တတိယအကြိမ်မြောက် အညတရသူရဲကောင်းဆု
ငွေစာရင်းရှင်းတမ်းနှင့် အလှူရှင်စာရင်းအား ပေးပို့အပ်ပါသည်။(ပူးတွဲပါဖိုင်
ဤ ငွေစာရင်းရှင်းတမ်းနှင့်သော်၎င်း၊ ဤ ဆုချီးမြှင့်ရေးလုပ်ငန်းနှင့် ပတ်သက်၍သော်၎င်း
မည်သူမဆို လွတ်လပ်စွာဖြင့် ဆက်သွယ်စုံစမ်း၊ စစ်ဆေးမေးမြန်း နိုင်ပါကြောင်းနှင့်
ဝေဖန်အကြံပြုနိုင်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။
မိတ်ဆွေတို့၏ ဝေဖန်အကြံပြုမှုများသည် ကျနော်တို့၏ လုပ်ငန်းအတွက် အထောက်အကူတခု၊
တွန်းအားတခု ဖြစ်စေပါသောကြောင့် ဝေဖန်အကြံပြု ပေးကြပါရန်ကိုလည်း
တိုက်တွန်းအပ်ပါသည်။
ကော်မတီအနေဖြင့် စတုတ္ထအကြိမ် ဆုချီးမျြင့်နိုင်ရေးအတွက် အရှိန်အဟုန်မပျက်
ဆက်လက်ကြိုးပမ်းေ ဆာင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
၅.၈.၂၀၁၂ (တနင်္ဂနွေ) နေ့တွင် တတိယအကြိမ်မြောက် အညတရသူရဲကောင်း ဂုဏ်ပြုပွဲအခမ်းအနားတရပ်
အား ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပပြုလုပ်သွားရန်ရှိပြီး၊
၁၂.၈.၂၀၁၂ (တနင်္ဂနွေ) နေ့တွင် ရန်ပုံငွေအတွက် အပန်းဖြေ ခရီးစဉ်တခုအား
စီစဉ်လျှက်ရှိပါကြောင်း ကြိုတင် အသိပေး အကြောင်းအပ်ပါသည်။
မိတ်ဆွေတို့ခင်ဗျာ...
ခူးလိုသူတွေထက် စိုက်ပျိုးလိုသူတွေ များမှ
အသာကိုမှစံလိုသူတွေထက် အနာကိုမှခံလိုသူတွေ များပါမှ
တိုင်းပြည်ရဲ့အနာဂတ် စိတ်ချရမှာမို့...
စွန့်လွှတ်အနစ်နာခံသူတွေကို ရှာဖွေဖော်ထုတ် ဂုဏ်ပြုရင်း
အမိတိုင်းပြည်အတွက် လိုနေတဲ့ ကွက်လပ်တခုကို
အတူတူပူးပေါင်း ဖြည်းဆည်းပေဒကြပါစို့လို့...
ဆန္ဒပြုလိုက်ရပါတယ်ခင်ဗျာ...
လေးစားစွာဖြင့်
မင်းထက်ဇော်
အဖွဲ့ဝင်
အညတရသူရဲကောင်းဆုကော်မတီ
၂၀၁၂ ခုနှစ်၊ ဇွန်လ (၂၁) ရက်

![]() | |||
No comments:
Post a Comment