Friday, June 29, 2012

"သူရဲကောင်းတွေ ပြန်လာကြပြီ"

"သူရဲကောင်းတွေ ပြန်လာပြီ
 သူတို့ပြန်လာပြီ။
သူတို့ဟာ
လေဆန်ကိုဖြတ်ပျံတဲ့ အမြင့်ပျံငှက်တွေပေါ့။
သူတို့ ဟာ ဥရောပတခွင်
မြန်မာဟေ့ လို့ ဇာတိမာန်ကို

ကမ္ဘာကသိအောင် မျိုးစေ့ချပေးခဲ့သူလည်းဖြစ်တယ်။
ခရီးရှည် ခရောင်းလမ်းက
ခက်ခဲကြမ်းတမ်းစွာ နင်းဖြတ်ခဲ့ကြပေမယ့်
မမောပန်း ခြေလှမ်းသစ် အားမာန်တွေကလည်း တ၀င့်ဝင့်နဲ့ပေါ့။

သံတိုင်လှောင်ချိုင့်ထဲက ထွက်လာပေမယ့်
သူတို့ဟာ သားကောင်တွေမဟုတ်ဘူး။
အောင်ပွဲဆင် ပန်းဝင်လာတဲ့
မော်ကွန်းဝင် စစ်သူကြီးတွေပေါ့..။

သူတို့ဟာ တိုက်ပွဲပျော်တွေ..
ဒါပေမယ့် သွေးဆာနေသူတွေမဟုတ်သလို
အဆိပ်တတ်နေသူတွေလည်း မဟုတ်တဲ့
ပေးဆပ်နေသူတွေပဲဖြစ်တယ်..။

သူတို့မှာ
စစ်လက်နက်တွေတော့ မပါလာဘူး။
ဒါပေမယ့်
ရိုးသားရဲရင့်တဲ့ နှလုံးသားလှတွေနဲ့
တည်ကြည်ထက်မြက်တဲ့ အတွေးအခေါ်တွေ ပါလာတယ်။

သမိုင်းကိုတည့်မတ်ဖို့
အိပ်မက်ဆိုးတွေက နှိုးထဖို့
ပန်းရောင်စုံတွေ ဖူးပွင့်ဖို့
ကလေးငယ်တို့ တေးချိုဖို့
သန်းခြောက်ဆယ်ရဲ့ မျှော်လင့်ချက်တွေကို ဖေါ်ဆောင်ဖို့
သူတို့ပြန်လာပြီ။

ကဲ.... ရဲဘော်
အနာဂတ်ကို သူတို့ ဖန်ဆင်းတော့မယ်။
ယုံကြည်မျှော်လင့်တယ်ဆိုရင်
အမိမြေကို ငြိမ်းချမ်းစေလိုတယ်ဆိုရင်......
လက်ခုပ်မြိုင်မြိုင်တီးလိုက်ကြစို့
လက်ချင်းခိုင်ခိုင် တွဲလိုက်ကြစို့
သစ္စာသွေးသောက် ရဲရဲတောက်ကြပါစို့......။

ဘေးပြောတာကို မယုံနဲ့ ...
သွေးပြောတာကို ပဲယုံ......
ဒို့သွေးသားမို့ ဒို့ယုံကြည်...အောင်ဆန်းသွေးမို့ ဒို့ယုံသည် .....။


ဒေါက်တာဒေါ်အောင်ဆန်းစုကြည် အား ချီးမြင့်သော ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်လ် ဆု အား နိုင်ငံ့ ဂုဏ်၊ မြန်မာ တမျိုးသားလုံး ဂုဏ်ကိုယ်စား ဆုလက်ခံရယူအပြီး  တိုင်းသိပြည်သိ ကမ္ဘာသိမွန်မြတ်လှသော ငြိမ်းချမ်းရး ဆုတံဆိပ်များ၊ရယူကာတန်းဘိုးကြီးတဲ့ ရှေ့ ဆောင်လမ်းပြကြယ်ဖြစ်ကြောင့်   မိမိတို့ ၏အနာဂါတ်ကို ယုံကြည်မူများဖြင့် လှပစွာ
တည်ဆောက်ကြရင်း တစ်အိမ်တစ်ယောက်ထွက်ခါ ရန်ကုန်လေဆိပ်မှ စပြီးလမ်းတစ်လျှောက် လုံး အိုးစည်ဗုံမောင်း ဒိုးပတ်သံများစည်စည်ကားကားမိမိတတ်နိုင်ရာအဖွဲ့ အစည်းများမှဦးဆောင်ပြီး ပြည်အ၀င်လှပစေဖို့ ကျွန်တော်တို့ မြန်မာပြည်က ပြည်သူပြည်သားများသောင်းသောင်းဖျဖျကြို ဆိုစေ့ချင်လို့  အမျိုးသားရေးစိတ်ဓါတ်ဖြင့် တင်ပြလိုက်ပါတယ်။  ။
ကိုထွန်းဝေ

No comments:

Post a Comment