Friday, June 15, 2012

ရိုဟင်ဂျာအရေး ဒေါ်အောင်ဆန်းစုကြည် ဖြေကြားချက်

Friday, June 15, 
2012

ILO က ဆွေးနွေးပွဲမှာ .. ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားတွေလို သတ်မှတ်ပါသလား ဆိုတဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည် ဒီလိုဖြေခဲ့ပါတယ်..
ဇွန် ၁၄၊ ဥရောပ၊ ဂျီနီဗာတွင် ပြုလုပ်တဲ့ ILO က ဆွေးနွေးပွဲမှာ .. ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားတွေလို သတ်မှတ်ပါသလား ဆိုတဲ့ မေးခွန်းကို ဒုတိယ အကြိမ် သတင်းထောက် တစ်ယောက်က ထပ်မေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဖြေခဲ့တာကတော့ …

“ပထမဖြေခဲ့သလို တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေးဟာ အရေးကြီးပါတယ်။ နိုင်ငံသား ဖြစ်ဖို့ဆိုတာ တိကျရှင်းလင်း ပြတ်သားတဲ့ နိုင်ငံသား ဖြစ်ပိုင်ခွင့် ဥပဒေ စပြီး လိုအပ်ပါယ်။ ဒီမှာ ပြောလိုတာက လက်တွေ့ ပြဿနာ အနေနဲ့ ရခိုင်ပြည်နယ် ပြဿနာကို ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ကျွန်မထင်ပြောရမယ် ဆိုရင် ပြဿနာ ဖြစ်ပေါ်တာကတော့ နှစ်နိုင်ငံ နယ်စပ် ဖြတ်ကျော်မှုကနေ ဖြစ်ပေါ် လာတာ ဖြစ်ပါ တယ်။


နှစ်နိုင်ငံ လုံးမှာ နယ်စပ် ဖြတ်ကျော် ဝင်ရောက်မှုကို ထိမ်းချုပ်နိုင်မှု အားနည်းပါတယ်။ ရခိုင် နယ်စပ်မှာ တရားမဝင် ဝင်ရောက်နေထိုင်သူတွေ ဝင်ရောက်နေမယ်ဆိုတာ သေချာပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု၊ လာဘ်စားမှုကင်းတဲ့ နယ်စပ် လူဝင်မှုထိမ်းသိမ်းရေးလိုအပ်နေပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည် က ဖြေကြားသွားခဲ့သည်။


ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံသားဥပဒေ နှင့် လူဝင်မှုကြီးကြပ်ရေးကိစ္စကို မနေ့က ILO ညီလာခံ မှာ ထောက်ပြ သွားပါတယ်။ ဒါပေမယ့် ဒေါ်စုရဲ့ သားနှစ်ယောက်လုံးကို ၁၉၉၆ မှာ မြန်မာနိုင်ငံကူးလက်မှတ်ကို ရုတ်ချည်းသိမ်းလိုက်ပါတယ်။ မြန်မာနိုင်ငံသားအဖြစ်ကနေ ရပ်ဆဲလိုက်ပါတယ်။

ဒါပေမယ့် ဦးအောင်ဆန်းဦးနှင့် ဒေါ်မေတ္တာဦး ကတော့ မြန်မာနိုင်ငံမှာ မနေပေမယ့် မြေ အဆောက်အဦ ပိုင်ဆိုင်ခွင့် ၊ တရားစွဲခွင့်တွေ ရှိပါတယ်။ ထိုနည်းတူစွာ ဦးခင်ညွှန့် သား ဦးရဲနိုင်ဝင်းရဲ့ စင်ကာပူနိုင်ငံသူ ဇနီးနဲ့ ရတဲ့ သားသမီး များကတော့ မြန်မာနိုင်ငံသား ဟုတ်မဟုတ် ဘယ်သူမှ မသိပါဘူး။ ( ဒီမိုဖက်တီး )

No comments:

Post a Comment