ပြည်တွင်းငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး
၀၃ ဇွန် ၂၀၁၂
ယနေ့ ကမ္ဘာသည် ခေတ်မီနည်းပညာ အသစ်များဖြင့် အရှိန်အဟုန်ပြင်းစွာ ပြောင်းလဲ တိုးတက်နေပေရာ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ခေါင်းအေးအေးထားပြီး သုံးသပ်ကာ မှန်ကန်ယုံမက တိကျမြန်ဆန်ရန် အရေးကြီးပေသည် ။ လာဘ်စားလိုသော မော်တော်ပီကယ်တစ်ယောက် လို လမ်းလယ်ခေါင်ရပ်ပြီး ကားများကို လမ်းပြသကဲ့သို့ ဟိုတစ်စီး ကရပ်ပြီး နောက်တစ်စီးကို သွားခိုင်း၍ မဖြစ်နိုင်ပါ ။ ဆိုလိုသည်မှာ နိုင်ငံရေးက မီးနီ မိနေပြီး စီးပွားရေးကို မီးစိမ်းပြ၍ ဘယ်လိုမှ မဖြစ်နိုင်ပါ ။ အပြိုင်အဆိုင်များ များပြားသော ခေတ်ရေစီးကြောင်းတွင် အရာအားလုံးသည် အချိန်နှင့် တပြေးညီ တချိန်တည်း တပြိုင်ထဲ ဖြစ်နေပေသည် ။ ထို့ကြောင့်လည်း ကမ္ဘာပေါ်တွင် အစိုးရ အဖွဲ့များသည် တိုင်းပြည်နှင့် လူထုအကျိုးစီးပွားကို ဆောင်ရွက်ရန် တာဝန်ယူကြရပြီး သို့မဟုတ်ပါက ကျောက်ခေတ်ကာလကဲ့သို့ ကိုယ့်အုပ်စုနှင့်ကိုယ်အမဲလိုက်
ပြည်တွင်းစစ် ဖြစ်နေယုံမက ဗလောင်းဗလဲမြန်သော မတရားဥပဒေ များကို လိုရင်လိုသလို အသက်သွင်းပြီး အကျင့်ပျက် ဖောက်ပြန် ခြစားမှုများ ပြည့်နှက်နေသော မြန်မာပြည်တွင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများအတွက် နိုင်ငံတကာသည် လက်တုန့်နှေးကွေးနေပေသည် ။ ဦးသိန်းစိန် အစိုးရအနေဖြင့် ကမ္ဘာက လေးစားတန်ဘိုးထားရသော ဒီမိုကရေစီ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပွဲလယ်ထုတ်ပြီး စီးပွားရေးပိတ်ဆို့မှုများ ရပ်တန့်ရန် လုပ်ဆောင်နေမှုသည် တစ်ချိန်ချိန်တွင် အောင်မြင်နိုင်ပေမဲ့ ခိုင်မာသော မတရား ဥပဒေသများရှိစဲ လွှတ်တော်ထဲတွင် အကျင့်ပျက်ခြစားမှုကိုတော့ ကိုယ်ကိုတိုင် ပြင်ဆင်မှ ရပေလိမ့်မည် ။
ခေတ်မီ လက်နက်များဖြင့် ဖြေရှင်းမရသော ခေတ်နောက်ကျနေသော စစ်အတွေးအခေါ်များ
ဒုတိယ ကမ္ဘာစစ်ကို အဆုံးသတ်စေသော အဓိက အကြောင်းအရင်းမှာ အမေရိကန်သည် ဂျပန်ကို အနုမြူဗုံးကြဲပြီး လက်နက်ချ အညံ့ခံခိုင်းစေခြင်းဖြင့် တဖက်သတ် ငြိမ်းချမ်းရေးကို ဖန်တီးခဲ့လေသလား ၊ ပါလက်စ္စတိုင်းနှင့် အစ္စရေး ရေရှည် ပဋိပက္ခ္ခ္ခ္ခ္ခတွင်လည်း စူဆိုက်ဗုံးသမားများသည် တိုင်းပြည်ချစ်စိတ်ကို နာကျည်းစိတ်ဖြင့် လက်စားချေတုန့်ပြန်ခဲ့မှုသည် အမှန်တရားလား ။ အာဏာရှင် အစိုးရများ၏ အာရပ်နွေ ဦး လူထု လှုပ်ရှားမှုများကို လျစ်လျှူရှုပြီး တဖက်သတ် ဖီနှိပ်မှုများကြောင့် ဆီးရီးယား ၊ ယီမင်တိုင်းပြည်သည် ယခုအခါ သွေးချောင်းစီးသော စစ်မြေပြင် အသွင်ဆောင်ကာ အပြစ်မဲ့ပြည်သူများ သေကြေနေရပေသည် ။ ကျနော်တို့သည် ပြည်တွင်းငြိမ်းချမ်းရေး ၊နှငိ့အမျိုးသားပြန်လည်သင့်မြတ်
