Thursday, June 28, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လူတစ်သန်းကြိုဆိုရေး campaign လုပ်ဆောင်နိုင်ရန် ပြည်သူလူထုအား ဖိတ်ခေါ်ခြင်း





















on Thursday, June 28, 
2012 at 12:33pm ·
မြန်မာ့သမိုင်းတွင် မော်ကွန်းထိုးရမည့်ဖြစ်စဉ်ကြီးများ ယနေ့ မြန်မာ့ပြည်တွင် ဖြစ်ပေါ်လျှက် ရှိပါသည်။
မိမိတို့ နိုင်ငံမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ချီးမြင့်သော ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်လ် ဆု အား နိုင်ငံ့ ဂုဏ်၊ မြန်မာ တမျိုးသားလုံး ကိုယ်စား ဆောင်ယူမြင့်တင်ကာ လက်ခံရယူအပြီး အလွန်ကြီးမြတ်လှသော တိုင်း ကမ္ဘာသိမွန်မြတ်လှသော ငြိမ်းချမ်းမှု ဆုတံဆိပ်များ၊ ကမ္ဘာ့ခေါင်းဆောင်များဧ။် မြန်မာ့နိုင်ငံရေးအပေါ် ကောင်းကျိုးသက်ရောက်စေမည့် ထောက်ခံအားပေးမှုများကို ဆောင်ယူပြီး နိုင်ငံ အနာဂတ် ရောင်ခြည်အလင်းများ တပွေ့တပိုက်ဖြင့် အမိမြေဆီသို့ ယခုရက်ပိုင်း အတွင်း ဆိုက်ရောက်တော့မည်ဖြစ်ပါသည်။ လာမည့် 30 ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ လူထုခေါင်းဆောင်ကြီး ရောက်ရှိ ခြေချတော့မည်ဖြစ်ပါသည်။
သမိုင်းတခေတ်တွင် တကြိမ်တခါမျှသာ ကြုံဆုံခွင့် ရနိုင်သော ယခု ကဲ့သို့ ထူးခြား အံ့ဘနန်း အဟုန် အရှိန်ပြင်းစွာ ဂုဏ်ယူလေးစားဖွယ်  အောင်ပွဲခံ အပြန်ခရီးကို မြန်မာပြည်ကိုချစ်သော မြန်မာ့ အနာဂတ် အရေးကို စိတ်ဝင်စားသော ပြည်သူပြည်သား မြန်မာနိုင်ငံသားများ အနေဖြင့် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လမ်းခရီးတလျောက် စောင့်ဆိုင်းကြိုဆို ဂုဏ်ပြုခြင်းဖြင့် မြန်မာဟူသည် ဒီလို ဟု  ဇာတိဂုဏ်ပြသကြပါရန် လှုံ့ဆော်တိုက်တွန်းပါသည်။
မြန်မာ့ဂုဏ်ဆောင် မြန်မာ့ လူထုခေါင်းဆောင်ဧ။် အောင်ပွဲခံအပြန်ခရီး အား လေဆိပ်မှ နေအိမ်ထိ အပြန်ခရီး တလျောက် ရန်ကုန်မြို့နှင့် အမေစုကို မြတ်နိုးသူများ စုဝေးရောက်ရှိ စနစ်တကျ စီတန်း ကြိုဆိုကြမည် ဆိုပါလျှင် လေဆိပ်မှာ တက္ကသိုလ် ရိပ်သာ လမ်းတလျောက် စနစ်တကျ စီတန်း စောင့်ဆိုင်း ကြိုဆို နှုတ်ဆက်ကြမည် ဆိုပါလျှင် လူဦးရေ သန်းနှင့် ချီပြီး ကြိုဆိုနိုင်မည်ဖြစ်သည် ။
ညီညွတ်စည်းကမ်းရှိစွာ ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြင့် ကမ္ဘာတွင် ထင်ရှားသော လူထုကြိုဆိုပွဲကြီး တခုဖြစ်လာမည်သာ မက မြန်မာ့ အနာဂတ် နိုင်ငံရေးတွင် လက်ရှိ သမတကြီး ဦးသိန်းစိန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အတူတကွ ဦးဆောင်ပြီး နိုင်ငံသားတိုင်း မျှော်လင့်တောင့်တ နေသည့် အသွင်ပြောင်း ဖြစ်စဉ်များကို အပြုသဘောဖြင့် ၀ိုင်းဝန်းကူညီထောက်ခံပေးရာလည်း ရောက်မည်ဖြစ်သည်။
.......
ကျနော်တို့ ပြည်တွင်းက လူငယ်များ အတွက် မဟာလှုပ်ရှားမှု တခုလည်း ဖြစ်မည့် ယခု ကမ်ပိန်းအား အဖွဲ့အသီးသီး၊ နယ်ပယ် အသီးသီးမှ မြန်မာ့ အနာဂတ်ကို ၀ိုင်းဝန်းတည်ဆောက်ကြမည့် မျိုးချစ်သူတိုင်း ငြိမ်းချမ်းစွာ ပါဝင်ဆင်နွဲနိုင်ပါသည်။
(ဒေါ်အောင်ဆန်းစုကြည်ကို လူတစ်သန်းကြိုဆိုရေး campaign  ) အမည်ဖြင့် လူထုခေါင်းဆောင် ပြည်ပခရီးမှ အပြန် လေဆိပ်ဆိုက်ရောက် ချိန်မှ နေအိမ်သို့ အပြန်လမ်းခရီးတလျောက်တွင် ရန်ကုန်တိုင်းဒေသ တခွင်မှ ပြည်သူလူထု သန်းနဲ့ချီပြီး စောင့်ဆိုင်းကြိုဆိုစေလိုသော ကမ်ပိန်း ဖြစ်မြောက်ရေး တပိုင်တနိုင် မိမိတို့နိုင်ရာမှ အားလုံး ပါဝင် လုပ်ဆောင်နိုင်ပါရန် တိုက်တွန်းနိုးဆော်ပါသည်။  ယခု သတင်းအားလည်း လက်ဆင့်ကမ်း အမြန်ဆုံး ဖြန့်ဝေ ပူးပေါင်းပါဝင်နိုင်ပါရန် တိုက်တွန်းအပ်ပါသည်။


ကျနော့် ဖုန်းနံပတ် 0949328559 ။ လူငယ်ကျောင်းသားခေါင်းဆောင် ကိုဝေလု ဖုန်းနံပတ် 09450037685ေ တို့ကိုခေါ်ဆိုပြီး သိရှိလိုသည်များကို မေးမြန်းနိုင်ပါသည်။

ပြည်သူလူထုအား လေးစားစွာဖြင့်

နေမျိုးဇင်  ( မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်)

No comments:

Post a Comment