Thursday, June 28, 2012

ဂျပန်နိုင်ငံ MIYAGI KEN, ISHINOMAKI စေတနာဝန်ထမ်း ခရီးစဉ်


ဂျပန်ရောက် မြန်မာနိုင်ငံသားများခင်ဗျား-

လွန်ခဲ့သော ၂၀၁၁ ခုနှစ်၊ မတ် ၁၁ ရက်နေ့၊ အရှေ့ဂျပန် ငလျင်နှင့် ဆူနာမိ ဘေးဒဏ်သင့် ဒေသများမှ ဂျပန်ပြည်သူများအတွက် စိတ်ဓာတ်မြှင့်တင် အားပေးခြင်း အထိမ်းအမှတ် ပွဲတော်တခုကို Miyagi ken, Ishinomaki တွင် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက် တနင်္ဂနွေ နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
အဆိုပါ ပွဲတော် အခမ်းအနားတွင် ယမန်နှစ်က Ishinomaki သို့ လုပ်အားပေးအလှူနှင့် အကျွေးအမွေး ခရီးသွားရောက်ခဲ့ကြသော မြန်မာနိုင်ငံသားများ၏ မှတ်တမ်းတင်ရုပ်ရှင်ကားကို ပြသမည်ဖြစ်ပြီး အစားအစာ ဈေးရောင်းပွဲနှင့် အနုပညာဖျော်ဖြေရေးအစီအစဉ်များ ပါဝင်မည်ဖြစ်သည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံသားများမှလည်း ပါဝင်ဆင်နွှဲရန် ကမ်းလှမ်းလာပါ၍ အောက်ပါ အစီအစဉ်များဖြင့် ပူးပေါင်းပါဝင် မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။

(၁)။    ။မြန်မာ့ရိုးရာ အစားအစာ ၃ မျိုးအား ဈေးရောင်းပွဲတွင် ထဲ့သွင်းရောင်းချမည်ဖြစ်ပါသည်။
(၂)။    ။ မြန်မာ့ရိုးရာယဉ်ကျေးမှု အက၊ တိုင်းရင်းသား ရိုးရာအကများဖြင့် ပါဝင်တင်ဆက်မည်ဖြစ်ပါသည်။
(၃)။    ။ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ည (စနေနေ့) ၁၂ နာရီတွင်ထွက်ခွာမည်။ ၂၉ ရက်နေ့ နံနက်တွင် ishinomaki သို့ ရောက်ရှိမည်။
(၄)။    ။ ဇူလိုင်၂၉ ရက် နေ့ ညနေ ၄ နာရီအထိ ပွဲတော်တွင် ပါဝင်ဆင်နွှဲပြီး တိုကျိုသို့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။ တိုကျို သို့ ည ၁၀ နာရီခန့်တွင် ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။

လိုက်ပါကူညီလိုသူများ၊ လှူဒါန်းလိုသူများ  ဆက်သွယ်စာရင်း ပေးကြပါရန် ပန်ကြားအပ်ပါသည်။
စိတ်ဓာတ်မြှင့်တင်ရေး စေတနာဝန်ထမ်း ခရီးစဉ်ဖြစ်ပါ၍ မိမိစားရိတ်ဖြင့် လိုက်ပါရမည်။ ခန့်မှန်းခြေ ယန်း ၆၀၀၀ မှ ၇၀၀၀ ကျသင့် မည်ဖြစ်သည်။ အကယ်၍ အဖွဲ့အစည်းတခုခု၏ sopnsor ထောက်ပံ့မှုရှိခဲ့ပါက စားရိတ် ကျသင့်ငွေလျော့နည်းသွားမည်ဖြစ်
ပါသည်။

ဆက်သွယ်ရန်၊ စာရင်းပေးရန်၊ စုံစမ်းရန်
ကိုသန်းဆွေ ၀၉၀ ၄၉၆၄ ၉၇၁၈
ကိုကျော်ကျော်စိုး ၀၉၀ ၆၀၃၁ ၄၃၉၄
ကိုမိုင်ကျော်ဦး ၀၉၀ ၉၈၃၁ ၇၁၉၂
ကိုမင်းအောင်ခိုင် ၀၈၀ ၆၈၁၈ ၁၀၆၂
ကိုမြင့်ဆွေ။ ၀၈၀ ၄၁၅၅ ၆၀၉၉
မြန်မာ့ဒီမိုကရေစီကွန်ယက်/ Network for Democracy in Burma (NDB)

No comments:

Post a Comment