Saturday, July 21, 2012

ပန်းရဲ့လမ်းကို မှာလိုက်တဲ့အမေ့စကား..........




 





ပန်းရဲ့လမ်း နဲ့ သိန်းတစ်ရာ ....

လှမ်းလျောက်ခဲ့တဲ့ ခြေလှမ်းအတိုင်း
မုန်တိုင်းမဖြစ်ဘူးဟေ့....
ရူးခဲ့တဲ့ ဆူးတွေအတွက်ပြန်လှည့်ရမယ်ဆိုရင်
ဒီလမ်းကို စကတည်းက မထွက်ခဲ့ဘူး.....

သူငယ်ချင်းရေ
လက်ကမ်းကြခြင်းအတူတူ
လျောက်တိုင်မိတဲ့ လက်ဖ၀ါးအတိုင်း
အင်အား မဖြစ်ဘူးဟေ့..
စွန့် လွှတ်ခဲ့ထားရစ်မှုတွေအတွက်
ပြန်လွှတ်ခဲ့ရမယ်ဆိုရင်
ဒီလမ်းကို စကတည်းက မထွက်ခဲ့ဘူး...

ဆူးခင်းလမ်းကိုဖြတ်ကျော်ဖို့ 
ေ၇သန့် လမ်းကိုအားစမ်းဖို့ 
မျှော်လင့်ခြင်းကိုထမ်းပို့ လို့ ..

့မြင့်မြတ်တဲ့တပ်မက်မှုတွေနဲ့ 
လေရိုင်းရေ..
ဖူးပွင့်ကြခြင်းအတူတူ
မင်းချွေလိုက်တဲ့ ခါတိုင်းပန်တိုင်း
မကြွေဘူးဟေ့
လွမ်းကြွေမှုတွေအတွက်
ကုန်ဆုံးကြမယ်ဆိုရင်
ဒီပန်းဟာ အစကတည်းက
မပွင့်ခဲ့ဘူး

ကျောတခင်းကို ဆန့် ပျိုးဖို့ 
ပန်းတခင်းကိုမွှေးမြန်းဖို့ 
အာရုံအလင်းဦးကို တိုးဖြတ်လို့ 

အော်..
့မြင့်မြတ်တဲ့တပ်မက်မှုတွေနဲ့ 
လေရိုင်းရေ
ဖူးပွင့်ကြခြင်းအတူတူ
မင်းချွေလိုက်တဲ့ ခါတိုင်းပန်တိုင်း
မကြွေဘူးဟေ့
လွမ်းကြွေမှုတွေအတွက်
ကုန်ဆုံးကြမယ်ဆိုရင်
ဒီပန်းဟာ အစကတည်းက

မ...ပွင့်...ခဲ့....ဘူး...။

ကိုရဲလွင်... သံစဉ်။
စာသား.... ဒီချစ်မျိုး။

ပန်းရဲ့လမ်း နဲ့ သိန်းတစ်ရာ ...အလှူအတွက် ပြန်လည်ဖော်ပြပေးပါတယ်..။

အလှူရှင်များ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေ..ဗျာ..။

New Pannyelann
ဒီနေ့ ၂၀-၇-၂၀၁၂ ပန်းရဲ့လမ်း ... ခြံအမှတ် ( ၅၄ ) ကိုရောက်တယ် ။
အမေ့လက်ထည်းကို အလှူငွေတွေသွားအပ်ကြတာ ။ သိန်း တစ်ရာ ။
အများအကျိုးအတွက် ခရီးဆက်နေတဲ့ ပန်းရဲ့လမ်းနဲ့ တွေ့ဆုံနေချိန်မှာ
အမေ့အပြုံးတွေ အရမ်းကို အသက်ဝင်နေတယ် ။ ချိန်းဆိုထားတဲ့ ဧည့်သည်တွေ နောက်မှာ ရှိနေသေးလို့သာပါ ။ အမေက ပန်းရဲ့လမ်းကို စကားတွေအများကြီး ပြောချင်နေသေးတယ် ။

လေးစားစွာဖြင့် အလှူရှင်များနှင့် ပန်းရဲ့ လမ်းကို ထွင်ခဲ့ ကြသူများအား အထူးကျေးဇူးတင်ရှိပါတယ်...။




photo New Pannyelann + Ah Ba Yah

No comments:

Post a Comment