Thursday, July 26, 2012

အခုတော့ ရှင်းသွားပြီ



ဓာတ်ပုံ- The Telegraph

မြောက်ကိုရီးယား ခေါင်းဆောင်သစ် ကင်ဂျုံအမ်ဟာ ဟိုတလောက လူမြင်ကွင်း ပွဲတက်လာတော့ သူ့ဘေးက မိန်းကလေးနဲ့ပတ်သက်ပြီး လူတွေ ဝေဖန်ခန့်မှန်းပြောဆိုမှုတွေ အခုတော့ အဆုံးသတ်သွားပါပြီ။



မြောက်ကိုရီးယား ရဲ့ နိုင်ငံပိုင် ရေဒီယိုကနေ အပန်းဖြေစခန်း တခု ဖွင့်ပွဲကို ကင်ဂျုံအမ်နဲ့ အတူ ဇနီးသည် Ri Sol-ju တို့ အတူ တက်ရောက်ပါတယ်လို့ ကြေညာခဲ့ပါပြီ။



မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ အိမ်ထောင်ရေး နဲ့ပတ်သက်ပြီး အတိအလင်း လူသိရှင်ကြား ပြောဆိုမှုအရင် က မရှိခဲ့ပါဘူး။ ဆံပင် တိုတို သေသေသပ်သပ်နဲ့ ၀တ်စားထားတဲ့ ကင်ဂျုံအမ်ရဲ့ ဇနီးသည်ဟာ တကယ့်တော့ သူနဲ့ ငယ်ရည်းစား တယောက်လည်းဖြစ်ပါတယ်တဲ့။

ဖခင် ခေါင်းဆောင်ကြီး ရှိစဉ်က သဘောမတူ ခဲ့လို့ ဝေးခဲ့ရတာကို အခုမှ ပြန်ပေါင်းထုတ်နိုင်ကြတာလို့ သတင်းတွေ က ဆိုနေပါတယ်။

တကယ်တော့ မြောက်ကိုရီးယားဟာ အမြဲပဲ ပိတ်ဆို့ထားတဲ့နိုင်ငံဖြစ်တော့ ဘာမဆို မရှင်းမရှင်း ဖြစ်လေ့ရှိပါ တယ်။ ဒါကြောင့်ပဲ အခုလို နိုင်ငံခေါင်းဆောင်ရဲ့ အိမ်ထောင်ရေးကိစ္စဟာ သတင်းဖြစ်နေတာပါ။
မရှင်းမရှင်းတဲ့ နိုင်ငံတွေမှာ ဒါမျိုးတွေ သတင်းဖြစ်တဲ့သဘောပါဘဲ။





CyberAttack တိုက်ခိုက်မှု



Myo Thant's 

www.planet.com.mm အား CyberAttack တိုက်ခိုက်မှုဖြစ် မြန်မာ Web-Site များ နှင့် Sever များ Security ပိုင်းကို ပညာရှင်များ စောင့်ကြည့်ကာကွယ်သင့်

နေပြည်တော် ဇူလိုင် ၂၆

မြန်မာနိုင်ငံ၏ အင်တာနက်စာမျက်နှာ Webpage လောကတွင် အသုံးဝင်သော တစ်ခုဖြစ်သည့် www.planet.com.mm အား ယမန်နေ့ ည ၁၁ နာရီ ကျော်ခန့်တွင် အမည်မသိ Hacker တစ်စုမှ တိုက်ခိုက် ခဲ့ပါသည်။

တိုက်ခိုက်ပုံမှာ www.planet.com.mm စာမျက်နှာအား ဖွင့်လှစ်မရတော့ဘဲ ၄င်းတို့ဖော်ပြလိုသော HACKED BY AKINCILAR ဟူ၍ ပုံတစ်ပုံတွင် ၄င်းတို့ ကြွေးကြော်စာများနှင့်အတူ ပေါ်နေပြီး KUDUSGUNU.MP3 သီချင်းတစ်ပုဒ်အား MP3 ဖိုင်ဖြင့် Download ပေးထားပါသည်။

တိုက်ခိုက်ခံရလျှင်ခံရခြင်းစစ်ဆေးကြည့်ရာ ၄င်းတို့သုံးထားသော ပုံမှာ တူရကီနိုင်ငံရှိ Hosting Site တစ်ခုမှတင်ထားခြင်းဖြစ်ပြီး ဖြန့်ဝေသော KUDUSGUNU.MP3 သီချင်းအား NGO ဆိုဒ် တစ်ခု၏ Sever မှသုံးဆွဲ UPLOAD တင်ထားကြောင်း သိရှိရပါသည်။ အသေးစိတ် တိကျသော အချက်များကို ဆက်လက် စစ်ဆေး ဆောင်ရွက်နေကြောင်း အသိပေး အပ်ပါသည်။

www.planet.com.mm အနေဖြင့်လဲ သတင်းများ နှင့် အခြားကဏ္ဏများကို www.Facebook.com တွင်အချိန်နှင့်တစ်ပြေး ညီ ဆက်လက် လွှင့်တင်သွားမည်ဖြစ်ပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ Intrnet Website များ နှင့် Sever များ၊ Internet ချိတ်ဆက်ထားသော Bank Sever များအနေဖြင့် Security ပိုင်းတိုးမြှင့်ထားကြရန်လိုအပ်ပြီး ပညာရှင်များဖြင့် ပူးပေါင်း ကြိုတင် ကာကွယ်ထားကြရန်လိုအပ်ပါသည်။
ပေးပို့ သူ ကိုမျိုးသန့် 

၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ဃန်းကပ်လှူပူဇော်ပွဲမှာ အသုံးပြုမယ့် ရင်ထိုးတံဆိပ်။

၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ဃန်းကပ်လှူပူဇော်ပွဲမှာ အသုံးပြုမယ့် ရင်ထိုးတံဆိပ်။

88 Generation Students

ခေတ်စကား၊ ခေတ်တရား၊ ခေတ်ဓား နားမလည်ရင် နားပြတ်လိမ့်မယ် လည်ပြတ်မယ်-ဟံသာဝတီ ဦးဝင်းတင်


ဒီနေ့ ကျုပ်အသက် ၈၃ နှစ် ရှိပြီ။ နှစ်ပေါင်း ၆ဝကျော် ၇ဝ နီးပါး လောက်က အကြောင်းတွေကို တစ်ခါ တစ်ခါ ပြန်တွေးမိတယ်။ တစ်ပြည်လုံး ယူကျုံးမရ ဖြစ်ခဲ့ရတဲ့နေ့။ အမှောင်ကြီး ကျခဲ့တဲ့နေ့။ ကျုပ် အသက် ၁၇ နှစ်သားလောက်ရှိပြီ။ တက္ကသိုလ်ဝင်တန်း တက်နေတယ်။ တိုင်းပြည်ကြီး ဒုက္ခရောက်ပြီဆိုတာ သိတယ်။ ကျုပ်တို့ တောမြို့လေးလည်း ငရဲကျပြီဆိုတာ သိတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်း ဆောင်ကြီးတွေ လုပ်ကြံခံကြရတယ်။ တိုင်းပြည် ဒုက္ခရောက်ပြီပေါ့။ ဒီလောက် တော့ ကျုပ်သဘောပေါက်ခဲ့တယ်။ ဗိုလ်ချုပ်တို့ကို လုပ်ကြံသူတွေထဲမှာ ကျုပ်တို့ မြို့သား တစ်ယောက်ပါနေ တယ်။ ကျုပ်ထက် အသက် ၅ နှစ်ပဲ ကြီးတဲ့သူ။ ကျောင်းနေဖက်တော့ မဟုတ်ဘူး။ ကျုပ်နဲ့အတူ ပြည်သူ့ ရဲဘော်အဖွဲ့ဝင်။

ကျုပ်တို့ တောမြို့ကလေးက သေးသေးလေး။ ဒါပေမယ့် သူနဲ့ကျုပ် မရင်းဖူး။ ကောင်းကောင်းတော့ သိတာပေါ့။ သူက ဂျပန်ခေတ် တပ်မတော်သားဟောင်း။ စစ်ကြီးပြီးသွားတော့ ကျုပ်လိုပဲ ပြည်သူ့ရဲဘော် အဖွဲ့ဝင်။ ကျောင်းဘင်ခရာ တီးဝိုင်းတွေ ဘာတွေမှာ ခေါင်းဆောင်ပါတဲ့သူ။ ဗိုလ်ချုပ်အောင်ဆန်း ကိုလည်း အလွန် ကြည်ညို ကိုးကွယ်သူ။ လူက ကိုယ်လုံးတောင့်တောင့် ရုပ်ဖြောင့်ဖြောင့်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူဆုံဖူး တွေ့ဖူးလားတော့ ကျုပ်မသိဘူး။ ကျုပ်ကတော့ ဗိုလ်ချုပ်ကို တွေ့ဖူး ဆုံဖူးတယ်။ စကားတစ်ခွန်းနှစ်ခွန်း ပြောဖူးတယ်။ ကျုပ်လည်း ဗိုလ်ချုပ်ကို အသေအလဲ ကြည်ညိုတဲ့သူ။

ဂျပန်ခေတ်မှာရော စစ်ပြီးခေတ်မှာပါ ဗိုလ်ချုပ်ကို လူတိုင်း ကြည်ညိုတယ်။ ကိုးကွယ်တယ်။ အဲဒီလူတိုင်းထဲ ကျုပ်လို မြီးကောက်ပေါက်လည်း ပါတာပေါ့။ ဗိုလ်ချုပ်ကို ပစ်သတ်တဲ့ ကိုစိန်ကြီးလို နှစ်ဆယ်ကျော်သမားလဲ ပါတာပေါ့။

ကျုပ်က ၁၉၄၅ မတ်လမှာ တော်လှန်ရေး စစ်မြေပြင်ထွက်လာတဲ့ ဗိုလ်ချုပ်ကို ခရီးသွားဟန်လွဲတွေ့ လိုက်ဖူးတယ်။ ““မင်းကျောင်းနေတယ် မဟုတ်လား။ စာတတ်အောင်သင်။ တို့မှာ စစ်တိုက်မယ့်လူတွေ ရှိတယ်။ စာသင်မယ့်သူတွေ ရှားနေတယ်”” ဆိုတဲ့ စကားကို နားထဲမှာ စွဲနေတယ်။ ၂ နှစ်လောက်ကြာတဲ့ ၁၉၄၇ ထိ နားလုံးပြည့် စွဲနေတယ်။ ကိုစိန်ကြီးလည်း ဂျပန်ခေတ်တပ်ထဲမှာ ဗိုလ်ချုပ်စကား ကြားခဲ့ဖူးမှာ မုချ။ သူကတော့ ကျုပ်လို ဗိုလ်ချုပ်စကား နားမစွဲခဲ့ဖူးနဲ့တူရဲ့။ ဒါကြောင့် ဂဠုန်ဦးစောစကား နားဝင်ခဲ့တာပေါ့။ အာဇာနည် လုပ်ကြံမှုကြီးထဲမှာ သေနတ်သမား ဖြစ်သွားခဲ့တာပေါ့။

ကိုစိန်ကြီးက မြို့တောင်ဖက်ရပ်ကွက်မှာ နေတယ်။ ကျုပ်က မြို့မြောက်ဖက် ရပ်ကွက်မှာ နေတယ်။သူ့ဆွေမျိုး အသိုင်းအဝိုင်းက ငွေသမား၊ ကြေးသမား၊ ကုန်သည်ပွဲစားတွေ။ ကျုပ်ဆွေမျိုးသားချင်းက တပ်မတော်သား၊ နိုင်ငံရေး လှုပ်ရှားသူတွေ။ ၁၉၄၇ မှာ သူက လုပ်ကြံရေးသမား ဂေါ့ဖားသားနောက် ကောက်ကောက်ပါ သွားတယ်။ သေနတ်ကိုင်တယ်။ ကြိုးစင်တက်တယ်။ ကျုပ်က နိုင်ငံရေး လှုပ်ရှားမှုနောက် ကောက်ကောက် လိုက်သွားတယ်။ ကလောင်ကိုင်တယ်။ တက္ကသိုလ် တက်တယ်။