တိုင်းပြည်ကို ဦးဆောင်သူများ၏မှန်ကန်သော လမ်းကြောင်းရွေးချယ်မှုသည် ၄င်းတိုင်းပြည်၏ အနာဂတ်ကို လုံးဝကောင်းကျိုး ဆိုးကျိုးများအား ဖြစ်ပေါ်စေပါသည် ။သေချာသည်မှာ ယနေ့ကမ္ဘာသည် ပြဿနာကို ခေတ်မီ လက်နက်များဖြင့် ဖြေရှင်းမရသလို ခေတ်နောက်ကျနေသောစစ်အတွေးအခေါ်မျ
လမ်းလျှောက်တတ်ကာစ ကလေးတစ်ယောက်လို အမိမြန်မာပြည်၏ငြိမ်းချမ်းရေး
KNU အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများမှ အပစ်အခတ်ရပ်စဲပြီး စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားကြောင်း လက်ရှိဦးသိန်းစိန်အစိုးရကို ပြောဆိုဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပေသည် ။ကချင်ဒေသတွင်လည်း တနှစ်နီးပါး စစ်မြေပြင်အသွင်ဆောင်ကာ တိုက်ခိုက်မှုများကို ရပ်တန့်ကာ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေးများ လုပ်ဆောင်သင့်ပေသည် ။
အတိုက်အခံပါတီ NLD သည်လည်း မတရားသော အမိန့်အာဏာဟူသမျှ ဖီဆန်ကြဟု ကြွေးကြော်ရာမှ လွှတ်တော်တွင်းမှ နေပြီး လူထုကို အကျိုးမပြုသည့် မတရားသော ဥပဒေများကိုပြင်ဆင်ရန် ရွေးချယ်ခဲ့မှုသည်လည်း တိုင်းပြည်၏သနေ့အပြောင်းအလဲကို တနည်းတဖုံ အပြုသဘောဆန်စွာ ချဉ်းကပ်သော နည်းဗျူဟာအသစ်တစ်ရပ်ဖြစ်သည်ဟု သုံးသပ်လျှင် မှားနိုင်ချေ နည်းပေမည် ။
လမ်းလျှောက်တတ်ကာစ ကလေးတစ်ယောက်လို အမိမြန်မာပြည်၏ငြိမ်းချမ်းရေးသည
အများအားဖြင့် ယနေ့ကမ္ဘာသည် ပြဿနာ တရပ် ကို သီအိုရီ စာအုပ်များမှ တစ်ဆင့်ချဉ်းကပ်ပြီး လက်တွေ့ကျစွာ အဖြေရှာမှုများနည်းခဲ့ပေသည် ။ ထိုအခါပြဿနာကို လက်တွေ့ရင်ဆိုင်နေရသော တိုင်းပြည်သည် အနာနှင့်ဆေး မတွေ့ပဲ ခုတ်ရာတလွဲ ရှရာတခြားဖြစ်ကာ ရေရှည် အတွင်းကြေဖြစ်ရပေသည် ။ယနေ့ ဆီးရီးယာ.တိုင်းပြည်မှာ ရင်ဆိုင်နေရသလို အာဏာရှင်အစိုးရ၏သတ်ဖြတ်မှုကြောင်
ကျနော်တို့မြန်မာပြည်သည် လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့ေ
လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်
ယနေ့ပြောင်းလဲခြင်း၏ လမ်းဆုံ လမ်းခွတွင် လမ်းကြောင်း ရွေးချယ်မှုသည် အဓိက အရေး ကြီးပါသည် ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သုံးသပ် ဆွေးနွေးသလို ကိုယ်ဘာလုပ်ချင်သလဲဆိုတာ ကိုယ်တိုင်သိကာ ကိုယ့်အနာဂတ်ကို ကိုယ်ကိုတိုင်ရွေးချက်ရပေမည် ။
စစ်သည် အပြစ်မဲ့ပြည်သူ့အသက်ပေါင်းများစ
ကျနော်တို့တွင် တခါတရံ ပိတ်ဆို့နေသော လမ်းကြောင်းကို အသစ်ဖောက် ချဉ်းကပ်ဖို့ အတွေးအခေါ်သစ်ကို တည်ဆောက်ရန် မေ့လျော့တတ်ကြသည် ။ ဆိုလိုသည်မှာ ကျှဆုံးခဲ့သော အာဇာနည်များလိုလားတောင့်တချက်ကိ
ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်မည်ဆိုလျှင် ခေတ်နောက်ကျနေသော အတွေးအခေါ်များနှင့်အတူ အတ္တအကျိုးကို လိုလားသော စိတ်ဓာတ် ၊ အဖွဲ့အစည်း တစ်ခု ၊ လူတစ်စု အကျိုးစီးပွားကို ကာကွယ်သော စိတ်ဓာတ်ကို ၂၀ ရာစု တွင် မြှုပ်နှံ သင်္ဂြိုလ်လ်ထားခဲ့ရပေမည် ။ ၂၁ ရာစု ကမ္ဘာ့ရွာသည်ဆိုးကျိုးများ ပြည့်နှက်နေသော စစ်ပွဲများနေရာတွင် တိုင်းပြည်နှင့်လူမျိုးအကျိုး စီးပွားဖြစ်စေသော စီးပွားရေး ဖွံ့ဖြို
