ့ဖူးရာ သူမအတွက် ပင်တိုင်ချုပ်ပေးသူ သုံးယောက်ခန့်ရှိ ကြောင်း ဖြေကြားခဲ့ဖူးသည်။
ဒေါ်အောင်ဆန်းစုကြည် ၀တ်ဆင်လေ့ရှိသော မြန်မာဆန်ဆန်ရင်ဖုံးအင်္ကျီများတွင် ထိုးထားလေ့ရှိသော ပန်းကနုတ်များကို အများစု သတိထားမိကြမည် ထင်ပါသည်။ထိုပန်းကနုတ် အများစုမှာ သူမ၏ကိုယ်ပိုင်စိတ်ကူးများဖြစ်သည်။စည်းစနစ်ကြီးသူ၊ တိကျသေသပ်သူပီပီ သူမ၀တ်ဆင်သော ၀တ်စုံအများစုကို သူမခန္ခာကိုယ်နှင့် ချပ်ရပ်နေမှသာ သဘောကျစိတ်တိုင်းကျသူတစ်ယောက်ဖြစ်ကြောင်းလည်းသူမနှင့်နီးစပ်သူများထံမှ သိရသည်။
ဥရောပခရီးစဉ်တွင် ၀တ်ဆင်သော ဒေါ်အောင်ဆန်းစု ကြည်၏ ၀တ်စုံများကို ဂရုတစိုက် စောင့်ကြည့်ဖြစ်သည့်အပြင် ထူးခြားမှုတစ်ခုကို သတိထားမိသူမှာ အမျိုးသမီးရုပ်ရှင်ဒါရိုက်တာကြည်ဖြူသျှင်ပင်ဖြစ်သည်။
''အန်တီဘယ်နိုင်ငံသွား သွား မြန်မာဝတ်စုံပဲ ၀တ်လိမ့် မယ်ဆိုတာ ကြိုမှန်းဆပြီးသားပါ။ ဒါပေမဲ့ ဒီဥရောပခရီးမှာ ဒီမှာလို ပဲ အန်တီ့ရဲ့ အမှတ်သညာဖြစ်တဲ့ နှင်းဆီပန်းလေးတွေကို အစဉ်အ လာမပြတ် ပန်ဖြစ်တာ သတိထားမိတယ်။ အရမ်းလည်းသဘောကျမိတယ်''ဟု သူမကိုယ်တိုင် ပြည်ပ နိုင်ငံများသွားလျှင် မြန်မာဝတ်စုံ ကိုသာ အများဆုံးဝတ်ဆင်လေ့ရှိ သူ ဒါရိုက်တာကြည်ဖြူသျှင်က ပြောသည်။
ဥရောပခရီးစဉ်သို့ သွားလာ ရာတွင် ၀တ်ဆင်ထားသော ၀တ် စုံအရောင်နှင့် လိုက်ဖက်သော နှင်းဆီပန်းရောင်စုံကို ပန်ဆင် လေ့ရှိပြီး ဒေါ်အောင်ဆန်းစုကြည် ၏ စုစည်းထားသော ဆံစုဘေး တွင် အမြဲလိုလိုမြင်တွေ့ရသည် မှာ အ၀ါနုရောင်နှင်းဆီပွင့်များ ဖြစ်သည်။ ထို့အပြင် ယဉ်ကျေး သော လူ့အဖွဲ့အစည်းကို တန်ဖိုး ထားသော နိုင်ငံများသို့ သွားသည် နှင့်အညီ အမြဲတမ်းစီးနေကျ ခြေ ညှပ်ဖိနပ်များအစား ခြေချောင်း များကိုမမြင်ရသည့် အဖြူနှင့်အ နက် လေဒီရှူးများ၊ တစ်ခါတစ်ရံ ဒေါက်မြင့်ရှူးများကို ၀တ်ဆင်ခဲ့ သည်မှာလည်း သူမအားတွေ့ဖူး နေကျပုံစံနှင့် အနည်းငယ်ခြားနားနေသည်။
နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး စကတည်းက သူ မ၀တ်ဆင်သော ၀တ်စုံများကို လူ အများ ဂရုပြုမိလာကြပြီး မြန်မာ မိန်းကလေးများ ခုံမင်မြတ်နိုးစွာ မြန်မာဝတ်စုံများ ၀တ်ဆင်လာ သည်အထိသူမ၏ ၀တ်စားဆင် ယင်မှုများက မြန်မာအမျိုးသမီး များအပေါ် လွှမ်းမိုးမှုရှိသည်။ သူ မ၏ ၆၆ နှစ်မြောက်မွေးနေ့နှင့် အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း နှင့် တွေ့ဆုံစဉ်က ၀တ်ဆင်သော
ပန်းပွင့်များထိုးထားသည့်ဝတ်စုံ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ်က ၀တ်ဆင်ခဲ့သည့်အစိမ်းပုပ်ရောင်ဝတ်စုံစသောဝတ်စုံများက လူအများ သတိထားအမှတ်ရနေသည့် ၀တ်စုံများဖြစ် သည်။
''အန်တီ့ရဲ့ ၀တ်စားဆင်ယင်မှုဟာ မြန်မာမိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုမှာ အများကြီးသက်ရောက်မှုရှိပါတယ်။ ဒီတစ်နှစ်ဝန်းကျင်မှာ အန်တီစုဝတ်တဲ့ဝတ်စုံအတိုင်း တစ်ပုံစံတည်းချုပ် ပေးပါဆိုတဲ့ အပ်ထည်တွေ အများကြီး လက်ခံရတယ်။ ဆယ်ကျော်သက်လေးတွေကအစပဲ''ဟု ဒီဇိုင်နာ မလတ်လတ်က ပြောကြားသည်။