သူရော ကျုပ်ရော ပြည်သူ့ရဲဘော် တပ်ဖွဲ့ ဝင်တယ်။ ပြည်သူ့ရဲဘော် တပ်ဖွဲ့ခေါင်းဆောင်က ဗိုလ်မျိုးကျော်။ တော်လှန်ရေးမှာ ဗိုလ်ဗထူးတပ်နဲ့ ရှမ်းပြည် အောင်ပန်းမြို့ကို ချီခဲ့တယ်။ ဗိုလ်ဗထူး ကျဆုံးသွားတော့ တပ်ကို သူဦးစီးခဲ့တယ်။(ကျုပ်နဲ့ သားချင်း တော်တယ်။ အခု အသက် ၉ဝကျော် ပြီ။ ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက် မှာနေတယ်။ ဂျပန်ခေတ်စစ်တက္ကသိုလ် ဒုတိယပတ်ဆင်း။ လွတ်လပ်ရေး မော်ကွန်းဝင် ပထမဆင့်။ နိုင်ငံ့ဂုဏ်ရည် ပထမဆင့်)

ကိုစိန်ကြီး ကြိုးပေးကွပ်မျက် ခံရတယ်။ ဂဠုန်ဦးစောတို့နှင့်အတူ ပေါ့။ သူ့အသက် ၂၂ နှစ်။ နိုင်ငံတော် လုပ်ကြံမှုကြီး သတင်းက အများကြီး ထွက်နေတာကိုး။ ကျုပ်တို့မြို့ကလေး မှာ အဲဒီအကြောင်းတွေပဲ အပြောဆုံး။ အကျယ်လောင်ဆုံး စကားဝိုင်းဖွဲ့ကြ တာပေါ့။

သူ့မိဘက စီးပွားတောင့်တယ်။ ဂဠုန်ဦးစောနှင့် ရင်းတယ်။ ဂဠုန် နိုင်ငံရေး ထောက်ခံတယ်။ ၁၉၄၇ နှစ်ဆန်းပိုင်း ကျုပ်တို့မြို့ကို ဦးစော ရောက်လာတယ်။ လူမိုက်လာစုတာ။ ကိုစိန်ကြီးက ကျားကျားလျားလျား၊ ထောင်ထောင် မောင်းမောင်း၊ မာမာ တင်းတင်း၊ မှုန်မှုန် တေတေ (ကမ္ဘာကျော် အီတလီ ဘောလုံးသမား မန်စီးတီး အသင်းသား ဘာလော့တယ်လီလို ပုံပန်းဟန်ပန်မျိုး)။

ဦးစောအဆွယ် ကောင်းတာလည်း ဟုတ်မှာပေါ့။ သူ့မိဘ တွန်းတာလည်း ဖြစ်မှာပေါ့။ ကိုစိန်ကြီးက အစောပိုင်း မှာ အင်တင်တင်ပဲတဲ့။ နောက်ပိုင်းမှ ဦးစောဘက် ပါသွားတာတဲ့။

ကိုစိန်ကြီးက ကားမောင်းတတ်တယ်။ ကားမောင်းပျော်တယ်။ ဦးစောက ဂျစ်ကားပြ ဆွယ်မှာပေါ့။ ကိုစိန်ကြီးရဲ့ ပြည်သူ့ရဲဘော်တွေက ဦးစောကို မုန်းကြတယ်။ ဦးစောကို ခယနေကြတဲ့ ကိုစိန်ကြီးနဲ့ သူ့မိသားစုကိုလည်း မျက်မုန်းကျိုး လာကြတာပေါ့။ ကိုစိန်ကြီး ဝိုင်းပယ်ခံရသလို ဖြစ်လာတယ်။ ကိုစိန်ကြီးမှာ ရည်စားသနာရှိတယ်။ မိန်းမချောလေး။ ရန်ကုန်မှာ ကျောင်းတက်တယ်။ ကွန်ဗင့်ကျောင်းသူ။ (ရည်းစားရှိရာ သွားချင်တာလည်း ပါမှာပေါ့။)ကျုပ် တက္ကသိုလ်ရောက်တဲ့နှစ် ၁၉၄၈ မှာ အဲဒီအမျိုးသမီးက ကိုစိန်ကြီးရဲ့ သူငယ်ချင်း တော်လှန်ရေး ရဲဘော်နဲ့ ညားနေပြီ။ ၁ဝ နှစ်လောက်ကြာတော့ အရမ်းချမ်းသာနေပြီ။ ကျုပ် သူတို့အိမ် အမြဲရောက်တယ်။ ကိုစိန်ကြီး အကြောင်းတော့ စကားမဟဖြစ်ဘူး။

ကိုစိန်ကြီး ကြိုးတိုက်(လူသတ် ရာဇဝတ်ကောင်တွေထားတဲ့ ထောင်အခန်း)ရောက်တော့ သူ့ရည်းစားက ထောင်ဝင်စာ လာတွေသတဲ့။ ကိုစိန်ကြီးက သူ့ပိုင်ပစ္စည်း ၆ဝဝ ကျပ်ဖိုး လောက်ကို သူ့ရည်းစားနဲ့ သူ့ သူငယ်ချင်း ရဲဘော်မင်္ဂလာဆောင်ရင် လက်ဖွဲ့ဖို့ စာရေးထားခဲ့သတဲ့။ ဒီဘဝ ဒီမျှသာ နောင်ဘဝပေါင်းကြစို့ရဲ့ သဘောသွားနဲ့ အလွမ်းစာလေးတောင် ရေးခဲ့သေးတယ်တဲ့။

ကိုစိန်ကြီးအကြောင်း မကောင်းသတင်း ကောင်းသတင်းတွေ အများကြီး ထွက်ခဲ့တယ်။ လုပ်ကြံမှုကြီးဟာ ဧရာမ အမှားကြီးပဲ။ နိုင်ငံရေးသစ္စာ ဖောက်မှုကြီးပဲ။ ဦးစောဟာ သမိုင်းရာဇဝတ်ကောင်ပဲ။ နိုင်ငံရေး ဒေဝဒတ်ပဲ။ သူလူပေါင်း မှားခဲ့ပြီ။ သမိုင်းကြွေးကို အသက်ပေးပြီး ဆပ်ရတော့မယ်။ သူနောင်တရပြီ။ ဦးစောဟာ လူယုတ်မာကြီး ဆိုတာ သူသိပြီ။ ဦးစောကို သူမုန်းပြီ။ တရားခွင် ရောက်တော့ ဦးစောကို လုံးဝအဖက်မလုပ်တော့ ။ လှည့်မကြည့်တော့။ မေးထူးခေါ်ပြောတောင် မလုပ်တော့။ ဦးစောငှားပေးတဲ့ ရှေ့နေကို သူလက်မခံ။ ရှေ့နေမငှားဘူးလို့ ရုံးတော်ကို ငြင်းတယ်။ ဦးစောကခေါ်လည်း လှည့်မကြည့်။ ဦးစော ပေးတဲ့ အဝတ်အစားတွေ တောင်မယူ။

မကောင်းသတင်းတွေလည်း ထွက်သေးတယ်။ ကြိုးစင် တက်ရမယ့်ရက်မှာ ကိုစိန်ကြီးက ဗိုလ်ချုပ်အောင်ဆန်း တို့ကို ဆဲသတဲ့။ ကြိုးစင် ပေါ်ရောက်တော့လည်း ဗိုလ်ချုပ်တို့ကို မကြားဝံ့မနာသာ ဆဲရေးတိုင်းထွာ သွားသတဲ့။

နိုင်ငံတော် လုပ်ကြံမှုကြီး တရားခံ အဖြစ်နဲ့ ကိုစိန်ကြီး ကြိုးစင်တက်ရတော့ ငယ်သေးတာပေါ့။

လပိုင်းလောက် ကာလတိုလေး အတွင်းမှာ လူငယ်တစ်ယောက်ရဲ့ စိတ်နေစိတ်ထားတွေ ဘယ်လိုကြောင့်များ ဇောက်ထိုးမိုးမျှော် ပြောင်းလဲခဲ့ရသလဲ။ နှစ်နှစ်ကာကာကြီး ချစ်ခင်မြတ်နိုး ယုံကြည်ကိုးကွယ်ခဲ့သူကို လုပ်ကြံသတ်ဖြတ်တဲ့အထိ ဖောက်ပြန် မိုက်မှားခဲ့ရသလဲ။ ရိုင်းစိုင်းရမ်းကားတဲ့၊ ရက်စက်မိုက်ကန်းတဲ့ မျိုးရိုးဗီဇ ကြောင့်လား။ အနောက်တိုင်းသမိုင်း ဝတ္တုတွေထဲက လူရဲလူရမ်း၊ လူကြမ်း လူမာတွေ ပေါက်ဖွားတဲ့ ဂပ်စကွန် နယ်သားတွေလို မြန်မာလူရမ်းကားတွေ ထွက်တဲ့ သာယာဝတီနယ်သား ဖြစ်လို့ ဒီလိုအပြစ်မျိုး ကျူးလွန်တာလား။

လူငယ်ဘာဝ လောကမှာ ကောင်းစားချင်တဲ့ အမုန်းစိတ် အမိုက်စိတ်တွေ ဖိစီးလွှမ်းမိုးခံရလို့လား။ ချစ်သူ ရည်းစားနဲ့ မြန်မြန်ညားပြီး ကြီးပွားချင်စိတ်နဲ့ လမ်းမှားလိုက်ခဲ့တာလား။

ရဲဘော်ရဲဘက်တွေက သူ့ကို ဦးစောဘက် ခြံခုန်ဖို့ ဟန်ပြင်နေတယ်လို့ တံဆိပ်ကပ်ပြီး ဖယ်ကျဉ်ချင်သလိုလို လုပ်လာကြလို့ သူကတစ်လှည့် အရွဲတိုက်ပြီး ဦးစောဘက်ခြေစုံ ပစ်ဝင်လိုက်တာလား။

ကိုစိန်ကြီးဟာ ဆရာကြီးဦးဖိုးကွန်း (နောင်အခါ ပြည်သူ့ရဲဘော်ဌာန ချုပ်ခေါင်းဆောင်၊ ဖဆပလဝန်ကြီး၊ သံအမတ်ဗိုလ်မှူးဖိုးကွန်း)လို ထင်ရှား တဲ့ ပုဂ္ဂိုလ်ကြီးရဲ့ အမျိုးသားကျောင်းမှာ ကျောင်းသားဖြစ်ခဲ့တယ်။ အလယ်တန်း အဆင့်လောက်ပဲ စာသင်ဖူးတယ်။ စာမတတ် ပေမတတ် အသိ ဉာဏ်နုံနဲ့တဲ့ လူဖျင်းလူညံ့ ဖြစ်လို့လား။

သူရဲ့ ကျောင်းနေဖက်တွေထဲက ကိုစောလွင်(ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးမင်းခေါင်)တို့ ကိုအောင်မြင့် (နောင် ကွန်မြူနစ်ပါတီအထက် မြန်မာပြည်တာဝန်ခံ)တို့၊ ကိုကြည်အေး (နောင်ဗြိတိန် စစ်တက္ကသိုလ် ဆင်းဟတ် ကျောင်းဆင်း၊ မေမြို့စစ် တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ဝန်ကြီး) တို့လို ထူးချွန်ပေါက်မြောက်သွားသူ တွေကို ပခုံးချင်း ယှဉ်ချင်လို့လား။

အကြောင်းတရား တွေကတော့ မျိုးစုံအောင် ရှိမှာပေါ့လေ။

ယတိပြတ် ပြောနိုင်တဲ့အကြောင်း တရားတစ်ခုကတော့ လူငယ်မျိုးဆက်သစ်တွေကို လမ်းမလွှဲအောင်၊ လမ်း မမှားအောင် သွန်သင်လမ်းပြတဲ့လုပ်ငန်းတွေပြုလုပ်ဖို့ လစ်ဟာ ပျက်ကွက်တာကြောင့်ဖြစ်တယ်။ အပြန်အလှန် သဘောပြောမယ်ဆိုရင် လမ်းမှန်ကို သိမ်းသွင်းလမ်းညွှန်ဖို့ လျော့ပါး အားနည်းတာကြောင့်ဖြစ်တယ်။

ဒါဟာ အာဇာနည်ခေါင်းဆောင် ကြီးတွေ ကျဆုံးခဲ့ရတဲ့ နိုင်ငံတော် လုပ်ကြံမှုကြီးရဲ့ သင်ခန်းစာပဲ။

