Tuesday, June 12, 2012

ပြည်သူ့အခက် စစ်တပ်အချက်














ဆောင်းပါးရှင်... ကျော်စွာ

ဘာသာရေး လူမျိုးရေးပြသနာများကို ဘယ်တုန်းကမှ ဆွေးနွေးလိုစိတ် မရှိခဲဘူး ။ ပိုဆိုးတာက ခုဖြစ်နေတဲ့ပြသနာတွေကိုလည်း နိုင်ငံရေးနဲ့ မဆိုင်ဘူး ကြုံရင် အစိုးရကို ဝေဖန်ဖို့လောက်ပဲ ရေးနေတယ်လို့ ယူဆစရာရှိလို့ မပြောဖြစ်အောင် နေတယ် ။ မနေနိုင်မထိုင်နိုင် ဖြစ်လာလို့ ပြောခြင်ရာပြောတော့မယ် ။ ရိုင်းဆိုင်းစွာ ဆဲဆိုလာတဲ့ အကောင့်တွေကိုလည်း ဘလော့သွားမယ် ။ မကျေနပ်လို့ ဘလော့ချင်တဲ့ သူများလဲ လွပ်လွပ်လပ်လပ် ဘလော့သွားကြပါ ။

ပထမဆုံး အချက်က - ပင်တဂွန်က စစ်ရေးပူတွဲလေ့ကျင့်မယ်ဆိုတဲ့ စကားမျိုး အရိပ်အမွတ်ထွက်လာကတည်းက ပြသနာလေးတွေ အကျယ်အကျယ် ဖန်တီးလာတာရှိတယ် ။ မြန်မာစစ်တပ်အနေနဲ့ ယူအက်စ်နဲ့ ပူတွဲလေ့ကျင့်မယ်ဆိုရင် ချိုင်နားကို ပြဖို့အတွက် reason ကောင်းကောင်းတစ်ခု မဖြစ်မနေလိုအပ်တယ် ။ ဒီမှာတင်ပဲ ရိုဟင်ဂျားအရေးမှာ အယ်ကိုင်းဒါတွေ ဆွဲသွင်းလာပြီး အထိကရုဏ်းက ပိုပိုကျယ်ကျယ်လောင်လောင်ဖြစ်လာတာပဲ ။