ယနေ့ရန်ကုန်မြို့၏ နာမည်ကျော် ဗိုလ်ချုပ်ဈေးတွင် ဈေးဝယ် ထွက်မည်ဆိုပါက မြန်မာ့ရိုးရာအထည်ဆိုင်များတွင် ဒေါ်စုအဆင် အင်္ကျီစများ၊ ဒေါ်အောင်ဆန်းစု ကြည် လုံချည်ဟု အမည်ပေးထားသည့် ဒူးနားချိတ်လုံချည်များကို ၀ယ်ယူရရှိနိုင်ပါပြီ။
ရေးသားသူ-အေးမြကျော် -
by 7Day News Journal
ခရိုနီကိုကြောက်မှာလား ၊ ခရိုနီကိုကာကွယ်မှာလား
Crony ခရိုနီ ဆိုသည်မှာ ၁၈ ရာစုတွင် လန်ဒန်တွင် စတင်သုံးစွဲခဲ့တဲ့ စကားလုံးဖြစ်ပြီး Oxford English Dictionary ၏ အဆိုအရ long-term လို့ အဓပ္ပါယ်ရတဲ့ မူရင်း ဂရိ ဘာသာစကား χρόνιος (chronios) ကနေဆင်းသက်လာတဲ့ စကားလုံးဖြစ်ပါတယ် ။ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ Crony ဆိုတဲ့ စကားလုံးကို ရင်းနှီးတဲ့ မိတ်ဆွေ ၊ အကျိုးတူ လုပ်ဖော်ကိုင်ဖက် စသဖြင့် အဓိပ္ပါယ်ယူ သုံးစွဲလျှက်ရှိပါတယ် ။ နိုင်ငံရေး ဝေါဟာရမှာတော့ ခရိုနီဆိုတာ အုပ်ချုပ်သူ လူတန်းစား အာဏာ အခွင့်ရှိသူကို ရင်းနှီးအောင်ပေါင်းပြီး
လုပ်ကိုင်ခွင့်များ ရယူကာ ထိုအုပ်ချုပ်သူများနှင့် အကျိုးတူသော်လည်းကောင်း အကျိုးအမြတ်ပေး၍သော်လည်းကောင်း လုပ်ကိုင်နေသော အရင်းရှင် စီးပွားသမားများကို ခေါ်ဝေါ် သုံးစွဲတဲ့ စကားလုံးဖြစ်လာပါတယ် ။ ဥပမာအနေနဲ့ပြောရရင် (တေဇ ၊ ဇော်ဇော်) တို့ဟာ ခရိုနီ အမျိုးအစားတွေပါပဲ ။
မြန်မာခရိုနီ နှင့် ကမ္ဘာ့နိုင်ငံများမှ ခရိုနီများ
မြန်မာနိုင်ငံမှာလည်း ခရိုနီတွေဟာ ဘုရင်တွေ အုပ်စိုးစဉ်ကာလ ကတည်းက တည်ရှိနေခဲ့ကြပါတယ်။ ဘုရင်နဲ့နီးစပ်သူတွေဟာ နယ်စား ရွာစား ရာထူးတွေရ ၊ ဘုရင်တွေကို သမီးပါမကျန် ရသမျှ အခွန်တွေဆက် ၊ ပြည်သူတွေကိုတော့ အတင်းအဓမ္မ နိပ်စက်ခဲ့ကြတယ်။
နောက် ကိုလိုနီခေတ်ရောက်ပြန်တော့လည်း အင်္ဂလိပ်ကို ဖားပြီး ကြီးပွားကြတဲ့ ခရိုနီတွေ ၊ ဂျပန်ခေတ်ရောက်ပြန်တော့လည်း ဂျပန် အလိုတော်ရိတွေ ၊ ဖဆပလ ခေတ်ရောက်တော့လည်း နိုင်ငံရေး အသိုင်းအ၀ိုင်းကလူတွေနဲ့နီးစပ်သူတွေ ၊ ဦးနေ၀င်း
လက်ထက်ရောက်တော့လည်း စစ်အသိုင်းအ၀ိုင်းနဲ့ နီးစပ်တဲ့ ခရိုနီတွေ နဲ့ နောက်ပိုင်း ဦးသန်းရွှေခေတ် ယခု ဦးသိန်းစိန်ခေတ်ထိ ခရိုနီလို့ သတ်မှတ်နိုင်တဲ့ သူတွေဟာ အမြောက်အများရှိနေပါတယ် ။မြန်မာတင်ရှိတာလား ဆိုတော့ မဟုတ်ပါဘူး ။ ခရိုနီဆိုတာ ဒီမိုကရေစီနိုင်ငံ ၊ ကွန်မြူနစ်နိုင် ၊ ဆိုရှယ်လစ် နိုင်ငံ ဘယ်လို အုပ်ချုပ်မှုစံနစ်မျိုး မဆို ခရိုနီဆိုတာ ရှိနေပါတယ် ။ တရားဥပဒေ စိုးမိုးပြီး၊ ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံတွေမှာတောင် သမ္မတတွေ ၊ ၀န်ကြီးချုပ်တွေ ၊ ခရိုနီတွေရဲ့ ဇာတ်လမ်းတွေ တခါတရံ လူသိရှင်ကြား သတင်းထွက်လာတတ်ပါတယ် ။ တရားဥပဒေစိုးမိုးတော့ ခရိုနီကတွေရဲ့ လှုပ်ရှားမှုတွေဟာ ပိုမို လျို.၀ှက်ကြပြီး လူသိပ်မသိကြပေမဲ့ ကမ္ဘာမှာ ခရိုနီဆိုသူတွေဟာ မြန်မာသာမက ၊ နိုင်ငံတိုင်းလိုလိုမှာ ရှိနေပါတယ် ။