ဒီသင်ခန်းစာဟာ ဒီနေ့ဒီခါ နှစ်ပေါင်း ၆ဝ ကျော်၊ ၇ဝ ကုန်လွန် လာတဲ့ အချိန်ကာလအထိလည်းပဲ ကောင်းကောင်းကြီး မှတ်သားသင်ယူနေရမဲ့ အသိပညာပဲရယ်လို့ လက်ခံနေကြရမှာဖြစ်ပါတယ်။

ခေါင်းဆောင်ကြီး ခေါင်းဆောင်ငယ်တို့…။ ခေတ်လူငယ် မျိုးဆက် သစ်တွေရဲ့စကားကို နားလည်အောင် သင်ယူကြပါ။ ခေတ်လူငယ် လူသစ်တွေရဲ့ ဓါးကို အသွားတစ်ဖက်လား အမှားနှစ်ဖက်လား သိမြင်အောင် ဆင်ခြင်ကြပါ။ ခေတ်လူငယ် လူသစ်တွေကို အမှားပြင်ပေးကြပါ။ ခေတ်လူငယ် လူသစ်တွေကို အမှန်သင် ပေးကြပါ။

အမှောင်ခေတ်အလွန် တစ်ဘူတာမှာ ခေတ်လူငယ်စကားတွေ အများကြီး စောင့်နေတတ်တယ်။ ခေတ် လူငယ်တရားတွေ အများကြီး စောင့်နေတတ်တယ်။ ခေတ်လူငယ်ဓားတွေ အများကြီး စောင့်နေတတ်တယ်။

ခေတ်စကား၊ ခေတ်တရား၊ ခေတ်ဓားနားမလည်ရင် နားပြတ်တတ်တယ်ဗျို့။ နားလောက် ပြတ်ရင် ခံသာသေး။ လည်ပြတ်ရင် အာဇာနည် ဇာတ် တစ်ပတ်ကျော့ နိုင်တယ်ဗျ။ မှတ်ထားကြ။

ကျုပ်ပြောပြချင်တာ ဒါပါပဲ။

ဟံသာဝတီ ဦးဝင်းတင်

www.myanmarij.com

ကြောင်ကလေးတစ်ကောင် ...


ကြောင်ကလေးတစ်ကောင် ...

ဘ၀ဆိုတဲ့ ၀င်္ကဘာစံအိမ်ကြီးထဲက
အနုပညာဆိုတဲ့ ပြတင်းကျယ်ကျယ်
အခန်းမျှသာပါ...
မလှမ်းမကမ်းမှာ
လေညင်းနဲ့ 
မျက်ခင်းနဲ့ 
ပြီးတော့
လိပ်ပြာလေးတွေကိုငေးနေတဲ့
ကြောင်လေးတစ်ကောင်.....။


မင်းကိုနိုင် ။

အပြောင်းအလဲဖြစ်မယ့် ၀န်ကြီး စာရင်း





The Voice Weekly
ပြည်ထောင်စု ၀န်ကြီး ငါးဦး ဌာန ပြောင်းရွှေ့ရန် သတင်းထွက်ပေါ်

ရန်ကုန်၊ ဇူလိုင် ၂၅

နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးများကို အပြောင်းအရွှေ့ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိပြီး မကြာမီရက်ပိုင်း အတွင်း ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းကာ အတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း အစိုးရ အဖွဲ့ထံမှ သိရသည်။

၁။ဦးလှထွန်း (ဗဟိုဘဏ်ဥက္ကဌ)
၂။ဦးတင်နိုင်သိန်း (ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး)
၃။ဦးစိုးသိန်း (စီမံ / စီးပွား)
၎။ ဦးအောင်မင်း (သမ္မတရုံး)
၅။ဦးအေးမြင့်ကြူ (ဟိုတယ် /ခရီး )

ဘဏ် မှ ဒေါ်လာ ငါးသိန်းထုတ်ယူ


စာနာစိတ်ဖြင့် ကူညီလိုသူများ Share ပေးကြပါ။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၏ ပထမဆုံးတင်သွင်းသော အဆိုအပေါ် အမေစု သဘောထား

by Ko MawPyay on Wednesday, 
July 25, 2012 at 6:05pm ·
                ဦးဝင်းမြင့်၊ ပုသိမ် မဲဆန္ဒနယ်က " Good governance(ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean
goverment(သန့်ရှင်းသောအစိုးရ) ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ
ကြီးအစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများသည် ငှင်းတို့၏ ရွှေ့
ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်
တမ်းတင်ထားရန်" အဆိုတင်သွင်းရာ ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် ဒီကနေ့ ဇူလိုင်(၂၅) ရက်
နေ့ တွင် သဘောတူလိုက်သည်...
                အထက်ပါ အကြောင်းအရာနှင့် ပါတ်သတ်ပြီး အမေစု အင်တာဗျူးတိုလေးကို ဖေ့ဘွတ်သူငယ်
ချင်းများကို လက်ဆောင်ပေးလိုပါသည်... စေတနာ ပိုစွာဖြင့် ကျတော့လက်ရာ အမေ့ ဓါတ်ပုံလေးပါ တင်
ပြီး လက်ဆောင်အဖြစ်ပေးပါသည်...

NHK အမေး... ဒီကနေ့ ဆွေးနွေးတဲ့ အဆိုအပေါ်မှာ အန်တီသဘောထားလေး သိချင်ပါတယ်...

အဖြေ... အဲ့ဒါ အန်တီတို့ကတော့ ဖြစ်သင့်တယ်လို့ ထင်တယ်... တကယ် ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေ
မှာဆို ဒီလိုပဲ လုပ်ကြတာပဲလေ... အဲ့တော့မှလဲ အစိုးရအဖွဲ့ဝင်တွေက သန့်သန့်ရှင်းရှင်းနေဖို့ရာ လိုအပ်လာ
မှာပေါ့... ဥပမာ --- ၀န်ကြီးမဖြစ်ခင်တုန်းက အိမ်တစ်လုံး နဲ့ ၀န်ကြီးဖြစ်ပြီးတော့ အိမ်ဆယ်လုံးဆိုရင်တော့
ဒါ မေးစရာ ဖြစ်မယ်... အဲ့ဒါတွေကို ကာကွယ်ဖို့အတွက် ဒီလို ဥပဒေတွေ ထုတ်ကြတာပဲ...

NHK အမေး... အန်တီကရော အားရရဲ့လား... အဆိုအပေါ်မှာ ...
အဖြေ... အင်း... သူ့ရဲ့အဆိုအပေါ်မှာ အားရပါတယ်... ဒါက အဆိုက ရိုးရိုးလေးပဲလေ... နောက်တော့မှ
ဒါကို အခြေခံပြီး ဆွေးနွေးရမှာပေါ့... သားတို့ရော သဘောမတူဘူးးးးလား... (သံပြိုင်- တူပါတယ်)...




ပြည်ထောင်စုလွှတ်တော် သို့ အ၀င်တွင်
DVB TV News ဒီမိုကရေစီအစိုးရတစ်ရပ်ဟာ သန့်ရှင်းကောင်းမွန်ဖို့ အထူးလိုအပ်တာကြောင့် အစိုးရအဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ထုတ်ပြန်မှတ်တမ်းတင်ဖို့ အဆိုကို တင်သွင်းရတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဦးအံ့ဘုန်းမြတ် သတင်းပေးပို့ထားပါတယ်။ ရိုက်ကူး - ခွန်ခေါင် Ko MawPyay

Wednesday, July 25, 2012

ဒေါ်အောင်ဆန်းစုကြည် ၏ ယနေ့ (25.7.2012 )လွှတ်တော်တွင်း ဆွေးနွေးမှု သတင်း



ဒေါ်အောင်ဆန်းစုကြည်၏ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဌာန်းရေး အဆိုကို ဆွေးနွေးမှု ဖြစ်ပါတယ်။

ကျွန်မအနေနဲ့ ဦးတီခွန်မြတ်ရဲ့ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အဆိုနဲ့ ပတ်သက်လို့ အနည်းငယ်ဆွေးနွေးချင်ပါတယ်။ အခု ဖွဲ့စည်းပုံ အခြေခံဥပထေဲမှာဆိုလို့ရှိရင် တိုင်းရင်းသားလူမျိုး များဆိုတဲ့ ဝေါဟာရကို သတ်သတ်မှတ်မှတ် အဓိပ္ပါယ်ဖော်ထားတာ မရှိပါဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေမှာဆိုလို့ရှိရင်တော့ တိုင်းရင်းသားဆိုတာ ၁၈၂၃ ခုနှစ်က စပြီး ဒီမိခင်နိုင်ငံမှာ နေထိုင်တဲ့ လူမျိုးများကိုဆိုလိုတာလို့ အဓိပ္ပါယ်ဖော်ထားပါတယ်။ အဲဒီအထဲမှာ ဗမာတွေလဲ ပါပါတယ်။ အခု ဆွေးနွေးချက်တွေအရ ဆိုလို့ရှိရင် ပြည်နယ်တွေကို အခြေခံတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးတွေကို ရည်ညွှန်းပြီးတော့ ပြောသွားတာလို့ ကျွန်မတို့ မှတ်ယူရပါတယ်။
ပြည်နယ်တွေအကြောင်း ပြောမယ်ဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံမှာ ဆင်းရဲမွဲတေမှုနဲ့ ပတ်သက်လို့ အဆိုးရွားဆုံး ဒေသတွေဆိုရင် ပြည်နယ်ဒေသတွေပဲ ဖြစ်ပါတယ်။ ချင်းပြည်နယ်ဟာဆိုလို့ရှိရင် နောက်ဆုံး အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ကိန်းဂဏန်းများအရ ၇၃.၃ %၊ ရှမ်းအရှေ့ဆိုလို့ရှိရင် ၄၆.၄ %၊ ရှမ်းမြောက်ဆိုလို့ရှိရင် ၃၇.၄ %၊ ရှမ်းတောင်ဆိုရင် ၂၅.၂ % ၊ ပျမ်းမျှခြင်းအားဖြင့် ရှမ်းပြည်နယ်တစ်ခုလုံးရဲ့ ဆင်းရဲမွဲတေမှုဟာ ၃၃.၁ % ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ဆင်းရဲမွဲတေမှုနှုန်းကတော့ ၄၃.၅ % ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးရဲ့ ပျမ်းမျှခြင်း ဆင်းရဲမွဲတေမှုနှုန်းဟာ ၂၅.၆ % ဖြစ်တာကြောင့်မို့လို့ ဒီပြည်နယ်တွေမှာ ပျမ်းမျှခြင်းနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းမြင့်နေတယ်ဆိုတာကိုမြင်ရပါတယ်။ ထို့အတူပဲ ကချင်ပြည်နယ်မှာလဲ ၂၈.၆ % နဲ့ ပျမ်းမျှခြင်း ရာခိုင်နှုန်းထက် မြင့်နေပါတယ်။ မွန်၊ ကယားနဲ့ ကရင်တို့ကတော့ ပိုပြီးတော့ နိမ့်ကျပါတယ်။ ဒီကိန်းဂဏန်းတွေကို ကြည့်ခြင်းအားဖြင့် ကျွန်မတို့ ပြည်နယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေဟာ ကျေနပ်ဖွယ်ရာ မရှိဘူးဆိုတာ ထင်ရှားပါတယ်။ ထို့အပြင်လည်း ကျွန်မတို့ရဲ့ နိုင်ငံမှာ ပြည်တွင်းစစ်မီး လုံးဝငြိမ်းသွားတယ်ဆိုတာ မရှိခဲ့သေးပါဘူး။ ဒါကြောင့် တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဆိုတာဟာ ဘာသာစာကား၊ ယဉ်ကျေးမှု ထိန်းသိမ်းခြင်းထက် များစွာ ကျယ်ပြန့်နက်နဲတယ် ဆိုတာ ကျွန်မတို့မြင်နိုင်ပါတယ်။ ဒါကိုထောက်ထားပြီးတော့ ပင်လုံစိတ်ဓာတ်နဲ့ ကွာခြားလို့မရတဲ့၊ ခွာလို့မရတဲ့ တန်းတူညီမျှရေး အပြန်အလှန် လေးစားယုံကြည်ရေးတို့ကို အခြေခံပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် ကျွန်မတို့ လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ဆွေးနွေးညှိနှိုင်းပြီး တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်နိုင်ဖို့အတွက် ဥပဒေများကို လိုအပ်သလို ပြုပြင်ခြင်း၊ လိုအပ်သလိုပြဌာန်းခြင်းတို့များ ဆောင်ရွက်စေရန်၊ ဆောင်ရွက်ဖို့ရန်ကို တိုက်တွန်းရင်းနဲ့ ဦးတီခွန်မြတ်ရဲ့ အဆိုကို ထောက်ခံပါတယ်။


