by Ko MawPyay on Wednesday,
July 25, 2012 at 6:05pm ·
goverment(သန့်ရှင်းသောအစိုးရ) ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ
ကြီးအစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများသည် ငှင်းတို့၏ ရွှေ့
ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်
တမ်းတင်ထားရန်" အဆိုတင်သွင်းရာ ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် ဒီကနေ့ ဇူလိုင်(၂၅) ရက်
နေ့ တွင် သဘောတူလိုက်သည်...
အထက်ပါ အကြောင်းအရာနှင့် ပါတ်သတ်ပြီး အမေစု အင်တာဗျူးတိုလေးကို ဖေ့ဘွတ်သူငယ်
ချင်းများကို လက်ဆောင်ပေးလိုပါသည်... စေတနာ ပိုစွာဖြင့် ကျတော့လက်ရာ အမေ့ ဓါတ်ပုံလေးပါ တင်
ပြီး လက်ဆောင်အဖြစ်ပေးပါသည်...
NHK အမေး... ဒီကနေ့ ဆွေးနွေးတဲ့ အဆိုအပေါ်မှာ အန်တီသဘောထားလေး သိချင်ပါတယ်...
အဖြေ... အဲ့ဒါ အန်တီတို့ကတော့ ဖြစ်သင့်တယ်လို့ ထင်တယ်... တကယ် ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေ
မှာဆို ဒီလိုပဲ လုပ်ကြတာပဲလေ... အဲ့တော့မှလဲ အစိုးရအဖွဲ့ဝင်တွေက သန့်သန့်ရှင်းရှင်းနေဖို့ရာ လိုအပ်လာ
မှာပေါ့... ဥပမာ --- ၀န်ကြီးမဖြစ်ခင်တုန်းက အိမ်တစ်လုံး နဲ့ ၀န်ကြီးဖြစ်ပြီးတော့ အိမ်ဆယ်လုံးဆိုရင်တော့
ဒါ မေးစရာ ဖြစ်မယ်... အဲ့ဒါတွေကို ကာကွယ်ဖို့အတွက် ဒီလို ဥပဒေတွေ ထုတ်ကြတာပဲ...
NHK အမေး... အန်တီကရော အားရရဲ့လား... အဆိုအပေါ်မှာ ...
အဖြေ... အင်း... သူ့ရဲ့အဆိုအပေါ်မှာ အားရပါတယ်... ဒါက အဆိုက ရိုးရိုးလေးပဲလေ... နောက်တော့မှ
ဒါကို အခြေခံပြီး ဆွေးနွေးရမှာပေါ့... သားတို့ရော သဘောမတူဘူးးးးလား... (သံပြိုင်- တူပါတယ်)...

ပြည်ထောင်စုလွှတ်တော် သို့ အ၀င်တွင်
No comments:
Post a Comment