မြန်မာခရိုနီများနှင့် တရားဥပဒေ စိုးမိုးမှု
မြန်မာခရိုနီလို့ သတ်မှတ်နိုင်သူတွေဟာ လွတ်လပ်ရေး ရပြီးကတည်းက တရားဥပဒေမဲ့ လုပ်ရပ်မြောက်များစွာကိုလုပ်ခဲ့ကြတယ် ။ ဒါကြောင့် အုပ်ချုပ်သူလူတန်းစားကလည်း ဥပဒေကို လက်တလုံးခြား ကစားလိုတဲ့အတွက် ခေတ်နဲ့ လျှော်ညီမှုမရှိတဲ့ ဥပဒေတွေကို မပြင်ဆင်ပဲ အမြတ်ထုတ်ခဲ့ကြတယ် ။ ဥပမာ ၊ ကိုလိုနီခေတ်က နိုင်ငံတော်ကိုပေးရတဲ့ သစ်တတန် ထုတ်လုပ်ခွင့် အစိုးရကိုပေးရတဲ့ ဈေးနှုန်းကို နောက်ပိုင်း အနည်းငယ်တိုးမြှင့်ရုံဖြင့် ဥပဒေကို လက်တလုံးခြား လှည့်ဖျားခဲ့ကြတယ် ။ နောက်ပြီး သစ်ထုတ်လုပ်ခွင့် ပါမစ်မှာ တန် ၁၀၀ ထုတ်လုပ်ခွင့်ပြုပေမဲ့ သစ်ထုတ်လုပ်သူ ကုန်သည်က သစ်တန်ပေါင်း တသောင်း လောက်ကို ထုတ်လုပ်လိုက်တယ် ၊ သစ်တော စစ်ဆေးရေးဂိတ် ၊ စစ်တပ် ဂိတ် ၊ နယ်စပ်ဂိတ်တွေကိုဖြတ်ကျော်စဉ် စစ်ဆေးလျှင် ၄င်းတို့ လက်ထဲ၌ တရားဝင် သစ်ထုတ်လုပ်ခွင့် ပါမစ်များ ပါရှိပေမဲ့၊ စာရွက်ထဲ၌ သစ်တတန်သယ်ယူခွင့်ကိုဖေါ်ပြထားပေမဲ့ အမှန်တယ် ကားပေါ်တွင် သယ်ဆောင်လာသည့် သစ်မှာ ၂၀ တန်ကျော်နေတာမျိုးတွေ ၊ ဒါတွေဟာ ဥပဒေကို လက်တလုံးခြားလုပ်ပြီး အကျင့်ပျက်ခြစားခဲ့ကြတွေကြောင့် ဖြစ်ပေါ်လာတဲ့ ခရိုနီကြီးပွားရေး သို့မဟုတ် နိုင်ငံ ချွတ်ခြုံကျရေး နောက်ဆက်တွဲ ဆိုးကျိုးတွေကို ရင်ဆိုင်ခဲ့ကြရတယ် ။
ခရိုနီလက်သစ်များ
နောက်ပိုင်းခရိုနီ လက်သစ်တွေဟာ အစိုးရခေါင်းဆောင်ပိုင်းတွေနဲ့ နီးစပ်သူတွေဟာ ပုံစံမျိုးစုံနဲ့ နိုင်ငံပိုင်ငွေတွေကို ၄င်းတို့ အိပ်ထဲ ထည့်ကြပါတော့တယ် ။ နိုင်ငံတော်က ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်တယ် လို့ အသံကောင်းဟစ်ပြီး စီမံကိန်းမြောက်များစွာကို ဖန်တီးပါတယ် ။ ဆည်မြောင်း ၊ လမ်းပမ်း ဆက်သွယ်ရေး ၊ မြို့သစ်စီမံကိန်းများ ၊ စက်မှုဇုံ စီမံကိန်းများ ၊ နိုင်ငံခြား သွင်းကုန် ထုတ်ကုန် စီမံကိန်းများ ၊ ထိုစီမံကိန်းများကို ဖော်ဆောင်သူများမှာ လေလံပေး၍ အများပြည်သူ ယှဉ်ပြိုင် လုပ်ကိုင်စေခြင်း သို့မဟုတ် အသင်းအဖွဲ့များသို့ လုပ်ကိုင်စေခြင်းများ မဟုတ်ဘဲ စစ်အာဏာရှင် အသိုင်းအ၀ိုင်းနှင့် နီးစပ်သူများကိုသာ လုပ်ကိုင်ခွင့်များပေးအပ်ကာ ၊ ငွေကစားခဲ့ပါတယ် ၊ ငွေကစားတယ်ဆိုရာမှာ စီမံကိန်းတခုကို မြန်မာငွေနဲ့ တွက်ချက်ပြီး နိုင်ငံတော် ဘတ်ချက်မှာ ကုန်ကျစရိတ် တွေကို ဒေါ်လာနဲ့ အစားထိုး ဖော်ပြတာတွေလုပ်ခဲ့တယ် ၊ ဒါပေမဲ့ တရားမ၀င် ဒေါ်လာပေါက်ဈေး တဒေါ်လာ ကျပ်တထောင်ဖြစ်နေချိန် ၄င်းတို့က အစိုးရပေါက်ဈေး တဒေါ်လာ ၆ ကျပ် ၊ ၁၂ ကျပ် စသဖြင့်တွက်ချက်လိုက်တဲ့အခါ ၄င်းတို့ အိပ်ထဲ ဒေါ်လာမြောက်များစွာ ရောက်ရှိသွားပါတော့တယ် ။ဥပမာ စီမံကိန်းတခုလျှင် ကျပ်ငွေ တသန်း ကုန်ကျသည်ဆိုပါစို့ ၁ ဒေါ်လာ = ၁ ထောင်ကျပ်ဆိုလျှင် ဒေါ်လာ ၁သောင်းကုန်ကျမည် သို့သော် စာရင်းပြရာတွင် ၁ဒေါ်လာ = ၁၂ ကျပ်ဆိုလျှင် ၈၃၃၃၃ ဒေါ်လာကုန်ကျမည် ။ (အမှန်တကယ်ကုန်ကျငွေ ဒေါ်လာ ၁ သောင်း