တနင်္လာနေ့၊ ဂျွန်လ ၄၊ ၂၀၁၂
စစ်ကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့သည်။ လူပေါင်းများစွာ အသက်ဘေးအတွက် တိမ်းရှောင်ကာ ယာယီစစ်ပြေးစခန်းများတွင် မသေရုံတမယ် စားသောက်နေထိုင်ပြီး မျှော်လင့်ချက်ကင်းမဲ့စွာ အသက်ရှင်နေထိုင်နေသည်။ အမျိုးသမီးများစွာ မုဒိန်းကျင့်ခံခဲ့ရသည်။ ကလေးငယ်ပေါင်းများစွာ ကျန်းမာရေးချို့တဲ့နေသည်။ ကျောင်းသားများစွာ စာသင်ခန်းပြင်ပရောက်နေသည်။ မြန်မာနိုင်ငံတခုလုံး ဆုံးရှုံးနစ်နာနေသည်။
ပြည်တွင်းစစ်ရပ်စဲရန် သင့်ကို အလိုရှိသည်။
သေဆုံးသူများ ကောင်းရာလားနိုင်ရန် ကျွန်ုပ်တို့နှင့်အတူ လာရောက်ဆုတောင်းရန်ဖိတ်ခေါ်ပါသည်။ အသက်ပေါင်းများစွာ ကယ်တင်နိုင်ရန် စစ်ကို ရပ်စဲပေးပါရန် သင့်ကို ဖိတ်ခေါ်ပါသည်။ ကလေးငယ်များစွာကို ကူညီနိုင်ရန် သင့်ကို တာဝန် ပေးအပ်ချင်ပါသည်။
ဖိတ်စာပါအတိုင်း ကျွန်ုပ်တို့အား လာရောက်အားဖြည့်ပေးပါရန် လူကြီးမင်းအား လေးစားစွာ ဖိတ်ကြားလိုပါသည်။
khon ja
No comments:
Post a Comment