သတင်း ...  ပြည်သူ့လွှတ်တော်

ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အဖွဲ.၀င်များ








ဒီငြိမ်းလင်း  ပေးပို့ ပါတယ် 

၂၄ နှစ်မြောက် ၈၈၈၈ နှစ်ပါတ်လည်အခမ်းအနား



၂၄ နှစ်မြောက် ၈၈၈၈ နှစ်ပါတ်လည်အခမ်းအနား

ဂျပန်ရောက်မြန်မာနိုင်ငံသားများ၏ ၂၄ နှစ်မြောက် ၈၈၈၈ နှစ်ပါတ်လည်အခမ်းအနားကို အောက်ပါ အစီအစဉ် ၂ ရပ်ဖြင့် ကျင်းပ ပြုလုပ်မည်ဖြစ်ပါ၍ ပူးပေါင်းပါဝင်ကြပါရန် ဖိတ်ကြားအပ်ပါကြောင်း။

၁။ စီတန်းလှည့်လည်ဆန္ဒပြပွဲ။

နေ့ရက်။ ။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၈ ရက် (ဗုဒ္ဓဟူးနေ့)
အချိန်။ ။ နေ့လည် ၁ နာရီ စုရပ်၊ ၂ နာရီ အခမ်းအနားစတင်မည်၊ ၂း၃၀ စတင်ထွက်ခွာမည်။
နေရာ။ ။ Gotanda ဘူတာ အနီး၊ Minami Gotanda ပန်းခြံ။


၂။ ၈၈၈၈ နေ့ အထိမ်းအမှတ် နိုင်ငံရေး စာတမ်းဖတ်ပွဲနှင့် ဆွေးနွေးပွဲ။

နေ့ရက်။ ။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်၊ (တနင်္ဂနွေနေ့)။
အချိန် ။ ။ ညနေ ၆ နာရီ မှ ည ၉ နာရီအထိ။
နေရာ။ ။ Otsuka ဘူတာ၊ Minami Otsuka hall။


စာတမ်းဖတ်ကြားတင်သွင်းလိုသူ အဖွဲ့အစည်းများအနေဖြင့် တင်သွင်းမည့် စာတမ်းအရည်အတွက်၊ အချိန် စသဖြင့် ပြင်ဆင်ညှိနှိုင်း မှုးများ လိုအပ်မည်ဖြစ်ပါ၍ ကြိုတင်ဆက်သွယ် စာရင်းပေးပို့ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။


တာဝန်ခံကျင်းပသော အဖွဲ့အစည်း (၁) မြန်မာ့ဒီမိုကရေစီကွန်ယက်/ Network for Democracy in Burma (NDB)
(၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လွတ်မြောက်နယ်မြေ၊ ဂျပန်ဌာနခွဲ/ NLD (LA)-JB

ဆက်သွယ်ရန်။ ဦးသန်းဆွေ၊ ဦးကျော်ကျော်စိုး၊ ဦးလှဟန်။ဦးသောင်းမြင့်ဦး၊ ဦးမိုင်ကျော်ဦး၊ ဦးဇော်မင်းခိုင်၊ ဦးမြင့်ဆွေ၊
၀၉၀ ၄၉၆၄ ၉၇၁၈။ ၀၉၀ ၆၀၃၁ ၄၃၉၄။ ၀၉၀ ၆၁၆၈ ၂၀၉၅။ ၀၉၀ ၆၀၄၀ ၈၂၈၂။ ၀၉၀ ၉၈၃၁ ၇၁၉၂။ ၀၉၀ ၆၀၂၅ ၄၆၂၉။ ၀၈၀ ၄၀၀၅ ၇၀၉၈


လေပြင်းတိုက်ခတ်မှုကြောင့် သက်တမ်းရင့် အပင်များလဲပြို



ဇူလိုင်လ ၂၄ ရက်နေ့ ညနေ့ ၃ နာရီခန့်က ရန်ကုန်မြို့တွင် မိုးသက်လေပြင်းတိုက်ခတ်ခဲ့လို့ ဗိုလ်အောင်ကျော် လမ်း အောက် ဘက်ဘလောက်ရှိ မြန်မာ့ ဆက်သွယ်ရုံးချုပ် အရှေ့ရှိ အထပ်မြင့် အဆောက်အအုံး မှန်များ ကွဲခဲ့ပါတယ်တဲ့။



သက်တမ်းရင့် အပင်တွေလဲ ပြိုလဲ သွားခဲ့ပြီး ဆက်သွယ်ရေးရုံးချုပ်ရှေ့မှာ ရပ်ထားတဲ့ ကား ၃ စီးကတော့ ကျိုးကျသွားတဲ့ သစ်ပင်ကြီးတွေနဲ့ ပိလို ပျက်စီးသွားပါသတဲ့။

ဖြစ်ပွားရာ နေရာကိုတော့ မြိုတော် စည်ပင်က တာဝန်ရှိသူတွေက လာရောက် ရှင်းလင်းသွားပါတယ်လို့ ကြေးမုံ သတင်းစာ မှာဖော်ပြထားပါတယ်။ လာရောက်ကြည့်ရှုတဲ့ မျက်မြင်သက်သေများပြောပြတာကတော့ အခုလို လေပြင်းတိုက် သစ်ပင်ကြီး တွေလဲတာကို နာဂစ်တုန်းက တစ်ခါနဲ့ အခုတစ်ခါသာ မြင်ဖူးတာလို့လဲပြော ပါတယ်။

ထူးခြားမှုကတော့ ရန်ကုန်မြို့ရှိ သက်တမ်းရင့် အပင်တွေပြိုလဲတိုင်း လမ်းမတွေပေါ်ကိုသာ ပြိုလဲတာဖြစ်ပြီး လမ်းဘေး ၀ဲ ယာက လူနေတိုက်ခန်းတွေကို မပိဘဲ အလျားလိုက်လဲတာများပါတယ်တဲ့။

တိုင်းရင်းသား ညီလာခံခေါ်ဖို့ ပါတီတွေတိုက်တွန်း




ပင်လုံကဲ့သို့သော တိုင်း ရင်းသား ညီလာခံ ကြီး တစ်ခု ကျင်းပဖို့
တိုင်းရင်းသား နိုင်ငံရေး အင်အား စုတွေ က အာဏာပိုင် တွေကို
တောင်းဆိုလိုက်ပါတယ်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကလည်း ၂၀၁၅
မတိုင်ခင်မှာ ငြိမ်းချမ်းရေး ဖော်ဆောင် မယ်လို့  ထားတဲ့ စကားတွေနဲ့ အညီ
ပြည်တွင်း နိုင်ငံရေး အင်အားစုတွေ ဖြစ်တဲ့ နိုင်ငံရေးပါတီတွေ နဲ့ တွေ့ဆုံ
မှုတွေ ခြေလှမ်း ကျဲကျဲ နဲ့ ပြု လုပ်နေတာ ကိုလည်း တွေ့ လာရပါတယ်။ ၁၉၉၀
ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား ပါတီများနှင့် တိုင်းရင်းသား
စည်းလုံးညီညွတ်ရေး ပါတီ (တစည) အပါအ၀င် နိုင်ငံရေး ပါတီ ၁၄ ခု တို့ အစိုးရ
ငြိမ်းချမ်းရေး အဖွဲ့ နဲ့ တွေ့ဆုံစဉ်မှာ ဆွေးနွေးခဲ့တဲ့ အရေးနဲ့ ပတ်သက်ပြီး
VOA ရဲ့  ရန်ကုန် သတင်းထောက် ကိုရဲကျော်အောင် သတင်းပေးပို့ ထား ပါတယ်။
တိုင်းရင်းသား ပေါင်းစုံ ပါဝင်တဲ့ ပင်လုံကဲ့သို့သော ညီလာခံကြီး တစ်ခုကို
ကျင်းပ ပေးဖို့ စစ်မှန်တဲ့ တိုင်းရင်းသား အားလုံး ပါဝင်တဲ့ ညီလာခံတစ်ရပ်
ကျင်းပပေး ဖို့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသား ပါတီများနှင့်
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည) အပါအ၀င် နိုင်ငံ ရေး ပါတီ ၁၄ ခု
တို့ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ နဲ့ တွေ့ ဆုံစဉ် မှာ တောင်း
ဆိုလိုက်ပါတယ်။ ဒီ ၁၄ ပါတီ ကို နိုင်ငံတော်သမ္မတ ဦး သိန်းစိန် က
တွေ့ဆုံမယ်လို့  ပြောကြားလာကြောင်း အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ နှင့် တွေ့
ဆုံခဲ့တဲ့ ဇိုမီး နေရှင်နယ် ကွန်ဂရက် မှ ပြော ရေး ဆိုခွင့်ရှိသူ ဦး
ဝမ်ခမ်းလျှမ် က ပြော ပါတယ်။
“အဓိကကတော့ အဲဒီမှာ နိုင်ငံရေး ပါတီတွေ စုရုံးပြီးတော့မှ တွေ့ဆုံဖို့ လုပ်နေတယ်လို့ ပြောတာပဲ”
၂၀၁၅ မတိုင်မီ ပင်လုံကဲ့သို့သော  ညီလာခံကြီး ကျင်းပပေးဖို့
တိုင်းရင်းသားတွေက တောင်းဆိုမှု ကို ပြည်ထောင်စု ၀န်ကြီး  ဦးအောင်မင်း က
လက်ခံ ဆွေးနွေးကြမယ် ဆိုပြီး ပြန်လည် ပြောကြား ခဲ့တယ်လို့  ရှမ်း
တိုင်းရင်းသားများ  ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD ) ပါတီ ရဲ့  ပြောခွင့်ရသူ
ဦးစိုင်းလိတ် က VOA ကို ပြောပြ ပါတယ်။
“၀န်ကြီးကတော့ ထိုကဲ့သို့သော ညီလာခံလို့တော့ မပြောဘူး၊ ပင်လုံလို
ကျယ်ပြန့်တဲ့ အစည်းအဝေး ကြီး တရပ် ကျနော်တို့ ၀ိုင်းပြီး လုပ်ကြတာပေါ့ တဲ့။
ဒီကိစ္စကို ၂၀၁၅ မတိုင်ခင် ဖြစ်နိုင်ရင် ၂၀၁၄ အတွင်းမှာပဲ အပြီး
လုပ်ချင်တယ်လို့တော့ အမိန့်ရှိပါတယ်”
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရဲ့  ဒီမိုကရေစီ ဖော်ဆောင်ရေးခရီးမှာ
နိုင်ငံရေး အင်အားစုအားလုံး ပါဝင်လာရေး ကိစ္စရပ်တွေကိုလည်း ၀န်ကြီး
ဦးအောင်မင်း က ပြောကြားခဲ့တယ်လို့  ဦးစိုင်းလိတ် က ဆိုပါတယ်။
“ဦးအောင်မင်း အဓိက ဆွေးနွေးတာကတော့ ငြိမ်းချမ်းရေးကိစ္စ
ရေရှည်တည်တံ့သွားဖို့၊ နောက် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲ ရေး မှာ အားလုံး
ဝင်ပါနိုင်ဖို့ ၊ ဒါကို သူတို့ အဓိကထားပြီး လုပ်နေတယ်၊ ဒါကြောင့်မို့လို့
သက်ဆိုင်ရာ နိုင်ငံရေး ပါတီတွေရော၊ NGO အဖွဲ့အစည်းတွေရော၊ တခြား
တိုင်းရင်းသား အဖွဲ့အစည်း၊ လက်နက်ကိုင် အပစ်ရပ်စဲထားတဲ့ အဖွဲ့တွေ အပါ၊
နောက် ပြည်သူ တွေ လေးစား ကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေရော၊ အဖွဲ့အစည်းတွေရော
အလွှာစုံ ပါနိုင်ဖို့ ၀ိုင်းဝန်းကြိုးပမ်းနေတယ်ပေါ့”
မြန်မာနိုင်ငံဒေသ အသီးသီး ရှိကြတဲ့ တိုင်းရင်းသားတွေ ရဲ့ ဘာသာစကားတွေ
ပြန်လည် သင်ကြားပေးဖို့ကို တိုင်းရင်းသားတွေက တောင်းဆိုမှုကိုလည်း
သမ္မတကြီးဆီအထိ တင်ပြပေး သွားမယ်လို့ အာဏာပိုင်တွေက ပြောသွားတယ်လို့
တိုင်းရင်းသား ကိုယ်စားလှယ်တွေက ပြောပြ ပါတယ်။
“တိုင်းရင်းသား ဘာသာ စာပေတွေကို သင်ကြားခွင့်ပြုဖို့ပေါ့။  ပြည်နယ်ကို
အခြေခံပြီး တိုင်းရင်းသား ဘာသာတွေကို သင်ကြားခွင့်ပြုပါ၊ တခြားသော
တိုင်းရင်းသားငယ်တွေကိုလည်းပဲ အပိုဘာသာရပ် အနေနဲ့ သူတို့ စိတ်ကြိုက် ဘာသာ
အဖြစ် ပြဋ္ဌာန်းပေးပါ ဆိုတာမျိုးကို တောင်းဆိုတယ်။ ၀န်ကြီး ဦးအောင်မင်း နဲ့
ဝန်ကြီး ဦးစိုးသိန်း တို့က သဘောတူ လက်ခံတယ်၊ ကျေနပ်ပါတယ်၊ ဖြစ်သင့်ပါ တယ်
တဲ့။ ၀ိုင်းဝန်းကြိုးပမ်းကြတာပေါ့ .. ခင်ဗျားတို့ ဖြစ်ချင်တဲ့
ပုံစံမျိုးကို ရေးပေးလိုက်ကြပါ.. သမ္မတကြီး ဆီကို တင်ပြပေးမယ်.. ခင်ဗျားတို့
သမ္မတကြီးနဲ့ တွေ့ခွင့်ရအောင်လည်း ကြိုးစားပေး မယ်၊ တွေ့တဲ့အချိန်မှာလည်း
ရေးတဲ့အတိုင်း ပြောကြပါ.. သူတို့လည်း ထပ်ပြီးတော့ ပြောပေးမယ် လို့
ပြောပါတယ်”
ဇူလိုင်လ ၁၈ ရက်နေ့ကလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဟာ
ဒီမိုကရက်တစ်မိတ်ဆွေ ၁၀ ပါတီ နဲ့  နေပြည်တော်မှာ တွေ့ခဲ့ပါသေးတယ်။ အခုလို
၁၉၉၀ ရွေးကာက်ပွဲမှာ  အနိင်ရခဲ့တဲ့ တိုင်းရင်းသား ပါတီတွေအပါအ၀င် အခြားသော
နိုင်ငံရေး အင်အားစုတွေနဲ့ တွေ့ဆုံဖြစ်မယ် ဆိုရင် နိုင်ငံတော် သမ္မတ နဲ့
နိုင်ငံရေး ပါတီတွေ ဒုတိယအကြိမ် တွေ့ ဆုံမှုတစ်ရပ် ဖြစ်လာမှာ ဖြစ်ပါတယ်။
ဗွီအိုအေ – မြန်မာပိုင်း