အစား ၈၃၃၃၃ ဒေါ်လာလို့ စာရင်းပြခဲ့တယ်)၄င်းတို့အတွက် ဒေါ်လာ ခုနှစ် သောင်းကျော် အကျိုးအမြတ်ရသွားမည် ဖြစ်သည် ။ကျောက်မျက် ကရောင်းချလို့ ရတဲ့ ဒေါ်လာဆိုရင် ပြောင်းပြန် စရင်းဖော်ပြပါတယ် ။ တဒေါ်လာ ၁၂ ကျပ်နှုန်းနဲ့ မြန်မာငွေဖြင့် ဘတ်ဂျက်မှာ ဖေါ်ပြတော့ ၄င်းတို့ အိပ်ကပ်ထဲ မြောက်များစွာသော ဒေါ်လာတွေရောက်ကုန်တော့တယ် ။ နိုင်ငံခြားဝင်ငွေ ဖြစ်သော အခွန် ၊ ပို့ကုန် ၊ သွင်းကုန် ၊ သယံဇာတ ရောင်းရသမျှ ဒေါ်လာများကို ထိုကဲ့သို့ အလွန်နိမ့်သော ငွေကြေးပေါက်ဈေးဖြင့် လိမ်လည်လှည့်ဖြားခဲ့ကြတယ် ။ အခွန်တွေကိုလည်း လိမ်လည်ပြီး ပေးဆောင်ခဲ့ကြလို့ ၊ နိုင်ငံတော် ၀င်ငွေ ထွက်ငွေတွေ မကိုက်ညီတော့ပဲ ၊ ကုန်ဈေးနှုံး မြင့်တက်မှု ၊ ငွေကြေး ဖောင်းပွမှု တွေနဲ့ ရင်ဆိုင်ခဲ့ကြရပြီး ကမ္ဘာမှာ သယံဇာတ ပေါများသလောက် အကြွေးတင်ပြီး အဆင်းရဲဆုံး နိုင်ငံစာရင်း
ဝင်သွားခဲ့ရတယ် ။
ခရိုနီနဲ့ စီးပွားရေး ပိတ်ဆို့မှု
ဒီနေ့ စီးပွားရေး ပိတ်ဆို့မှုကို ထောက်ခံနေသူတွေရဲ့ အကြောင်းပြချက်က စီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေ ၀င်ရောက်လာရင် စစ်အာဏာရှင်နဲ့ နီးစပ်သူ ခရိုနီတွေသာ စီးပွားရေး ရင်းနှီးမြုပ်နှံခွင့်တွေ ရကြမယ် ။ ထိုသူများသာကြီးပွားသွားပြီး ပြည်သူကတော့ ငတ်မြဲ ငတ်နေမယ် ဆိုတဲ့ အယူအဆပဲဖြစ်ပါတယ် ။ ကျွန်တော့အမြင်ကတော့ ဒီလိုဖြစ်လာမယ်ဆိုတာ သိနေမှတော့ ကာကွယ်ရမဲ့ နည်းလမ်းတွေ စဉ်းစား ဖေါ်ထုတ်သင့်ပါတယ် ။ စဉ်းစားသင့်ပါတယ် ။ ဖြစ်ပေါ်လာမဲ့ ဆိုးကျိုးကို သိနေမှတော့ အဲ့ဒီဆိုးကျိုးကို ကာကွယ်ဖို့ နည်းလမ်းရှာရပါမယ် ။
ဒါဆိုရင် နောက်တနည်း စဉ်းစားကြည့်ရအောင် စီးပွားရေး ပိတ်ဆို့မှုဖွင့်ရင် ခရိုနီတွေလက်ထဲပဲ ငွေရောက်မယ်ဆိုရင် ၊ ပြည်သူတွေကရော အဲ့ဒီရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့ ငွေ အလုံအလောက်ရှိကြပါရဲ့လား ။ အခြား ခရိုနီမဟုတ်သူ ငွေကြေးပိုင်ဆိုင်သူများကရော စီးပွားရေး လုပ်ငန်းကြီးတွေမှာ ရင်းနှီး မြုပ်နှံရဲပါ့မလား ။ ခရိုနီလက်ထဲငွေရောက်မှာကြောက်လို့ စီးပွားရေးပိတ်မယ်ဆိုရင်တော့ စစ်အာဏာရှင်တွေအာဏာ ရနေသရွေ. ပိတ်ထားရမဲ့ သဘောဆောင်နေပါတယ် ။ ဒီတော့ စစ်အာဏာရှင်ကိုလည်းနိုင်အောင်မတိုက် ၊ ခရိုနီကိုလည်းကြောက်ဆိုရင်တော့ မြန်မာနိုင်ငံလည်း နာလံထူစရာ အကြောင်းမရှိသလို စီးပွားရေးပိတ်ဆို့မှုဟာလည်း ပွင့်လာစရာ လမ်းစမမြင်ပါ ။ ခရိုနီကြီးပွားရေးကိုကြောက်လို့ စီးပွားရေးပိတ်ဆို့ပါတယ်ဆိုရင်တော့ နည်းမှန်လမ်းမှန် မဟုတ်ပါဘူး ။
ခရီုနီတွေကို ဘယ်လို ဖြေရှင်းမလည်း
အနာသိဆေးရှိ ဆိုသလိုပဲ ပုံစံမျိုးစုံ ဥပဒေကို လက်တလုံးခြားလုပ်၊ အကျင့်ပျက်ခြစား တာတွေကြောင့် ခရီုနီတွေဟာ တနှစ်လျှင် ဘီလျံနဲ့ ချီတဲ့ ဒေါ်လာ ၀င်ငွေရှိတယ် ဆိုတာမျိုးတောင် ထုတ်ဖေါ်ပြောဆိုလာတာတွေ ရှိလာခဲ့ကြတယ် ။ ဒီနေ့ မှာ ဒါတွေကို ဖြေရှင်းနိုင်မဲ့ လမ်းစတွေ ရှိနေပြီဆိုရင် ..........
