Monday, June 4, 2012

၇၄ အလုပ်သမား အရေးအခင်း (၃၈)နှစ်မြောက်နှစ်ပတ်လည်နေ့ 

နေ့ စွဲ 3.6.2012
  
   ၇၄ အလုပ်သမား အရေးအခင်း (၃၈)နှစ်မြောက်နှစ်ပတ်လည်နေ့ 
                                 နှင့်
 ကျောင်းသားလှုပ်ရှားမှု အထိမ်း အမှတ်အခမ်းအနားအတွက် ဖိတ်ခေါ်စာ

၁၉၇၄-ဇွန်လ အလုပ်သမားအရေးအခင်း၊ ၁၉၇၄ ဒီဇင်ဘာဦးသန့် အရေးအခင်း၊၁၉၇၅ဇွန်လ အလုပ်သမားသပိတ်နှစ်ပတ်လည် အရေးအခင်း(ခေါ်)ေ၇ွှတိဂုံအရေးအခင်း၊၁၉၇၆ မတ်လ မှိုင်း ရာပြည့် အရေးအခင်း စသည့် မဆလ စစ်အာဏာရှင်တို့ အား ဆန့် ကျင်အံတု တောင်းဆိုတိုက်ပွဲဝင်ခဲ့သည့် ၇၄-၇၅-၇၆ အလုပ်သမား ကျောင်းသား အရေးအခင်းကြီး (၄)ခုနှင့် နိုင်ငံရေးလှုပ်ရှားမှုများ မြစ်ဖျားခံဖြစ်သော ၇၄ အလုပ်သမားသပိတ်ကြီး အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး၊ အဆိုပါသပိတ်ကြီး အကြမ်းဖက် ဖြိုခွဲ လုပ်ကြံခံရသည့် ၃၈နှစ်မြောက်နှစ်ပတ်လည်နေ့ အဖြစ်၎င်း၊  ၇၄-၇၅-၇၆ အရေးအခင်းကြီး (၄)ခုနှင့် ထိုအရေးအခင်းများကို အကြောင်းပြုဆက်နွယ်ပေါ်ပေါက်ခဲ့သည့် မဆလ စစ်အာဏာရှင်ဆန့် ကျင်ရေး နိုငိငံရေးလှုပ်ရှားမှုများအား အောက်မေ့ သတိရသည့်အထိမ်းအမှတ်ဖြင့်၎င်း ၊လာမည့် ၂၀၀၂ ဇွန်လ (၆)ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် သို့ တက်ရောက်ရန် ပြည်တွင်းနိုင်ငံရေးအင်အားစုများနှင့် လုပ်ဖော်ကိုင်ဖက်များအားဖိတ်ကြားထားပြီးဖြစ်ပါသည်။
အဆိုပါအခမ်းအနားသို့  ကိုယ်တိုင်တက်ရောက်နိုင်ခြင်းမရှိသည့် ပြည်ပမှ အဝေးရောက်နိုင်ငံရေး အင်အားစုများနှင့် စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့ ၇၄-၇၅-၇၆ နိုင်င်ငံရေး အင်အားစုများ ပါဝင်လှုပ်ရှားခဲ့သည့် အဆိုပါ နိုင်င်ငံရေးလှုပ်ရှားမှု ဖြစ်စဉ်များအား အသိအမှတ်ပြုသည့် အနေဖြင့်၎င်း ၊ အမှတ်တရဂုဏ်ပြုသည့် အနေဖြင့်၎င်း ၊ ဂုဏ်ပြုသ၀ဏ်လွှာဖြစ်စေ ၊ အမှာစကားတစ်ရပ်ရပ်ကို ဖြစ်စေ ၊ အွန်လိုင်းမှတစ်ဆင့်ပေးပို့ ပါရန် လေးစားစွာ ပန်ကြားဖိတ်ခေါ် အပ်ပါသည် ။
အသေးစိတ် သိရှိလိုပါက အောက်ပါ ပုဂ္ဂိုလ်များနှင့် ဖုံးနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
၁။ ဦးကျော်အောင်  09-5026450
၂။ဦးဝင်းကျော်       09-73005455
၃။ဦးအောင်ထိုက်    09-43107460
၎။ဦးအေးကျော်     09-43133906

၇၄-၇၅-၇၆ နိုင်ငံရေး အင်အားစုများ

No comments:

Post a Comment