news http://www.mnews.myanmaronlinecentre.com/?p=3907

လူငယ်တွေကိုယုံပါ (ကျော်သူ)


ပေးပို့ သူ ကိုမင်းကျော်ခိုင်

by Min Kyaw Khine on Wednesday, July 25, 2012 at 12:15pm ·
ဂျာနယ်လစ်ဆိုတာ လူမှုအသိုက်အဝန်း၏ ဘယ်ကဏ္ဍမှာမဆို အရေးကြီးသောအလုပ်ကို ဆောင်ရွက်နေသူ တစ်ယောက်အဖြစ် ပါဝင်နေပါတယ်။ ဂျာနယ်လစ်အများစုသည် လူအများလိုအပ်တယ်လို့ ယူဆရတဲ့ သတင်း အချက်အလက်များကို ပေးကြသည်။ လူအများသိလိုသည့် သိထိုက်သည့် သူတို့ပတ်ဝန်းကျင်ကမ္ဘာရဲ့ အကြောင်းတွေကို လူထုရှေ့မှောက်ရောက်အောင် ဆောင်ကျဉ်းပေးကြသည်။ ၄င်းသတင်းအချက်အလက်များမှ ပြည်သူတွေဟာ မိမိတို့ဘဝမှာ ဘာတွေလုပ်ချင်လဲဆိုတာကို ဆုံးဖြတ်နိုင်ကြသည်။ တစ်ခါတစ်ရံ အချို့သတင်း အချက်အလက်တွေဟာ လူတွေရဲ့ သေရေးရှင်ရေးနှင့် ပတ်သက်နေသည်များကို တွေ့ရပါသည်။ ထို့ကြောင့် နာရေး ကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ အရေးကြီးသော (Journalism) ကဏ္ဍတစ်ရပ်အား လူငယ်များ အတွက် သင်တန်းတစ်ရပ် ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

၂ဝ၁၂ ခုနှစ်၊ ဇူလိုင် (၂ဝ) ရက်နေ့မှစ၍ (၂၂) ရက်နေ့အထိ Journalism & Citizen Journialism သင်တန်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်၌ အလင်းဆက်(IR) မှ နံနက် (၉းဝဝ) နာရီမှ ညနေ (၅းဝဝ) အထိ (၃) ရက်ကြာ ရက်တို သင်ကြားပို့ချပေးခဲ့ပါသည်။ ယင်းသင်တန်းတွင် အသင်းသူ/သားများအဖြစ် နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ သင်တန်းသား/သူများနှင့် ဝန်ထမ်းများ၊ Citizen Journalism အား စိတ်ပါဝင်စား၍ လာရောက် တက်ရောက်သင်ကြားကြသူများ၊ ဂျာနယ်လစ်များ စသဖြင့် သင်တန်းသား/သူ (၂၈)ဦး တို့ တက်ရောက် သင်ကြားခဲ့သည်။ သင်တန်းဆရာများအနေဖြင့် အလင်းဆက်(IR)၊ နီအဲဝိုင် (Mosa)မှ သင်ကြားပို့ချပေးခဲ့သည်။

Journalism & Citizen Journialism သင်တန်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ မှ အဖွင့်အမှာစကား ပြောကြားခဲ့ရာတွင် ပြည်ပနိုင်ငံသို့သွားရောက်စဉ်က ကိုယ်အင်္ဂါမသန်စွမ်းသူ (လက်နှစ်ဖက် မရှိသူ) တစ်ဦးသည် မိမိတို့ကျင်းပသော လူမှုရေးလုပ်ဆောင်ချက် အခမ်းအနားသို့ တက်ရောက်လာကာ မိမိအား သူကိုယ်တိုင် ရေးစပ်ထားသော ကဗျာနှင့် ဒီဇိုင်းပုံအား ပေးခဲ့ရာ ထိုသူသည် သူကိုယ်တိုင်ရေးဖွဲ့ စပ်ဆိုထားခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်ကို တွေ့ရှိရခဲ့ပါသည်။ ယင်းကဗျာ စာသားနှင့် ဒီဇိုင်းပုံတို့သည် အလွန်ပင် ထူးခြား သပ်ရပ်မှုရှိကြောင်း တွေ့ရှိခဲ့ရသည်။ ထိုသူသည် သူ၏ ခြေနှစ်ဖက်ဖြင့် ကွန်ပြူတာအား အသုံးပြုကိုင်စွဲကာ အကျိုးပြု စာ၊ ကဗျာများအား ရေးသားခဲ့သော လူမှုရေးသူရဲကောင်း Citizen Journalist တစ်ဦးဖြစ်ကြောင်းကို မိမိ အသိ အမှတ်ပြု ဂုဏ်ယူမိကြောင်း၊ ထို့ကြောင့် ယခုသင်တန်းတက်ရောက်ကြသော ညီအစ်ကို မောင်နှမများသည် ကိုယ် အင်္ဂါသန်စွမ်းမှုများရှိနေသောကြောင့် မိမိတို့၏ သန်စွမ်းသောကိုယ်အင်္ဂါနှင့် မိမိတို့၏ ထက်မြတ်သော ဦးနှောက်ကို အသုံးပြုကာ အများပြည်သူ အကျိုးရှိစေမည့် သတင်းအချက်အလက်များကို ရှာဖွေရေးသားကြရန် အင်အားတစ်ရပ် အား ပြောကြားခဲ့ကာ သင်တန်းအား အလင်းဆက် (IR)မှ စတင်သင်ကြားပေးခဲ့သည်။

ယင်းသင်တန်းတွင် အလင်းဆက်(IR)မှ ဂျာနယ်လစ်ဇင်(Journalism)၊ သတင်းဓါတ်ပုံကောင်းအတွက် အရေးကြီးမှု၊ ဂျာနယ်လစ်ကောင်းတစ်ယောက်၏ အရည်အချင်း၊ ဂျာနယ်လစ်တို့၏ကဏ္ဍ အစရှိသည့် သင်ခန်းစာ တို့ အား သင်ကြားပို့ချပေးခဲ့ပြီး၊ နည်းပညာပိုင်းအနေဖြင့် နီအဲဝိုင်(Mosa)မှ Internet နည်းပညာများ၊ Internet Journalism (Blogger)၏ အရေးပါပုံများ၊ Mobile ဖုန်းများ၏ အသုံးဝင်ပုံများစသဖြင့် နိုင်ငံသားအခွင့်အရေးကို အပြည့်အဝ အသုံးချနိုင်စေရန် နိုင်ငံသားဂျာနယ်လစ်သင်တန်းအား သင်ကြားပို့ချပေးခဲ့ပါသည်။
Journalism & Citizen Journialism သင်တန်းပို့ချပေးခြင်းဖြင့် ရရှိခဲ့သော အတွေးအခေါ်များ၊ အမြင် များအား တုန့်ပြန်ချက် (Feedback)အနေဖြင့် သင်တန်းသား/သူများမှ ပြောကြားခဲ့ကြရာတွင် “မိမိတို့သည် ယခင်က ကွဲလွဲစွာ မသိသေးခဲ့သော ဂျာနယ်လစ်ဇင်နှင့် နိုင်ငံသားဂျာနယ်လစ်ဇင်အား ယခုအခါတွင် ကွဲလွဲစွာ နားလည်သဘောပေါက်ခဲ့ကြောင်း၊ နိုင်ငံသားဂျာနယ်လစ်ဇင်ဆိုတာ နိုင်ငံသားများအပေါ် အခြေပြုပြီး (သို့) နိုင်ငံ သားများ ကိုယ်တိုင်တက်ကြွစွာ ပါဝင်ဆောင်ရွက်ပြီး သတင်းနှင့် သတင်းဖြစ်လောက်သည့် အချက်အလက်များကို စုဆောင်းခြင်း၊ သတင်းပို့ခြင်း၊ ဝေဖန်ဆန်းစစ်ခြင်းနှင့် ထုတ်လွှတ်ဝေဖန်ခြင်းကို ကောင်းစွာနားလည် သဘောပေါက် လာကြောင်း” စသဖြင့် တုန့်ပြန်ချက် (Feedback)များ ကိုပြောကြားခဲ့ပါသည်။ ထို့ကြောင့် ဒီမိုကရေစီလမ်းစဉ် ဘက်သို့ ကူးပြောင်းလာပြီဖြစ်သော မြန်မာနိုင်ငံသည် ပွင့်လင်းညှင်သာသော လူအဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက် လာစေရန်အတွက် အများပြည်သူတို့အား အကျိုးဖြစ်ထွန်းလာစေမည့် Journalism & Citizen Journialism သင်တန်းအား ပို့ချပေးခဲ့ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့အားလုံးသည် “စုံမှိတ်မြှပ်သေကြမလား ပုံနှိပ် ထုတ်ဝေကြမလား” ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ပြု ကျင့်သုံးကြရမည်ဖြစ်သည်။

လူငယ်တွေကိုယုံပါ
လူငယ်တွေကိုယုံပါ။
သူတို့မှာ အသိကိုယ်စီရှိပါတယ်။
ကိုယ်တာဝန်ယူလုပ်တဲ့ အလုပ်တစ်ခုကို
အကောင်းဆုံးဖြစ်အောင် လုပ်ချင်တာ လူ့သဘာဝပဲဖြစ်တယ်။
လူငယ်တွေကို စိတ်ချလက်ချနဲ့
လွတ်လွတ်လပ်လပ် လုပ်ခွင့်သာပေးလိုက်ပါ။
အံ့သြစရာကောင်းလောက်အောင်ကို
သူတို့ လုပ်ပြပါလိမ့်မယ်။
(လူထုစိန်ဝင်း)