ကျွန်တော်တို့ လုပ်နိုင်တာတွေ အမြောက်အများရှိပါတယ် ။
၁။ ခရိုနီတွေနဲ့ စစ်အာဏာရှင်တွေ ဟာ ၄င်းတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ဖေါ်ပြရပါမယ် ။
၂။ ထိုပိုင်ဆိုင်မှု ငွေကြေးတွေ ရရှိလာပုံကို ဖော်ပြနိုင်ရပါမယ် ။
၃။ ၄င်းတို့ ပိုင်ဆိုင်သည့် ငွေကြေးများအား အခွန်ပေးဆောင်ခြင်း ရှိ ၊ မရှိ စစ်ဆေးရပါမယ် ။
၎။ တရားဝင် နည်းလမ်းဖြင့် မဖော်ပြနိုင်သော ငွေကြေးပိုင်ဆိုင်မှု ၊ ဥပဒေနှင့် မညီသော ငွေကြေးပိုင်ဆိုင်မှုများကို နိုင်ငံတော်ပိုင်အဖြစ်သတ်မှတ်ရပါမယ် ။
၅။ အခွန်ပေးဆောင်ရန် ပျက်ကွက်ခဲ့သည်များ နှင့် လက်ရှိပိုင်ဆိုင်မှုများ အပေါ်တွင် အခွန်စည်းကြပ်မှုများ ပြုလုပ်ရပါမယ် ။
ထိုသို့ လုပ်ဆောင်နိုင်ရန် ကော်မရှင် တခုကို သီးခြားလွတ်လပ်သည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းပြီး စုံစမ်း စစ်ဆေးများ ပြုလုပ်ခြင်းဖြင့် ခရီုနီ ပိုင်ဆိုင်မှုများကို နိုင်ငံတော် ဘဏ္ဍာငွေများအဖြစ် ပြန်လည် သတ်မှတ်နိုင်မှာ ဖြစ်ပါတယ် ။
ခရိုနီကြောင့်ဖြစ်ပေါ်ရသော ဆိုးကျိုးများ
ခရိုနီများရရှိသည့် အကျိုးအမြတ်များသည် များသောအားဖြင့် ပြည်သူပိုင် ငွေများဖြစ်ကြသည် ။ ထို့ကြောင့် အများပြည်သူများ၏ စီးပွားရေး အခွင့်အလမ်းများကို ဆုတ်ယုတ်စေသည် ။ ၄င်းတို့ လုပ်ငန်းအများစုကို လက်ဝါးကြီးအုပ်ထားသောကြောင့်လည်း
ဈေးကွက်ပြိုင်ဆိုင်မှု လျှော့ကျလာခြင်း၊ ကုန်ဈေးနှုန်း ကစားခြင်းများ ၊ ဈေးကွက်လည်ပတ်မှုများ ၊ ရင်နှီးမြုပ်နှံလိုမှုများ ၊ နိုင်ငံခြားငွေကြေးလဲလှယ်မှုနှုံးများ ၊ ကုန်ထုတ်လုပ်မှုများကို အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ပါတယ် ။
ခရိုနီ မျိုးတုန်းရေး
ခရိုနီ ဆိုသူများကို အမြစ်ပြတ် ဖြေရှင်းရန်မှာ မဖြစ်နိုင်သော နည်းလမ်းပါ ။ ဥပဒေ စိုးမိုးမှု အပြည့်ရှိတယ်ဆိုတဲ့ နိုင်ငံတွေမှာတောင် ခရိုနီတွေဟာ ရှိနေပါတယ် ။ ဥပဒေရဲ့ လစ်ဟာမှုတွေ ၊ အားနည်းမှုတွေကို အခွင့်ကောင်းယူပြီး ခရိုနီနဲ့ အုပ်ချုပ်သူ လူတန်းစားဟာ
အကျင့်ပျက်ကြပါတယ် ။ သို့သော် မြန်မာနိုင်ငံကဲ့သို့ ဥပဒေဟာ စာအုပ်ထဲမှာ ၊ အာဏာရှင် ပါးစပ်ဖျားမှာသာ ရှိသော နိုင်ငံ အနေဖြင့် ခရိုနီဟာ နိုင်ငံ ဆင်းရဲရာ အကြောင်းတရားရဲ့ အဓိက တရားခံ ဖြစ်ပါတယ် ။ ဒါကြောင့် ခေတ်နှင့် လျှော်ညီမှု မရှိသော ဥပဒေများကို
ပြန်လည် ပြင်ဆင်ရပါမယ် ။ အားလုံးသော တာဝန်ရှိသူများဟာ ဥပဒေကို တိတိကျကျ လိုက်နာဆောင်ရွက်ရပါမယ် ။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေကိုလည်း ဥပဒေ တင်းကျပ်ရပါမယ် ။ အများပိုင် ကုမ္မဏီများအဖြစ် စီးပွားရေး လုပ်ငန်းကြီးများကို ဖော်ဆောင်နိုင်ရပါမယ် ။
အလယ်အလတ်တန်းစား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာအောင် အားပေးခြင်း အကူအညီပေးခြင်းများ အစိုးရက ပြုလုပ်ရပါမယ် ။ နိုင်ငံတော်ရဲ့ ရငွေ သုံးငွေ ဘတ်ဂျက် ဟာ ပွင့်လင်းမြင်သာတဲ့ စာရင်းဇယား ဖြစ်ရပါမယ် ။ ဒါတွေဟာ ခရိုနီတွေရဲ့
လက်ဝါးကြီးအုပ်မှုတွေကနေ ကင်းလွတ်နိုင်တဲ့ နည်းလမ်းတွေ ဖြစ်ကြပါတယ် ။ တရားဥပဒေ စိုးမိုးမှုရှိလာတဲ့အခါမှာ ခရိုနီပျောက်ကွယ်သွားလိမ့်မယ်လို့ မထင်လိုက်ပါနဲ့ ၊ ခရိုနီဟာ ပိုမိုလျှို.၀ှက်သိပ်သည်းစွာဖြင့် ရှိနေအုန်းမှာပါပဲ ။ခရိုနီဆိုလာမျိုးကလည်း တဗိုလ်ဆင်းရင် နောက်တဗိုလ်တက်လာမှာပါပဲ ။ နောက်ဆုံးကုန်ကုန်ပြောရရင် ခရိုနီဆိုတာ ကမ္ဘာတည်သရွေ.ရှိနေမှာ ဖြစ်ပြီး သူတို့ရဲ့ တည်ရှိနေမှုကို ကြောက်လန့်နေမဲ့အစား ဘယ်လိုကာကွယ်ရမလည်းဆိုတာ က ပိုကောင်းတဲ့ နည်းလမ်းသာဖြစ်ပါတယ် ။
ရဲသူရိန်မင်း
GMT 14:36
28.06.2012
နိုဗဲလ်ဆုရှင် ဒို့မိခင်
