Saturday, July 21, 2012

ဇာတိမာန်စာဆို ဦးလွန်း


by Victor Tan
on Saturday, July 21, 2012 at 5:16pm ·


ဇာတိမာန်စာဆို ဦးလွန်း

ဇာတိမာန် ဇာတိသွေး
သမိုင်းမှာအပြည့်ရေးခဲ့တာကို
အတွေးမဟိုင်း ကလောင်မရိုင်းဘဲ
ကဗျာမုန်တိုင်းတွေနဲ့ဆင်
မြန်မာ့ရာဇ၀င်မှာ ဘ၀င်မမြောက်
စံတင်လောက်တဲ့မြန်မာ့သတ္တိ
သဲငြိစရာဇာတ်လမ်း
မှတ်တမ်းအထင်အရှား မြန်မာ့ဂုဏ်ရည်များ
စုံညီသွားအောင် ကလောင်လက်နက်
ရင်ဝယ်ပိုက်လျက် ခဲခက်မတုန်လှုပ်
ခံကတုတ်လုပ်ကာ
ပြုတ်ကျသွားတဲ့ ဇာတိမာန်ကို
အားအန်ရှိသမျှ နှိုးဆွခဲ့သူ
ပြန်လည်ထူထောင်သူမှာ
တမူထူးခြား သမိုင်းမှာကျော်ကြားသည့်
မော်ကြွားစရာ ကဗျာရှင်
သခင်ကိုယ်တော်မှိုင်းဟု ရာဇ၀င်တွင်။

ဗိုလ်ဋီကာ မျောက်ဋီကာ
ဒေါင်းဋီကာ ခွေးဋီကာ သခင်ဋီကာ
ဘွိုင်းကောက်ဋီကာ မကျန်
စာဟန်အမျိုးမျိုးကို
မဟာကဗျာလေးချိုးကြီးများနှင့်
ပြည်သူတကာမျက်စိကိုဖွင့်ပေးခဲ့၏။

အိန္ဒိယလွတ်လပ်ရေးကို
နေရူးကယူပေးခဲ့သည်မှာ မှန်၏။

တိုင်းပြည်၏ဆန္ဒအင်အားကို
စုစည်းပေးသွားသူကား တဂိုး။

တရုပ်ပြည်သစ်ထူထောင်ရေးကို
မော်စီတုန်းယူပေးခဲ့သည်မှာမှန်၏။

တိုင်းပြည်၏ဆန္ဒအင်အားကို
စည်းရုံးပေးထားသူကား လူရွှန်း။

အလားတူ
မြန်မာ့လွတ်လပ်ရေးကို
အရယူပေးသွားသူက
ဗိုလ်ချုပ်အောင်ဆန်း။

တိုင်းပြည်၏ဆန္ဒအင်အားကို
ထူထောင်ပေးသွားသူက
သခင်ကိုယ်တော်မှိုင်း။

အရေးကြီးလျှင်ဖြင့်
သွေးနီးရာဆိုသည့်အတိုင်း
ကိုင်း  ထထကြွကြွနှင့် ၀ိုင်းကြပေရော့။

စိတ်ခါးတောင်းကိုနာနာကျိုက်
အတိတ်အကြောင်းကိုအခါခါပိုက်ပြီး
တိုက်ခိုက်ပေးတဲ့ တေးကဗျာသည်
အတွေးသာသာ ပဲ့တင်သံမဟုတ်
အရေးပါပါ ပကတိအသံသာဖြစ်တော့၏။

တက္ကသိုလ်ဘုန်းကြွယ်
ဇူလိုင်၂၁ ၂၀၁၂

No comments:

Post a Comment