(ကျော်သူ)











သူနာပြုသောဗုဒ္ဓ (Buddha who nurses the sick)

by Kyaw Thu on Sunday, July 22, 2012 at 9:55pm ·
သူနာပြုသောဗုဒ္ဓ

(Buddha who nurses the sick)




နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်းသည် ကျန်းမာရေးချို့တဲ့သည့် ရဟန်း ရှင်လူ အများပြည်သူတို့အတွက် ဆေးဝါး (အခမဲ့) ကုသပေးနေသကဲ့သို့ မြန်မာပြည် အနယ်နယ် အရပ်ရပ် (ပြည်မြို့၊ မော်လမြိုင်ကျွန်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း) ဒေသများရှိ ကုသိုလ်ဖြစ်ဆေးခန်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ကွန်ယက်သဖွယ် တတ်စွမ်းသ၍ လက်ဆင့်ကမ်း ကုသိုလ်ကောင်းမှု များကို ပြုလုပ်ပေးလျှက်ရှိသည်။

၂၅.၄.၂ဝ၁၂ ရက်နေ့တွင် စတင်၍ သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)သည် နာမကျန်းဖြစ်နေသော အများပြည်သူ ရဟန်းရှင်လူတို့အား ဆေးဝါးကုသမှုကို စမ်းသပ်ဖွင့်လှစ်ပေးခဲ့ရာမှ ယနေ့ ၂၂.၇.၂ဝ၁၂ (တနင်္ဂနွေနေ့) နံနက် (၈း၃ဝ) နာရီအချိန်တွင် ပဲခူးမြို့၊ ဒက္ခိဏသာခါရာမကျောင်းတိုက်ဝင်းအတွင်းတွင် “သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)” ဟူ၍ ပဲခူးမြို့ရှိ ဆရာဝန်ကြီးများ၊ အလှူရှင်များ၊ ရပ်မိရပ်ဖများ၊ သူနာပြု များ၊ လူမှုရေးအသင်းအဖွဲ့များဖြင့် စည်ကားသိုက်မြိုက်စွာ ကျန်းမာရေးကုသမှုဖွင့်ပွဲအား ကျင်းပပြုလုပ်ခဲ့ပြီ ဖြစ်သည်။ အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် ပဲခူးတိုင်းဒေသကြီး အထွေထွေရောဂါကုဆေးရုံကြီး ပဲခူးမြို့မှ ဆေးရုံအုပ် ဒေါက်တာ နီနီအေး တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့သည်။ ဥက္ကဋ္ဌ ဦးကျော်သူမှ အဖွင့်အမှာစကားပြောကြားရာတွင် အများပြည်သူတို့၏ ကျန်းမာရေးအား ယခုကဲ့သို့ ဝိုင်းဝန်းကူညီ လှူဒါန်းကုသမှုများ ပြုလုပ်ပေးကြသော အလှူရှင်များ ရပ်မိရပ်ဖများ၊ ဆရာဝန် ကြီးများအား အထူးကျေးဇူးတင်ရှိကြောင်း၊ ဇွန်ပန်းရုံအောက်တွင် လှည်းဘီးနစ်နေသည်။ ကူ၍တွန်းကြပါ ဟု ဆိုစကားရှိသော်လည်း ဘက်ပေါင်းစုံမှ ဝိုင်းဝန်းတွန်းကြပါက လှည်းဘီးသည် နစ်သည်ထက် နစ်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ဦးတည်ချက်၊ ရည်ရွယ်ချက်လားရာ တစ်ဘက်တည်းသို့ ဝိုင်းဝန်းညီညွှတ်စွာ တွန်းကြပါမှ မိမိတို့ လိုရာပန်းတိုင်သို့ ရောက်မည်ဖြစ်ကြောင်း ကြွရောက်လာကြသော လူမှုရေးအသင်းအဖွဲ့ များအား အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး အထွေထွေရောဂါကုဆေးရုံကြီး ပဲခူးမြို့မှ ဆေးရုံအုပ် ဒေါက်တာ နီနီအေး မှ အမှာစကားပြောကြားရာတွင် ရောဂါဝေဒနာရှင်များအား ကုသ ပေးရင်းနှင့် တပြိုင်နက်တည်း ထိုရောဂါအသီးသီးတို့အား မဖြစ်ပွားအောင် ကာကွယ်နည်း၊ ဂရုစိုက်နည်း ပညာပေးမှုများကို ပြုလုပ်သွားပါက အများပြည်သူတို့၏ ကျန်းမာရေးအတွက် ပိုမိုထိရောက်မည်ဖြစ် ကြောင်းဟူ၍ အဖိုးတန်စကားရပ်အား ချီးမြှင့်ပြောကြားခဲ့သည်။ ထို့နောက် သုခကုသိုလ်ဖြစ်ဆေးခန်း (ပဲခူး)အတွက် လှူဒါန်းထားသော အလှူရှင်များအား ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ပြီးနောက် နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ ကျေးဇူးတင် စကားပြောကြားရာတွင် မြတ်စွာဘုရားရှင်လက်ထက်၌ ရဟန္တာတစ်ပါး၏ဖြစ်ရပ်အား သာဓကအဖြစ် ပြောကြားခဲ့ရာ တစ်ပါးသူအား မနာလိုဝန်တိုစိတ်ဖြင့် ပြုလုပ်ခဲ့သော ဝဋ်ကြွေးကြောင့် ဘဝတိုင်း ဘဝတိုင်း အပယ်ဘုံသို့ ကျရောက်ခဲ့ပြီးနောက် လူ့ဘဝသို့ ပြန်လည်ရောက်ရှိချိန်တွင်လည်း ထိုသူ၏ အကုသိုလ် အကျိုးဆက်သည် သူ၏ အနီးအနား ပတ်ဝန်းကျင်တွင်ရှိသော အိမ်ခြေတစ်ထောင်ခန့်အထိ ရိုက်ခတ်ခြင်း ကို ခံခဲ့ရသည်။ ထို့ကြောင့် အကုသိုလ်အကျိုးဆက်သည် အိမ်ခြေတစ်ထောင်အထိ ရိုက်ခတ်ခံခဲ့ရသကဲ့သို့ ကုသိုလ်အကျိုး ဆက်သည်လည်း အိမ်ခြေတစ်ထောင်အထိ ခံစားနိုင်ပါကြောင်း သာဓကအဖြစ် ပြောကြား ခဲ့သည်။ ထို့နောက် ပထမဦးဆုံးသော ခြေလှမ်းအဖြစ် ယခုကဲ့သို့ ပြည်မြို့၊ ပဲခူးမြို့၊ ကြို့ပင်ကောက်မြို့ များတွင် သုခကုသိုလ်ဖြစ်ဆေးခန်း(ခွဲ)များအား ဖွင့်လှစ်ရခြင်းမှာ ထိုဒေသများတွင် ကုသိုလ်ဖြစ်ဆေးဝါး ကုသပေးနိုင်သော ဆရာဝန်ကြီးများရှိခြင်းနှင့် ယင်းမြို့များ၏  အနီးပတ်ဝန်းကျင်ရှိ မြို့များ၊ ရွာများအထိ ကျယ်ပြန့်စွာ ကုသမှုကို ပြုလုပ်ပေးနိုင်ခြင်းကြောင့်ဖြစ်ကြောင်းအပြင် ယခုကဲ့သို့ ကိုယ်ကျိုးမဖက် စေတနာ့ ဝန်ထမ်း ကုသိုလ်ဖြစ်ကုသပေးကြသော ဆရာဝန်ကြီးများ၊ သူနာပြုများ၊ အလှူရှင်များ၊ ရပ်မိရပ်ဖများ အားလုံးတို့အား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)၏ ဥက္ကဋ္ဌ ဦးသူရိန်ဝင်းမှ ကျေးဇူးတင်စကားပြောကြားခြင်း၊ ငွေစာရင်းရှင်းတမ်းအား ဘဏ္ဍာရေးမှူးမှ ရှင်းလင်း ပြောကြားခြင်းတို့ကို ဆက်လက်လုပ်ဆောင်ခဲ့ကာ အခမ်းအနားအား ပထမပိုင်းအစီအစဉ်အဖြစ် ရုပ်သိမ်းခဲ့ ကာ ကြွရောက်လာကြသော ဧည့်သည်တော်များတို့အား သက်သတ်လွတ် သီးစုံထမင်းဖြင့် ဧည့်ခံကျွေး မွေးခဲ့သည်။

ထို့နောက် အခမ်းအနား ဒုတိယပိုင်းအဖြစ် ကြွရောက်လာကြသော လူမှုရေးအသင်းအဖွဲ့ (၂ဝ) ဖွဲ့ တို့နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တာဝန်ရှိသူများ၊ ရဟန်းသံဃာတော်များနှင့်အတူ လူမှုရေးနှီးနှော ဖလှယ်ပွဲအား ရင်းနှီးပွင့်လင်းစွာ ဆက်လက်ကျင်းပခဲ့သည်။ ယင်းအခမ်းအနားတွင် ပဲခူးမြို့တွင် နာရေး ကိစ္စရပ်အား မီးသင်္ဂြိုလ်ခြင်း အခက်အခဲများ၊ ဆေးဝါးကုသရာတွင် ကြုံတွေ့ရသော အခက်အခဲများအား ဝိုင်းဝန်းအကြံပေး ညှိနှိုင်းခဲ့ကြသည်။ ယင်း လူမှုရေးနှီးနှောဖလှယ်ပွဲ၏ ရလဒ်သည် ပဲခူးမြို့တွင် မီးသင်္ဂြိုလ် စက်အသစ် တည်ဆောက်နိုင်ရေးအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အတတ်နိုင်ဆုံး ကူညီပံ့ပိုး ပေးမည်ဟု ဆုံးဖြတ်လိုက်သည့်အပေါ် ဒေသခံ ရဟန်းရှင်လူ မိဘပြည်သူအပေါင်းတို့မှ သာဓု .. သာဓု .. သာဓု ဟု အနုမောဒနာ ခေါ်ဆိုလိုက်သံသည် သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး) တည်ရှိရာ ဒက္ခိဏသာခါ ရာမကျောင်းတိုက်ဝင်းအတွင်း မြည်ဟီးသွားခဲ့ပါတော့သည်။

ဂီလာနပုဂ္ဂိုလ်တို့အား ပြုစုစောင့်ရှောက်ခြင်းသည် ငါဘုရားအား ပြုစုစောင့်ရှောက်ခြင်း မည်ပေ၏ ဟူသော မြတ်စွာဘုရားရှင်၏ ဆိုဆုံးမအတိုင်း အနယ်နယ် အရပ်ရပ်ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းများ အနေဖြင့် လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေးတို့အား (အခမဲ့) ပြုစုစောင့်ရှောက်ကုသပေးခြင်းသည် သူနာပြုသောဗုဒ္ဓ၏ လမ်းစဉ်အတိုင်း လျှောက်လှမ်းကြသော ဗြဟ္မစိုရ်ခြေလှမ်းများပင် ဖြစ်တော့သည်။
ကိုကျော်သူ 