တီးခတ်စီစဉ်သူ ကိုဝင်းကျော် GTX ဖြစ်ပြီး ရေးစပ်သူမှာ သံစဉ် ကိုဝင်းကျော်နှင့် ကိုနေမျိုးဇင် တို့ တွဲဖက်ရေးစပ်သီဖွဲ့ ထားခြင်းဖြစ်ပါသည်။ သီဆိုသူမှာ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ ညှိနှိုင်းဆောင်ရွက်သူ (ဗိုလ်ကြီးဟောင်း) ကိုနေမျိုးဇင် ဖြစ်ပါသည်။ မြန်မာ့ဂုဏ်ဆောင် နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လှည်းနေလှေအောင်း မြင်းဇောင်းမကျန် သောင်းဖြညီညီ ကြိုပါမည့် အကြောင်း ဖိတ်ခေါ်ခြင်းဖြစ်ပါသည်။
ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် လူထုခေါင်းဆောင်သည် ..... အောင်ပန်းလွှင့်လို့ ဒို့များ အမိမြေ ပြန်လာခဲ့ပါပြီ။ ညီညာဖျဖျ ကြိုဆိုကြမည်။ တူယှဉ်ကာဆုံမည်။ နိုင်ငံရေး စနစ်သစ် အသွင်ပြောင်းခဲ့ပြီး နိုဗဲလ် ဆုရှင်သည် .......မျှော်မှန်းချင့်လို့ နိုင်ငံသစ်ဆီ သူချီတက်လေပြီ၊ မြန်မာ အမျိုးသားတို့ ဂုဏ်ယူကြသည်။ ညီညာစွာ ကြိုမည် ချစ်သည်။ ဟေ့ ဟေ့ လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။ ....လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။ ....လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။ ........လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့တွေကြိုကြမည် ။ ...............ပေးပို့ သူ ဖန်တီးရှင် နေမျိုးဇင်
Thursday, June 28, 2012
မုန်တိုင်း
ကိုယ်ပေါ်မှာ ၀တ်ထားသော အသက်ကယ် အင်္ကျီ ကို တစ်ခေါက်ထပ်မံစစ်ဆေးနေမိသည်
နေ့လည်ခင်းက သာယာလွန်းနေသည်….. ဒီလိုပဲ သာသာယာယာ ဖြစ်ခဲ့သည်မှာ… ကိုရီးယားနိုင်ငံမှထွက်လာကတ
( ဘယ်လို လဲ အေစီအိုကြီး…. ရာသီဥတုအေးဆေးပဲ မဟုတ်လား…. )
ကျွန်တော်က မေးလိုက်ခြင်းဖြစ်သည်…ကျွန်
(အေးကွ…. မနေ့ ညကတော့…. ရှေ့ မာ LOW PRESSURE တစ်လုံးရှိတယ်ပြောတာပဲ … အေးဆေးပါ..လွှတ်သွားမှာပါ.. ရှောင်မောင်းရမှာပေါ့… ဟဲဟဲ… အဖျားခတ်လည်း ပါးပါးပေါ့…. မင်းတို့ ဖတ်စ် အီး (1 A/E) သာ သွားမပြောနဲ့ သူက အသံကြားတာ နဲ့မူးချင်နေတာ…)
ဟုတ်သည်.. သူပြောလည်း ပြောစရာဖြစ်သည်… ကျွန်တော်တို့ ပထမလက်ထောက်အင်ဂျင်နီယာ(ဖတ်
ဒါနဲ့ ကျွန်တော်တို့ … စက်ခန်းထဲဆင်းလာကြသည်….. သာဒ့်အီး (3 A/
ကရင်ရင်ရင် ကရင်
ဟုတ်ပါသည်… တယ်လီဖုန်းလာခြင်းဖြစ်သည်….
(ဟုတ်လား.. အာ ဒုတ်ခပါပဲ ဒီကုလားကတော့… အိုကေ အေစီအိုကြီး ကျွန်တော် တို့ တော့ ဒီမှာကြိုးချည်စရာတွေရှိတာေ
(အော်ဇီရေ…. မိန်းအင်ဂျင်ကို တစ်ချက်လောက်ပတ်ကြည့်စမ်းကွ
ဟုတ်ပါသည်.. ကျွန်တော်တို့ ၏ ကပ္ပတိန်မှာ… အိန္ဒိယလူမျိုး… ဖြစ်ပါသည်… နာမည်သိပ်မကောင်း… လုပ်လိုက်လျှင် အလွဲလွဲအချော်ချော်တွေက များသည်….အမှားဖြစ်သွားလျှင
ကျွန်တော်လည်း.. လက်နိုပ်ဓာတ်မီးယူပြီး စက်ခန်းထဲပြန်ဆင်းကာ..မိန်း
ထိုင်နေရင်း… ဆယ်ငါးမိနစ်ပင်ပြည့်မည်မထင်
သုံးနာရီထိုးခါနီးမှ စက်ချုပ်က ဆင်းလာသည်… အခြေ အနေကို မေးသည်… .. ဆက်ကန်းက BRIDGE မှ ဖုန်းမဆက်သေးကြောင်းပြောသည်
ဒီလို အခြေအနေမျိုးများ.. သဘောင်္ဝမ်းပေါက်ရွှေ့ရေ၀င်လာ
တွေးရင်းတွေးရင်း လန့်တော့ လန့်လာသည်…. အရင် မုန်တိုင်းများ ကြုံဖူးသော်လည်း ဒီလောက်မဆိုး…. ဒါပေမယ့် ပြီးသွားမှာပါလေ ဟု သာ တွေးထားလိုက်သည်….ကြောက်စိတ
ညနေလေးနာရီကျတော့ .. ကျွန်တော့ဂျူတီပြီးပြီဖြစ်သ
ကျွန်တော် ကျွန်တော့ အခန်းထဲ ပြန်ရောက်ချိန်တွင်.. အခန်းထဲမှ ပစ္စည်းတွေ အားလုံးက ဗျောင်းဆန်နေပြီ… တီဗွီက .. ကြမ်းပြင်ပေါ်မှာ မှောက်လျက်…. ဘီယာဘူးတွေ.. (သံဘူး) တွေတောင်… နံရံနှင့်ရိုက်ပါများလို့ ကွဲတဲ့ ဘူးက ကွဲကုန်ပြီဖြစ်သည်… ဆပ်ပြာမှုန့်တွေလည်း မှောက်ကုန်.စပီကာတွေလည်းကြမ်းပြင်ပေါ်.. ဒီဗီဒီ စက်လည်း… ကြမ်းပြင်ပေါ်….. အိုး… တစ်ခန်းလုံးကို … မွထနေတော့ သည်…. ကံကောင်းလို့ လက်ပ်တော့ လေးက… တော့ ကုတင်ပေါ်မှာ ရှိနေသေးသည်….
