Monday, June 4, 2012

ပန်းရဲ့လမ်း ကွန်ယက်နဲ့ အတူ စစ်ဘေးငြိမ်းချမ်းရေး ရန်ပုံငွေ ရှာဖွေပွဲမှာသီဆိုခဲ့တဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ရဲ့ မျက်ရည်မဲ့ သီချင်း


တင်္လာနေ့၊ ဂျွန်လ ၄၊ ၂၀၁၂


http://soundcloud.com/nyi-nyein/d3e4aegcndos
ဒီကနေ့ ရန်ကင်းစင်တာရှေ့ ပန်းရဲ့လမ်း ကွန်ယက်နဲ့ အတူ စစ်ဘေးငြိမ်းချမ်းရေး ရန်ပုံငွေ ရှာဖွေပွဲမှာ ဒီသီချင်းလေးကို ကိုမင်းကိုနိုင် တို့ အရှေ့မှာ ဂုဏ်ပြု ဖျော်ဖြေခဲ့ပါတယ်။ ပရိတ်သတ်ကလည်း အားပါးတရ အားပေးလက်ခုပ်တီးကြလို့ ကျနော် စိတ်အလွန်ကြည်နူးမိပါ...တယ်ခင်ဗျား
တီးခတ် စီစဉ်သူ ဂီတမှူး ကိုဝင်းကျော် ။ တေးရေးဆရာ ကိုသားဖေထင်။ တေးဆို ဗိုလ်ကြီးဟောင်း နေမျိုးဇင် အားလုံးလိုချင်သည်မှာ ငြိမ်းချမ်းရေး။ မျက်ရည်မဲ့သော အဖမဲ့ သားသမီးလေးတွေ နောက်ထပ် ပေါ်မလာစေဖို့ ပြည်တွင်းစစ်ကို ရပ်ကြဖို့ တိုက်တွန်းတောင်းဆိုသည့် သီချင်းလေးဖြစ်ပါသည်။
ဖခင်မဲ့သွားတဲ့ ကလေးလေးတွေဘ၀ ကိုယ်ချင်းစာတတ်ပါသလား ။ လမင်း လေး အလင်းပျောက်နေခိုက် အမှောင်မိုက်မှာ ငိုစရာမျက်ရည်မဲ့တဲ့ သားလေးတွေဘ၀၊ အမိမဲ့ အဖမဲ့ ဘာကြောင့်ဖြစ်ရတာလဲ။ ပြည်တွင်းစစ်မှာ စစ်ခင်းရင်း အသက်တွေ ပေးသွားခဲ့ရတဲ့ အဖေတွေ အတွက် သားသမီးလေးတွေ နေရာကနေ စာနာစိတ်နဲ့ ဒီသီချင်းလေးကို ဆိုမိပါတယ်။ မျက်ရည်မဲ့သော သားသမီးလေးတွေ ဘ၀ မဖြစ်စေချင်ရင် အဖေဖြစ်သူတွေ တိုင်းရင်းသားချင်း စစ်မခင်းပါနဲ့ တမြေတည်းသားချင်း မသတ်ဖြတ်ကြပါနဲ့။ ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါ။ ငြိမ်းချမ်းရေးကို အမြန်ဆုံး တည်ဆောက်နိုင်ကြပါစေ။


" ဦးမင်းကိုနိုင် ၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ၊ STA မောင်နှများ နှင့်ကချင် စစ်ဘေးသင့်သားခြင်းများ အတွက် ဂီတဖျော်ဖြေပွဲတွင်

ဗိုလ်ကြီးဟောင်း နေမျိုးဇင်

No comments:

Post a Comment