Saturday, May 12, 2012

ဦးဝင်းတင်ဖေါင်ဒေးရှင်း ဒုတိယအကြိမ် ကူညီထောက်ပံ့.....

ဦးဝင်းတင်ဖေါင်ဒေးရှင်း ဒုတိယအကြိမ် ကူညီထောက်ပံ့.....

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ ဖေါင်ဒေးရှင်းက ဒုတိယအကြိမ်ကူညီထောက်ပံ့ရေး အစီအစဉ်ကို ဒီကနေ့ ရန်ကုန်မြို့က
တော်ဝင်နှင်းဆီခြံမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီတခေါက် ထောက်ပံ့မှုမှာ လက်ရှိထောင်ထဲမှာ ကျန်နေတဲ့ နိုင်ငံရေး
အကျဉ်းသား (၂) ဦး အပါအဝင် နိုင်ငံရေး အကျဉ်းသားဟောင်း (၇ ) ဦးနဲ့ အတူ လွတ်လပ်ရေး ကြိုးပမ်းမှုကာလက နေသူရိန်ဇာတ်ရုံ ပိုင်ရှင် ဖြစ်ခဲ့ပြီး လက်ရှိ ကျန်းမာရေး ချို့တဲ့နေသူ ဒေါ်ကြည်ကြည် ကို ကူညီထောက်ပံ့
လိုက်တယ်လို့ ဦးဝင်းတင်က RFA ကိုပြောပါတယ်။

"အားလုံးပေါင်း ၉ ယောက်ရှိတယ်ဗျ။ ငွေပေါင်းက ၃၇ သိန်းပေးလိုက်တယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ပ်တယ်။ လက်ရှိ အကျဉ်းကျနေတဲ့
သူတွေ ပါတယ်။ ဒါ့အပြင် တစ်ဦးကတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ တုန်းက လုပ်ခဲ့တဲ့ နေသူရိန်ရုံကြီးရဲ့ ပိုင်ရှင်ဟောင်း ဒေါ်ကြည်ကြည်ဆိုတဲ့ အမျိုးသမီးကို ဆေးကုနေရတဲ့အတွက် ကျွန်တော်တို့ သူ့ကိုလည်း
ပေးတယ်ပေါ့။"

လားရှိုးအကျဉ်းထောင်မှာ ရှိနေတဲ့ ကိုမင်းအောင်ကို ၅ သိန်းထောက်ပံ့ပြီး၊ ကလေးထောင်မှာ ရှိနေတဲ့ ကိုအေးအောင်ကို ၃ သိန်း ထောက်ပံ့တယ်လို့ ဆိုပါတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ထဲကတော့ ဦးကြည်သန်း၊ ဦးမောင်ကြီး၊ ဦးဝင်းမောင် ခေါ် စာရေးဆရာ စောသစ်ဝေ၊ ဦးတင်ငွေ ခေါ် စာရေးဆရာ နီဟိန်း၊ ဦးသိန်းထွန်း ခေါ် ကဗျာဆရာ မောင်ရေပြာ၊
ဒေါ်ပြုံးပြုးအေးနဲ့ ကိုဇာနည်တို့ကို ထောက်ပံ့လိုက်တယ်လို့ သိရပါတယ်။
RFA Burmese..
http://htwduwintinfoundation.blogspot.jp/2012/05/blog-post.html

No comments:

Post a Comment