ဒုတိယအချက်က - ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ် ။ အမေရိကန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆက်ဆံရေး အနည်းငယ်တင်းမာနေတယ် ဆိုတာ မဝေဖန်သင့်တဲ့ အချိန်မို့ မပြောပဲ ဆိတ်ဆိတ်နေခဲ့ပါတယ် ။ အဲ့ဒီကိစ္စအတွက် နောက်များ အကြောင်းကြုံမှ ဆွေးနွေးပါဦးမယ် ။ ဆန်ရှင်ကိစ္စအတွက် ဒေါ်စုအထပ်ထပ်အခါခါ သတိပေးနေရက်နဲ့ ဒေါ်ကလင်တန် မျက်နှာပြောင်တိုက်ပြီး ဆန်ရှင်ဖွင့်ပေးခဲ့တယ် ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ယိုးဒယာခရီးစဉ်မှာ မြန်မာဟာ "တရုတ်နဲ့ အမေရိကန်ရဲ့ တိုက်ပွဲနေရာမဟုတ်ဘူးလို့ "ပေါ်တင်ပဲ ချဲလင်းခေါ်ခဲ့တယ် ။ ဆန်ရှင်ကိစ္စကို တရားဝင်ထုတ်ပြောတော့ ဦးသိန်းစိန်အစိုးရ ဆတ်ဆတ်ထိမခံနိုင်ဖြစ်သွားကြတာ ဟန်တောင်မဆောင်နိုင်တော့အောင်ပဲ ။ နောက် ဥရောပကို ခရီးစဉ် ဆက်ထွက်မယ် ။ ဒီကိစ္စကို ယူရိုထိပ်သီးခေါင်းဆောင်တွေနဲ့ ဆွေးနွေးနိုင်လိမ့်မယ်ဆိုတာ အစိုးရအနေနဲ့ ယုံမှားစရာမရှိဘူး ။ ဒေါ်စုကို ချန်လှပ်ပြီး အမေရိကန်နဲ့ ဇာတ်ပေါင်းခန်းရိုက်မယ့် ဦးသိန်းစိန်အစိုးရအနေနဲ့ ဒေါ်စုရဲ့ ဥရောပခရီးစဉ်ကို မပျက်ပျက်အောင် ဖျက်ဖို့အတွက် ဒို့တာဝန်အရေးသုံးပါနဲ့ အားသွန်ခွန်စိုက် ကြိုးစားလိုက်ကြတာ ဖယောင်းတိုင်ပြသနာမှာ ဦးကိုကိုလှိုင်လို နိုင်ငံတော် လူလည်ကြီးကတောင် လူတုံးစကားပြောပြီး ဒေါသမီးကို အစမွှေးပေးခဲ့သေးတယ် ။ မအောင်မြင်တော့ နောက်တဆင့်တက်လိုက်ပြီး ရခိုင်အရေးမှာ ကျော်ဆန်းက မွတ်စလင်ကုလားလို့သုံးပြီး လူမျိုးရေးကို ဇောင်းပေး ထပ်ဆင့်ကူညီခဲ့တယ် ။ သမ္မတရုံးကလူက ဖဘမှာ သွေးဆူစရာပုံတွေတင်ပြီး သတင်းမှားတွေ ဆက်တိုင်လွှင့်တယ် ။ အယ်လ်ကေဒါနဲ့ ဆက်နွှယ်တဲ့ လက်နက်ကိုင်အကြမ်းဖက်သမားတွေနဲ့ စစ်တပ်တို့ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေတယ်ဆိုတဲ့သတင်းမျိုးတွေ လူအင်အားဘယ်လောက်ဘယ်လောက်နဲ့ လက်နက်ကိုင် ဘင်င်္ဂါလီတွေ လာနေကြပြီဆိုတဲ့ သတင်းမျိုးတွေ ကို တာဝန်ယူစိတ်ကင်းမဲ့စွာ လှုံဆော်ရေးသားနေတယ်။ ဒီလောက် မီဒီယာအားကောင်းနေတဲ့ ဖဘမှာ ဓါတ်ပုံတစ်ပုံမှ တက်မလာဘူးး ။

နောက်ဆုံးတစ်ချက်က ပြည်သူ့အခက် စစ်တပ်အချက်ဆိုသလိုပဲ တစ်ချိန်မှာ ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်အောင် ကြိုးစားပါ့မယ်လို့ ကတိပေးခဲ့တဲ့ ကာလုံမင်းအောင်လှိုင်အနေနဲ့ ဒီနည်းလမ်းနဲ့ ပြည်သူ့အချစ်ကို ပြန်ရဖို့ ဟန်ရေးဝင်ပြနေတယ် ။ လက်နက်ကိုင် လူအင်အား၂၀၀ ကျော်လောက်ရှိတဲ့ အကြမ်းဖက်သမားတွေကို တပ်အင်အား ၆ထောင်လောက်ရှိတဲ့ မြန်မာစစ်တပ်က  လေတပ် အကူအညီယူလိုက် ရေတပ်အကူအညီယူလိုက် လုပ်ပြပြီး ထိထိရောက်ရောက် မနှိမ်နင်းပြသေးဘူး ။ မြို့ထဲမှာ လူတွေသေနေရတယ် အိုးအိမ်တွေ စွန့်ခွာပြီး ထွက်ပြေတိမ်းရှောင်နေရတာ ကိုယ့်ရေ ကိုယ့်မြေ ကိုယ့်နိုင်ငံမဟုတ်တဲ့ အတိုင်းပဲ ။ အခြေအနေတွေက တစ်နေ့တခြား ပိုပို ဆိုးဝါလာတယ် ။ စက်တင်ဘာမှာ တစ်ရက်တည်းနဲ့ ငြိမ်ဝပ်ပိပြားနေအောင် သံဃာပါမချန် ကျောင်းသားအဆုံး ပစ်ခတ်ဖမ်းစီးပြီး ရက်ရက်စက်စက် ထိန်းသိမ်းနိုင်ခဲ့တဲ့  မြန်မာစစ်တပ်ရဲ့ အပစ်အခတ်ဟာ ရခိုင်မှာတော့ နှာဆေးနေသလား အိပ်ငိုက်နေသလားလို့တောင် ထင်မှတ်ရတယ် ။

