Saturday, June 30, 2012

ခုနစ်ဇူလိုင်အကြွေး ဘယ်လိုပြန်ပေးဆပ်မလဲ






















ခုနစ်ဇူလိုင်အကြွေး
ဘယ်လိုပြန်ပေးဆပ်မလဲ

ခုနစ်ရက်ဇူလိုင်
မမေ့နိုင်
စိတ်မခိုင်
သဲစိုင်ဝယ်နာကြည်း။

အာဏာရူး ဘီလူးတွေ
ရူးထွေထွေ မွှေကာနှောက်
ခြေရာမပျောက်တဲ့ ဇူလိုင်မီး။

ဒီအချိန်ကစ
အရူးထတဲ့ စစ်အစိုးရနဲ့
လူးလွန့်ကြွတဲ့ ကျောင်းသား
မပေါင်းအား ဖေါင်းကား
အကြောင်းတရား မပြေလည်
ကျောင်းသားတွေ မကြေဖွယ်
ရန်အစွယ် မာန်လွှာထပ်
ရန်-ငါတွေပြတ်ခဲ့တယ်။

ယိုသူမရှက်
မြင်သူရှက်
ခံရသူတသက်
ဖျောက်ဖျက်လို့မရ
ဖေါက်ရက်လို့ကြွေခဲ့တဲ့ဘဝ
ဘယ်လိုပြန်ဆပ်ကြမလဲဗျ။

အမှားအမှန် ဝေဖန်နိုင်ခဲ့ရင်
မှားမှန်းသိရင်ပြင်
အသင်မိုက်ခဲ့သမျှ အတိုးချပြီး
အဆိုးဘ၀တွေကို တမျိုးလှလာအောင်
အသက်ပေးအကျိုးဆောင်
အာဏရှင် အပုပ်ကောင်မှ
ဒီမိုကရေစီ ရုပ်အမှန်ဆောင်တဲ့
လူ့ဘောင်သစ်ကို အမှန်စင်စစ်
ပို့ဆောင်ပစ်လော့….။

မိုက်တွင်းမနက် အကြံမပက်စက်နဲ့တော့
ခံခက်နေတဲ့ပြည်သူအများ
လူသားတွေရဲ့အနာဂတ်အရေးမြော်တွေးပြီး
ဒီမိုကရေစီရရှိရေးမှာ မနှေးအမှန်မလွဲ
ဒေါ်စုနဲ့လက်တွဲပြီး ခုကတည်းက
ကြိုးစားကြ ရင် မကောင်းပေဖူးလားဗျာ...။

တက္ကသိုလ်ဘုန်းကြွယ်
ဇွန် ၂၉ ၂၀၁၂

No comments:

Post a Comment