ဦးအောင်သိန်းလင်းက တရုတ်သတင်းစာဖော်ပြချက်ကို ငြင်းဆို



ဓာတ်ပုံ- Popular Myanmar News Journal's facebook
မကြာခင်က ပွဲဆူသွားတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး ဦးအောင်သိန်းလင်းက ယနေ့ ထွက်ရှိ တဲ့ ပေါ်ပြူလာ ဂျာနယ်မှာ တုံ့ပြန်လိုက်ပါတယ်။ တရုတ်နိုင်ငံထုတ် သတင်းစာတခုဖြစ်တဲ့ Southern Weekend အပတ်စဉ် သတင်းစာ မှာ ဖော်ပြထားချက်တွေဟာ မိမိဖြေဆိုမှုနှင့် လွဲမှားနေတယ်လို့ ပေါ်ပြူလာ သတင်းဂျာနယ်ကို ဇူလိုင်လ ၂၃ ရက်နေ့က ဆက်သွယ် မေးမြန်းခန်းမှာ ပြောလိုက်ပါတယ်တဲ့။
တရုတ်ထုတ်
南方周末 - Southern Weekly (Southern Weekend) အပတ်စဉ် သတင်းစာမှာ သူပြောခဲ့တာ ကို ဖော်ပြထားတာကတော့ " မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းဖို့ ဆုံးဖြတ်တာ ဦးသိန်းစိန် တယောက်တည်းရဲ့ ဆုံးဖြတ်ချက်ပဲ၊ လွှတ်တော်ရဲ့ အတည်ပြုချက် မဟုတ်ဘူး၊ ကျုပ်တို့က တရုတ်နဲ့ မြန်မာကြား နားလည်မှု လွဲမှားသွားမှာ သိပ်စိုးရိမ်တယ်၊ ဒါကြောင့် သူ့ရဲ့ ဆုံးဖြတ်ချက်ကို အားလုံး ကန့်ကွက်ခဲ့ကြတာ၊ ဘယ်နှယ့်ဗျာ ဒီလောက် အရေးကြီးတဲ့ စီမံကိန်းကို ရပ်ပစ်ရတယ်။ ဒီစီမံကိန်းဟာ တိုင်းပြည်ရဲ့ လျှပ်စစ်စွမ်းအား မလုံ
လောက်မှုကို အများကြီး အကျိုးပြုမယ့် စီမံကိန်းဗျ၊ ဒီစီမံကိန်း ပြန်ကို ပြန်စရမယ်ဗျာ" လို့ ဦးအောင်သိန်းလင်း က ပြောခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ သတင်းစာမှာပဲ သူက ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး ပါတီ ဘဲဥ မကွဲပဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ပါတီ အနိုင်ရသွားတာဟာ "ပြည်သူတွေက ရူးလို့ပေါ့"ဟု ပြောခဲ့တာကို ဖော်ပြ ထားပါတယ်။

ဦးအောင်သိန်းလင်းက မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ ထင်ထင်ရှားရှားဖြစ်အောင် သေချာ စမ်းစစ်လေ့လာ သုံးသပ်သင့်တယ်လို့သာပြောခဲ့ တာပါတဲ့။ သူနဲ့ အင်တာဗျူးတဲ့ တရုတ် သတင်းစာက ဘာသာပြန် လွဲမှားဖော်ပြ ချက်သာဖြစ်ပြီး သူ့အနေနဲ့ ပြည်သူတွေနဲ့ သဘောထား တထပ်တည်းရှိကြောင်း တုံ့ပြန် ထားတယ်လို့ သိရပါတယ်။

ဦးအောင်သိန်းလင်း ဘယ်လို ပြန်ကုစားပြီး ဘယ်လို ဖြေထားတယ်ဆိုတာတွေ အသေးစိတ်သိနိုင်ဖို့ ယနေ့ ထွက်ရှိမယ့် ပေါ်ပြူလာ သတင်းဂျာနယ်ကို ဖတ်ကြည့်နိုင်ရန် လက်တို့ လိုက်ပါတယ်။

ပေါ်ပြူလာ ဂျာနယ် ဖေ့စ်ဘုတ်စာမျက်နှာတွင် ဤသတင်းကို အစ ဖော်ပြထားပါတယ်။ ဤနေရာလေးကို နှိပ်ပြီး အမြည်း သွားကြည့်နိုင်ပါတယ်။


ဆက်စပ်သတင်း။

"ပြည်သူတွေက ရူးလို့ပေါ့"

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့အလင်း မျက်နှာဖုံး သတင်းဓာတ်ပုံတွင် ဖော်ပြ



နေပြည်တော်တွင် လွှတ်တော် တက်ရောက်နေသည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ မျက်နှာဖုံးတွင် ဖော်ပြလာပါတယ်။

ယမန်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်တက်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို လွှတ်တော် သတင်းဓာတ်ပုံအဖြစ် မျက်နှာဖုံးဖော်ပြချက်လည်းဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ခရီးစဉ်တုန်းက ကမ္ဘာ့ မီဒီယာတွေက မြိုင်မြိုင်ဆိုင်ဆိုင်ဖော်ပြနေချိန်မှာ
နိုင်ငံပိုင် မြန်မာသတင်းစာတွေက ဖော်ပြဖို့အရေး ပြန်ကြားရေး ၀န်ကြီးဌာန အရာရှိကြီး တဦးက သာမန် ပုဂ္ဂလိက ခရီးစဉ်ဖြစ်လို့ မဖော်ပြကြောင်းဆိုပြီး မကြာခင် အစိုးရ အရာရှိများဆွေးနွေးပွဲ သတင်းဖော်ပြရာမှာ
တော့ ဒေါ်အောင်ဆန်းစုကြည် အမည်ကို သတင်းထဲတွင် ဖော်ပြခဲ့ပါသေးတယ်။

အခုတော့ ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော် သတင်း
နဲ့ တွဲဖက်ပြီးမျက်နှာဖုံးမှာ ဖော်ပြလာတာဟာ ထူးခြားမှု တခုလည်းဖြစ်ပါတယ်။

အခုရက်ပိုင်း လွှတ်တော် တက်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ဘာကော်မတီ၊ ညာ ကော်မတီ များရဲ့ ဥက္ကဌ လုပ်ဆောင်ပေးဖို့ ကမ်းလှမ်းချက်တွေလည်း တဖွဲဖွဲ လာရောက်နေတယ်လို့ နီးစပ်သူများ အဆို အရ သိရပါတယ်။

ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ကော်မတီ ဥက္ကဌ ရာထူးတွေ အပ်နှင်းနေကြတာကိုတော့ သဲသဲ ကွဲကွဲ မသိနိုင်ပါ ဘူး။

တောင်ကိုးရီးယားနိုင်ငံ၏ သမ္မတကြီးက အစ်ကိုဖြစ်သူ၏လုပ်ရပ်ကြောင့် ပြည်သူထံ ဦးညွတ်တောင်းပန်ခဲ့



တောင်ကိုးရီးယားနိုင်ငံ၏ သမ္မတကြီးက အစ်ကိုဖြစ်သူ၏လုပ်ရပ်ကြောင့် ပြည်သူထံ ဦးညွတ်တောင်းပန်ခဲ့
------------------------
24/7/2012 နေ့က တောင်ကိုးရီးယား သမ္မတသည် ပြည်သူထံ မိန့်ခွန်းပြောကြားသော အစီအစဉ်မှ တောင်ကိုးရီးယား ပြည်သူတစ်ရပ်လုံးထံ မိမိအစ်ကိုဖြစ်သူ၏ လဘ်ပေးလဘ်ယူ ကိစ္စအပေါ် ဦးညွတ်တောင်းပန်ခဲ့ပါတယ်။

ထိုစွပ်စွဲခံရမှုတွင် အစ်ကိုဖြစ်သူနဲ့အတူ နီးစပ်သူများလည်း ပါဝင်ကြောင်းသိရပါတယ်။

အဖြူရောင်နှလုံးသား ပိုင်ရှင် ( သို့ )ဒေါ်အောင်ဆန်းစုကြည်







အမေ့အကြောင်းကိုနှစ်သက် သဘောကျ လို့ ရေးချင်တာပါ..ဒါပေမယ့် သေသေချာချာ့ အမေစု ရဲ့  အကြောင်းကိုခရေစေ့ အတွင်းကျကျသိမှသိပါ့မလားလို့ု စိုးရိမ်နေမိတာအမှန်ပါဘဲ ..
အမေစုကို ဘာကြောင့် ကျနော်တို့တွေ အရမ်းလေးစားကြသလဲ?
အမေစု ကို ဘာကြောင့် ပြည်သူ့ လူထုရဲ့ အမြဲတမ်းခေါင်းဆောင်အဖြစ် သတ်မှတ်သဘောထားနေကြသလဲ?
အမေစုကိုဘာကြောင့် နိုင်ငံခေါင်းဆောင်အဖြစ်တင်မြှောက်လိုကြတာလဲ ဒီလိုတွေ မေးလာခဲ့ရင် အရင်က တော်တော်ဖြေရလိမ့်မည် ဖြစ်ပါသည်။အခုတော့ ကျွန်တော်လည်းသိနေပါပြီ ပြည်သူတွေကလဲ သိပြီး ပါးရည်နားးရည်ပြည့်ဝနေပါတယ်။
နောက်တစ်ခုက အရင်ကနဲ့ မတူ ပြည်သူတွေကလည်း အားလုံးကို ရင်ကော့ခေါင်းမော့ကာ ပြန်ပြောနိုင်ပေပြီ။

အမေက ပြည်သူတွေ အားကိုးအားထိုက်လောက်တဲ့ လမ်းပြကြယ် ဟု ကျွန်တော်သိခဲ့ရပါပြီ။
မနေ့ က အချိန်တွေ ကုန်ခဲ့ပါပြီ .. ယခုလည်း ဒီမိုကရေစီ လမ်းမပေါ်ကို ရောက်နေပါပြီ မနက်ဖြန်ဆိုတာတွေးရခက်ပါသည် ဒီမိုကရေစီခေတ် လို့ ပြောလို့ မရသေးပါ. အမှန်တော့ ဒီမိုကရေစီ လည်းမရသေး ပါ ။ ဒီမိုကရေစီခေတ်ဆိုသည်မှာလွတ်လပ်စွာ ရေးသားခွင့် လွတ်လပ်စွာ ပြောဆိုခွင့် လွတ်လပ်စွာ ဟောပြောစည်းရုံးခွင့် စသည်ဖြင့် ရှိနေရပါမည်။ ယခင် ကနှင့်နှိုင်ယှဉ်ပါက ယခုတော့ သင့်ပါတယ်ဟုခေါ်ရမလိုပါဘဲ။ယခုတော့နိုင်င်ငံရေးကို ပါးနပ်လိမ္မာစွာ နိုင်ငံရေးနည်းလမ်းကျကျ ပြုလုပ်ရတော့မည်ဖြစ်၏။
အမေစု က နှစ်ပေါင်းများစွာနေအိမ်အကျယ်ချုပ်နှင့် နေထိုင်ခဲ့ရပါလျက်
ယနေ့ခေတ်လုပ်ထုံးလုပ်နည်းနှင့် အညီ ရင်ဘောင်တန်းနိုင်ရုံသာမက သူများထက် လက်တလုံးခြားရှေ့က ပြေးနေသည်ကို အားကျ အတုယူစဖွယ်မြင်တွေ့ နိုင်ပါသည်။
အမေ့ရဲ့  ပြတ်သားလှတဲ့ ဘင်္ဂလီ ရိုဟင်ဂျာအရေး ကလည်း ရခိုင်တိုင်းရင်းသားတွေ ဘက်က ဒိုင်ပွဲရပ်နဲ့  အဆုံးအဖြတ်ပေးခဲ့တာ ကမ္ဘာက လေးစားခဲ့ရပါတယ်။တစ်ခါမှ မမြင်ခဲ့ဘူးမတွေ့ ခဲ့ဖူးတဲ့ ဥရောပ နော်ဝေးနိုင်ငံမှာလည်း ငြိမ်းချမ်းရေး မိန့် ခွန်းတွေ ၊ နိုဗယ်ဆု ကို ကိုယ်တိုင်ယူပြီး မြန်မာပြည်အတွက် ဂုဏ်ဆောင်ခဲ့တာတွေ၊ ဆွစ်ဇာလန်မှာလည်းပြည်သူလူထုအား တန်ဘိုးရှိသော မိန့် ခွန်းများဖြင့် လမ်းညွှန်ခေါင်းဆောင်မှု က မြန်မာပြည်ကို ကမ္ဘာက ပိုပြီးသိခဲ့ရပါပြီ ။လက်ရှိဖြစ်ပေါ်တိုးတက်နေသော နိုင်ငံရေးအခြေအနေကို လေ့လာဖို့ အချိန် နည်းနည်းလေးတော့ ယူရပေဦးမည်။ လက်ရှိ အနေအထား က ခပ်ပါးပါးလေးလျှောက်နေကြရတာ တိုးတက်မှုနှေးကွေးနေသလားလို့ ထင်မိပါတယ်။အမေစုက
အချိန်နေရာမရွေးပဲ သူလုပ်ရမည့်လမ်းစဉ်ကို အပြတ်အသားချမှတ်နိုင်သူ လို့ ယူဆနေရပါတယ်။သူ့အပြုံးများ၊
လေးနက်ပြတ်သားသော သူ့စကားသံများ၊
ဖြူစင် ဖြောင့်ဖြူးသော သူ့ခြေလှမ်းများအားကြည့်ကာခေါင်းဆောင်ပီသ သူ
ဟု ဆိုချင်ပါတယ်...ယနေ့  မီဒီယာများ ကလည်းအမေစု သတင်းကို ချက်ခြင်းဆိုသလို ထိတွေ့မှုများ ပိုလုပ်ပေးခဲ့ပါတယ်။ ဒေါ်စုက
သူ့အတွက် မိသားစု သံယောဇဉ်သည် အဓိက မဟုတ်။
ပြည်သူအများစု၏ စနစ်ဆိုးဘ၀မှ လွတ်မြောက်မှုသာ အဓိကဖြစ်ပါသည်။
ထို့ကြောင့်အမေစုကို ပြည်သူတွေက မေတ္တာရောင်ပြန်ဟပ်ကာချစ်ခင်အားကိုး မြတ်နိုးကြခြင်းသာ ဖြစ်ပေလိမ့်မည်။
 မည်။မြန်မာပြည်မြေပြင်ပေါ်မှာ လူသားများထဲတွင် စွန့် လွှတ်ခြင်း အနစ်နာခံခြင်း`သတ္တိ´နှင့် ခေါင်းဆောင်မှုကို တုနှိုင်းမရအောင်
ကျနော့်အား မေးလာပါက အမေစု အား လက်ညှိုးထိုး ညွှန်ပြမိတော့မည်ဖြစ်ပါသည်။အမြဲဘဲ မှန်နေတဲ့အမှန်တရားအတွက်
အမေ ဟာ ကြောက်ရွံ့ ခြင်းမှကင်းဝေးရေး၊မေတ္တာ၊
နူးညံ့သိမ်မွေ့ခြင်းလူသားဆန်မှု၊ လွတ်လပ်ခြင်းရဲ့ အနှစ်သာရနှင့်
လူသားအားလုံးရဲ့ချစ်မြတ်နိုးမှုကို ကိုင်စွဲထားနိုင်တဲ့သူ..ပြီးတော့ အဖြူရောင်နှလုံးသား ပိုင်ရှင် လို့  ဒီအတိုင်းဘဲ ရေးလိုက်မိပါတယ် ..။

