Friday, June 15, 2012

အမေဆီသို့ လက်ဆောင်ကဗျာ ဆုချွေလွှာ





အမေဆီသို့ လက်ဆောင်ကဗျာ ဆုချွေလွှာ


ဘေးပြောတဲ့ စကား မယုံထား
သွေးပြောတဲ့ စကား အသည်းကြား
နှလုံးသားနဲ့ ပေါင်းစပ်လို့ထား 
ဒို့မျိုးရိုး အာဇာနည် အောင်ဆန်းသွေးပေမို့ 
ဒို့ အမေစကား
ဒို့သွေးသားတို့ ထာဝရ ယုံကြည်..။


ကဲ ဘာတဲ့လဲ....
လောကရဲ့ အထောင်းအထုကို
အကြောင်းပြုရှာမလား
ချီးမွှမ်းမလား ကဲ့ရဲ့မလား
လောကကြီးကို ကစောင်းတင်တဲ့
တစ်စေ့တစ်ဆောင်း မမေ့ကြောင်းမို့ 
အမေသွားရာ …ဆုမိုးရွာလို့ 
အောင်ဆန်းတဲ့ ဗိုလ်ချုပ်သမီး လျှောက်လမ်းတဲ့ခရီး
ဖြောင့်ဖြူးသာယာ ဥရောပမှာ
သတင်းလည်းမွှေး လူခပင်းလည်း အားပေး
လူမွေး လူတောင် အရောင်တောက်စေဖို့
နှလုံးသားဖြူစင်တဲ့ အမေ့စိတ်ထား...

ဥရောပ အောင်မြေကိုနင်းလို့
အဆင်းလှလှ အတွင်းကျကျ
နိုဘယ်ဆုသာ အပိုင်သာရ 
ပြိုင်လာသူဟူသမျှ
မေတ္တာနဲ့ အနိုင်ရလို့..
အစွမ်းအစ ပြိုင်စံရှား
ဆုတွေနဲ့ ဒို့ အမေ ကို
ဥရာပ အင်္ဂလန် ကမ္ဘာအ၀ှမ်းမှာ
အမေ့သားကြီးများက 
ကြိုဆိုကြမယ်တအား..။

NLD ကိုဝိုင်းရံခြင်းဖြင့် မိမိတို့၏ အနာဂါတ်ကို ယုံကြည်မူများဖြင့် လှပစွာ တည်ဆောက်ကြပါစို့... အမေစု ဥရောပခရီးစဉ်သွားနေခိုက် သတိရလွန်းလို့ကျေးဇူးကြီးလွန်းလို့  စိတ်ကူးရလို့ ရေး လိုက်တာပါ...အမေရောက်တဲ့နေရာက ကြားပါစေဗျာ...။
ကိုထွန်းဝေ ဂျပန်။
Victor Tan စိန်ကျောက်ထက် ထိန်တောက်တဲ့ အမေစုရဲ့သတင်း တကမ္ဘာလုံးပျံ့သင်းနေပြီ...။အမေ့ရဲ့ဂုဏ်လည်း ၀သုန်မြေကြီး တုန်ဟီးနေပါပြီ...။အမေစုသွားရာခြေတလှမ်းလည်း ကုဋေတစ်သန်းမက တန်ဖိုါ်ကြီးလှပါပေတယ်..။ အမေအောင်စေ..အေးစေ..မေတ္တာကမ္ဘာဝေ...။ တက္ကသိုလ်ဘုန်းကြွယ်...။

No comments:

Post a Comment