Friday, July 27, 2012

သင်ဘယ်လမ်းလျှောက်မလဲ


by Victor Tan on Friday, July 27, 2012 at 10:16am ·
သင်ဘယ်လမ်းလျှောက်မလဲ
(ကျန်ရှိတဲ့အာဏာရှင်လူကြီးမင်းများသို့)

မစင်ကိုနံ့သာလူး
အာဏာရူးတွေရဲ့ပုပ်နံ့
ပြန့်မထွက်ဖူးတဲ့လား။

တမာကိုသကာဖုံး
လုံးလုံးခါးတဲ့အရသာ
ချိုလာမတဲ့လား။

စိတ်ပုပ်တဲ့နှလုံးမဲ
ထုံးနဲ့ပဲသုတ်သုတ်
ပုပ်နေတဲ့နှလုံးမဲကမူ
ဖြူလာမတဲ့လား။

အပေါ်ယံကြော
ပကာသနနှောပြီး
လူတောမှာ လူချောလုပ်မယ်မကြံနဲ့
စိတ်အမှန်အကန်ရောက်မှ
သွားရာလမ်းဖြောင့်ပါမယ်

စိတ်ကောက်ကောက်နဲ့
ဘ၀လမ်း လျှောက်နေရင်
ရောက်မယ့်နေရာ တနေရာထဲသာ
မလွဲပါငြိ အမြဲသာမိနေမယ့်
အ၀ီစိငရဲသာ ဖြစ်တော့မှာ…။

ဘယ်သူတွေ တရားပျက်ပျက်
ကိုယ်မပျက်စေနဲ့တော့
အမှန်တရားဖက်
ခြေစုံခုန်ထွက်ခြင်းသာ
ကောင်းမြတ်တဲ့ဆုံးဖြတ်ချက်ပါ။

 သင်တို့ရဲ့ မလွယ်ပေါက်
 တကယ့်ထွက်ပေါက်ဟာ
 ရဲရဲတောက် ဘာမထီ
 အာဇာနည်သူရဲကောင်း
 ဒေါ်စုတို့နဲ့ပေါင်းပြီး သောင်းသောင်းဖျဖျ
 လူထုဆန္ဒအရ
 ရယူကြမဲ့ဒီမိုကရေစီ လူစုံစုံညီညီနဲ့
 ယုံယုံကြည်ကြည်ချီတက်ကြလော့။

 တက္ကသိုလ်ဘုန်းကြွယ် (ဇူလိုင်၂၆ ၂၀၁၂)

No comments:

Post a Comment