ကိုထွန်းဝေ

စာဖတ်သူများအားလုံး စိတ်နှလုံး ဘ၀င်ရွှင်ပြုံးကြပါစေ..။

ဆားဖားဒေါက်တာ ခင်ရွှေမှလယ်ယာမြေများကိုလယ်သမားများ အားပြန်လည်ပေးရန်မဖြစ်ကြောင်းလွှတ်တော်တွင်ပြောကြားသည်ကို နိုင်ငံပိုင်သတင်းစာတွင် ဖေါ်ပြ။


ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာတုခင်ရွှေကလယ်ယာမြေကိုစက်မှုဇုံစီမံကိန်းတည်ဆောက်ရန်အတွက် ၈၀ရာခိုင်နှုန်းပြီးနေ၍ လယ်သမားများကို ပြန်ပေးရန်မဖြစ်နိုင်ကြောင်း၊ လယ်သမားများသည် တစုံတဦး.........တဖွဲ့ဖွဲ့နှင့် ပြည်ပ/ပြည်တွင်းမီဒီယာများ၏ သွေးထိုးမြှောက်ပင့်မှုကြောင့် လယ်ယာမြေများပြန်တောင်းဆိုကြောင်း.......

ဖေါ်ထုတ်ကြ..... ဖေါ်ထုတ်ကြ..၊



Khu Daun


ဖေါ်ထုတ်ကြ..... ဖေါ်ထုတ်ကြ..၊
-------------------------------------
ကိုယ့်နိုင်ငံရဲ့  အမျိုးသားလုံခြုံရေးအတွက်
ပြည်သူ ပြည်သားများမှ
လမ်းမှတဆင့်... ရပ်ကွက်
ရပ်ကွက်မှတဆင့်... မြို့ နယ်
ဲမြို့ နယ်မှတဆင့်... တိုင်းနှင့်ပြည်..
အတူတကွလက်တွဲကြပြီး... အတုအယောင်နိုင်ငံသားများနှင့်
တရားဝင်နေထိုင်နေကြသူများအား...
အမျိုးသားအရေးတာဝန်အဖြစ် စုပေါင်းဖေါ်ထုတ်ကြပါ...။
ခွပ်ဒေါင်းအော်သံ

NLD ၏ ပထမဆုံးအဆိုဖြစ်သော "Good Governance ၊ Clean Government အဆိုကို စာဖတ်သူများထံ တပ်လှန့်ခြင်း။

yan aung 


ဒီနေ့ EMG ရဲ့ သတင်းထဲမှာ ဖတ်လိုက်ရပါတယ်..။ NLD က ၂၅-၇-၂၀၁၂ မှာ တင်သွင်းမယ့် ပထမဆုံး အဆို အကြောင်းပါ..။


ပြည်သူ့လွှတ်တော်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင်က တင်သွင်းမည့် အဆိုကို ယနေ့ အစည်းအဝေးတွင် မတင်သွင်း ဖြစ်တော့ဘဲ ဇူလိုင်လ ၂၅ ရက်နေ့ အစည်းအဝေးတွင် တွင်သွင်းရန် ရွေ့ဆိုင်းလိုက်ကြောင်း သိရပါသည်။ ရွေ့ဆိုင်းလိုက်ရသည့် အကြောင်းအရင်းမှာ မွန်းလွဲ ၁ နာရီတွင် ပြုလုပ်မည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပချိန်နှင့် နီးကပ်သွား သဖြင့် အချိန်မလောက်င သောကြောင့် ရွေ့ဆိုင်း လိုက်ရခြင်း ဖြစ်ကြောင်း သိရပါသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပုသိမ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က "Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Government (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ် စေရေးအတွက် ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ ၀င်များ၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန် ပေးအပ် ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွေ့ပြောင်း နိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော် ကြေညာပြီး မှတ်တမ်း တင်ထားရန်

အဆို တင်သွင်းခြင်းနှင့် လက်ခံ ဆွေးနွေးရန် သင့်၊ မသင့် အဆုံးအဖြတ် ရယူခြင်း အဆိုကို ယနေ့ကျင်းပနေသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ တင်သွင်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ယင်းအဆိုသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တင်သွင်းရန် စီစဉ်ခဲ့သော ပထမဆုံး အဆိုဖြစ်ပါသည်။ လို့ ဖော်ပြထားပါတယ်..။
စကားက လေးလုံးထဲပါ..။ Good & Clean ၊ Rule & Law ပါ..။

အဲဒီအဆိုဟာ .. သမိုင်းတွင်မယ့်အဆိုဖြစ်သလို ယခင် အစိုးရဟောင်းလက်ထက်က ဘောင်းဘီကျွတ်ပြီး အချောင် နေရာရလာသူများ၊ လွှတ်တော်ထဲ ရောက်လာသည့် ခရိုနီများနှင့် လွှတ်တော်ဥက္ကဌများအတွက်တော့ ဖင်ကြိမ်းစရာ အဆိုတစ်ခုဖြစ်တယ်ဆိုတာ ယုံမှားသံသယ ရှိစရာမလိုပါ..။

အဲဒီအဆိုကို ကန့်ကွက်ခြင်း/ဖြတ်တောက်ခြင်း/ကန့်သတ်ခြင်းနဲ့ ပိတ်ပင်ခြင်း နှောင့်နှေးစေခြင်း ရှိမရှိဟာလည်း မြန်မာ့ဒီမိုကရေစီသမိုင်းမှာ လွတ်လပ်ခွင့်ရှိမရှိနဲ့ ကမ္ဘာက အကဲဖြတ်အမှတ်ပေးနေတဲ့ စီးပွားရေးပိတ်ဆို့မှု ပေတံကို အကျိုးများစွာ သက်ရောက်ပါလိမ့်မယ်..။

အရင်ပါလီမာန်ဒီမိုကရေစီခေတ် ၁၉၄၈-၁၉၅၈ က ၀န်ကြီးချုပ် ဦးနုရဲ့ လွှတ်တော်ထဲမှာ တရားဝင်ပြောခဲ့တဲ့စကားကို ဖတ်ဖူးတာမှတ်မိပါသေးတယ်.။

ကျုပ် ၀န်ကြီးချုပ်ရာထူးက အခုနှုတ်ထွက်ပေးမယ် ကျုပ်ပိုင်ဆိုင်မှုတွေ အခုချက်ခြင်း ကြိုက်တဲ့ လူ/ပုဂ္ဂိုလ်/အဖွဲ့အစည်းကလာစစ် ၀န်ကြီးချုပ်မဖြစ်ခင်ဘ၀က ပိုင်ဆိုင်မှုထက် တစ်ကျပ် ပိုနေရင် ကျုပ်ကိုသူခိုးလို့စွပ်စွဲ
ဒီစကားဟာ မှတ်ကျောက်တင်တဲ့စကားပါ..။

ဒီအဆိုဟာ ဘာ့ကြောင့်အရေးကြီးသလဲ လို့ ပြောရသလဲဆိုရင် Good and Clean ရည်မှန်းချက်ဟာ ...သမ္မတကြီး ဦးသိန်းစိန်ရဲ့ ခံယူချက် ဖြစ်သလို ယနေ့ ပြည်တွင်းမှာ ဖြစ်ပျက်နေသမျှ ဆိုးကျိုးကိစ္စတွေ အားလုံးနီးပါးက ယခင် စစ်အာဏာရှင် လက်ထက် ကတည်းက ဖြစ်လာတဲ့ အကြောင်းအရင်းတွေရှိခဲ့လို့ပါ..။
Clean မရှိလို့ မ Good ခြင်းလို့ ပြောလို့ပါတယ်..။

(၁) ရခိုင်အရေး (ဘင်္ဂလီသန်းပေါင်းများစွာ ဘာ့ကြောင့် ပျံ့နှံ့ဝင်ရောက်)

(၂) လယ်သမားတွေ လယ်သိမ်းခံရခြင်း (ဥပဒေကြောင်းအရ ဘ၀ပျက်ခြင်း)

(၃) အလုပ်သမားတွေ အကျိုးခံစားခွင့် နည်းခြင်း (လစာတွေ ဘာ့ကြောင့်နည်း -- ဥပဒေကြောင့်နည်း)

အဲဒီလိုမျိုး အဖြစ်အပျက်များစွာအတွက် Good နဲ့ Clean က အရေးအကြီးဆုံးပါ။

အဲဒီအဆို တင်သွင်းချိန်မှာ ....။

ဘယ်သူတွေ မျက်နှာအောက်ချ နားထောင်နေမလဲ..။ ဘယ်သူတွေ မျက်ထောင့်နီနဲ့ ကြည့်နေမလဲ..။
စင်ပေါ်မှာ ထိုင်နေသူကြီးတွေ ဖင်ကြိမ်းနေမလား..။
ပြည်ခိုင်ဖြိုး အမတ်များက PS Specialist တစ်ယောက်ဖြစ်သူ အမေစုရဲ့ ကိုယ်စားလှယ်ကို ....တန်ပြန်တိုက်ခိုက်ဖို့ ဒေတာစုနေမလား..။

Skynet ရဲ့ လွှတ်တော် Channel က ပုသိမ်မှာ သမ္မတကြီးမိန့်ခွန်း လွှင့်လို့ မရသလို အဲဒီင်္နေ့ကျမှ ထုတ်လွှင့်မှုပျက်ကွက်လေဦးမလား.။

အစရှိသည်တို့ကို တွေးတောရင်း မနက်ဖန် ၂၅-၇-၂၀၁၂ နေ့တင်သွင်းမယ့် "Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Government (သန့်ရှင်းသော အစိုးရ) ဆိုတဲ့ လေ့လာချင်မိပါတယ်.။

ဘာပဲပြောပြော ဒီအဆိုဟာ ပြည်သူ့မျက်နှာ တစ်ခုတည်းကို ကြည့်တဲ့ အဆိုတစ်ခု ဖြစ်တာတော့ သေချာပါတယ်..။

လွှတ်တော်အပါအ၀င် အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံးကို ထိန်းကျောင်းပဲ့ကိုင်ပေးမယ့် အဆိုဖြစ်သလို အဲဒီအဆိုကနေ အုပ်ချုပ်သူလူတန်းစားနဲ့ ဗျူရိုကရေစီယန္တရား လည်ပတ်သူတို့ကို ပဲ့ကိုင်မယ့် ဥပဒေတစ်ရပ်ရပ် ပေါ်ထွက်လာဖို့ မျှော်လင့်ပါကြောင်း..။

ရန်အောင်..