အခန်းကို တတ်နိုင်သမျှပြန်ရှင်းရသည်…
ညနေစာစားရန်သွားမေးကြည့်တော
ကျွန်တော်နည်းနည်းတော့ ကြောင်သွားသည်… သူတို့ ကို လည်း သွားမမေးရဲ…. ရုပ်တွေ က မူမှန်တာမဟုတ်… ဒါနဲ့…အခန်းကို ပြန်ဖို့.အ ပေါ်တက်လာတော့… BRIDGE မှ ဆင်းလာသည့် ကုန်းဘတ်အရာရှိချုပ်(ကုန်းခ
(ချိဖ်.. အခြေအနေ)
(မကောင်းဘူးညီလေး… အနောက်ကအကို တို့ နဲ့ ပါလာတဲ့ သဘောင်္သိတယ်မဟုတ်လား. သူတို့ တော့ abandon ship လုပ်သွားပြီ…ဒီရေဒီလေနဲ့တော
သူ မစိုးရိမ်ပါနှင့်ဆိုမှပို စိုးရိမ်လာသည်…ဒီသတင်းကြားလ
အနောက်သဘောင်္မှ လူများကို တော့ ဘယ်လိုမှ ရှင်နိုင်စရာမရှိဟု သာ တွေးလိုက်တော့သည်…. ကျွန်တော်တို့ သဘောင်္မှာ တန်ချိန်သုံးသောင်းကျော်သော
စော စောက တွေးသလို… ဒိလောက် လှိုင်းလေ မကြောက်ပါဘူးဆိုသော… ကျွန်တော်တို့ လို တန်သုံးသောင်းကျော်သဘောင်္ကြီ
ကဲ ကျွန်တော်ဘာလုပ်ရမည်နည်း… အခန်းထဲ အမြန်ပြန်သည်… သိမ်းစရာရှိတာ သိမ်းမှရမည်… ကိုယ်နဲ့ တစ်ပါတည်း သယ်နိုင်တာ ပိုက်ဆံဖြစ်သည်… စားစရာက .. အသက်ကယ်လှေမှာပါပြီးသားမို့
ထုပ်လို့ပိုးလို့တော့ ပြီးသွားပြီဖြစ်သည်… ကျွန်တော်ဘာဆက်လုပ်ရမည်နည်း
ဘာပဲဖြစ်ဖြစ် အင်ဂျင်ခန်းထဲဆင်းနေတာ ပိုကောင်းမည်…. သတင်းကို အမြဲရနေမည်…. အသက်ကယ်အင်းကျီကို ယူ…နံရံမှာ ချိတ်ထားသော ပုတီးကို ဆွဲ…. ဘုရားစင်ကို ဦးသုံးကြိမ်ချပြီးကာမှ အင်ဂျင်ခန်းထဲ ဆင်းလာလိုက်သည်…. ဆင်းတာတောင် လှေကားကို အတော်သတိထားဆင်းရသည်.. သဘောင်္က လက်နှင့် ကိုင်လှုပ်သလိုကို ရမ်းခါနေတော့ဘေးနားက ကိုင်စရာတစ်ခုခုကို မကိုင်ပဲ လမ်းလျှောက်လို့ မရ…. ပစ်လဲသွားလျှင်လဲ ရိုက်မိစရာ သံပြားများသာရှိသည်….. ဒီလိုနှင့်ဖြေးဖြေးချင်းထိန
စက်ခန်းထဲရောက်ရောက်ချင်း… ကျွန်တော်အတော်အံ့အားသင့်ရပ
ရှိရှိသမျှ ကျွန်တော်တို့ အင်ဂျင်ပိုင်းမှ လူများ အားလုံး…. ကွန်ထရိုးခန်းထဲတွင် တုးန်လုံးပက်လက်ဖြစ်နေကြပြီ
(အစ်ကို.. ကျွန်တော်နောက်ဘယ်တော့ မှ သဘောင်္မလိုက်တော့ ဘူးဗျာ… ဒီပထမဆုံးတစ်ခေါက်နဲ့တင်အတေ
ကျွန်တော်ကိုယ်တိုင်တောင်မေ
ထိုအချိန်တွင်… ကွန်ထရိုးခန်းတံခါးပွင့်လြာ
(အင်ဂျင်ခန်းက လူအားလုံး……ပြင်ဆင်စရာရှိတာ
အားလုံး တိတ်ဆိတ်စွာကျန်ခဲ့သည်…. စက်ချုပ်ကြီးကို ကြည့် တော့ မျက်နှာက အသေနှင့် မျက်ရည် ၀ဲလျက်…. ကျန်လူများ အားလုံးလည်း သွေးဆုပ်သော မျက်နှာကိုယ်စီနှင့်… ကျွန်တော့ မျက်နှာလည်း … သူတို့ လိုပဲဖြစ်နေမည်ထင်သည်… ပတ်စပို့ ကို စောစောက ထုပ်ထားသော ပိုက်ဆံအိတ်ထဲသို့ .. ပြန်ထည့် လိုက်သည်…. အပ်နှင့်ချုပ်ထားတာဖြစ်သဖြင
အားလုံးတိတ်ဆိတ်ကုန်ကြပြီ….
