Friday, July 27, 2012

ကိုမိုးသီးဇွန် အပါအဝင် ၆ ဦးကို အာဏာပိုင်များ ပြည်တွင်းဝင်ရောက် လေ့လာခွင့်ပေး



ကိုမိုးသီးဇွန် အပါအဝင် ၆ ဦးကို အာဏာပိုင်များ ပြည်တွင်းဝင်ရောက် လေ့လာခွင့်ပေး

ပြည်တွင်းနိုင်ငံရေးအခြေအနေ လေ့လာဖို့ အမေရိကန်နိုင်ငံမှ ကိုမိုးသီးဇွန် အပါအဝင် ကိုကိုလေး၊ ကိုမူသား၊ ကိုရင်အေး၊ ကိုကိုအောင်၊ ကိုထွန်းအောင်ကျော် စတဲ့ ၆ ဦးကို မြန်မာအာဏာပိုင်တွေက ပြည်ဝင်ခွင့် ပေးလိုက်တယ်၊ ပြည်တွင်းမှာ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို အာဏာပိုင်တွေနဲ့ ဆွေးနွေးဖို့ အစီအစဉ်ရှိပြီး၊ သြဂုတ်လကုန်ပိုင်းလောက်မှာ ခရီးစဉ်စမယ်လို့ သိရတယ်။

ကိုမိုးသီးဇွန် ဟာ ရှစ်လေးလုံးအရေးတော်ပုံကို စစ်တပ်က အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း စစ်အုစ်စု အစိုးရအဆက်ဆက် မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ဖြစ်ပါတယ်။ ယခုလက်ရှိ သန့်ရှင်းစင်ကြယ်သော ဦးသိန်းစိန် ဒီမိုကရေစီ အစိုးရအုပ်စိုးနေတဲ့ ကာလမှာပင် အဲဒီ ပစ်ဒဏ်ကို အာဏာပိုင်တွေဘက်က ပယ်ဖျက်ပေးခဲ့ခြင်း မရှိသေးဘူး ဖြစ်ပါတယ်။
 
သတင်း ယမုံနာ ဖေ့ဘုတ်

No comments:

Post a Comment