Friday, June 29, 2012

နိုဗဲလ်ဆုရှင် ဒို့မိခင်

တီးခတ်စီစဉ်သူ ကိုဝင်းကျော် GTX ဖြစ်ပြီး ရေးစပ်သူမှာ သံစဉ် ကိုဝင်းကျော်နှင့် ကိုနေမျိုးဇင် တို့ တွဲဖက်ရေးစပ်သီဖွဲ့ ထားခြင်းဖြစ်ပါသည်။ သီဆိုသူမှာ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ ညှိနှိုင်းဆောင်ရွက်သူ (ဗိုလ်ကြီးဟောင်း) ကိုနေမျိုးဇင် ဖြစ်ပါသည်။ မြန်မာ့ဂုဏ်ဆောင် နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လှည်းနေလှေအောင်း မြင်းဇောင်းမကျန် သောင်းဖြညီညီ ကြိုပါမည့် အကြောင်း ဖိတ်ခေါ်ခြင်းဖြစ်ပါသည်။

 မြန်မာ့ဂုဏ်ဆောင် နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လှည်းနေလှေအောင်း မြင်းဇောင်းမကျန် သောင်းဖြညီညီ ကြိုပါမည့် အကြောင်း ဖိတ်ခေါ်ခြင်းဖြစ်ပါသည်။
   ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် လူထုခေါင်းဆောင်သည် ..... အောင်ပန်းလွှင့်လို့ ဒို့များ အမိမြေ ပြန်လာခဲ့ပါပြီ။ ညီညာဖျဖျ ကြိုဆိုကြမည်။ တူယှဉ်ကာဆုံမည်။ နိုင်ငံရေး စနစ်သစ် အသွင်ပြောင်းခဲ့ပြီး နိုဗဲလ် ဆုရှင်သည် .......မျှော်မှန်းချင့်လို့ နိုင်ငံသစ်ဆီ သူချီတက်လေပြီ၊ မြန်မာ အမျိုးသားတို့ ဂုဏ်ယူကြသည်။ ညီညာစွာ ကြိုမည် ချစ်သည်။ ဟေ့ ဟေ့ လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။ ....လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။ ....လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။ ........လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့တွေကြိုကြမည် ။ ...............ပေးပို့ သူ ဖန်တီးရှင် နေမျိုးဇင်

No comments:

Post a Comment