(အော်ဇီ… ဗိုက်ဆာတယ်ကွာ… နွားနိုတစ်ဘူးလောက်သွားယူစမ
ထမင်းစားခန်းသို့ ရောက်မှ အတော်အခြေအနေဆိုးနေတာ သိရတော့ သည်… စောစောက အေဘီ နှစ်ယောက် သီချင်းဆိုနေဆဲပဲဖြစ်သည်… သို့ သော် ရိုးရိုးမဟုတ်…. ခန္ဒာကိုယ်မှာ ဘာမှ မကပ်ပဲ…. ဘာဆို ဘာအ၀တ်အစားမှ မရှိပဲ ကာရာအိုကေဆိုကာ ကနေကြခြင်းဖြစ်သည်…. သွေးပျက်တယ်ဆိုတာ ဒါပဲဖြစ်မည်ထင်သည်…. ကျွန်တော်ဝင်လာတာလည်း သူတို့ ဂရုမစိုက်…. လေးဖြူသီချင်းကို အားပါးတရသာ ဟဲနေတော့သည်… ကျွန်တော်မှ မဟုတ်ဒီ အချိန် သူကြီး ၀င်လာတောင် သူတို့ အဖတ်လုပ်တော့မည်မဟုတ်…. သွေးပျက်နေကြပြီမဟုတ်လား…
ရေခဲ သေတ္တာထဲမှ နွားနို့ ဘူးကို ယူပြီး စက်ခန်းထဲသို့ ပင်ပြန်ဆင်းလာခဲ့သည်…လှေကား
ကွန်ထရိုးခန်းထဲရောက်တော့ နာရီကိုကြည့်မိသည်… ရှစ်နာရီထိုးတော့မည်…….ထို အချိန်တွင်
(ကရင်ရင်ရင်.. ကရင်)
ရုပ်တရက် တယ်လီဖုန်းဝင်လာသည်….. BRIDGE မှ ဆက်ခြင်းဖြစ်သည်… သူတို့ တက်မကို ၃၅ ဒီဂရီအထိ အဆုံးချိုးမည် ဖြစ်ကြောင်း လှမ်းပြောခြင်းဖြစ်သည်…. သဘောင်္ကွေ့ သလိုဖြစ်မည် ဖြစ်ရွှေ့ မီးစက်များ သတိထားရန်….. ၀န်အရမ်းများ မည်ဆိုးရွှေ့ ပြောခြင်းဖြစ်သည်… .ဒိအချိန်တွင် .. မီးစက်များ ရပ်သွားလို့ မရ.. မိးစက်ရပ်တာနှင့် ပင်မစက်ကြီး.. (မိန်းအင်ဂျင်) ရပ်မည်… မိန်းအင်ဂျင်ရပ်တာနှင့်ကျွန
ကျွန်တော်တို့ မှာ ဘာမှ လုပ်စရာမရှိပါ…လုပ်ယူလို့ လည်း မရပါ…..အချက်ပေးသံကို. ငုတ်တုတ်ထိုင်စောင့်နေရုံသာ
ထိုအချိန်ဒုန်းကနဲအသံကို ကြားလိုက်ရသဖြင့်.. ထိုင်နေသူအားလုံး လန့်ဖြန့်ကာထကြည့်ကြသည်…တော
(ထားလိုက်တော့ကွာ..ပြီးမှပဲ
(ကရင်ရင်ရင် ကရင)်
တယ်လီဖုန်းလာရင်ကို ကျွန်တော်အတော်ကြောက်နေပါပြ
(အိုကေ .. အိုကေ… ကျွန်တော်တို့ ဘက်က တော့ အဆင်သင့်ပဲ…. အကောင်းဆုံးဖြစ်အောင်လုပ်ကြ
ဖုန်းချလိုက်ပြီး စက်ချုပ်ဘက်လှည့်ကာ…
(အေစီအိုကြီးဆက်တာဗျ…. သူတို့ ဒီ အတိုင်းတက်မကို ဆက်ခေါက်ထားမယ်တဲ့… မုန်တိုင်းဗဟိုထဲအထိမပါအောင
(ဟုတ်ပြီ ဒါမျှော်လင့်ချက်ပဲ… ကဲ.. အားလုံးစိတ်ဓာတ်လည်းကျမနေကြ
ဒီတစ်ခါ တယ်လီဖုန်းက သတင်းကောင်းမို့ အားတက်ဖွယ်ဖြစ်ပါသည်.. ကျွန်တော်တို့ လည်း သူ့ ဂျူတီကိုယ့်ဂျူတီ မခွဲနေတော့…. တစ်ထပ်ကို တစ်ယောက်နှုန်းဖြင့် .. ဆီလောင်းသုံးယောက်.. ကဒက်တစ်ယောက် လေးယောက်လုံး .. လိုက်စစ်ပါတော့သည်..အချိန်က
ည… ၂ နာရီခန်းတွင်ဖုန်းထပ်ဝင်လာသ
ဝမ်းသာလိုက်သည်ဖြစ်ခြင်း…. မျက်ရည်ပင်ကျမိသည်… ခြေဖျားလက်ဖျားတွေလည်း အေးစက်နေသည်…. သဘောင်္ကတော့ အတော်ကလေး လှုပ်နေတုန်းပဲဖြစ်သည်….
မနက် ငါးနာရီခန့်တွင်တော့ အတော်ကလေး သက်သာလာပါသည်…. အပေါ်ထပ်မှာ သီချင်းဆိုနေသူများလည်း.. နည်းနည်းသွေးအေးလာကြပြိ….. အင်ကျီတွေဘာတွေပြန်ဝတ်ထားပြ
မနက်ခြောက်နာရီတွင်တော့
ကျွန်တော်တိုံ့ သဘောင်္ မုန်တိုင်းထဲမှ အောင်မြင်စွာ ထွက်လာနိုင်ခဲ့ပါသည်…ထိုအခါ
မုန်တိုင်းကျပြီး နောက်တစ်နေ့ မနက်တွင်…ကုန်းဘက်ပေါ်မှ ပစ္စည်း အတော်များများ … လေနှင့်ပါသွားကြပြိဖြစ်သည်…
မုန်တိုင်းထဲမှ ထွက်လာလာချင်း….. သဘောင်္သားများ အားလုံး အိမ်တွေဆီ အသီးသီးဖုန်းဆက်ကြပါသည်… သဘောင်္ပေါ်တွင်ဖုန်းက တစ်လုံးတည်းရှိသဖြင့်… တန်းပင်စီနေရသည်….ငိုတဲ့သူက
မုန်တိုင်းကျပြီး နောက်ပိုင်းတွင်း ကျွန်တော်တို့ သဘောင်္ပေါ်တွင် အပြောင်းအလဲ အတော်များများ ဖြစ်လာကြသည်….အားလုံးက တော့ကုလားသူကြီးကို ၀ိုင်းမေတ္တာပို့ ကြပြီး အေစီအိုကြီးကို ကျေးဇူးတင်ကြသည်… လူပေါင်း နှစ်ဆယ့်သုံးယောက်လုံး၏ အသက်ကို ကယ်ခဲ့သူမဟုတ်လား….ကုန်းချု
ကျွန်တော့နေသော အခန်းပြတင်းဝမှကြည့်လျှင် ပင်လယ်ကြီးကို မြင်နေရပါသည်….နေရောင်အောက်
ကျွန်တော့ အဖို့ တော့ ဘယ်သူတွေ ဘာပြောပြော ကျွန်တော်ပင်လယ်ကို ချစ်ပါသည်…
by: လင်းလွန်းညို (ozzy win)
Subscribe to:
Posts (Atom)