းတိုးတက်မှုကို အင်တိုက်အားတိုက် လုပ်ဆောင်နေပေသည် ။
လူထုကိုချစ်သော ဒေါ်အောင်ဆန်းစုကြည်အား လူထုကချစ်သည်မှာ သဘာဝကျပါသည်
ဆင်းရဲတွင်း ချောက်နက်ထဲကို တိုင်းပြည်နှင့်လူထု တစ်ရပ်လုံးကျနေခဲ့သည်မှာ ဆယ်စုနှစ်များစွာကြာခဲ့ပေပြီ ။သံသယ ၊ အညှိုးအတေးများဖြင့် ပြည့်နှက်နေခဲ့သော အတိတ်ရက်များသည် အင်အားကြီးသူက အင်အားနဲသူကို နည်းမျိုးစုံဖြင့် ဖြိုခွဲကာ မတရားဥပဒေသများဖြင့် ဖမ်းဆီး ထောင်ချမှုများ ပြည့်နှက်နေခဲ့သည် ။ တခြားတစ်ဖက်တွင်လည်း ဖိနှိပ်မှုကို လူထုအားနှင့် ဆန့်ကျင်မှုများပြုလုပ်ရာ စစ်အုပ်စုမှ ရက်ရက်စက်စက် ဖမ်းဆီး သတ်ဖြတ်မှုများ ရှိခဲ့ပေသည် ။
တိုင်းပြည်နဲ့လူမျိုးကောင်းစားမ
အတိတ်စစ်အစိုးရမှ လုပ်ဆောင်ခဲ့သော မှားယွင်းသည့် ခြေလှမ်းများကို ယခုလက်ရှိ အစိုးရမှ လမ်းကြောင်းမှန်ကို စတင်လှမ်းကာမှ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွ
ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကျင်းပပြုလုပ်သော ကမ္ဘာ့စီးပွားရေး ဖိုအင် ၌ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို နားထောင်ကြည့်ရာ တိုင်းပြည်နှင့် လူမျိုးအပေါ်မှာ ထားရှိတဲ့ ရင်ထဲက စေတနာတွေကို မိန့်ခွန်းမှာ အထင်သားတွေ့ရသည် ။ .လူထုအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးရေးအပြင် တိုင်းရင်းသားများနှင့် အပြန်အလှန် ယုံကြည်မှုတည်ဆောက်ပြီး ပြည်တွင်းငြိမ်းချမ်းရေး နှငိ့အမျိုးသားပြန်လည် သင့်မြတ်ရေးကို မဖြစ်မနေတည်ဆောက်ရန် ပြင်းထန်သော ဆန္ဒ ရှိနေပေသည် ။
လာမည့်၂၀၁၄အာဆီယံ ဥက္ကဌကို ဘယ်လိုမြင်ချင် ပါသလဲလို့ အားလုံးရဲ့အမြင်ကို အကြံပေးပြောကြား သည့်စကားသည်ပင် အမှန်တစ်ကယ် ပညာသားပါပြီး ထိရောက်သော စကားလုံးတွေမို့ ဒေါ်စုကို ပြည်စူလူထုမှ ချစ်ခင် လေးစားရပါသည်။ ဒေါ်အောင်ဆန်းစုကြည် ပြောဆို သုံးသပ်သလို .နိုင်ငံရေးလုပ်သည့် သူတွေကို ကာကွယ်မဲ့ ဥပဒေတွေ မြန်မာပြည်မှာ အမှန်တကယ်လိုအပ်နေပါသည် ။ အကျင့်ပျက်ခြစားမှုတွေကို ပိုတိုးစေမဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မလုပ်မိဖို့ လိုအပ်ပါသည် ။ ဘန်ကောက်နဲ့ မြန်မာပြည် လျှပ်စစ်မီးရောင်ချင်း သိပ်ကွာနေတော့ စွမ်းအင် ပေါ်လစီကို အမြန်ဆုံး လုပ်ရမယ်ဆိုတာ သိပ်မှန်သည့် စကားဖြစ်ပါသည် ။
တိုင်းပြည် ရေရှည် ပြည်တွင်းစစ် ၏ သားကောင် ဒုက္ခသည်များကို ဒေါ်အောင်ဆန်းစုကြည်မှ မေ့မထားပါဟု ထိုင်းမြန်မာနယ်စပ် မယ်လစခန်းတွင် ပြောကြားခဲ့မှုက နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ဒုက္ခပေါင်းစုံကို ရင်စည်းခံနေရသော ဒုက္ခသည် တိုင်းရင်းသားပြည်သူပြည်သားမျှာ
အောင်ခိုင်မြင့်
No comments:
Post a Comment