ဒါဟာ တစ်ဖက်သတ် သံသယကြီးနေတာ မဟုတ်ပါဘူး ။ ဦးနေ၀င်း အာဏာသိမ်းပြီး စတတ်တဲ့အချိန်လောက် တပ်မတော်အပေါ် ပြည်သူချစ်တဲ့ အချိန်ဟာ မရှိခဲ့သေးဘူး ။ ရောင်စုံသူပုန်တွေကို အပြီးသတ်နှိမ်နှင်းပြပြီး ပြည်သူဘက်က မားမားရပ်ပြခဲ့တာကိုး ။ မေးစရာရှိတာက ပြည်တွင်းမှာ ထိန်းမနိုင်သိမ်းမရ  စစ်မီးတွေ ဒီလောက် တောက်လောင်နေတဲ့အချိန်မှာ တပ်မတော်က ဘယ်ဆီမှာများ အိပ်စက်နေပါလဲလို့ ။ နောက်ဆုံး ပြည်တွင်းအတိုက်အခံ လက်နက်ကိုင် အင်အားစုတွေ မင်းဓမ္မကုန်းထိ အောင်မြင်စွာ သိမ်းပိုက်လာနိုင်မှ အာဏာထသိမ်းပြီး တပ်မတော်ဝင်လာပြီဆိုကြေငြာ အပြတ်တိုက်ထုတ်လိုက်တာ အကုန်ပြောင်ရှင်းသွားတာပဲ ။ အဲ့လိုမျိုး အလားသဏ္ဍန်မျိုးတွေ ခုချိန်မှာ ထပ်မံပြုလုပ်ပြီး ပြည်သူ့အသည်းစွဲဖြစ်အောင် ကြံစည်နေကြတုန်းပဲ ။ တပ်မတော်ကို ပြည်သူယုံကြည်တာ ၊ လေးစားတာ ၊ ချစ်မြတ်နိုးတာဟာ နိုင်ငံတနိုင်ငံအတွက် မရှိမဖြစ်ကို လိုအပ်တဲ့ အရာတစ်ခုဆိုတာာ အကြွင်းမဲ့ ထောက်ခံတယ် ။ ဒါပေမယ့် တပ်မတော်ကို ပြည်သူက ချစ်ဖို့အတွက်နဲ့တော့ အပြစ်မဲ့တဲ့ ပြည်သူအပေါင်းရဲ့ အသက်တွေ စတေးပေးစရာမလိုပါဘူး ။ ရိုးရိုးသားသားတာ ပြည်သူတွေဖက်က ရပ်တည်ချင်တယ်ဆိုရင် ရခိုင်အရေးမှာ ဒီ့ထက်ပိုပြီး ထိထိရောက်ရောက် ထိန်းသိမ်းလို့ရပါတယ်  ။ ကျူးကျော်သူတွေကို ပြတ်ပြတ်သားသား အရေးယူလို့ရတယ် ။ လူ့အခွင့်အရေးဗန်းပြနေတဲ့ အခြားနိုင်ငံတွေကိုလည်း ဂရုစိုက်စရာမရှိပါဘူး ။ အခြားနိုင်ငံတစ်နိုင်ငံမှ ဒုက္ခသည်တွေကို တိုင်းရင်းသားအဖြစ်လက်ခံပြီး နိုင်ငံသားဖြစ်ခွင့်ပေးမှသာလျှင် လူ့အခွင့်အရေးဆိုရင် ပထမဆုံးသက်သေပြတဲ့အနေနဲ့ အမေရိကန်က ကျူးဘားနဲ့ မက္ကစီကိုလူမျိုးတွေကို  ဘာအဟန့်အတားမှ မပြုလုပ်ပဲ နိုင်ငံသားဖြစ်ခွင့်အရင်ပေးရပါလိမ့်မယ် ။ ထားပါ ဒါက ပြင်ပနိုင်ငံတွေရဲ့ သဘောထားပါ ။ ကျနော်တို့ရဲ့ ပြသနာက ကျနော်တို့နဲ့ပဲဆိုင်ပါတယ် ။ မြန်မာလူမျိုးတွေကို ကာကွယ်ပေးရမှာက မြန်မာစစ်တပ်ရဲ့ အလုပ်ပဲ ။ ပြသနာကို မီးစမွှေး အကျယ်အကျယ်ချဲ့ ထိန်းမနိုင်သိမ်းရ ဖြစ်လာမှ အမည်ကောင်းဝင်ယူပြီး မောင်းဖြုတ်ချတတ်တဲ့ အစိုးရရဲ့ ဥာဏ်နီဥာဏ်နက်တွေကတော့ ရပ်တန်းက ရပ်သင့်နေပါပြီ ။

ကိုယ့်လူမျိုး ကိုယ်ဘာသာကို ကာကွယ်ဖို့ ကိုယ့်နိုင်ငံသားတွေရဲ့တာဝန်ပဲ ။ ဒါပေမယ့် ဘယ်လို ကာကွယ်ရမယ်ဆိုတာကိုတော့ သိတိလေးနဲ့ ဆင်ခြင်စေချင်ပါတယ် ။ လက်နက်နဲ့ ကာကွယ်တာကတော့ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ တပ်မတော်နဲ့သာ သက်ဆိုင်ပါတယ် ။ ပြည်သူတွေအနေနဲ့ အမုန်းတွေ နာကျည်းချက်တွေနဲ့ ဂလဲ့စားခြေ ပြန်လည်လက်တုန့်ပြန်မယ်ဆိုရင်တော့ ပဌိပက္ခတွေဟာ ဘယ်တော့မှ ပြေလည်မှာ မဟုတ်ပါဘူး ။ အာဖရိက ၊ ဘော့စနီးယား ၊ ဂျော်ဂျီယာ ဆူဒန်က ဒါဖာအရေးတွေကိုပဲ ချိန်ထိုးပြီး သတိလေးချပ်ကြပါ ။ လူမျိုးသုန်း သတ်ဖြတ်ခြင်းအားဖြင့် ဘယ်သူမှ အောင်မြင်မှုရမှာမဟုတ်ပါဘူး ။ ဘယ်လူမျိုးမှလည်း သုန်းသွားမှာ မဟုတ်ပါဘူး ။ ပြသနာကို တည်တည်ငြိမ်ငြိမ်နဲ့ တုန့်ပြန်မှု မှန်ကန်မှသာ အောင်မြင်မှု့ရနိုင်တာမျိုးမို့ ဒေါသမီးကိုခဏခွာပြီး အရှိအတိုင်မြင်အောင်ကြည့်လို့ အန္တရာယ်ကို တားဆီးကြပါစို့ ။

(( ကျနော်လည်း နာကျင်ရပါတယ် ၊ ခံစားရပါတယ် ၊ လက်တုန့်ပြန်ချင်စိတ်လေးတွေပေါ်မိပါတယ်ဆိုတာတော့ အမှန်အတိုင်း ၀န်ခံပါတယ် ။ လူမှန်ရင်တော့ ကိုယ်အမျိုး ကိုယ်ချစ်တဲ့ အစွဲကတော့ ရှိကြတာပါပဲ ။ ဘာအစွဲ ညာအစွဲ လူမျိုးစွဲမရှိဘူးလို့ပြောတာဟာ မုသားသက်သက်ပါပဲ ။ ပုထုဇဉ်ပီပီတော့ အစွဲလေးတော့ရှိကြမှာပါပဲ ။ ဒါပေမယ့် ဗုဒ္ဒဘာသာပီပီ ပညာ ရယ် ဥာဏ် ရယ်ကို သတိလေးကပ်ပြီး ဆင်ခြင်ကြပါဆို့ တုန့်ပြန်ကြပါစို့ )))

No comments:

Post a Comment